< ၁ ကောရိန္သု 4 >
1 ၁ ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။-
Bhandunji bhatubhonanje uwe kuti bhatumishi bha a Kilishitu tukamwiywe injubhi ya a Nnungu.
2 ၂ ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။-
Shipingwa penepo ntumishi akamwiywe jula akulupalilwe.
3 ၃ ငါ့အားသင်တို့အားဖြင့်ဖြစ်စေ၊ လူ့စံနှုန်းအား ဖြင့်ဖြစ်စေအစစ်ခံရလျှင်ငါသည်အမှု မထား။ ငါသည်မိမိကိုယ်ကိုပင်လျှင်မစစ် ကြောမစီရင်ပြီ။-
Kwangu nne kumaliya kwa malobhe gangu na mmwe eu na bhandu bhana nngabha shindu. Kwangu nne nngabha shindu kuukumulwa na mmanganya eu na maakama jojowe ja bhandunji, na wala namwene ngakwiukumula.
4 ၄ ငါ၏သြတ္တပ္ပစိတ်သည်ကြည်လင်လျက်ရှိ၏။ ယင်း သို့ဆိုသော်ငါ၌အြုပစ်မရှိဟုမဆိုလို။ ငါ့ကို စစ်ကြောစီရင်သူကားသခင်ဘုရားပေတည်း။-
Nntima gwangu ukakushibhona shindu shoshowe sha jangula, ikabheje shenesho shikandenda nne ngunakole sha gambwa, ikabhe bhamaliya malobhe gangu nne Bhakulungwa.
5 ၅ သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
Bhai, nnamaliyanje malobhe malanga gakwe gakanabhe ika, nnekanje mpaka pushibhaishe Bhakulungwa. Bhenebho bhapinga unukula indu yowe itendwa kwa shinjubhi, na languya ili mmitima ja bhandunji. Penepo kila mundu shalumbililwe na a Nnungu.
6 ၆ ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။-
Bhakilishitu ajangunji, gene gundashiyego njilandanya ga a Apolo na nne kwenu mmanganyanji, nkupinga mwiijiganyanje kugamanya malombolelo ga shibheleketo sha kuti, “Nnapundanje gajandikwego.” Anapagwe mundu akwiipunila mundu jumo na kunnyegaya juna.
7 ၇ အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
Gani ampele mmwe ukulungwa kupunda bhananji? Shindu shashi shinkwete, gwangali kupegwa na a Nnungu? Monaga nshipegwa shinkwiipuna nndi mbuti mwaangapegwa?
8 ၈ သင်တို့သည်လိုလေသေးမရှိအောင်ပြည့်စုံ ကြပြီလော။ ချမ်းသာကြွယ်ဝကြလေပြီ လော။ ငါတို့ပင်ဘုရင်မဖြစ်ဘဲသင်တို့သည် ဘုရင်ဖြစ်ကြလေပြီလော။ သင်တို့ဘုရင် ဖြစ်မှသာလျှင်ငါတို့လည်းသင်တို့နှင့် အတူနန်းစံနိုင်ကြမည်ဖြစ်၍ အကယ်ပင် သင်တို့ဘုရင်ဖြစ်ကြပါစေဟုငါသည် ဆန္ဒပြု၏။-
Ayaga! Nkwetenje indu ya togolela! Igala nkwetenje shipato shikulungwa! Mpatilenje upalume gwangali uwe! Elo, mbaya nkalinginji bhapalume, nkupinga na uwe tutagwale pamo na mmanganyanji.
9 ၉ လူထုအားထုတ်ပြရာတွင်သေဒဏ်သင့် သူများအားနောက်ဆုံးမှလိုက်ပါစေသကဲ့ သို့ ဘုရားသခင်သည်လူတို့နှင့်ကောင်းကင် တမန်တို့ရှုစားကြစေရန် ငါတို့တမန် တော်များအားနောက်ဆုံးနေရာတွင်ထား တော်မူသည်ဟုငါထင်မှတ်၏။-
Pungubhona a Nnungu bhashikutubhika uwe mitume tubhe tubhanndu bha kumpelo, pabha tushibhikwa tubhe mbuti bhandu bha bhulagwa pa lugwinjili, tulolwe na bhandu bha shilambolyo na ashimalaika.
10 ၁၀ ငါတို့သည်ခရစ်တော်အတွက်လူမိုက်ဖြစ် ရ၏။ သင်တို့ကားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်သူပညာရှိများဖြစ်ကြ သည်။ ငါတို့သည်ချည့်နဲ့သူ၊ သင်တို့ကား စွမ်းသန်သူ၊ ငါတို့သည်အသရေမဲ့သူ၊ သင်တို့ကားအသရေရှိသူများဖြစ်ကြ ပါသည်တကား။-
Uwe tubhangumba kwa ligongo lya a Kilishitu, ikabheje mmanganya nshikolanga lunda nkulundana na a Kilishitu! Uwe twangali mashili, mmanganya nshikolanga. Mmanganya nnaishimiwanga, ikabheje uwe tukaishimiwa.
