< ၁ ကောရိန္သု 14 >
1 ၁ ထို့ကြောင့်သင်တို့သည်မေတ္တာတရားကိုကျင့်သုံး ရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူး များကိုတောင့်တလိုချင်ကြလော့။ အထူးသဖြင့် နှုတ်ကပတ်တရားတော်ဟောပြောနိုင်သောဆု ကျေးဇူးကိုလိုလားကြလော့။-
Дбайте про любов, і про духовне пильнуйте, а найбільше — щоб пророкува́ти.
2 ၂ ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသောသူသည်လူနှင့်ပြောဆိုသည် မဟုတ်။ ဘုရားနှင့်သာပြောဆိုခြင်းဖြစ်၏။ သူ၏စကားကိုအဘယ်သူမျှနားမလည်။ သူသည်ဝိညာဉ်တော်တန်ခိုးဖြင့်လျှို့ဝှက် နက်နဲသည့်အကြောင်းအရာများကိုပြော ဆို၏။-
Як гово́рить хто чужою мовою, той не лю́дям говорить, а Богові, бо ніхто його не розуміє, і він духом говорить таємне.
3 ၃ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။-
А хто пророку́є, той лю́дям говорить на збудува́ння, і на умо́влений, і на розраду.
4 ၄ ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိအကျိုးကိုပြုစု၏။ နှုတ် ကပတ်တရားတော်ကိုဟောပြောသောသူမူ ကား အသင်းတော်တစ်ခုလုံး၏အကျိုးကို ပြုစု၏။
Як говорить хто чужою мовою, той будує тільки самого себе, а хто пророкує, той Церкву будує.
5 ၅ ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။-
Я ж хо́чу, щоб мовами говорили всі, а ліпше — щоб пророкува́ли: більший бо той, хто пророкує, аніж той, хто говорить мовами, хібащо пояснює, щоб будува́лася Церква.
6 ၆ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါသည်သင်တို့ထံ သို့လာ၍ထူးဆန်းသောဘာသာစကား အမျိုးမျိုးဖြင့်ပြောဆိုပါလျှင် အဘယ် အကျိုးရှိမည်နည်း။ ငါဟောပြောသောစကား များသည် ဘုရားသခင်၏ဗျာဒိတ်တော် စကား၊ အသိပညာနှင့်ယှဉ်သောစကား၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်နှိုးဆော်သော စကား၊ ဆုံးမသွန်သင်သည့်စကားများမဖြစ် ပါမူသင်တို့၌အဘယ်အကျိုးရှိမည်နည်း။
А тепер, як прийду́ я до вас, браття, і до вас говорити буду чужою мовою, то який вам пожи́ток зроблю́, коли не поясню́ вам чи то відкриття́м, чи знання́м, чи пророцтвом, чи наукою?
7 ၇ ပလွေသို့မဟုတ်စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများကိုကြည့်လော့။ ထို တူရိယာများမှတေးသံများပီသစွာ ထွက်ပေါ်၍မလာပါမူအဘယ်သူသည် ထိုတူရိယာတို့၏တေးသွားကိုသိနိုင် မည်နည်း။-
Бо навіть і речі бездушні, що звук видають, як сопілка чи лю́тня, коли б не видавали вони різних звуків, — як пізнати б тоді, що́ бринить або грає?
8 ၈ တံပိုးခရာမှုတ်သံမပီသပါကအဘယ်သူ သည်စစ်ပွဲဝင်ရန်ပြင်ဆင်မည်နည်း။-
Бо коли сурма́ звук невира́зний дає, — хто до бо́ю гото́витись бу́де?
9 ၉ ထိုနည်းတူစွာထူးဆန်းသည့်ဘာသာစကား အမျိုးမျိုးဖြင့်သင်တို့ပြောသည့်စကားသည် အနက်အဋ္ဌိပ္ပါယ်မရှင်းပါမူ အဘယ်သူသည် နားလည်နိုင်မည်နည်း။ သင်တို့၏စကားများ သည်လေထဲတွင်ပျောက်ကွယ်သွားလိမ့်မည်။-
Так і ви, коли мовою не подасте́ зрозумілого слова, — як пізнати, що́ кажете? Ви говоритимете на вітер!
10 ၁၀ ကမ္ဘာပေါ်တွင်ဘာသာစကားအမျိုးပေါင်း များစွာရှိသော်လည်း မည်သည့်ဘာသာစကား မျှအဋ္ဌိပ္ပါယ်ကင်းမဲ့သည်မရှိ။-
Як багато, напри́клад, різних мов є на світі, — і жа́дна з них не без зна́чення!
11 ၁၁ သို့ရာတွင်ငါနားမလည်သည့်ဘာသာစကား ကိုပြောဆိုသူသည် ငါ့အဖို့လူမျိုးခြားဖြစ်၏။ ငါသည်လည်းသူ့အဖို့လူမျိုးခြားဖြစ်ပေမည်။-
І коли я не знатиму зна́чення слів, то я буду чужи́нцем промовцеві, і промо́вець чужи́нцем мені.
