< ၁ ယောဟန် 4 >

1 ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-
Do not believe every spirit, beloved, but test the spirits to see whether they are of God; for many false prophets are gone out into the world.
2 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ဟုတ်​မ​ဟုတ် သင် တို့​သိ​ရှိ​နိုင်​မည့်​နည်း​ကား​ဤ​သို့​တည်း။ သ​ခင် ယေ​ရှု​သည်​လူ့​ဇာ​တိ​ကို​ခံ​ယူ​ကာ​ကြွ​လာ တော်​မူ​သည်​ဟု​ဝန်​ခံ​သူ​သည် ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​၏။-
By this you know the Spirit of God; every spirit that confesses that Jesus Christ is come in the flesh is from God;
3 ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။
and every spirit which confesses him not, is not from God. And this is that spirit of Antichrist of which you have heard that it is coming, and that now it is already in the world.
4 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။-
My little children, you are of God and have conquered them; because he that is within you is greater than he that is in the world.
5 မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။-
They are of the world, and for this reason they speak as of the world, and the world listens to them.
6 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။
But you are of God. He who is beginning to know God listens to us; he who is not of God does not listen to us. By this we may distinguish the spirit of truth from the spirit of error.
7 ချစ်​ဆွေ​တို့၊ ချစ်​ခြင်း​မေတ္တာ​သည်​ဘု​ရား​သခင်​ထံ တော်​မှ​သက်​ရောက်​လာ​သည်​ဖြစ်​ရာ ငါ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ကြ ကုန်​အံ့။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​၏။ ကိုယ်​တော်​ကို​သိ​ကျွမ်း သော​သူ​လည်း​ဖြစ်​၏။-
Beloved, let us love one another; for love is of God; and every one that loves us a child of God.
8 ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ သို့​ဖြစ်​၍​မေတ္တာ​ကင်း​မဲ့​သူ​သည်​ဘု​ရား သ​ခင်​ကို​မ​သိ။-
He who does not love, does not know God; for God is love.
9 ငါ​တို့​သည်​သား​တော်​အား​ဖြင့်​အ​သက်​ကို ရ​ရှိ​ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ တစ်​ပါး​တည်း​သော​သား​တော်​ကို​ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အ​ပေါ် ၌​မိ​မိ​ထား​ရှိ​သော​မေတ္တာ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​၏။-
In this was the love of God clearly shown toward us, by his sending his only Son into the world, so that we might live through him.
10 ၁၀ မေတ္တာ​ဟု​ဆို​ရာ​၌​ဘု​ရား​သခင်​အ​တွက်​ငါ တို့​ထား​ရှိ​သည့်​မေတ္တာ​ကို​မ​ဆို​လို။ ငါ​တို့​သည် အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့်​ရ​ရှိ​၍ ပူ​ဇော်​ဆက် ကပ်​တော်​မူ​သော​သား​တော်​ကို​စေ​လွှတ်​တော် မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​မေတ္တာ​တော်​ကို​ဆို​လို​ပေ​သည်။
In this is love, not that we loved God, but that he loved us, and sent his Son to be a propitiation for our sins.
11 ၁၁ ချစ်​ဆွေ​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ဤ​မျှ​ချစ်​တော်​မူ​လျှင်​ငါ​တို့​သည်​အ​ချင်း ချင်း​ချစ်​သင့်​ကြ​၏။-
If God so loved us, beloved, we also ought to love one another.
12 ၁၂ အ​ဘယ်​သူ​မျှ​ဘု​ရား​သ​ခင်​ကို​မ​တွေ့​မ​မြင် စ​ဖူး။ သို့​ရာ​တွင်​ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ် ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​လျက် ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​ငါ​တို့​၌​ပြည့်​ဝ​စုံ​လင်​ပြီ။
No man has ever gazed on God; but if we love one another, God ever abides in us, and his love is perfected in us.
13 ၁၃ ကိုယ်​တော်​သည်​ငါ​တို့​အား​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​ကိုယ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၍​ကိုယ်​တော်​သည်​လည်း ငါ​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော်​မူ ကြောင်း​ငါ​တို့​သေ​ချာ​စွာ​သိ​ကြ​၏။-
By this we come to know that we are abiding in him, and he in us, because he has given us of his Spirit;
14 ၁၄ ခ​မည်း​တော်​သည်​သား​တော်​အား​လော​က​ကို ကယ်​တင်​ရန်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ငါ တို့​တွေ့​မြင်​ရ​၍​သက်​သေ​ခံ​ကြ​၏။-
and we have beheld and do testify that the Father has sent the Son to be the Saviour of the world.
15 ၁၅ သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။-
If any man confesses that "Jesus is the Son of God." God is abiding in that man, and he in God.
16 ၁၆ ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။-
And we do know and have believed the love which God has for us. God is love; and he who is abiding in love is abiding in God, and God is abiding in him.
17 ၁၇ ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။-
In this is love made perfect with us, so that we may have cheerful confidence in the Day of Judgment, because we are living in this world as He lives.
18 ၁၈ ချစ်​ခြင်း​မေတ္တာ​၌​ကြောက်​စိတ်​မ​ရှိ​နိုင်။ ပြည့်​ဝ စုံ​လင်​သည့်​မေတ္တာ​သည်​ကြောက်​စိတ်​ကို​ပယ်​ရှား တတ်​၏။ ကြောက်​စိတ်​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​မှု​ကို စောင့်​မျှော်​တတ်​သ​ဖြင့်​ကြောက်​စိတ်​ရှိ​သူ​၌ မေတ္တာ​ပြည့်​ဝ​စုံ​လင်​ခြင်း​မ​ရှိ​ပေ။
Fear does not exist in love; but love, when it is perfect, drives out fear. For fear has always torment, and he who has fear is not yet perfected in love.
19 ၁၉ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ရှေး​ဦး​စွာ​ချစ် တော်​မူ​သော​ကြောင့်​ငါ​တို့​သည်​ကိုယ်​တော်​ကို ချစ်​ကြ​၏။-
We love because He loved us first.
20 ၂၀ ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-
If any one says, "I love God," and yet hates his brother, he is a liar; for he who does not love his brother whom he has seen, cannot possibly love God, whom he has not seen.
21 ၂၁ ငါ​တို့​အား​ခ​ရစ်​တော်​ပေး​တော်​မူ​သော​ပ​ညတ် တော်​ကား``ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် ညီ​အစ်​ကို​ကို​လည်း​ချစ်​ရ​မည်'' ဟူ​၍​ဖြစ် သ​တည်း။
And we have this command from God. HE WHO LOVES GOD IS TO LOVE HIS BROTHER ALSO.

< ၁ ယောဟန် 4 >