< ၁ ကောရိန္သု 2 >

1 သို့​ဖြစ်​သော​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​လာ​ရောက်​၍ ဘု​ရား​သ​ခင်​၏ နက်​နဲ​သော​သမ္မာ​တရား​တော်​ကို​ဟော​ပြော​စဉ် အ​ခါ​က​ထည်​ဝါ​သော​စ​ကား​များ၊ အ​သိ ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ဖြင့်​ဟော ပြော​သည်​မဟုတ်။-
Pour moi, frères, quand je suis venu chez vous, je n'y suis pas venu pour vous annoncer le témoignage de Dieu avec le prestige du langage et de la sagesse.
2 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​သည် ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း၊ အ​ထူး​သ​ဖြင့်​လက် ဝါး​ကပ်​တိုင်​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ သည့်​အ​ကြောင်း​မှ​လွဲ​၍ အ​ခြား​အ​ရာ​မှန် သ​မျှ​ကို​မေ့​ပျောက်​ပစ်​ရန်​စိတ်​ပိုင်း​ဖြတ် ထား​၏။-
Car je n'ai pas jugé que je dusse savoir parmi vous autre chose que Jésus-Christ, et Jésus-Christ crucifié.
3 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊-
Quand j'ai vécu parmi vous, j'ai été faible, craintif, tout tremblant.
4 ဟော​ပြော​သွန်​သင်​ရာ​၌​လူ​တို့​၏​ဉာဏ်​ပညာ နှင့်​ယှဉ်​သော​စ​ကား​များ​ကို​အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​ပါ​ရှိ သည့်​စ​ကား​များ​ကို​သာ​အ​သုံး​ပြု​၏။-
Et ma parole et ma prédication n'ont pas consisté dans les discours persuasifs de la sagesse, mais dans une démonstration d'esprit et de puissance,
5 သို့​ဖြစ်​၍​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လူ​တို့​၏ အ​သိ​ဉာဏ်​အ​ပေါ်​တွင်​အ​မှီ​မ​ပြု​ဘဲ ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​အ​ပေါ်​တွင်​အ​မှီ​ပြု ပေ​သည်။
— afin que votre foi fût fondée, non sur la sagesse des hommes, mais sur la puissance de Dieu.
6 သို့​သော်​လည်း​ငါ​သည်​ဉာဏ်​ပညာ​နှင့်​ယှဉ်​သော စ​ကား​ကို​ဝိ​ညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​အား ပြော​ဆို​ပါ​၏။ သို့​ရာ​တွင်​ထို​ဉာဏ်​ပညာ​ကား ဤ​လော​က​နှင့်​မ​သက်​ဆိုင်။ လော​ကီ​မင်း​များ နှင့်​လည်း​မ​သက်​ဆိုင်။ လော​ကီ​မင်း​တို့​၏ တန်​ခိုး​အာ​ဏာ​ကား​လျော့​နည်း​လျက်​နေ ပေ​သည်။- (aiōn g165)
C'est cependant une sagesse que nous prêchons aux hommes faits, mais une sagesse qui n'est pas de ce monde, ni des princes de ce monde qui vont être anéantis. (aiōn g165)
7 ငါ​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​ဉာဏ်​ပညာ တော်​အ​ကြောင်း​ကို​ဟော​ပြော​၏။ ထို​ဉာဏ်​ပ​ညာ ကား​လူ​သား​တို့​ထံ​မှ​ဘု​ရား​သ​ခင်​လျှို့​ဝှက် ထား​သော​အ​ရာ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ဘုန်း အ​သ​ရေ​ခံ​စား​ရ​စေ​ရန် ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် ဘု​ရား သ​ခင်​စီ​ရင်​သော​ဉာဏ်​ပညာ​ဖြစ်​၏။- (aiōn g165)
Nous prêchons la sagesse de Dieu, mystérieuse et cachée, que Dieu avait prédestinée avant les siècles, pour notre gloire. (aiōn g165)
8 လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။- (aiōn g165)
Aucun des princes de ce monde ne l'a connue; car, s'ils l'avaient connue, ils n'auraient pas crucifié le Seigneur de gloire. (aiōn g165)
9 သို့​သော်​လည်း​ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သူ​မျှ​မ​မြင်​မ​ကြား စ​ဖူး၊ ဖြစ်​နိုင်​လိမ့်​မည်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​ဘူး​သည့်၊အ​မှု​အ​ရာ​ကို မိ​မိ​အား​ချစ်​သော​သူ​တို့​အ​ဖို့​ပြင်​ဆင်​ထား​တော် မူ​၏။''
Mais, comme le dit l'Écriture: «Ce sont des choses que l'oeil n'a point vues, que l'oreille n'a pas entendues et qui ne sont pas montées au coeur de l'homme, mais que Dieu a préparées pour ceux qui l'aiment.»
