< ၁ ကောရိန္သု 9 >
1 ၁ ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။-
Am I not an apostle? Am I not free? Have I not seen Jesus Christ our Lord? Are you not my work in the LORD?
2 ၂ အခြားသူများသည်ငါ့အားတမန်တော် အဖြစ်ဖြင့်လက်မခံကြစေကာမူ သင်တို့ လက်ခံကြသည်မဟုတ်ပါလော။ ငါသည် သခင်ဘုရား၏တမန်တော်ဖြစ်ကြောင်း သက်သေပြရန်မှာ သခင်ဘုရားနှင့်တစ် လုံးတစ်ဝတည်းရှိပြီးအသက်ရှင်ကြ သောသင်တို့ပင်ဖြစ်ပေသည်။
If I am not an apostle to others—yet doubtless I am to you; for you are the seal of my apostleship in the LORD.
3 ၃ ငါ့ကိုပြစ်တင်ဝေဖန်ကြသူတို့အားဤသို့ ငါပြောလို၏။-
My defense to those who examine me in this:
4 ၄ ငါ၏လုပ်ဆောင်မှုအတွက်ငါ့မှာစားသောက် ပိုင်ခွင့်မရှိသလော။-
do we not have authority to eat and to drink?
5 ၅ ပေတရုကဲ့သို့လည်းကောင်း၊ သခင်ဘုရား ၏ညီတော်များနှင့်အခြားတမန်တော်များ ကဲ့သို့လည်းကောင်း ငါသည်ခရီးသွားရာ၌ ယုံကြည်သူဇနီးကိုခေါ်ဆောင်သွားပိုင် ခွင့်မရှိသလော။-
Do we not have authority to lead about a sister—a wife—as also the other apostles, and the brothers of the LORD, and Cephas?
6 ၆ ငါနှင့်ဗာနဗတို့သာလျှင်မိမိတို့စားဝတ် နေရေးအတွက် အလုပ်လုပ်ရမည်လော။ အဘယ် စစ်သားသည်မိမိ၏စရိတ်နှင့်အမှုထမ်းရ သနည်း။-
Or do only Barnabas and I have no authority not to work?
7 ၇ အဘယ်ဥယျာဉ်မှူးသည်မိမိစိုက်ပျိုးသည့် စပျစ်ဥယျာဉ်မှ စပျစ်သီးကိုမစားဘဲနေ သနည်း။ အဘယ်သိုးထိန်းသည်မိမိထိန်း ကျောင်းရသည့်သိုးများမှနို့ကိုမသုံး ဆောင်ဘဲနေသနည်း။
Who serves as a soldier at his own expense at any time? Who plants a vineyard and does not eat of its fruit? Or who feeds a flock and does not eat of the milk of the flock?
8 ၈ ယခုဖော်ပြသည့်ဥပမာများသာမက၊ ပညတ်ကျမ်းကလည်းဤအတိုင်းပင်ထောက် ခံပေသည်။-
Do I speak these things according to man? Or does the Law not also say these things?
9 ၉ မောရှေ၏ပညတ်ကျမ်းတွင် ``စပါးနယ်သည့် နွားကိုပါးချုပ်တတ်၍မထားရ'' ဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ၌ဘုရားသခင်သည် နွားအတွက်မိန့်တော်မူသလော။-
For in the Law of Moses it has been written: “you will not muzzle an ox treading out grain”; does God care for the oxen?
10 ၁၀ ငါတို့အတွက်အကယ်ပင်မိန့်တော်မူခြင်း မဟုတ်လော။ အကယ်ပင်ငါတို့အတွက်ရေး သားထားခြင်းဖြစ်သည်။ လယ်ထွန်သောသူ နှင့်ရိတ်သိမ်းသောသူတို့သည် မိမိတို့၏ဝေ စုကိုမျှော်လင့်လျက်လုပ်ကိုင်ကြရာ၏။-
Or by all means does He say [it] because of us? Yes, because of us it was written, because in hope ought the plower to plow, and he who is treading [ought] of his hope to partake in hope.
11 ၁၁ ငါတို့သည်သင်တို့၌ဋ္ဌမ္မမျိုးစေ့ကိုစိုက်ပျိုး ခဲ့ပြီးနောက် သင်တို့ထံမှရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုရိတ်သိမ်းကြလျှင် ငါတို့လွန်ရာကျမည်လော။-
If we sowed to you the spiritual things—[is it] great if we reap your fleshly things?
12 ၁၂ သင်တို့ထံမှအခြားသူတို့သည်ဤသို့ရ ပိုင်ခွင့်ရှိလျှင် ငါတို့သည်ပို၍ပင်ရပိုင်ခွင့် ရှိသည်မဟုတ်လော။ သို့သော်ငါတို့သည်ထိုအခွင့်အရေးကို မယူခဲ့ကြ။ ခရစ်တော်အကြောင်းသတင်း ကောင်းပျံ့နှံ့ရေးအတွက် အဆီးအတား မဖြစ်စေရန်တွေ့ကြုံရသောအခက်အခဲ ရှိသမျှကိုရင်ဆိုင်သည်းခံခဲ့ကြ၏။-
If others partake of the authority over you—[do] we not more? But we did not use this authority, but we bear all things, that we may give no hindrance to the good news of the Christ.
13 ၁၃ ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။-
Have you not known that those working about the things of the temple eat of the temple, and those waiting at the altar are partakers with the altar?