11 ၁၁ ယခုအချိန်အထိငါတို့သည်အစာရေ စာငတ်မွတ်လျက်ရှိကြ၏။ အဝတ်အစား နွမ်းပါးကြ၏။ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံကြရ၏။ အိမ်ခြေရာခြေမဲ့လှည့်လည် ကြရ၏။-
Mpaka agano malanga gano, uwe tushikola nnjota na shibhanga twangali nngubho, tunapotekwa na twangali ndamo.
12 ၁၂ လက်ဖြင့်ပင်ပန်းကြီးစွာလုပ်ဆောင်ကြရ၏။ ငါတို့သည်ကျိန်ဆဲခြင်းကိုခံရသောအခါ ကောင်းချီးပေးကြ၏။ ညှင်းဆဲခြင်းခံရသော အခါသည်းခံကြ၏။-
Tunaabhuka mmaengo twaashayene. Pututukanwa, tunakwajujilanga mboka, tupotekwaga tunakwiipililila,
13 ၁၃ စော်ကားခြင်းကိုခံရသောအခါမေတ္တာပို့ ကြ၏။ ငါတို့ကားယခုတိုင်အောင်လောက ၏အညစ်အကြေး၊ လူတကာစွန့်ပစ်သည့် အမှိုက်ကဲ့သို့ဖြစ်ကြ၏။
tulambililwaga, tunajangula kwa ishima. Mpaka nnaino putuli mbuti indu ya nunga na ya nyata pashilambolyo.
14 ၁၄ ဤသို့ရေးရခြင်းအကြောင်းမှာသင်တို့အား အရှက်ခွဲလို၍မဟုတ်။ ငါချစ်သောသားသမီး များအနေဖြင့်သင်တို့အားသွန်သင်လို၍ ဖြစ်၏။-
Ngaajandika gegano nkupinga nintokomayanje, ikabhe kwa ligongo lya kunneyanga mbuti ashibhanangu bhungumpinganga.
15 ၁၅ သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
Pabha nkali nkwetenje bhaajiganya bhabhagwinji nndamo ja Shikilishitu, ikabheje ainabhenunji bhamope, pabha nne ninkwetenje nkulundana na a Kilishitu kwa lunguya Ngani ja Mmbone.
16 ၁၆ ထို့ကြောင့်ငါ၏စံနမူနာကိုလိုက်ကြရန်ငါ မေတ္တာရပ်ခံပါ၏။-
Kwa nneyo, ngunakunshondelesheyanga nngagulanje nne shinguti tenda.
17 ၁၇ ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
Kwa nneyo njikwaatuma a Timoteo kunngwenunji, bhanangu bhungwaapinga, bhaakulupalika nkulundana na Bhakulungwa. Shibhankumbushiyanje shingutama nne nkulundana na a Kilishitu, na majiganyo gangu mmakanisha gowe.
18 ၁၈ သင်တို့ထံသို့ငါလာရောက်တော့မည်မဟုတ် ဟုထင်မှတ်ကာ သင်တို့အနက်အချို့သော သူတို့သည်မာနထောင်လွှားလျက်ရှိကြ၏။-
Bhananji munkumbi gwenunji bhatandwibhenje kwiipunanga bhaliganishiyanga kuti ngaika kabhili kweneko.
19 ၁၉ သို့ရာတွင်သခင်ဘုရားအလိုတော်ရှိပါမူ ငါသည်သင်တို့ထံသို့မကြာမီလာခဲ့ပါ မည်။ ထိုအခါယင်းသို့မာန်မာနထောင်လွှား သူတို့၏နှုတ်သတ္တိကိုသာမက သူတို့၏ တန်ခိုးစွမ်းရည်ကိုလည်းငါကိုယ်တိုင်သိရ လိမ့်မည်။-
Ikabheje, Bhakulungwa bhapingaga shing'ishe kunngwenunji, penepo shinole namwene, nngabha kwa pilikanape malobhe gabhonji, ikabhe na kugamanya mashili gabhonji.
20 ၂၀ ဘုရားသခင်၏နိုင်ငံတော်သည်စကား အားဖြင့်မတည်။ တန်ခိုး၌တည်၏။-
Pabha upalume gwa a Nnungu nngabha ga malobhepe, ikabhe mashili.
21 ၂၁ ငါသည်ကြိမ်လုံးကိုကိုင်၍သင်တို့ထံသို့ လာရမည်လော။ သို့တည်းမဟုတ်မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်လည်း ကောင်းလာရမည်လော။ သင်တို့အဘယ်သို့ အလိုရှိကြသနည်း။
Nkupinganga nndi? Ng'ishe na imbo eu ng'ishe na ntima gwa pingana na kwiitimalika?