< ၁ ကောရိန္သု 15 >
1 ၁ ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-
Eszetekbe juttatom testvéreim az evangéliumot, amelyet hirdettem nektek, amelyet el is fogadtatok, amelynek alapján álltok,
2 ၂ ထိုသတင်းကောင်းကားသင်တို့အားငါဟော ပြောသည့်တရားဖြစ်သည်။ သင်တို့သည်ထို သတင်းကောင်းကိုစွဲမြဲစွာယုံကြည်လက်ခံ လျှင်ကယ်တင်ခြင်းကိုခံကြရ၏။ သို့မဟုတ် လျှင်သင်တို့ယုံကြည်ခဲ့သည်မှာအချည်းနှီး ဖြစ်သည်။
amely által üdvözöltök is, ha megtartjátok, amint hirdettem nektek, hacsak nem hiába lettetek hívőkké.
3 ၃ ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊-
Elsősorban azt adtam át nektek, amit magam is kaptam, hogy Krisztus meghalt a mi bűneinkért az Írások szerint,
4 ၄ ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
eltemették, és feltámadt a harmadik napon az Írások szerint.
5 ၅ ကိုယ်တော်အားပေတရုဖူးမြင်ရကြောင်း၊ ထို နောက်တမန်တော်တစ်ကျိပ်နှစ်ပါးတို့ဖူးမြင် ရကြကြောင်းတို့ဖြစ်သည်။-
Megjelent Kéfásnak, azután a tizenkettőnek,
6 ၆ ထိုနောက်ကိုယ်တော်အားခရစ်ယာန်ညီအစ်ကို ငါးရာကျော်တို့သည်တစ်ပြိုင်နက်ဖူးမြင်ရ ကြ၏။ ထိုသူတို့အထဲမှလူအချို့တို့သည် သေလွန်သွားပြီဖြစ်သော်လည်းလူအများစု မှာယခုတိုင်အောင်အသက်ရှင်လျက်ရှိကြ၏။-
majd több mint ötszáz atyafinak egyszerre, akik közül a legtöbben mind máig élnek, némelyek azonban már elhunytak.
7 ၇ ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။
Azután megjelent Jakabnak, majd valamennyi apostolnak,
8 ၈ နောက်ဆုံး၌လျှောမွေးသဖွယ်ဖြစ်သူငါသည် လည်း ကိုယ်တော်အားဖူးမြင်ရ၏။-
legutoljára pedig, mint egy idétlennek, nekem is megjelent.
9 ၉ ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
Mert én vagyok a legkisebb az apostolok között, aki nem vagyok méltó, hogy apostolnak hívjanak, mert üldöztem Isten anyaszentegyházát.
10 ၁၀ သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
De Isten kegyelme által vagyok, aki vagyok, és az ő hozzám való kegyelme nem lett hiábavaló, sőt többet munkálkodtam, mint azok mindnyájan, de nem én, hanem Isten velem való kegyelme.
11 ၁၁ သို့ဖြစ်၍ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေဤ အတိုင်းဟောပြောကြေညာကြသည်။ သင်တို့ သည်လည်းဤအတိုင်းပင်ယုံကြည်ကြ၏။
Tehát akár én, akár azok, így prédikálunk és ti így lettetek hívőkké.
12 ၁၂ ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်းကို ငါတို့ဟောပြောကြေညာ လျက်ရှိသည်ဖြစ်ရာ အဘယ်ကြောင့်သင်တို့ အနက်အချို့သောသူတို့က ``သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသည်မရှိ'' ဟု ပြောဆိုနေကြသနည်း။-
Ha tehát Krisztusról azt prédikáljuk, hogy feltámadt a halottak közül, hogyan mondják némelyek közöttetek, hogy nincs feltámadása a halottaknak?
13 ၁၃ ရှင်ပြန်ထမြောက်ခြင်းမရှိပါကခရစ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မမူ နိုင်ရာ။-
Mert ha nem támadnak fel a halottak, akkor Krisztus sem támadt fel.
