< ၁ ကောရိန္သု 5 >

1 မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-
I hear reports that sexual immorality is happening among you, immorality that even the foreigners don't practice. A man is living with his father's wife!
2 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။-
You are so proud of yourselves! Shouldn't you have wept with sadness, and excluded the man who did this?
3 ငါ​သည်​သင်​တို့​ထံ​သို့​ကိုယ်​တိုင်​မ​ရောက်​သော် လည်း​စိတ်​ရောက်​လျက်​ရှိ​၏။ ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​သို့​ရောက်​နေ​ဘိ​သ​ကဲ့​သို့ ထို​ဆိုး ယုတ်​သော​အ​မှု​ကို​ပြု​သူ​အား​ငါ​တို့​အ​ရှင် ယေ​ရှု​၏​နာ​မ​၌ ယ​ခု​ပင်​ငါ​တ​ရား​စီ​ရင် ပြီ။ သင်​တို့​စု​ဝေး​ကြ​စဉ်​ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​တွင်​စိတ်​ရောက်​ရှိ​နေ​မည်။ ငါ​တို့ ၏​အ​ရှင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​မည်။-
Even though I'm not physically present there, I am there in spirit and just as if I were there I've already made my judgment of the one who has done this.
4
When you meet together in the name of the Lord Jesus I'll be there with you in spirit and with the power of our Lord Jesus.
5 တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။
Hand over this man to Satan so his sinful nature may be destroyed and he himself be saved on the day of the Lord.
6 သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။-
You shouldn't be proud about this. Don't you know that it only takes a little yeast to make the whole batch of dough rise?
7 တ​ဆေး​ဟောင်း​တည်း​ဟူ​သော​အ​ပြစ်​ဒု​စ​ရိုက် ကို​ပယ်​ရှား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​လုံး​ဝ​သန့်​စင်​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​တို့​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက်​သစ် ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ဤ​သို့​သင်​တို့​အ​ကယ်​ပင် ဖြစ်​ကြ​ကြောင်း​ကို​ဧ​ကန်​အ​မှန်​ငါ​သိ​၏။ ငါ တို့​၏​ပ​သ​ခါ​သိုး​တည်း​ဟူ​သော​ခ​ရစ်​တော် အား​ယဇ်​ပူ​ဇော်​ပြီး​ပြီ​ဖြစ်​သ​ဖြင့် ငါ​တို့​၏ ပ​သ​ခါ​ပွဲ​ကျင်း​ပ​ရန်​အ​သင့်​ရှိ​ပေ​ပြီ။-
Get rid of this old yeast so that you can be a new batch of dough to make bread without yeast. Christ our Passover lamb has been sacrificed.
8 သို့​ဖြစ်​၍​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ယုတ်​မာ​သော အ​ကျင့်​တည်း​ဟူ​သော​တ​ဆေး​ဟောင်း​ပါ​သည့် မုန့်​နှင့်​မ​ဟုတ်​ဘဲ ဖြူ​စင်​ခြင်း​နှင့်​သမ္မာ​တ​ရား တည်း​ဟူ​သော​တ​ဆေး​မဲ့​မုန့်​နှင့်​ပ​သ​ခါ​ပွဲ တော်​ကို​ကျင်း​ပ​ကြ​ကုန်​အံ့။
So let us celebrate this festival, not with old yeast or the yeast of evil and wickedness, but with the bread made without yeast, the bread of sincerity and truth.
9 ယ​ခင်​က​သင်​တို့​ထံ​သို့​ရေး​လိုက်​သော​စာ တွင်​ကာ​မ​ဂုဏ်​လိုက်​စား​သူ​တို့​နှင့်​မ​ပေါင်း ဖော်​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-
In my previous letter I wrote that you should not associate with immoral people.
10 ၁၀ သို့​မှာ​ကြား​ရာ​တွင်​ဤ​လော​က​ရှိ​ကာ​မ​ဂုဏ် လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သူ​ခိုး​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​ကို​မ​ပေါင်း ဖော်​ရ​ဟု​မ​ဆို​လို။ ထို​သူ​တို့​ကို​ရှောင်​ရှား​ရ မည်​ဆို​ပါ​က​သင်​တို့​သည်​ဤ​လော​က​မှ လုံး​ဝ​ထွက်​ခွာ​သွား​ရ​ပေ​လိမ့်​မည်။-
I wasn't referring to the immoral people of this world, those who are greedy and cheat others, or those who worship idols, otherwise you'd have to leave this world!
11 ၁၁ မိ​မိ​ကိုယ်​ကို​ညီ​အစ်​ကို​ဟု​ဆို​လျက် ကာ​မ ဂုဏ်​လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ များ၊ ရုပ်​တု​ဆင်း​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ​များ၊ သေ​သောက် ကြူး​သူ​များ၊ သူ​ခိုး​များ​ဖြစ်​သူ​တို့​ကို​ဆို လို​၏။ ထို​လူ​စား​မျိုး​နှင့်​အ​တူ​စား​သောက် ခြင်း​ကို​ပင်​မ​ပြု​ကြ​နှင့်။
What I meant when I wrote was that you shouldn't associate with anyone who is called a Christian who is immoral or greedy or worships idols; or who is abusive or a drunkard or who cheats others. Don't even share a meal with anyone like that!
12 ၁၂ အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''
It's not my place to judge those outside the church. But shouldn't you judge those who are inside the church?
13 ၁၃
God judges those that are outside the church. “Expel the wicked from among you.”

< ၁ ကောရိန္သု 5 >