< ၁ ယောဟန် 3 >

1 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဟု​အ​ခေါ်​ခံ​ရ​ကြ​သော​အ​ခွင့်​ကို​ရ​ကြ​သ​ဖြင့် ငါ​တို့​အား​ခ​မည်း​တော်​ဘု​ရား​သည်​မည်​မျှ ချစ်​တော်​မူ​သည်​ကို​ဆင်​ခြင်​ကြ​လော့။ ငါ​တို့ သည်​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​ဖြစ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​လော​က သား​တို့​က​ငါ​တို့​ကို​မ​သိ။ သူ​တို့​သည်​ခ​မည်း တော်​ကို​လည်း​မ​သိ။-
Behold then what manner of love the Father hath bestowed upon us, that we should be called the children of God: though for this reason the world knoweth us not, because it knew not Him.
2 ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-
Beloved, we are now the children of God, but it doth not yet appear what we shall be: we know however, that, when He shall appear, we shall be like Him; for we shall see Him as He is.
3 ခရစ်​တော်​ကို​အ​မှီ​ပြု​၍​ထို​သို့​မျှော်​လင့် တောင့်​တ​သူ​သည် ခ​ရစ်​တော်​သန့်​ရှင်း​ဖြူ​စင် တော်​မူ​သ​ကဲ့​သို့​မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​ဖြူ စင်​စေ​တတ်​၏။
And every one, that hath this hope in Him, purifieth himself, even as He is pure.
4 အ​ပြစ်​ကူး​ခြင်း​သည်​ပ​ညတ်​တော်​ကို​ချိုး ဖောက်​ခြင်း​ဖြစ်​သ​ဖြင့် အ​ပြစ်​ကူး​သူ​မှန် သ​မျှ​သည်​ပညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။-
Every one that committeth sin, transgresseth the law; for sin is the violation of the law.
5 ခ​ရစ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ ကိုယ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။-
And ye know that He was manifested, to take away our sins: and in Him there is no sin.
6 ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​သူ သည်​အ​ပြစ်​မ​ကူး​တတ်။ အ​ပြစ်​ကူး​တတ်​သူ မူ​ကား​ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဘူး​သူ ဖြစ်​၏။
Whosoever abideth in Him sinneth not: whosoever sinneth hath not seen Him, nor known Him.
7 သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။-
Little children, let no one deceive you: he that practiseth righteousness is righteous, even as He is righteous:
8 အြုပစ်​တ​ရား​ကို​ကျင့်​သုံး​သူ​သည်​မာရ်​နတ် ၏​ဘက်​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် မူ​လ​အ​စ​က​တည်း​က​ပင်​လျှင် အ​ပြစ်​ကူး​သူ​ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​သည့် အ​ကြောင်း​မှာ မာရ်​နတ်​ပြု​ခဲ့​သည့်​အ​မှု​ကို ချေ​ဖျက်​ရန်​ပင်​ဖြစ်​ပေ​သည်။
he, that makes a practise of sin, is of the devil; for the devil sinneth from the beginning. And for this the Son of God was manifested, that He might destroy the works of the devil.
9 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။-
Whosoever is born of God doth not practise sin, because his seed remaineth in him: and he cannot sin, because he is born of God.
10 ၁၀ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​နှင့်​မာရ်​နတ်​၏​သား​သ​မီး​ကွာ​ခြား​ပုံ​ကို သိ​ရ​၏။ အ​မှန်​တ​ရား​ကို​မ​ကျင့်​သုံး​သူ၊ ညီ အစ်​ကို​ကို​မ​ချစ်​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​မ​ဟုတ်။
In this the children of God are manifest, and the children of the devil: whosoever doth not practise righteousness, and he who loveth not his brother, is not of God:
11 ၁၁ ``ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်'' ဟူ သော​တ​ရား​တော်​ကို​ရှေး​မ​ဆွ​က​ပင်​လျှင် သင်​တို့​ကြား​နာ​ခဲ့​ရ​ကြ​၏။-
for this is the injunction which ye heard from the beginning, that we should love one another: not as Cain who was of the evil one, and slew his brother;
12 ၁၂ မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။
and why did he slay him? because his own works were evil, and his brother's righteous.
13 ၁၃ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။-
Wonder not then, my brethren, if the world hate you:
14 ၁၄ ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-
since we know that we have passed from death to life, because we love the brethren: he, that loveth not his brother, remaineth in death.
15 ၁၅ မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။- (aiōnios g166)
Whosoever hateth his brother is a murderer: and ye know that no murderer hath eternal life abiding in him. (aiōnios g166)
16 ၁၆ ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။-
In this we know his love, that He laid down his life for us: and we should be ready to lay down our lives for the brethren.
17 ၁၇ လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-
But if any one, who hath the good things of the world, seeth his brother in want, and shutteth up his bowels from him, how dwelleth the love of God in him?
18 ၁၈ သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။
My little children, let us not love in word, or in tongue only, but in deed and in truth.
19 ၁၉ သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
And hereby we know that we are of the truth, and shall assure our hearts before Him.
20 ၂၀ မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
For, if our heart condemn us, God is still greater than our heart, and knoweth all things.
21 ၂၁ သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ ငါ​တို့​၏​သြတ္တ​ပ္ပ​စိတ် က​ငါ​တို့​အား​ပြစ်​တင်​ရှုတ်​ချ​မှု​မ​ပြု​လျှင် ငါ​တို့​သည်​ဘု​ရား​သ​ခင်​ထံ​တော်​၌​ရဲ​ဝံ့ ခွင့်​ရ​ရှိ​ကြ​၏။-
Beloved, if our heart condemn us not, then have we confidence towards God:
22 ၂၂ ငါ​တို့​သည်​ကိုယ်​တော်​၏​ပညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​များ၊ ကိုယ်​တော်​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​သူ​များ​ဖြစ်​သ​ဖြင့် ငါ​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့ ကို​အထံ​တော်​မှ​ရ​ရှိ​ကြ​၏။-
and whatsoever we ask, we receive from Him, because we keep his commandments, and do the things that are pleasing in his sight.
23 ၂၃ ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။-
And this is his commandment, that we should believe in the name of his Son Jesus Christ, and love one another, as He hath given us a charge to do.
24 ၂၄ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း သူ​သည် ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​လည်း​ထို​သူ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​၏။ ယင်း​သို့​ဖြစ်​တော်​မူ ကြောင်း​ကို ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​အား​ဖြင့်​ငါ​တို့​သိ​ရ​ကြ​၏။
And he, that keepeth his commandments, abideth in Him, and He in him: and hereby we know that He abideth in us, even by the Spirit which He hath given us.

< ၁ ယောဟန် 3 >