< ၁ ကောရိန္သု 16 >

1 ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-
Now concerning the collection for the saints, as I directed the churches of Galatia, so also do ye.
2 ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-
Upon the first day of the week let every one of you set apart something, putting it into the treasury, according as he is prospered: that there may be no need of collections, when I come.
3 ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။-
And when I am with you, whomsoever ye shall approve, I will send, with your letters, to carry your bounty to Jerusalem.
4 အ​ကယ်​၍​ငါ​သွား​ရန်​လို​အပ်​ပါ​လျှင် ထို​သူ တို့​သည်​ငါ​နှင့်​အ​တူ​လိုက်​ပါ​နိုင်​ပါ​သည်။
And if it be requisite for me to go also, they shall go with me.
5 ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-
I will come to you, when I have passed through Macedonia; for I am to pass through Macedonia.
6 သင်​တို့​နှင့်​အ​တူ​အ​တန်​ကြာ​နေ​နိုင်​မည်​ထင် ပါ​သည်။ ဆောင်း​ရာ​သီ​တစ်​ချိန်​လုံး​ပင်​သင်​တို့ နှင့်​အ​တူ​နေ​ကောင်း​နေ​ပါ​မည်။ ထို​နောက်​ငါ သွား​လို​ရာ​အ​ရပ်​သို့​သွား​နိုင်​ရန်​သင်​တို့ ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-
And perhaps I shall stay a while, or even pass the winter with you; that ye may forward me on my journey, whithersoever I go.
7 ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။
For I do not intend to see you now in my way, as I hope to stay some time with you, if the Lord permit.
8 ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။
But I shall stay at Ephesus till Pentecost. For a great and effectual door is opened to me,
9 ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။
though there are many opposers.
10 ၁၀ အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-
If Timothy should come, see that he be with you without fear: for he is employed in the work of the Lord, as I also am.
11 ၁၁ သူ့​ကို​အ​ဘယ်​သူ​မျှ​မ​လေး​မ​စား​မ​ပြု​စေ​နှင့်။ ငါ​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​နှင့်​အ​တူ​သူ့ ကို​စောင့်​မျှော်​လျက်​ရှိ​သ​ဖြင့် သူ့​အား​ငါ့​ထံ​သို့ ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​စေ​ရန်​ကူ​ညီ ကြ​လော့။
Let no one therefore despise him: but forward him on his journey in peace, that he may come to me; for I expect him with the brethren. As to our brother Apollos,
12 ၁၂ ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍​ပြော​ရ​မည်​ဆို လျှင် သူ​သည်​အ​ခြား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ နှင့်​အ​တူ သင်​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန် အ​ထူး​ပင်​ငါ​အား​ပေး​တိုက်​တွန်း​ပါ​၏။ သို့​ရာ တွင်​ယ​ခု​အ​ချိန်​အ​ခါ​မ​သင့်​သေး​ဟု​သူ ယုံ​ကြည်​၏။ နောင်​အ​ခွင့်​ကောင်း​ကြုံ​သည့်​အ​ခါ လာ​ရောက်​ပါ​လိမ့်​မည်။
I much importuned him to come to you with the brethren: but he was not at all willing to come now; though he will come when he has a favorable opportunity.
13 ၁၃ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-
Be watchful, stand fast in the faith, behave like men, be strong:
14 ၁၄ ခပ်​သိမ်း​သော​အ​မှု​တို့​ကို​မေတ္တာ​နှင့်​ပြု​ကြ​လော့။-
and let all your affairs be carried on in love.
15 ၁၅ သင်​တို့​သည်​သ​တေ​ဖန်​နှင့်​သူ​၏​အိမ်​သား​များ​ကို သိ​ကြ​၏။ သူ​တို့​သည်​ဂ​ရိ​ပြည်​မှ​ခ​ရစ်​ယာန်​ဦး များ​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​ရန်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ထား​သူ များ​ဖြစ်​ပေ​သည်။ ညီ​အစ်​ကို​တို့၊ ထို​သို့​သော​သူ​တို့ ၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​အ​တူ အ​မှု​တော်​ကို​ကြိုး​စား​၍​ပါ​ဝင်​ဆောင်​ရွက်​ကြ သော​သူ​တို့​၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း လက်​ခံ​ကြ​ရန်​သင်​တို့​အား​ငါ​မေတ္တာ​ရပ်​ခံ ပါ​၏။
I beseech you, brethren, (for ye know the family of Stephanas, that they are the first-fruits of Achaia, and
16 ၁၆
have set themselves to minister to the saints) that you also would be subservient to such, and to every one that worketh and laboureth with us.
17 ၁၇ သ​တေ​ဖန်၊ ဖော်​တု​နက်​နှင့်​အ​ခါ​ယ​ကု​တို့​ရောက် ရှိ​လာ​ကြ​သြဖင့်​ငါ​ဝမ်း​မြောက်​၏။ သူ​တို့​သည် သင်​တို့​၏​ကိုယ်​စား​ငါ့​အား​ပြု​စု​ပေး​ကြ​၏။-
I rejoice at the coming of Stephanas, and Fortunatus, and Achaicus: for what was wanting in you, they have made up.
18 ၁၈ သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။
For they have refreshed my spirit as well as yours: have a due regard therefore to such worthy persons.
19 ၁၉ အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-
The churches of Asia salute you. Aquila and Priscilla, with the church in their house, salute you in the Lord with much affection:
20 ၂၀ ဤ​အ​ရပ်​တွင်​ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​က​လည်း သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။
yea all the brethren salute you. Salute one another with an holy kiss.
21 ၂၁ ``မေတ္တာ​ဖြင့်​ပေါ​လု'' ဟူ​၍​ဤ​စာ​ကို​ငါ​ကိုယ်​တိုင် လက်​မှတ်​ရေး​ထိုး​လိုက်​ပါ​၏။-
The salutation of me Paul I write with my own hand.
22 ၂၂ မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-
If any one love not the Lord Jesus Christ, let him be made a curse.
23 ၂၃ အ​ရှင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည်​သင်​တို့ အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သ​တည်း။-
Maran-atha. The grace of our Lord Jesus Christ be with you.
24 ၂၄ ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​တ​ပည့်​ဖြစ်​သူ သင် တို့​အ​ပေါင်း​အား​မေတ္တာ​ပို့​သ​လိုက်​ပါ​၏။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စာ​စောင်​ပြီး​၏။
My love be with you all in Christ Jesus. Amen.

< ၁ ကောရိန္သု 16 >