< ၁ ကောရိန္သု 7 >
1 ၁ သင်တို့ရေးသားပေးပို့လိုက်သောစာတွင် ပါ ရှိသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားအံ့။ အမျိုးသားသည်အိမ်ထောင် မပြုဘဲနေနိုင်လျှင်ကောင်း၏။-
ⲁ̅ⲈⲐⲂⲈ ⲚⲎ ⲆⲈ ⲈⲦⲀⲢⲈⲦⲈⲚⲤϦⲎⲦⲞⲨ ⲚⲎⲒ ⲚⲀⲚⲈⲤ ⲘⲠⲒⲢⲰⲘⲒ ⲈϢⲦⲈⲘϬⲒ ⲚⲈⲘ ⲤϨⲒⲘⲒ.
2 ၂ သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
ⲃ̅ⲈⲐⲂⲈ ⲚⲒⲠⲞⲢⲚⲒⲀ ⲆⲈ ⲘⲀⲢⲈ ⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ⲬⲀ ⲦⲈϤⲤϨⲒⲘⲒ ⲚⲀϤ ⲞⲨⲞϨ ⲘⲀⲢⲈ ϮⲞⲨⲒ ϮⲞⲨⲒ ⲬⲀ ⲠⲈⲤϨⲀⲒ ⲚⲀⲤ.
3 ၃ လင်သည်မယားအားပြုသင့်သည့်ဝတ်ကိုလည်း ကောင်း၊ မယားသည်လင်အားပြုသင့်သည့်ဝတ်ကို လည်းကောင်းပြုလျက် တစ်ဦး၏အလိုကိုတစ်ဦး ကဖြည့်တင်းပေးရာ၏။-
ⲅ̅ⲠⲒϨⲀⲒ ⲘⲀⲢⲈϤϮ ⲘⲠⲈⲦⲈⲢⲞϤ ⲚϮⲤϨⲒⲘⲒ ⲠⲀⲒⲢⲎϮ ⲞⲚ ϮⲤϨⲒⲘⲒ ⲘⲀⲢⲈⲤϮ ⲘⲠⲈⲦⲈⲢⲞⲤ ⲘⲠⲈⲤϨⲀⲒ.
4 ၄ မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။-
ⲇ̅ϮⲤϨⲒⲘⲒ ⲘⲘⲞⲚⲦⲈⲤ ⲈⲢϢⲒϢⲒ ⲘⲠⲈⲤⲤⲰⲘⲀ ⲘⲘⲒⲚ ⲘⲘⲞⲤ ⲀⲖⲖⲀ ⲠⲒϨⲀⲒ ⲠⲈ ⲠⲀⲒⲢⲎϮ ⲆⲈ ⲞⲚ ⲠⲒⲔⲈϨⲀⲒ ⲘⲘⲞⲚⲦⲈϤ ⲈⲢϢⲒϢⲒ ⲘⲠⲈϤⲤⲰⲘⲀ ⲘⲘⲒⲚ ⲘⲘⲞϤ ⲀⲖⲖⲀ ϮⲤϨⲒⲘⲒ ⲦⲈ.
5 ၅ သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။
ⲉ̅ⲘⲠⲈⲢϤⲈϪ ⲚⲈⲦⲈⲚⲈⲢⲎⲞⲨ ⲈⲂⲎⲖ ⲀⲢⲎⲞⲨ ϦⲈⲚⲞⲨϮⲘⲀϮ ⲠⲢⲞⲤ ⲞⲨⲤⲎⲞⲨ ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚⲤⲢⲞϤⲦ ⲈϮⲠⲢⲞⲤⲈⲨⲬⲎ ⲞⲨⲞϨ ⲠⲀⲖⲒⲚ ⲚⲦⲈⲦⲈⲚⲒ ⲈⲨⲘⲀ ϨⲒⲚⲀ ⲚⲦⲈϢⲦⲈⲘ ⲠⲤⲀⲦⲀⲚⲀⲤ ⲈⲢⲠⲒⲢⲀⲌⲒⲚ ⲘⲘⲰⲦⲈⲚ ⲈⲐⲂⲈ ⲦⲈⲦⲈⲚⲘⲈⲦⲀⲦⲐⲰⲦ.
6 ၆ ဤသို့ဆိုရာ၌ငါသည်သင်တို့အားအမိန့်ပေး ခြင်းမဟုတ်။ ခွင့်ပြုခြင်းသာဖြစ်၏။-
ⲋ̅ⲪⲀⲒ ⲆⲈ ϮϪⲰ ⲘⲘⲞϤ ⲔⲀⲦⲀ ⲞⲨⲤⲨⲚⲄⲚⲰⲘⲎ ⲔⲀⲦⲀ ⲞⲨⲀϨⲤⲀϨⲚⲒ ⲀⲚ.