12 ၁၂ သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။-
Так і ви, що пильнуєте про духовні дари, — дбайте, щоб збагачуватись через них на збудува́ння Церкви!
13 ၁၃ ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။-
Ось тому́, хто говорить чужою мовою, нехай молиться, щоб умів виясняти.
14 ၁၄ ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။-
Бо коли я молюся чужою мовою, то молиться дух мій, а мій розум без пло́ду!
15 ၁၅ သို့ဖြစ်၍အဘယ်သို့ငါပြုရမည်နည်း။ ငါသည် စိတ်နှလုံးအားဖြင့်သာမကအသိဉာဏ်အား ဖြင့်လည်းဆုတောင်းပတ္ထနာပြုမည်။ စိတ်နှလုံး အားဖြင့်သီချင်းဆိုသည်သာမကအသိ ဉာဏ်အားဖြင့်လည်းသီဆိုမည်။-
Ну, то що ж? Буду молитися духом, і буду молитися й розумом, співатиму духом, і співатиму й розумом.
16 ၁၆ သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
Бо коли благословля́тимеш духом, то як той, що займає місце про́стої людини, промовить „амі́нь“на подяку твою? Не знає бо він, що́ ти кажеш.
17 ၁၇ ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။
Ти дякуєш добре, але не будується інший.
18 ၁၈ ငါသည်ထူးဆန်းသောဘာသာစကားအမျိုး မျိုးကို သင်တို့ထက်ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
Дякую Богові моєму, — розмовляю я мовами більше всіх вас.
19 ၁၉ သို့သော်ပရိသတ်ဝတ်ပြုခြင်းတွင်ထူးဆန်းသော ဘာသာစကားအခွန်းပေါင်းအထောင်အသောင်း ထက်သွန်သင်ရန်နားလည်နိုင်သည့်စကားငါး ခွန်းမျှကိုပို၍ငါပြောဆိုလို၏။
Але в Церкві волію п'ять слів зрозумілих сказати, щоб і інших навчити, аніж десять тисяч слів чужою мовою!
20 ၂၀ ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
Браття, не будьте дітьми́ своїм розумом, — будьте в лихо́му дітьми́, а в розумі доскона́лими будьте!
21 ၂၁ ကျမ်းစာတော်တွင်၊ ``ငါ၏လူစုတော်အားထူးဆန်းသော ဘာသာစကားများဖြင့်ငါပြောမည်။ လူမျိုးခြားတို့၏နှုတ်ဖြင့်ငါပြောမည်။ သို့သော်လည်းငါ၏လူစုတော်သည် ငါ့စကားကိုနားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏'' ဟူ၍ဖော်ပြပါရှိ၏။-
У Зако́ні написано: „Іншими мовами й іншими устами Я говоритиму лю́дям оцим, та Мене вони й так не послухають“, каже Госпо́дь.
22 ၂၂ ထို့ကြောင့်ထူးဆန်းသောဘာသာစကားအမျိုး မျိုးပြောဆိုနိုင်သောစွမ်းရည်သည်မယုံကြည် သူတို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ ယုံကြည် သူတို့အတွက်မဟုတ်။ ဗျာဒိတ်တော်ကိုကြေညာ ဟောပြောနိုင်သောဆုကျေးဇူးကားယုံကြည်သူ တို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ မယုံကြည် သူတို့အတွက်မဟုတ်။
Отож, мови існують на знак не для віруючих, але для невіруючих, а пророцтво — для віруючих, а не для невіруючих.
23 ၂၃ သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။-
А як зі́йдеться Церква вся ра́зом, і всі говоритимуть чужими мовами, і ввійдуть туди й сторонні чи невіруючі, — чи ж не скажуть вони, що біснуєтесь ви?
24 ၂၄ သို့သော်ဘုရားသခင်၏ဗျာဒိတ်တော်ကိုသင် တို့အပေါင်းကြေညာဟောပြောလျက်နေစဉ် မယုံကြည်သူသို့မဟုတ်သာမန်လူတစ်ယောက် ရောက်ရှိလာပါမူ သင်တို့ဟောပြောသည့်တရား စကားကြောင့် မိမိသည်အပြစ်များကူးသူ ဖြစ်ကြောင်းကောင်းစွာသိမြင်လာလိမ့်မည်။-
Коли ж усі пророкують, а вві́йде якийсь невіруючий чи сторонній, то всі докоряють йому, усі судять його,
25 ၂၅ သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။
і так таємни́ці серця його виявляються, і так він падає ницьма́ і вклоняється Богові й каже: „Бог справді між вами!“
26 ၂၆ ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။-
То що ж, браття? Коли схо́дитесь ви, то кожен із вас псало́м має, має науку, має мову, об'я́влення має, має вия́снення, — нехай буде все це на збудува́ння!