10 ၁၀ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ ၏​လျှို့​ဝှက်​ချက်​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖော်​ပြ တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို သာ​မ​က ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပင်​စူး​စမ်း​ရှာ​ဖွေ တော်​မူ​ပေ​သည်။-
Dieu nous les a révélées par l'Esprit; car l'Esprit sonde toutes choses, même les profondeurs de Dieu.
11 ၁၁ လူ​တစ်​စုံ​တစ်​ယောက်​၏​အ​ကြောင်း​အ​လုံး​စုံ ကို ထို​လူ​အ​တွင်း​၌​ရှိ​သော​စိတ်​ဝိ​ညာဉ်​ကသာ သိ​၏။ ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​အ​ကြောင်း တော်​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် က​သာ​သိ​တော်​မူ​၏။-
En effet, qui sait ce qui est dans l'homme, sinon l'esprit de l'homme qui est en lui? De même aussi, personne ne connaît ce qui est en Dieu, si ce n'est l'Esprit de Dieu.
12 ၁၂ ငါ​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် ဝိ​ညာဉ်​ကို​ခံ​ယူ​ကြ​ရ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သ​မျှ​ကို​သိ​ခြင်း ငှာ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သည့်​ဝိ​ညာဉ် တော်​ကို​ခံ​ယူ​ကြ​ရ​ပြီ။
Quant à nous, nous n'avons pas reçu l'esprit du monde, mais l'Esprit qui vient de Dieu, afin que nous connaissions les grâces que nous avons reçues de Dieu;
13 ၁၃ သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​တို့ အား ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သစ္စာ​တရား​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​လူ့​အ​သိ​ဉာဏ်​နှင့်​ယှဉ်​သည့် စ​ကား​များ​ကို​အ​သုံး​မ​ပြု။ ဝိ​ညာဉ်​တော် သွန်​သင်​ပေး​သည့်​စ​ကား​များ​ကို​သာ အ​သုံး​ပြု​ကြ​၏။-
et nous en parlons, non avec les discours qu'enseigne la sagesse humaine, mais avec ceux qu'enseigne l'Esprit, exposant les choses spirituelles dans un langage spirituel.
14 ၁၄ ဝိ​ညာဉ်​တော်​ကို​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် တော်​ချ​ပေး​သည့်​ဆု​ကျေး​ဇူး​များ​ကို​မ​ခံ စား​နိုင်။ ဝိ​ညာဉ်​ရေး​ကို​အ​ခြေ​ခံ​မှ​သာ​လျှင် ထို​အ​ရာ​များ​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင် သ​ဖြင့် ဝိ​ညာဉ်​တော်​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် ဆု​ကျေး​ဇူး​များ​အ​ကြောင်း​ကို​အ​ကယ်​ပင် နား​မ​လည်​နိုင်။ သူ​၏​အ​တွက်​ထို​အ​ရာ​တို့ သည်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သော​အ​ရာ များ​သာ​လျှင်​ဖြစ်​ပေ​သည်။-
Or, l'homme naturel n'accueille point les choses qui, sont de l'esprit de Dieu; car elles sont pour lui une folie, et il ne peut les comprendre, parce que c'est spirituellement qu'on en juge.
15 ၁၅ ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။-
Mais l'homme spirituel juge de toutes choses, et il n'est lui-même jugé par personne.
16 ၁၆ ကျမ်း​စာ​တော်​တွင်၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင်​၏ စိတ်​သ​ဘော​တော်​ကို​သိ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​ပါ​သ​နည်း'' ဟူ​၍​ပါ​ရှိ​သည်​အတိုင်း​ပင်​ဖြစ်​၏။ ငါ​တို့​မူ​ကား ခ​ရစ်​တော်​၏​စိတ်​သ​ဘော​တော်​ကို​ရ​ရှိ​ကြ​၏။
Car, qui a connu la pensée du Seigneur, pour lui donner des leçons? Nous, nous avons la pensée de Christ!

< ၁ ကောရိန္သု 2 >