7 ၇ အကယ်စင်စစ်ငါသည်လူတိုင်းကိုငါကဲ့သို့ပင် ဖြစ်စေလို၏။ သို့ရာတွင်ဘုရားသခင်သည်လူ တစ်ဦးစီအားထူးခြားသည့်ဆုကျေးဇူးကို ပေးတော်မူ၏။
ⲍ̅ϮⲞⲨⲰϢ ⲆⲈ ⲚⲦⲈⲢⲰⲘⲒ ⲚⲒⲂⲈⲚ ϢⲰⲠⲒ ⲘⲠⲀⲢⲎϮ ⲀⲖⲖⲀ ⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ⲞⲨⲚⲞⲦⲈϤ ⲞⲨϨⲘⲞⲦ ⲘⲘⲀⲨ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲨϮ ⲠⲒⲞⲨⲀⲒ ⲘⲈⲚ ⲘⲠⲀⲒⲢⲎϮ ⲔⲈⲞⲨⲀⲒ ⲆⲈ ⲘⲠⲀⲒⲔⲈⲢⲎϮ.
8 ၈ သို့ဖြစ်၍အိမ်ထောင်မရှိသူများနှင့်မုဆိုးမ များအား ငါကဲ့သို့တစ်ကိုယ်တည်းဆက်လက်နေ ထိုင်နိုင်လျှင်ပို၍ကောင်းလိမ့်မည်။-
ⲏ̅ϮϪⲰ ⲆⲈ ⲘⲘⲞⲤ ⲚⲚⲎ ⲈⲦⲈⲘⲠⲞⲨϬⲒ ⲚⲈⲘ ⲚⲒⲬⲎⲢⲀ ϪⲈ ⲚⲀⲚⲈⲤ ⲚⲰⲞⲨ ⲀⲨϢⲀⲚϢⲰⲠⲒ ⲘⲠⲀⲒⲢⲎϮ.
9 ၉ သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။
ⲑ̅ⲒⲤϪⲈ ⲆⲈ ⲤⲈⲚⲀϢⲈⲢⲈⲄⲔⲢⲀⲦⲈⲨⲈⲤⲐⲈ ⲀⲚ ⲘⲀⲢⲞⲨϬⲒ ⲚⲀⲚⲈⲤ ⲄⲀⲢ ⲈϬⲒ ⲈϨⲞⲦⲈ ⲚⲤⲈϬⲒⲬⲢⲰⲘ.
10 ၁၀ အိမ်ထောင်သည်များအားငါပညတ်လို၏။ ယင်း ပညတ်မှာငါ၏ပညတ်မဟုတ်။ သခင်ဘုရား ၏ပညတ်ဖြစ်၏။ မယားသည်မိမိ၏လင်နှင့် ခွဲခွာ၍မနေရ။-
ⲓ̅ⲚⲎ ⲆⲈ ⲈⲦⲀⲨϬⲒ ϮϨⲞⲚϨⲈⲚ ⲚⲰⲞⲨ ⲀⲚⲞⲔ ⲀⲚ ⲀⲖⲖⲀ ⲠϬⲞⲒⲤ ϮⲤϨⲒⲘⲒ ⲚⲦⲈⲤϢⲦⲈⲘⲪⲰⲢϪ ⲤⲀⲂⲞⲖ ⲘⲠⲈⲤϨⲀⲒ.
11 ၁၁ ခွဲခွာ၍နေလျှင်လည်းနောက်ထပ်အိမ်ထောင် မပြုဘဲနေရမည်။ သို့မဟုတ်မိမိလင်နှင့် ပြန်လည်၍ပေါင်းသင်းရမည်။ လင်သည်လည်း မိမိမယားကိုမကွာမရှင်းရ။-
ⲓ̅ⲁ̅ⲔⲀⲚ ⲈϢⲰⲠ ⲀⲤϢⲀⲚⲪⲰⲢϪ ⲘⲀⲢⲈⲤⲞϨⲒ ⲚⲞⲨⲈϢⲈⲚ ϬⲒ ⲘⲘⲞⲚ ⲘⲀⲢⲈⲤϨⲰⲦⲠ ⲈⲠⲈⲤϨⲀⲒ ⲞⲨⲞϨ ⲠⲒϨⲀⲒ ⲚⲦⲈϤϢⲦⲈⲘⲬⲀ ϮⲤϨⲒⲘⲒ.