14 ၁၄ ခရစ်တော်ထမြောက်တော်မမူလျှင်ငါတို့ ၏ဟောပြောခြင်းသည်အကျိုးမရှိ။ သင်တို့၏ ယုံကြည်ခြင်းသည်လည်းအကျိုးမရှိ။-
Ha pedig Krisztus nem támadt fel, akkor hiábavaló a mi prédikálásunk, de hiábavaló a ti hitetek is.
15 ၁၅ အကယ်၍သူသေတို့ရှင်ပြန်ထမြောက်မှုမရှိ ဟုဆိုသည်မှာ မှန်ခဲ့သော်ဘုရားသခင်သည် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မမူ။ သို့ဖြစ်၍ငါတို့က ``ဘုရား သခင်သည်ခရစ်တော်ကိုသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ'' ဟုဟောပြောရာ ၌ငါတို့သည်ဘုရားသခင်၏အကြောင်း မုသားသက်သေများဖြစ်ကြ၏။-
Sőt Isten hamis bizonyságtevőinek is bizonyulunk, mivel bizonyságot tettünk, hogy Isten feltámasztotta Krisztust, akit nem támasztott fel, ha csakugyan nem támadnak fel a halottak.
16 ၁၆ အကယ်၍သေသူတို့ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ဘုရားသခင်သည်ခရစ်တော်အား ရှင်ပြန်ထမြောက်စေတော်မမူ။-
Mert ha nem támadnak fel a halottak, a Krisztus sem támadt fel.
17 ၁၇ ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူ လျှင်သင်တို့၏ယုံကြည်မှုသည်လွဲမှားလျက် သင်တို့သည်လည်းအပြစ်ဒုစရိုက်တွင်နစ် မွန်းလျက်ရှိနေကြသေးမည်။-
Ha pedig Krisztus nem támadt fel, akkor hiábavaló a ti hitetek, még bűneitekben vagytok.
18 ၁၈ ခရစ်တော်ကိုယုံကြည်လျက်သေလွန်သွားသူ တို့သည်လည်းထာဝရဆုံးရှုံးကြပေမည်။-
Sőt akkor azok is elvesztek, akik a Krisztusban hunytak el.
19 ၁၉ ခရစ်တော်ကိုအမှီပြု၍ငါတို့သည်ယခု ဘဝအတွက်သာမျှော်လင့်စရာရှိပါမူ ကမ္ဘာပေါ်တွင်ငါတို့လောက်သနားစရာ ကောင်းသူများမရှိတော့ပြီ။
Mert ha csak ebben az életben reménykedünk a Krisztusban, minden embernél nyomorultabban vagyunk.
20 ၂၀ သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။-
Ámde Krisztus feltámadt a halottak közül, és zsengéjük lett azoknak, akik már elhunytak.
21 ၂၁ လူတစ်ယောက်ကြောင့်ကမ္ဘာပေါ်တွင်သေခြင်း တရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက် ကြောင့်ပင်လျှင် သေခြင်းမှရှင်ပြန်ထမြောက် ခြင်းတရားသည်လည်းဖြစ်ပေါ်လာ၏။-
Miután ugyanis ember által van a halál, szintén ember által van a halottak feltámadása is.
22 ၂၂ လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။-
Mert amint Ádámban mindnyájan meghalnak, úgy a Krisztusban is mindnyájan életre kelnek.