14 ၁၄ ထိုနည်းတူစွာသတင်းကောင်းကိုဟောပြော ကြေညာသူတို့သည်လည်း သတင်းကောင်း အားဖြင့်အသက်မွေးရမည်ဟူ၍သခင် ဘုရားမိန့်မှာတော်မူခဲ့၏။
So also the LORD directed to those proclaiming the good news to live of the good news.
15 ၁၅ သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။-
And I have used none of these things; neither did I write these things that it may be so done in my case, for [it is] good for me rather to die, than that anyone may make my glorying void;
16 ၁၆ ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-
for if I may proclaim good news, it is no glorying for me, for necessity is laid on me, and woe is to me if I may not proclaim good news;
17 ၁၇ အကယ်၍ငါသည်အလုပ်ကိုငါ၏ဆန္ဒ အလျောက်ရွေးချယ်လုပ်ကိုင်ပါမူ အခကြေး ငွေကိုစောင့်မျှော်နိုင်ပေသည်။ သို့ရာတွင်ဤ အလုပ်ကိုဘုရားသခင်ငါ့အားပေးအပ် ထားသဖြင့် ငါသည်ဝတ္တရားအနေဖြင့် လုပ်ဆောင်ရ၏။-
for if I do this willingly, I have a reward; and if unwillingly—I have been entrusted with a stewardship!
18 ၁၈ သို့ဖြစ်၍ငါသည်အဘယ်အခကြေးငွေ ခံစားရသနည်း။ ငါခံစားရသည့်အကျိုး မှာသတင်းကောင်းကိုအခကြေးငွေမယူ ဘဲဟောပြောခွင့်နှင့် ထိုသို့ဟောပြောသည့် အတွက် ရပိုင်ခွင့်များကိုမတောင်းဆိုဘဲ နေနိုင်ခွင့်တို့ပင်ဖြစ်၏။
What, then, is my reward? That proclaiming good news, without charge I will make the good news of the Christ, not to abuse my authority in the good news;
19 ၁၉ ငါသည်မည်သူ့ကျွန်မျှမဟုတ်။ လွတ်လပ်သူ ဖြစ်၏။ သို့ရာတွင်ခရစ်တော်ကိုယုံကြည်သူ ဦးရေများနိုင်သမျှတိုးတက်များပြား လာစေရန် ငါသည်လူတိုင်း၏ကျွန်ဖြစ်၏။-
for being free from all men, I made myself servant to all men, that the more I might gain;
20 ၂၀ ငါသည်ယုဒအမျိုးသားတို့ထံတွင်အမှု တော်ဆောင်စဉ် သူတို့ကိုကယ်တင်နိုင်ရန်ယုဒ အမျိုးသားကဲ့သို့နေထိုင်၏။ ထိုသူတို့ကို ကယ်တင်နိုင်ရန်ငါသည်ပညတ်တရားစောင့် ထိန်းသူမဟုတ်သော်လည်း ပညတ်တရား စောင့်ထိန်းသူကဲ့သို့ငါနေထိုင်၏။-
and to the Jews I became like a Jew, that I might gain Jews; to those under law as under law, that I might gain those under law;
21 ၂၁ ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-
to those without law, as without law—(not being without law to God, but within law to Christ)—that I might gain those without law;
22 ၂၂ ငါသည်ယုံကြည်မှုအားနည်းသူတို့အထဲ သို့ရောက်သောအခါ ထိုသူတို့ကိုကယ်တင်နိုင် ရန်ငါသည်ယုံကြည်မှုအားနည်းသူကဲ့သို့ နေထိုင်၏။ အချို့သောသူတို့ကိုတစ်နည်း နည်းအားဖြင့် ကယ်တင်နိုင်ရန်ငါသည်လူ အမျိုးမျိုးအထဲ၌အမျိုးမျိုးနေထိုင်၏။
to the weak I became weak, that I might gain the weak; to all men I have become all things, that by all means I may save some.
23 ၂၃ သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
And I do this because of the good news, that I may become a fellow-partaker of it;
24 ၂၄ အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
have you not known that those running in a race—all indeed run, but one receives the prize? So run that you may obtain;
25 ၂၅ ပြိုင်ပွဲဝင်ရန်လေ့ကျင့်သူအားကစားသမား တိုင်းပင် ကြပ်တည်းသည့်စည်းကမ်းများကိုထိန်း သိမ်းစောင့်ရှောက်ရ၏။ ထိုသူတို့ဤသို့ပြုကြ ခြင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သောပန်းဦးရစ် ကိုရရှိရန်ပြုကြခြင်းဖြစ်ပေသည်။ ငါတို့ မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦး ရစ်ကိုရရှိရန်ပြုကြ၏။-
and everyone who is striving is temperate in all things; these, indeed, then, that they may receive a corruptible garland, but we an incorruptible;
26 ၂၆ ထို့ကြောင့်ငါသည်ပန်းဝင်ရာသို့ တည့်မတ်စွာ ပြေး၏။ ငါသည်မိမိလက်သီးစွမ်းကိုအချည်း နှီးမဖြုန်းတီးသည့်လက်ဝှေ့သမားနှင့်တူ၏။-
I, therefore, thus run, not as uncertainly, thus I fight, as not beating air;
27 ၂၇ ငါသည်သူတစ်ပါးတို့အားပြိုင်ပွဲဝင်ရန်ခေါ် ဖိတ်ခဲ့ပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲမှအပယ် မခံရစေရန်ငါ၏ကိုယ်ခန္ဓာကိုမာကြောအောင် ထိုးကြိတ်၍ချုပ်ထိန်း၏။
but I bruise my body, and bring [it] into servitude, lest by any means, having preached to others—I myself may become disapproved.