12 ၁၂ (သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။-
ⲓ̅ⲃ̅ⲠⲤⲈⲠⲒ ⲆⲈ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲞⲨ ⲀⲚⲞⲔ ⲠϬⲞⲒⲤ ⲀⲚ ϪⲈ ⲈϢⲰⲠ ⲈⲞⲨⲞⲚ ⲞⲨⲤⲞⲚ ⲈⲞⲨⲞⲚⲦⲈϤ ⲞⲨⲤϨⲒⲘⲒ ⲚⲀⲐⲚⲀϨϮ ⲘⲘⲀⲨ ⲞⲨⲞϨ ⲐⲀⲒ ⲈⲤϮⲘⲀϮ ⲈϢⲰⲠⲒ ⲚⲈⲘⲀϤ ⲘⲠⲈⲚⲐⲢⲈϤⲬⲀⲤ ⲚⲤⲰϤ.
13 ၁၃ ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။-
ⲓ̅ⲅ̅ⲞⲨⲞϨ ⲞⲨⲤϨⲒⲘⲒ ⲈⲞⲨⲞⲚⲦⲀⲤ ⲘⲘⲀⲨ ⲚⲞⲨϨⲀⲒ ⲚⲀⲦⲚⲀϨϮ ⲞⲨⲞϨ ⲪⲀⲒ ⲈϤϮⲘⲀϮ ⲈϢⲰⲠⲒ ⲚⲈⲘⲀⲤ ⲘⲠⲈⲚⲐⲢⲈⲤⲬⲀ ⲠⲒϨⲀⲒ ⲚⲤⲰⲤ.
14 ၁၄ ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-
ⲓ̅ⲇ̅ⲀϤⲦⲞⲨⲂⲞ ⲄⲀⲢ ⲚϪⲈⲠⲒϨⲀⲒ ⲚⲀⲐⲚⲀϨϮ ϦⲈⲚϮⲤϨⲒⲘⲒ ⲞⲨⲞϨ ⲀⲤⲦⲞⲨⲂⲞ ⲚϪⲈϮⲤϨⲒⲘⲒ ⲚⲀⲐⲚⲀϨϮ ϦⲈⲚⲠⲒⲤⲞⲚ ⲘⲘⲞⲚ ϨⲀⲢⲀ ⲚⲈⲦⲈⲚϢⲎⲢⲒ ⲤⲈϬⲀϦⲈⲘ ϮⲚⲞⲨ ⲆⲈ ⲤⲈⲞⲨⲀⲂ.
15 ၁၅ သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-
ⲓ̅ⲉ̅ⲞⲨⲞϨ ⲒⲤϪⲈ ⲠⲒⲀⲐⲚⲀϨϮ ⲚⲀⲪⲰⲢϪ ⲘⲀⲢⲈϤⲪⲰⲢϪ ⲚϤⲞⲒ ⲘⲂⲰⲔ ⲀⲚ ⲚϪⲈⲠⲒⲤⲞⲚ ⲒⲈ ϮⲤⲰⲚⲒ ϦⲈⲚⲚⲀⲒ ⲘⲠⲀⲒⲢⲎϮ ⲪⲚⲞⲨϮ ⲀϤⲐⲀϨⲈⲘ ⲐⲎⲚⲞⲨ ϦⲈⲚⲞⲨϨⲒⲢⲎⲚⲎ.
16 ၁၆ အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။
ⲓ̅ⲋ̅ⲀⲢⲈⲈⲘⲒ ⲄⲀⲢ ⲐⲰⲚ ϮⲤϨⲒⲘⲒ ϪⲈ ⲀⲢⲎⲞⲨ ⲦⲈⲢⲀϢⲚⲞϨⲈⲘ ⲘⲠⲈϨⲀⲒ ⲒⲈ ⲀⲔⲤⲰⲞⲨⲚ ⲐⲰⲚ ⲠⲒⲢⲰⲘⲒ ϪⲈ ⲀⲢⲎⲞⲨ ⲬⲚⲀϢⲚⲞϨⲈⲘ ⲚⲦⲈⲔⲤϨⲒⲘⲒ.
17 ၁၇ မည်သို့ပင်ဆိုစေ၊ လူအသီးသီးတို့သည်သခင် ဘုရားပေးတော်မူသည့်ဆုကျေးဇူးများနှင့် အညီ ဘုရားသခင်ရွေးကောက်တော်မူစဉ် အခါကရှိခဲ့သည့်အခြေအနေအတိုင်း ဆက်လက်၍အသက်ရှင်ရာ၏။ ဤနည်းအတိုင်း အသင်းတော်အားလုံးအားငါဟောပြောသွန် သင်၏။-
ⲓ̅ⲍ̅ⲒⲘⲎϮ ⲈⲠⲒⲢⲎϮ ⲈⲦⲀ ⲠϬⲞⲒⲤ ⲐⲀϢϤ ⲘⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ⲘⲪⲢⲎϮ ⲈⲦⲀ ⲪⲚⲞⲨϮ ⲐⲀϨⲈⲘ ⲪⲞⲨⲀⲒ ⲪⲞⲨⲀⲒ ⲠⲀⲒⲢⲎϮ ⲘⲀⲢⲈϤⲘⲞϢⲒ ⲚϦⲎⲦϤ ⲠⲀⲒⲢⲎϮ ⲞⲚ ⲈϮⲞⲨⲀϨⲤⲀϨⲚⲒ ϦⲈⲚⲚⲒⲈⲔⲔⲖⲎⲤⲒⲀ ⲦⲎⲢⲞⲨ.