23 ၂၃ သို့ရာတွင်လူအသီးသီးတို့သည်မိမိတို့ အလှည့်ကျရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်သည်ဦးစွာပထမရှင်ပြန် ထမြောက်တော်မူသည်။ ထိုနောက်ခရစ်တော် ကြွလာတော်မူသောအခါကိုယ်တော်၏ တပည့်တော်တို့ရှင်ပြန်ထမြောက်ပေအံ့။-
Mégpedig mindenki a maga sorrendjében: az első zsenge Krisztus, azután, akik a Krisztuséi az ő eljövetelekor,
24 ၂၄ ထိုနောက်ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။ ထိုအခါခရစ်တော်သည်ရှိရှိသမျှသော ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များ၊ အာဏာ ပိုင်များနှင့်စိုးမိုးအုပ်ချုပ်သူများကိုနှိမ်နင်း ၍နိုင်ငံတော်ကိုခမည်းတော်ဘုရားသခင် ၏လက်တော်သို့ပေးအပ်တော်မူလိမ့်မည်။-
azután a végső célba érkezés, amikor (Krisztus) átadja az uralmat Istennek, az Atyának és eltöröl minden birodalmat, hatalmat és erőt.
25 ၂၅ ဘုရားသခင်သည်ရန်သူအပေါင်းကိုနှိမ်နင်း ၍ခရစ်တော်၏ခြေဖဝါးအောက်သို့ရောက် စေတော်မူမည့်အချိန်မရောက်မီ ခရစ်တော် သည်အုပ်စိုးတော်မူရမည်။-
Mert addig kell uralkodnia, míg ellenségeit mind a lába alá veti.
26 ၂၆ နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကားသေမင်း ပင်ဖြစ်၏။-
Mint utolsó ellenséget semmisíti meg a halált,
27 ၂၇ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ခပ်သိမ်း သောအရာတို့ကိုကိုယ်တော်၏ခြေဖဝါးအောက် သို့ရောက်စေတော်မူ၏'' ဟုလာ၏။ ``ခပ်သိမ်း သောအရာတို့'' တွင်ဘုရားသခင်မပါဝင် ကြောင်းထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ခပ်သိမ်းသောအရာကိုခရစ်တော်၏ခြေ ဖဝါးအောက်သို့ရောက်စေတော်မူသောအရှင် ကားဘုရားသခင်ဖြစ်သောကြောင့်တည်း။-
mert (Isten) „mindent lába alá vetett“. Amikor pedig azt mondja (az Írás), hogy „minden alája van vetve“, nyilvánvalóan azon kívül, aki neki mindent alávetett.
28 ၂၈ သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။
Amikor pedig minden alája vettetett, akkor maga a Fiú is aláveti magát annak, aki neki mindent alávetett, hogy Isten legyen minden mindenben.
29 ၂၉ သေလွန်သူတို့ကိုယ်စားဗတ္တိဇံမင်္ဂလာခံသူ တို့သည် အဘယ်အကျိုးအတွက်ယင်းသို့ပြု ကြသနည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက် မှုမရှိဟုအချို့ကပြောဆိုသည်အတိုင်းမှန် လျှင် ထိုသူတို့သည်သေသူတို့၏ကိုယ်စား အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာခံကြသနည်း။-
Különben mi értelme van annak, hogy némelyek a halottakért keresztelkednek meg, ha a halottak egyáltalán nem támadnak fel? Akkor miért keresztelkednek meg a halottakért?
30 ၃၀ အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။-
Mi is miért veszélyeztetjük akkor magunkat minden pillanatban?
31 ၃၁ ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။-
Naponként halálos veszedelemben vagyok. Oly igaz ez, atyámfiai, mint a veletek való dicsekedésem a Krisztus Jézusban, a mi Urunkban.
32 ၃၂ အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
Ha csak emberi módon viaskodtam Efezusban a fenevadakkal, mit használ nekem? Ha a halottak nem támadnak fel, akkor „együnk, igyunk, holnap úgyis meghalunk!“
33 ၃၃ သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
Ne tévelyegjetek! Jó erkölcsöt megrontják a rossz társaságok.
34 ၃၄ အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
Legyetek igazán józanok és ne vétkezzetek! Némelyek nem ismerik Istent. Ezt megszégyenítésetekre mondom.
35 ၃၅ လူတစ်စုံတစ်ယောက်က ``သေလွန်သူတို့သည် အဘယ်သို့ရှင်ပြန်ထမြောက်ကြမည်နည်း'' ဟုမေးသည်ဆိုအံ့။-
De azt mondhatná valaki: Hogyan támadnak fel a halottak? Milyen testtel jönnek elő?
