< ၁ ကောရိန္သု 6 >

1 သင်​တို့​အ​ချင်း​ချင်း​အ​မှု​ဖြစ်​ပွား​လျှင် ဘု​ရား သ​ခင်​လူ​စု​တော်​၏​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ကို​ခံ မည့်​အ​စား အ​ဘယ်​ကြောင့်​ဘု​ရား​မ​ရှိ​သည့် တ​ရား​သူ​ကြီး​များ​ထံ​သို့​သွား​ကြ​ပါ သ​နည်း။-
If any of you has a dispute against another, does he dare go to court before the unrighteous, instead of the saints?
2 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ကမ္ဘာ​လော​က ကို​တ​ရား​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့ မ​သိ​ကြ​ပါ​သ​လော။ ကမ္ဘာ​လော​က​ကို​တ​ရား စီ​ရင်​ရ​မည့်​သင်​တို့​သည် အ​မှု​ကိစ္စ​အ​သေး အ​ဖွဲ​က​လေး​များ​ကို​မ​စီ​ရင်​မ​ဆုံး​ဖြတ် နိုင်​ပါ​သ​လော။-
Do you not know that the saints will judge the world? And if the world is judged by you, are you unworthy to judge the smallest matters?
3 ငါ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကို​တ​ရား စီ​ရင်​ရ​ကြ​မည်​ဖြစ်​ကြောင်း မ​သိ​သ​လော။-
Do you not know that we will judge angels? How much more, things that pertain to this life?
4 ထို​အ​မှု​ကိစ္စ​မျိုး​ပေါ်​ပေါက်​လာ​သော​အ​ခါ အ​သင်း​တော်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်​သူ များ​အား​စီ​ရင်​ဆုံး​ဖြတ်​စေ​ကြ​ပါ​မည် လော။-
If then, you have to judge things pertaining to this life, do you set them to judge who have no standing in the church?
5 သင်​တို့​ရှက်​ဖွယ်​ကောင်း​လှ​၏။ ခ​ရစ်​ယာန်​ညီ​အစ်​ကို အ​ချင်း​ချင်း​အ​မှု​အ​ခင်း​ဖြစ်​ပွား​ကြ​သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​နိုင်​သူ ပ​ညာ​ရှိ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။-
I say this to move you to shame. Is there not even one wise person among you who would be able to decide between a brother and his brother?
6 မ​ယုံ​ကြည်​သူ​တ​ရား​သူ​ကြီး​များ​၏​ရှေ့​တွင် ညီ​အစ်​ကို​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ကြ​ပါ သည်​တ​ကား။
But brother goes to law with brother, and that before unbelievers.
7 ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။-
Actually, it is already a defeat for you, that you have lawsuits among yourselves. Why not rather be wronged? Why not rather be cheated?
8 သင်​တို့​သည်​ဤ​သို့​ခံ​မည့်​အ​စား​ညီ​အစ်​ကို ရင်း​အ​ချင်း​ချင်း​ကို​ပင်​လျှင် မ​တော်​မ​တ​ရား ပြု​ကြ​၏။ လု​ယက်​ကြ​၏။-
No, but you yourselves do wrong, and cheat, and that against your brothers.
9 ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-
Or do you not know that the unrighteous will not inherit the Kingdom of God? Do not be deceived. Neither the sexually immoral, nor idolaters, nor adulterers, nor effeminate, nor men who have sexual relations with men,
10 ၁၀ သူ​ခိုး​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သေ သောက်​ကြူး​သူ​များ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ​များ နှင့်​လု​ယက်​တိုက်​ခိုက်​သူ​များ​သည် ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည် မ​ဟုတ်။-
nor thieves, nor covetous, nor drunkards, nor slanderers, nor swindlers, will inherit the Kingdom of God.
11 ၁၁ ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။
Such were some of you, but you were washed. But you were sanctified. But you were justified in the name of the Lord Jesus Christ, and in the Spirit of our God.
12 ၁၂ သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-
"All things are lawful for me," but not all things are expedient. "All things are lawful for me," but I will not be brought under the power of anything.
13 ၁၃ ``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။-
"Foods for the belly, and the belly for foods," but God will bring to nothing both it and them. But the body is not for sexual immorality, but for the Lord; and the Lord for the body.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။
Now God raised up the Lord, and will also raise us up by his power.
15 ၁၅ သင်​တို့​ကိုယ်​ခန္ဓာ​များ​သည် ခ​ရစ်​တော်​၏​ကိုယ် အင်္ဂါ​များ​ဖြစ်​သည်​ကို​မ​သိ​ကြ​သ​လော။ ငါ သည်​ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​ကို​ယူ​၍ ပြည့်​တန် ဆာ​မ​၏​ကိုယ်​အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ မ​ဖြစ် စေ​နိုင်။-
Do you not know that your bodies are members of Christ? Should I then take the members of Christ, and make them members of a prostitute? Absolutely not.
16 ၁၆ ပြည့်​တန်​ဆာ​မ​နှင့်​ဆက်​ဆံ​သော​သူ​သည် ပြည့် တန်​ဆာ​မ​နှင့်​တစ်​သား​တည်း​တစ်​ကိုယ်​တည်း ဖြစ်​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော။ ကျမ်း စာ​တော်​က ``ထို​သူ​နှစ်​ယောက်​တို့​သည်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်'' ဟု ဆို​ပေ​သည်။-
Or do you not know that he who is joined to a prostitute is one body? For he says, "The two will become one flesh."
17 ၁၇ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။
But he who is joined to the Lord is one spirit.
18 ၁၈ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။-
Flee sexual immorality. "Every sin that a person does is outside the body," but he who commits sexual immorality sins against his own body.
19 ၁၉ သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။-
Or do you not know that your body is a temple of the Holy Spirit which is in you, which you have from God? You are not your own,
20 ၂၀ ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။
for you were bought with a price. Therefore glorify God in your body.

< ၁ ကောရိန္သု 6 >