18 ၁၈ အရေဖျားလှီးမင်္ဂလာကိုခံယူပြီးသူသည် ရွေးကောက်တော်မူခြင်းခံရလျှင် အရေဖျားလှီး မင်္ဂလာဆိုင်ရာအမှတ်အသားများကိုစွန့်ပယ် ရန်မလို။ အရေဖျားလှီးမင်္ဂလာမခံယူခဲ့သူ သည်ရွေးကောက်တော်မူခြင်းခံရလျှင်အရေ ဖျားလှီးမင်္ဂလာခံယူရန်မလို။-
ⲓ̅ⲏ̅ⲀⲨⲐⲀϨⲈⲘ ⲞⲨⲀⲒ ⲈϤⲤⲞⲨⲂⲎⲦ ⲘⲠⲈⲚⲐⲢⲈϤⲤⲈⲔ ϮⲘⲈⲦⲀⲦⲤⲈⲂⲒ ⲚⲀϤ ⲀⲨⲐⲀϨⲈⲘ ⲞⲨⲀⲒ ϦⲈⲚϮⲘⲈⲦⲀⲦⲤⲈⲂⲒ ⲘⲠⲈⲚⲐⲢⲈϤⲤⲞⲨⲂⲎⲦϤ.
19 ၁၉ အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-
ⲓ̅ⲑ̅ⲠⲤⲈⲠⲒ ⲄⲀⲢ ϨⲖⲒ ⲠⲈ ⲞⲨⲞϨ ϮⲘⲈⲦⲀⲦⲤⲈⲂⲒ ϨⲖⲒ ⲦⲈ ⲀⲖⲖⲀ ⲠⲒⲀⲢⲈϨ ⲈⲚⲒⲈⲚⲦⲞⲖⲎ ⲚⲦⲈⲪⲚⲞⲨϮ.
20 ၂၀ လူတိုင်းပင်ဘုရားသခင်ရွေးကောက်တော်မူ ခြင်းခံရစဉ်အချိန်ကမိမိလုပ်ကိုင်နေသည့် အလုပ်ကိုဆက်လက်လုပ်ကိုင်ရာ၏။-
ⲕ̅ⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ϦⲈⲚⲠⲒⲐⲰϨⲈⲘ ⲈⲦⲀⲨⲐⲀϨⲘⲈϤ ⲚϦⲎⲦϤ ⲘⲀⲢⲈϤϢⲰⲠⲒ ⲚϦⲎⲦϤ.
21 ၂၁ ရွေးကောက်တော်မူခြင်းခံရချိန်တွင်သင်သည် ကျွန်ဖြစ်ပါလျှင်ကိစ္စမရှိ။ သို့သော်ကျွန်အဖြစ် မှလွတ်မြောက်ခွင့်ရမည်ဆိုပါကထိုအခွင့် ကိုယူလော့။-
ⲕ̅ⲁ̅ⲀⲨⲐⲀϨⲘⲈⲔ ⲈⲔⲞⲒ ⲘⲂⲰⲔ ⲘⲠⲈⲚⲐⲢⲈⲤⲈⲢⲘⲈⲖⲒ ⲚⲀⲔ ⲀⲖⲖⲀ ⲒⲤϪⲈ ⲞⲨⲞⲚ ϢϪⲞⲘ ⲘⲘⲞⲔ ⲈⲈⲢⲢⲈⲘϨⲈ ⲘⲀⲖⲖⲞⲚ ⲀⲢⲒⲞⲨⲒ.