36 ၃၆ အချင်းလူမိုက်၊ သင်စိုက်ပျိုးသည့်မျိုးစေ့သည် ဦးစွာမပျက်မစီးဘဲအပင်မပေါက်တတ်။-
Balgatag! Amit vetsz, nem kel életre csak akkor, ha előbb meghal.
37 ၃၇ မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။-
És amikor elveted, nem azt a testet veted el, ami majd kikel, hanem csak a magot, talán búzáét vagy más egyebét.
38 ၃၈ ဘုရားသခင်သည်အလိုတော်နှင့်အညီထို မျိုးစေ့အားကိုယ်ထည်ကိုပေးတော်မူ၏။ ကိုယ် တော်သည်မျိုးစေ့အသီးသီးတို့အားသင့် တော်သည့်ကိုယ်ထည်ကိုပေးတော်မူ၏။
Isten pedig testet ad neki, akarata szerint, és pedig mindenféle magnak a maga saját testét.
39 ၃၉ သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။
Nem minden test egyforma. Más az emberek teste, más a barmoké, a halaké és a madaraké.
40 ၄၀ ကောင်းကင်နှင့်ဆိုင်သောအကောင်အထည်များ၊ ကမ္ဘာမြေကြီးနှင့်ဆိုင်သောအကောင်အထည် များဟူ၍ရှိ၏။ ကောင်းကင်အကောင်အထည် များ၏တင့်တယ်မှုသည်တစ်မျိုး၊ ကမ္ဘာမြေ ကြီးအကောင်အထည်များ၏တင့်တယ်မှု ကတစ်မျိုးဖြစ်၏။-
És vannak mennyei testek és földi testek. De más a mennyiek fényessége és más a földieké.
41 ၄၁ နေ၏တင့်တယ်မှုသည်တစ်မျိုး၊ လ၏တင့်တယ်မှု သည်တစ်မျိုး၊ ကြယ်တာရာများ၏တင့်တယ်မှုသည် တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးနှင့်တစ်လုံးပင်တင့် တယ်မှုမတူချေ။
Más a nap fényessége és más a holdé és más a csillagoké. A csillag a csillagtól is különbözik fényességében.
42 ၄၂ ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-
Így van a halottak feltámadása is. Elvettetik romlandóságban, feltámasztatik romolhatatlanságban.
43 ၄၃ မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။-
Elvettetik dicstelenségben, feltámasztatik dicsőségben. Elvettetik erőtlenségben, feltámasztatik erőben.
44 ၄၄ မြှုပ်နှံခြင်းခံရသောအခါကာယခန္ဓာဖြစ် ၏။ ရှင်ပြန်ထမြောက်သောအခါ၌ဝိညာဏ ခန္ဓာဖြစ်လိမ့်မည်။ ရုပ်ခန္ဓာရှိသဖြင့်ဝိညာဏ ခန္ဓာလည်းရှိရပေသည်။-
Elvettetik a földi test, feltámasztatik a lelki test. Van földi test, és van lelki test.
45 ၄၅ ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
Így van megírva: „Ádám, az első ember földi lény volt, “az utolsó Ádám (Jézus) pedig megelevenítő Lélek.
46 ၄၆ ဝိညာဏခန္ဓာသည်ပထမဖြစ်ပေါ်သည် မဟုတ်။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှဝိညာဏခန္ဓာ ဖြစ်ပေါ်လာ၏။-
De nem a lelki az első, hanem a földi, azután a lelki.
47 ၄၇ ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
Az első ember földből való, földi, a második ember, az Úr, mennyből való.
48 ၄၈ မြေကြီးသားတို့သည်မြေမှုန့်မှဖန်ဆင်းထားသော သူနှင့်တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သောလူတို့ သည်ကောင်းကင်ဘုံမှလာသောသူနှင့်တူကြ၏။-
Amilyen a földből való, olyanok a földiek is, amilyen a mennyei, olyanok a mennyeiek is.
