< ၁ ယောဟန် 1 >
1 ၁ အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-
Ciò che era fin da principio, ciò che noi abbiamo udito, ciò che noi abbiamo veduto con i nostri occhi, ciò che noi abbiamo contemplato e ciò che le nostre mani hanno toccato, ossia il Verbo della vita
2 ၂ ထိုအသက်တော်ပေါ်လွင်ထင်ရှားခဲ့စဉ်က ငါတို့မြင်ရကြ၏။ သို့ဖြစ်၍ယင်း၏အကြောင်း ကိုငါတို့ဟောပြောကြ၏။ ခမည်းတော်နှင့် အတူရှိတော်မူခဲ့သည့်အသက်တော်သည် ငါတို့တွင်ပေါ်လွင်ထင်ရှားခဲ့သဖြင့် ငါတို့ သည်ထိုအသက်တော်အကြောင်းကိုသင်တို့ အားဖော်ပြကြေညာကြ၏။- (aiōnios )
(poiché la vita si è fatta visibile, noi l'abbiamo veduta e di ciò rendiamo testimonianza e vi annunziamo la vita eterna, che era presso il Padre e si è resa visibile a noi), (aiōnios )
3 ၃ ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။-
quello che abbiamo veduto e udito, noi lo annunziamo anche a voi, perché anche voi siate in comunione con noi. La nostra comunione è col Padre e col Figlio suo Gesù Cristo.
4 ၄ ငါတို့သည်ရွှင်လန်းဝမ်းမြောက်မှုကိုအပြည့် အဝခံစားနိုင်ကြစေရန် ဤအကြောင်း အရာများကိုစာရေးလိုက်သည်။
Queste cose vi scriviamo, perché la nostra gioia sia perfetta.
5 ၅ ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ကိုယ်တော်၌အမှောင်လုံးဝမရှိဟူသော တရားစကားကို ငါတို့သည်ကိုယ်တော်၏ သားတော်ထံမှကြားသိရသဖြင့်သင်တို့ အားကြေညာ၏။-
Questo è il messaggio che abbiamo udito da lui e che ora vi annunziamo: Dio è luce e in lui non ci sono tenebre.
6 ၆ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်နှင့်မိတ်သဟာ ယဖွဲ့ရကြလေပြီဟုဆိုလျက် အမှောင်တွင် ကျင်လည်နေကြပါမူနှုတ်အားဖြင့်လည်း ကောင်း၊ အကျင့်အားဖြင့်လည်းကောင်းလိမ်လည် သူများဖြစ်ကြ၏။-
Se diciamo che siamo in comunione con lui e camminiamo nelle tenebre, mentiamo e non mettiamo in pratica la verità.
7 ၇ သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။
Ma se camminiamo nella luce, come egli è nella luce, siamo in comunione gli uni con gli altri, e il sangue di Gesù, suo Figlio, ci purifica da ogni peccato.
8 ၈ ငါတို့သည်အပြစ်သားများမဟုတ်ဟုဆို ပါမူ ငါတို့သည်မိမိတို့ကိုယ်ကိုလှည့်စား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။-
Se diciamo che siamo senza peccato, inganniamo noi stessi e la verità non è in noi.
9 ၉ သို့ရာတွင်အပြစ်ဝန်ချကြလျှင်ဘုရား သခင်သည်ကတိတည်တော်မူ၍တရားမျှတ တော်မူသောအရှင်ဖြစ်တော်မူသဖြင့် ငါတို့ ၏အြုပစ်များကိုဖြေလွှတ်၍ငါတို့အား ဒုစရိုက်အညစ်အကြေးအပေါင်းတို့နှင့် ကင်းစင်စေတော်မူလိမ့်မည်။-
Se riconosciamo i nostri peccati, egli che è fedele e giusto ci perdonerà i peccati e ci purificherà da ogni colpa.
10 ၁၀ အကယ်၍မိမိတို့သည်အပြစ်ကူးသူများ မဟုတ်ဟုငါတို့ဆိုပါမူ ဘုရားသခင်အား မုသားသုံးတော်မူသောအရှင်ဟုစွပ်စွဲပြော ဆိုရာရောက်လျက်နှုတ်ကပတ်တော်သည်ငါတို့ ၌မရှိ။
Se diciamo che non abbiamo peccato, facciamo di lui un bugiardo e la sua parola non è in noi.