22 ၂၂ ကျွန်ဖြစ်စဉ်သခင်ဘုရားရွေးကောက်တော်မူ ခြင်းခံရသူသည်သခင်ဘုရား၏လွတ်မြောက် သူဖြစ်၏။ ထိုနည်းတူစွာလွတ်မြောက်သူသည် ခရစ်တော်၏ရွေးကောက်တော်မူခြင်းခံရ သောအခါခရစ်တော်၏ကျွန်ဖြစ်လာ၏။-
ⲕ̅ⲃ̅ⲠⲒⲂⲰⲔ ⲄⲀⲢ ⲈⲦⲀⲨⲐⲀϨⲘⲈϤ ϦⲈⲚⲠϬⲞⲒⲤ ⲞⲨⲀⲠⲈⲖⲈⲨⲐⲈⲢⲞⲤ ⲚⲦⲈⲠϬⲞⲒⲤ ⲠⲈ ⲠⲀⲒⲢⲎϮ ⲞⲚ ⲠⲒⲢⲈⲘϨⲈ ⲈⲦⲀⲨⲐⲀϨⲘⲈϤ ⲞⲨⲂⲰⲔ ⲚⲦⲈⲠⲬⲢⲒⲤⲦⲞⲤ ⲠⲈ.
23 ၂၃ သင်တို့ကိုဘုရားသခင်သည်အဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့်လူတို့ထံတွင် ကျွန်မခံကြနှင့်။-
ⲕ̅ⲅ̅ⲀⲨϢⲈⲠ ⲐⲎⲚⲞⲨ ϦⲀ ⲞⲨⲦⲒⲘⲎ ⲘⲠⲈⲢⲈⲢⲂⲰⲔ ⲚⲚⲒⲢⲰⲘⲒ.
24 ၂၄ ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။
ⲕ̅ⲇ̅ⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ⲚⲀⲤⲚⲎⲞⲨ ϦⲈⲚⲪⲎ ⲈⲦⲀⲨⲐⲀϨⲘⲈϤ ⲚϦⲎⲦϤ ϦⲈⲚⲪⲀⲒ ⲘⲀⲢⲈϤϢⲰⲠⲒ ϦⲀⲦⲈⲚ ⲪⲚⲞⲨϮ.
25 ၂၅ သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
ⲕ̅ⲉ̅ⲈⲐⲂⲈ ⲚⲒⲠⲀⲢⲐⲈⲚⲞⲤ ⲆⲈ ⲘⲘⲞⲚϮ ⲞⲨⲀϨⲤⲀϨⲚⲒ ⲘⲘⲀⲨ ⲚⲦⲈⲚ ⲠϬⲞⲒⲤ ⲞⲨⲄⲚⲰⲘⲎ ⲆⲈ ⲠⲈϮϮ ⲘⲘⲞⲤ ϨⲰⲤ ⲈⲀⲨⲚⲀⲒ ⲚⲎⲒ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠϬⲞⲒⲤ ⲈⲐⲢⲒϢⲰⲠⲒ ⲘⲠⲒⲤⲦⲞⲤ.
26 ၂၆ ယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။-
ⲕ̅ⲋ̅ϮⲘⲈⲨⲒ ⲞⲨⲚ ϪⲈ ⲚⲀⲚⲈ ⲪⲀⲒ ⲈⲐⲢⲈϤϢⲰⲠⲒ ⲈⲐⲂⲈ ϮⲀⲚⲀⲄⲔⲎ ⲈⲦϢⲞⲠ ϪⲈ ⲚⲀⲚⲈⲤ ⲘⲠⲒⲢⲰⲘⲒ ⲈⲐⲢⲈϤϢⲰⲠⲒ ⲘⲠⲀⲒⲢⲎϮ.
27 ၂၇ သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။-
ⲕ̅ⲍ̅ⲔⲤⲞⲚϨ ⲈⲤϨⲒⲘⲒ ⲘⲠⲈⲢⲔⲰϮ ⲚⲤⲀⲂⲞⲖⲔ ⲔⲂⲎⲖ ⲈⲂⲞⲖ ⲚⲤϨⲒⲘⲒ ⲘⲠⲈⲢⲔⲰϮ ⲚⲤⲀⲤϨⲒⲘⲒ.
28 ၂၈ သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။
ⲕ̅ⲏ̅ⲔⲀⲚ ⲈϢⲰⲠ ⲀⲔϢⲀⲚϬⲒ ⲘⲠⲈⲔⲈⲢⲚⲞⲂⲒ ⲞⲨⲞϨ ⲈϢⲰⲠ ⲀⲤϢⲀⲚϬⲒ ⲚϪⲈϮⲠⲀⲢⲐⲈⲚⲞⲤ ⲘⲠⲀⲤⲈⲢⲚⲞⲂⲒ ⲈⲨⲈϬⲒ ⲆⲈ ⲚⲞⲨϨⲞϪϨⲈϪ ⲚⲦⲞⲨⲤⲀⲢⲜ ⲚϪⲈⲚⲀⲒ ⲘⲠⲀⲒⲢⲎϮ ⲀⲚⲞⲔ ⲆⲈ ϮϮⲀⲤⲞ ⲈⲢⲰⲦⲈⲚ.