49 ၄၉ ငါတို့သည်မြေမှုန့်မှဖန်ဆင်းထားသူ၏ပုံသဏ္ဌာန် ကိုဆောင်သကဲ့သို့ကောင်းကင်ဘုံမှကြွလာတော် မူသောသူ၏ပုံသဏ္ဌာန်ကိုဆောင်ကြလိမ့်မည်။
Ezért, amint hordoztuk a földinek képmását, úgy hordani fogjuk a mennyeinek képmását is.
50 ၅၀ ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
Azt pedig állítom, atyámfiai, hogy test és vér nem örökölheti Isten országát. A romlandóság sem örökölheti a romolhatatlanságot.
51 ၅၁ လျှို့ဝှက်နက်နဲသောအရာတစ်ခုကိုနားထောင် ကြလော့။ ငါတို့အားလုံးသည်သေလွန်သွားကြ မည်မဟုတ်။ ငါတို့သည်တံပိုးခရာမှုတ်သော အခါခဏချင်းမျက်စိတစ်မှိတ်အတွင်း၌ ပြောင်းလဲကြမည်။ နောက်ဆုံးတံပိုးခရာမှုတ် သောအခါသေလွန်သူတို့သည် ရှင်ပြန်ထမြောက် ကြ၍သေခြင်းနှင့်ထာဝစဉ်ကင်းလွတ်ကြ လိမ့်မည်။ ငါတို့အားလုံးသည်လည်းပြောင်းလဲ ကြမည်။-
Íme titkot mondok nektek: mindnyájan ugyan nem halunk meg, de mindnyájan elváltozunk.
Nagy hirtelen, egy szempillantás alatt, az utolsó trombitaszóra, mert trombita fog szólni, mire a halottak feltámadnak romolhatatlanságban, mi pedig elváltozunk.
53 ၅၃ အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။-
Mert ennek a romlandó testnek romolhatatlanságot kell ölteni magára, és e halandó testnek halhatatlanságot.
54 ၅၄ ပုပ်ပျက်တတ်သောအရာသည်မပုပ်မပျက် နိုင်သောအဖြစ်သို့လည်းကောင်း၊ သေတတ်သော အရာသည်မသေနိုင်သောအဖြစ်သို့လည်း ကောင်းပြောင်းလဲသောအခါ ``သေခြင်းကို ဖျက်ဆီးပစ်ပြီ။ သေခြင်းကိုအောင်မြင်လေ ပြီ'' ဟူသောကျမ်းစကားသည်မှန်ကန်၍ လာပေအံ့။
Amikor pedig ez a romlandó test romolhatatlanságba öltözik, s e halandó test halhatatlanságba öltözik, akkor beteljesedik az Ige, amely meg van írva: „A győzelem semmivé tette a halált.
55 ၅၅ ``အို မရဏနိုင်ငံ၊သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။ အို သေမင်း၊သင်၏အစွယ်ကားအဘယ်မှာနည်း။ (Hadēs )
Halál, hol a te győzelmed? Halál, hol a te fullánkod?“ (Hadēs )
56 ၅၆ သေမင်း၏အစွယ်ကားအပြစ်ဒုစရိုက်ဖြစ်၏။ အပြစ်ဒုစရိုက်သည်ပညတ်တရားမှတန်ခိုး ကိုရရှိသတည်း။-
A halál fullánkja pedig a bűn, a bűn ereje pedig a törvény.
57 ၅၇ သို့ရာတွင်အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အားသေခြင်းကိုအောင်မြင်ခွင့်ပေးတော်မူ သောဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။
De hála az Istennek, aki a győzelmet adja nekünk a mi Urunk Jézus Krisztus által.
58 ၅၈ သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
Azért, szeretett atyámfiai, álljatok erősen, rendíthetetlenül. Buzgólkodva az Úr dolgában, tudva, hogy a ti munkátok nem hiábavaló az Úrban.