< ၁ ယောဟန် 3 >
1 ၁ ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
Behold what manner of love the Father has given us in allowing us to be called "Children of God!" And that is what we are. For this reason the world does not recognize us, because it did not know him.
2 ၂ ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
We are God’s children now, beloved; what we shall be has never yet been made manifest. But we know that when he is manifested we shall be like him; for we shall see him even as he is.
3 ၃ ခရစ်တော်ကိုအမှီပြု၍ထိုသို့မျှော်လင့် တောင့်တသူသည် ခရစ်တော်သန့်ရှင်းဖြူစင် တော်မူသကဲ့သို့မိမိကိုယ်ကိုသန့်ရှင်းဖြူ စင်စေတတ်၏။
And every one who is holding this hope in him is purifying himself, even as he is pure.
4 ၄ အပြစ်ကူးခြင်းသည်ပညတ်တော်ကိုချိုး ဖောက်ခြင်းဖြစ်သဖြင့် အပြစ်ကူးသူမှန် သမျှသည်ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။-
Every one who commits sin commits also lawlessness. Sin is lawlessness.
5 ၅ ခရစ်တော်သည်လူတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန်ကြွလာတော်မူကြောင်းကိုသင်တို့သိ ကြ၏။ ကိုယ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်တော်မူ၏။-
And you know that he was manifested to take away sins; and in him is no sin.
6 ၆ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်နေသူ သည်အပြစ်မကူးတတ်။ အပြစ်ကူးတတ်သူ မူကားကိုယ်တော်ကိုမသိမမြင်ဘူးသူ ဖြစ်၏။
Whoever continually abides in him does not habitually sin; whoever lives in sin has not seen him, nor come to know him.
7 ၇ သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။-
My children, let no one deceive you; he who is working righteousness is righteous, just as he is righteous.
8 ၈ အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။
He who is committing sin is of the devil, because from the beginning of the devil is sinning. It was for this cause that the Son of God was manifested, that he might destroy the works of the devil.
9 ၉ ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-
Whoever is a child of God cannot go on sinning, because his seed is abiding in him; and he cannot go on sinning because he is a child of God.
10 ၁၀ ဤနည်းအားဖြင့်ဘုရားသခင်၏သားသမီး များနှင့်မာရ်နတ်၏သားသမီးကွာခြားပုံကို သိရ၏။ အမှန်တရားကိုမကျင့်သုံးသူ၊ ညီ အစ်ကိုကိုမချစ်သူသည်ဘုရားသခင်၏ သားသမီးမဟုတ်။
In this the children of God are manifest, and the children of the devil; for every one who does not work righteousness is not a child of God, nor is he who does not love his brother.
11 ၁၁ ``ငါတို့သည်အချင်းချင်းချစ်ရကြမည်'' ဟူ သောတရားတော်ကိုရှေးမဆွကပင်လျှင် သင်တို့ကြားနာခဲ့ရကြ၏။-
For this is the message that you have listened to from the beginning, "WE ARE TO LOVE ONE ANOTHER."
12 ၁၂ မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။
We are not to be like Cain, who belonged to the Evil One, and murdered his brother. And why did he murder him? It was because his own deeds were evil, and his brother’s, righteous.
13 ၁၃ သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။-
Do not wonder, brothers, if the world continues to hate you.
14 ၁၄ ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။-
We know that we have migrated, out of death into life, because we love our brothers. He who has no love is abiding in death.
15 ၁၅ မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- (aiōnios )
Every one who is hating his brother is a murderer, and you know that no murderer has eternal life abiding in him. (aiōnios )
16 ၁၆ ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-
By this we learn to know love, because he laid down his life for us; so we ought to lay down our lives for our brothers.
17 ၁၇ လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။-
But whoever has this world’s goods, and beholds his brother in need, and shuts up his heart against him, how can the love of God continue to abide in him?
18 ၁၈ သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
My children, let us not love in word nor in talk, but in deed and in truth.
19 ၁၉ သို့ဖြစ်၍ဤနည်းအားဖြင့်ငါတို့သည်သမ္မာ တရားနှင့်ဆိုင်သူများဖြစ်ကြောင်းသိရှိနိုင် မည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင်လည်း စိတ်ချခွင့်ကိုရရှိကြလိမ့်မည်။-
By this we shall come to know that we are really of the truth,
20 ၂၀ မိမိတို့သြတ္တပ္ပစိတ်၏ပြစ်တင်ရှုတ်ချမှုကို ခံရသောအခါ၌လည်း ဘုရားသခင်သည် ငါတို့သြတ္တပ္ပစိတ်ထက်ကြီးမြတ်တော်မူ ကြောင်း၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်း ကိုသိတော်မူကြောင်းငါတို့သိကြ၏။-
and shall persuade our heart in his presence whenever our heart condemns us, because God is greater than our heart and knows all things.
21 ၂၁ သို့ဖြစ်၍ချစ်ဆွေတို့၊ ငါတို့၏သြတ္တပ္ပစိတ် ကငါတို့အားပြစ်တင်ရှုတ်ချမှုမပြုလျှင် ငါတို့သည်ဘုရားသခင်ထံတော်၌ရဲဝံ့ ခွင့်ရရှိကြ၏။-
Beloved, if our heart condemn us not, we have confidence toward God,
22 ၂၂ ငါတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းသူများ၊ ကိုယ်တော်နှစ်သက်တော် မူသောအမှုတို့ကိုပြုသူများဖြစ်သဖြင့် ငါတို့တောင်းလျှောက်သမျှသောအရာတို့ ကိုအထံတော်မှရရှိကြ၏။-
and whatever we ask we are receiving from him, because we are keeping his commandments and doing those things that are pleasing in his sight.
23 ၂၃ ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-
His commandment is this, that we should believe in the name of his Son, Jesus Christ, and love one another as he has commanded us to do.
24 ၂၄ ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။
He who keeps his commandments is abiding in Him, and Christ in him. By this we know that Christ is abiding in us, by the Spirit which he has given us.