29 ၂၉ ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
ⲕ̅ⲑ̅ⲪⲀⲒ ⲆⲈ ϮϪⲰ ⲘⲘⲞϤ ⲚⲀⲤⲚⲎⲞⲨ ϪⲈ ⲠⲤⲎⲞⲨ ⲘⲠⲰⲢϤ ⲠⲈ ⲦⲞⲖⲞⲒⲠⲞⲚ ϨⲒⲚⲀ ⲚⲎ ⲈⲦⲈ ⲞⲨⲞⲚⲦⲞⲨ ⲤϨⲒⲘⲒ ⲘⲘⲀⲨ ⲚⲤⲈⲈⲢ ⲘⲪⲢⲎϮ ⲚⲚⲎ ⲈⲦⲈ ⲘⲘⲞⲚⲦⲰⲞⲨ.
30 ၃၀ ငိုကြွေးသူများသည်ဝမ်းမနည်းသကဲ့သို့ လည်းကောင်း၊ ရယ်မောသူများသည်ဝမ်းမမြောက် သကဲ့သို့လည်းကောင်းနေအပ်၏။ ဥစ္စာပစ္စည်း ဝယ်ယူသူများသည်ထိုဥစ္စာပစ္စည်းကိုမပိုင် သကဲ့သို့နေအပ်၏။-
ⲗ̅ⲚⲎ ⲈⲦⲢⲒⲘⲒ ϨⲰⲤ ⲚⲤⲈⲢⲒⲘⲒ ⲀⲚ ⲚⲎ ⲈⲦⲢⲀϢⲒ ϨⲰⲤ ⲚⲤⲈⲢⲀϢⲒ ⲀⲚ ⲚⲎ ⲈⲦϢⲰⲠ ϨⲰⲤ ⲚⲤⲈⲀⲘⲞⲚⲒ ⲀⲚ.
31 ၃၁ လောကဥစ္စာဘဏ္ဍာကိုသုံးသောသူတို့သည် မသုံးသကဲ့သို့နေအပ်၏။ အဘယ်ကြောင့်ဆို သော်ယခုလက်ရှိကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာတည်ရှိနေတော့မည် မဟုတ်သောကြောင့်တည်း။
ⲗ̅ⲁ̅ⲚⲎ ⲈⲦⲈⲢⲬⲢⲀⲤⲐⲈ ⲘⲠⲒⲔⲞⲤⲘⲞⲤ ϨⲰⲤ ⲚⲤⲈⲈⲢⲔⲀⲦⲀⲬⲢⲀⲤⲐⲈ ⲀⲚ ϤⲚⲀⲤⲒⲚⲒ ⲄⲀⲢ ⲚϪⲈⲠⲒⲤⲬⲎⲘⲀ ⲚⲦⲈⲠⲀⲒⲔⲞⲤⲘⲞⲤ.
32 ၃၂ ငါသည်သင်တို့အားပူပန်သောကနှင့်ကင်းဝေး စေလို၏။ အိမ်ထောင်မဲ့အမျိုးသားသည်သခင် ဘုရားနှစ်သက်တော်မူသောအမှုကိုပြုလုပ် လိုသောကြောင့် သခင်ဘုရား၏အမှုတော် ကိုအလေးအနက်ထားတတ်၏။-
ⲗ̅ⲃ̅ϮⲞⲨⲈϢ ⲐⲎⲚⲞⲨ ⲆⲈ ⲈⲢⲈⲦⲈⲚⲞⲒ ⲚⲀⲦⲢⲰⲞⲨϢ ⲪⲎ ⲈⲦⲈⲘⲠⲈϤϬⲒ ⲀϤϤⲒⲢⲰⲞⲨϢ ϦⲀ ⲚⲀ ⲠϬⲞⲒⲤ ϪⲈ ⲠⲰⲤ ϤⲚⲀⲢⲀⲚⲀϤ ⲘⲠϬⲞⲒⲤ.
33 ၃၃ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသားမူကား မိမိ၏ဇနီးနှစ်သက်စေရန်စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကိုအလေးအနက်ထားတတ်၏။-
ⲗ̅ⲅ̅ⲪⲎ ⲆⲈ ⲈⲦⲀϤϬⲒ ⲀϤϤⲒⲢⲰⲞⲨϢ ϦⲀ ⲠⲒⲔⲞⲤⲘⲞⲤ ϪⲈ ⲠⲰⲤ ϤⲚⲀⲢⲀⲚⲀⲤ ⲚⲦⲈϤⲤϨⲒⲘⲒ.