27 ၂၇ ထူးဆန်းသောဘာသာစကားဖြင့်ပြောမည် ဆိုပါကနှစ်ယောက်ဖြစ်စေ၊ အများဆုံးသုံး ယောက်ဖြစ်စေအလှည့်ကျပြောစေလော့။ ထို နောက်လူတစ်ယောက်ကအနက်အဋ္ဌိပ္ပါယ် ပြန်ပါစေ။-
Як говорить хто чужою мовою, говоріть по двох, чи найбільше по трьох, і то за черго́ю, а один нехай перекладає!
28 ၂၈ အကယ်၍စကားပြန်မရှိပါမူထူးဆန်းသော ဘာသာစကားဖြင့်ပြောဆိုလိုသောသူသည် ဆိတ် ဆိတ်နေ၍မိမိတစ်ကိုယ်တည်းပြောလျက်နေစေ။ ဘုရားသခင်အားလည်းလျှောက်ထားလျက်နေ စေ။-
А коли б не було перекла́дача, то нехай він у Церкві мовчить, а говорить нехай собі й Богові!
29 ၂၉ ဗျာဒိတ်တော်ကိုခံယူရရှိသူနှစ်ယောက်သုံး ယောက်ကဟောပြော၍ ကျန်သောသူတို့ကထို သူတို့၏ဟောပြောချက်များကိုဆင်ခြင် သုံးသပ်ကြစေ။-
А пророки нехай промовляють по двох чи по трьох, а інші нехай розпізнаю́ть.
30 ၃၀ သို့ရာတွင်အကယ်၍လူတစ်ယောက်ဟောပြော နေစဉ်ထိုင်နေသူများအထဲမှတစ်ယောက် သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံယူ ရရှိပါကဟောပြောနေသောသူသည်ရပ်နား စေ။-
Коли ж відкриття́ буде іншому з тих, хто сидить, — нехай перший замовкне!
31 ၃၁ ပရိသတ်အပေါင်းသည်သွန်သင်မှုယူ၍အား တက်လာကြစေရန် သင်တို့အားလုံးပင်အလှည့် ကျဘုရားသခင်၏ဗျာဒိတ်တော်ကိုဟော ပြောနိုင်၏။-
Бо можете пророкувати ви всі по одно́му, — щоб училися всі й усі ті́шилися!
32 ၃၂ ဗျာဒိတ်တော်ကိုဟောပြောနိုင်သောဆုကျေးဇူး ကိုအသုံးပြုရာ၌ဟောပြောသူသည်မိမိ ကိုယ်ကိုထိန်းချုပ်ရမည်။-
І ко́ряться духи пророчі пророкам,
33 ၃၃ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကိုလိုလားတော် မမူ။ ငြိမ်ဝပ်ပိပြားမှုကိုလိုလားတော်မူ သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အသင်းတော်အပေါင်းတို့တွင် ကျင့်သုံးသည့်မူအတိုင်း၊-
бо Бог не є Богом бе́зладу, але миру.
34 ၃၄ အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။-
нехай у Церкві мовчать жінки ваші! Бо їм говорити не позволено, — тільки кори́тись, як каже й Зако́н.
35 ၃၅ သူတို့သည်အကြောင်းတစ်စုံတစ်ရာကိုသိလို လျှင် မိမိတို့၏ခင်ပွန်းများကိုအိမ်တွင်မေးမြန်း စုံစမ်းကြစေ။ အသင်းတော်၏အစည်းအဝေး ၌အမျိုးသမီးများစကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။
Коли ж вони хочуть навчитись чогось, нехай вдома питають своїх чоловіків, — непристойно бо жінці говорити в Церкві!
36 ၃၆ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် သင်တို့ထံမှထွက်လာသလော။ သို့တည်းမဟုတ် သင်တို့ထံသို့သာလျှင်နှုတ်ကပတ်တရား တော်ရောက်ရှိလာသလော။-
Хіба вийшло від вас Слово Боже? Чи прийшло воно тільки до вас?
37 ၃၇ မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။-
Коли хто вважає себе за пророка або за духовного, нехай розуміє, що́ я пишу́ вам, — бо Господня це заповідь!
38 ၃၈ မသိမှတ်လျှင်သူ့ကိုလည်းအသိအမှတ်မပြု ကြနှင့်။
Коли б же хто не розумів, — нехай не розуміє!
39 ၃၉ သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ဗျာဒိတ် တော်ကိုကြေညာဟောပြောခြင်းငှာလိုလား တောင့်တကြလော့။ သို့ရာတွင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း ကိုမတားမြစ်ကြနှင့်။-
Отож, браття мої, майте ревність пророкувати, та не бороніть говорити й мовами!
40 ၄၀ ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။
Але все нехай буде добропристо́йно і стате́чно!