34 ၃၄ ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
ⲗ̅ⲇ̅ⲞⲨⲞϨ ϤⲪⲎϢ ϮⲤϨⲒⲘⲒ ⲈⲦⲈⲘⲠⲈⲤϬⲒ ⲚⲈⲘ ϮⲠⲀⲢⲐⲈⲚⲞⲤ ⲐⲎ ⲈⲦⲈ ⲘⲠⲈⲤϬⲒ ⲀⲤϤⲒⲢⲰⲞⲨϢ ϦⲀ ⲚⲀ ⲠϬⲞⲒⲤ ϨⲒⲚⲀ ⲚⲦⲈⲤϢⲰⲠⲒ ⲈⲤⲞⲨⲀⲂ ϦⲈⲚⲠⲈⲤⲤⲰⲘⲀ ⲚⲈⲘ ⲠⲈⲤⲠⲚⲈⲨⲘⲀⲐⲎ ⲆⲈ ⲈⲦⲀⲤϬⲒ ⲀⲤϤⲒⲢⲰⲞⲨϢ ϦⲀ ⲚⲀ ⲠⲒⲔⲞⲤⲘⲞⲤ ϪⲈ ⲠⲰⲤ ⲤⲚⲀⲢⲀⲚⲀϤ ⲘⲠⲈⲤϨⲀⲒ.
35 ၃၅ ဤသို့ငါပြောရခြင်းမှာသင်တို့၏အကျိုးကို လိုလား၍ပြောခြင်းဖြစ်၏။ သင်တို့အားချုပ် ချယ်လိုသောကြောင့်မဟုတ်။ သင်တို့အားမှန် ကန်လျောက်ပတ်စွာပြုကျင့်ကြစေရန်နှင့် သခင်ဘုရား၏အမှုတော်ကိုဦးလည်မသုန် အကြွင်းမဲ့ဆက်ကပ်လျက်ထမ်းဆောင်ကြ စေရန်လိုလားသောကြောင့်ဖြစ်၏။
ⲗ̅ⲉ̅ⲪⲀⲒ ⲆⲈ ϮϪⲰ ⲘⲘⲞϤ ⲈⲐⲂⲈ ⲠⲈⲦⲈⲢⲚⲞϤⲢⲒ ⲚⲰⲦⲈⲚ ⲞⲨⲬⲒ ϨⲒⲚⲀ ⲚⲦⲀϨⲒⲞⲨⲒ ⲚⲞⲨϨⲀϪⲒ ϦⲈⲚⲐⲎⲚⲞⲨ ⲀⲖⲖⲀ ϪⲈ ϨⲒⲚⲀ ⲚⲦⲈⲠⲈⲦⲈⲚⲤⲬⲎⲘⲀ ϢⲰⲠⲒ ⲈϤⲤⲞⲨⲂⲎⲦ ⲞⲨⲞϨ ⲚⲦⲈⲦⲈⲚⲘⲦⲞⲚ ⲘⲘⲞⲨⲚ ⲈⲠϬⲞⲒⲤ ϦⲈⲚⲞⲨⲘⲈⲦⲀⲦϬⲒϨⲢⲀϤ
36 ၃၆ စေ့စပ်ကြောင်းလမ်းပြီးနောက်ထိမ်းမြားမင်္ဂလာ မပြုရန် သဘောတူစိတ်ပိုင်းဖြတ်ထားသူနှစ်ဦး နှင့်ပတ်သက်၍ပြောရသော် အမျိုးသားသည် အမျိုးသမီးအပေါ်တွင် မိမိပြုမူပုံမလျောက် ပတ်သည်ကိုသိသောအခါ၌သော်လည်းကောင်း၊ မိမိစိတ်ကိုမထိန်းချုပ်နိုင်သောအခါ၌သော် လည်းကောင်းထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌အဘယ်အပြစ်မျှမရှိ။-
ⲗ̅ⲋ̅ⲒⲤϪⲈ ⲆⲈ ⲞⲨⲞⲚ ⲞⲨⲀⲒ ⲘⲈⲨⲒ ⲈϬⲒϢⲒⲠⲒ ⲈϪⲈⲚ ⲦⲈϤⲠⲀⲢⲐⲈⲚⲞⲤ ⲈϢⲰⲠ ⲀϤϢⲀⲚⲈⲢⲀⲔⲘⲎ ⲚϨⲞⲨⲞ ⲞⲨⲞϨ ⲪⲀⲒ ⲠⲈⲦⲈⲘⲠϢⲀ ⲚⲦⲈϤϢⲰⲠⲒ ⲠⲈⲦⲈϨⲚⲀϤ ⲘⲀⲢⲈϤⲀⲒϤ ⲚϤⲈⲢⲚⲞⲂⲒ ⲀⲚ ⲘⲀⲢⲞⲨϬ Ⲓ.
37 ၃၇ သို့ရာတွင်အမျိုးသားသည်မိမိအလိုအလျောက် အိမ်ထောင်မပြုဘဲနေရန်စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်းလုံးဝချုပ်ထိန်းနိုင်သဖြင့်ထိမ်း မြားမင်္ဂလာမပြုဘဲနေပါလျှင်ကောင်းလေစွ။-
ⲗ̅ⲍ̅ⲪⲎ ⲆⲈ ⲈⲦⲞϨⲒ ⲈⲢⲀⲦϤ ϦⲈⲚⲠⲈϤϨⲎⲦ ⲈϤⲦⲀϪⲢⲎⲞⲨⲦ ⲘⲘⲞⲚ ⲀⲚⲀⲄⲔⲎ ⲦⲞⲒ ⲈⲢⲞϤ ⲞⲨⲞⲚⲦⲈϤ ⲈⲢϢⲒϢⲒ ⲘⲘⲀⲨ ⲈⲐⲂⲈ ⲠⲈⲦⲈϨⲚⲀϤ ⲘⲘⲒⲚ ⲘⲘⲞϤ ⲞⲨⲞϨ ⲪⲀⲒ ϤϮϨⲀⲠ ⲈⲢⲞϤ ⲘⲘⲒⲚ ⲘⲘⲞϤ ϦⲈⲚⲠⲈϤϨⲎⲦ ⲈⲀⲢⲈϨ ⲈⲦⲈϤⲠⲀⲢⲐⲈⲚⲞⲤ ⲔⲀⲖⲰⲤ ϤⲚⲀⲀⲒⲤ.
38 ၃၈ ထိုကြောင့်မိမိနှင့်စေ့စပ်ကြောင်းလမ်းထားသူ အမျိုးသမီးပျိုနှင့် ထိမ်းမြားမင်္ဂလာပြုသူ၏ အပြုအမူသည်လျောက်ပတ်ပေ၏။ သို့ရာတွင် ထိမ်းမြားမင်္ဂလာမပြုသူ၏အပြုအမူသည် ကားသာ၍ပင်လျောက်ပတ်၏။
ⲗ̅ⲏ̅ϨⲰⲤⲦⲈ ⲪⲎ ⲈⲦϮ ⲚⲦⲈϤⲠⲀⲢⲐⲈⲚⲞⲤ ⲈⲨⲄⲀⲘⲞⲤ ⲔⲀⲖⲰⲤ ϤⲢⲀ ⲘⲘⲞⲤ ⲞⲨⲞϨ ⲪⲎ ⲈⲦⲈⲚϤϮ ⲚⲐⲰϤ ⲀⲚ ⲞⲨϨⲞⲨⲞ ⲔⲀⲖⲰⲤ ⲠⲈⲦⲈϤⲚⲀⲀⲒϤ.
39 ၃၉ ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
ⲗ̅ⲑ̅ϮⲤϨⲒⲘⲒ ⲤⲞⲚϨ ⲈⲠⲈⲤϨⲀⲒ ⲈⲪⲞⲤⲞⲚ ⲬⲢⲞⲚⲞⲚ ⲈϤⲞⲚϦ ⲈϢⲰⲠ ⲆⲈ ⲀϤϢⲀⲚⲈⲚⲔⲞⲦ ⲚϪⲈⲠⲈⲤϨⲀⲒ ⲞⲨⲢⲈⲘϨⲎ ⲦⲈ ⲈϬⲒ ⲘⲠⲈⲦⲈϨⲚⲀⲤ ⲘⲞⲚⲞⲚ ϦⲈⲚⲠϬⲞⲒⲤ.
40 ၄၀ အကယ်၍ထိုအမျိုးသမီးသည်အိမ်ထောင်မပြု ဘဲနေပါက သာ၍မင်္ဂလာရှိ၏။ ဤကားငါ၏ ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်းဘုရား သခင်၏ဝိညာဉ်တော်ကိုခံယူရရှိသူဖြစ် သည်ဟုယုံကြည်၏။
ⲙ̅ⲰⲞⲨⲚⲒⲀⲦⲤ ⲆⲈ ⲚϨⲞⲨⲞ ⲀⲤϢⲀⲚⲞϨⲒ ⲘⲠⲀⲒⲢⲎϮ ⲔⲀⲦⲀ ⲦⲀⲄⲚⲰⲘⲎ ϮⲘⲈⲨⲒ ⲆⲈ ϨⲰ ϪⲈ ⲞⲨⲞⲚ ⲞⲨⲠⲚⲈⲨⲘⲀⲚⲦⲈⲪⲚⲞⲨϮ ⲚϨⲢⲎⲒ ⲚϦⲎⲦ.