< ၁ ကောရိန္သု 14 >

1 ထို့​ကြောင့်​သင်​တို့​သည်​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး ရန် ကြိုး​ပမ်း​အား​ထုတ်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​တောင့်​တ​လို​ချင်​ကြ​လော့။ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော​နိုင်​သော​ဆု ကျေး​ဇူး​ကို​လို​လား​ကြ​လော့။-
愛を追い求めなさい。また、御霊の賜物、特に預言することを熱心に求めなさい。
2 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သော​သူ​သည်​လူ​နှင့်​ပြော​ဆို​သည် မ​ဟုတ်။ ဘု​ရား​နှင့်​သာ​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​၏​စ​ကား​ကို​အ​ဘယ်​သူ​မျှ​နား​မ​လည်။ သူ​သည်​ဝိ​ညာဉ်​တော်​တန်​ခိုး​ဖြင့်​လျှို့​ဝှက် နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ဆို​၏။-
異言を話す者は、人に話すのではなく、神に話すのです。というのは、だれも聞いていないのに、自分の霊で奥義を話すからです。
3 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ဟော​ပြော​သော​သူ​သည်​ကား လူ​တို့​အား​ဆောက် တည်​ရာ​ရ​စေ​သော​စ​ကား၊ အား​ပေး​သော စ​ကား၊ နှစ်​သိမ့်​သော​စ​ကား​တို့​ကို​ပြော​၏။-
ところが預言する者は、徳を高め、勧めをなし、慰めを与えるために、人に向かって話します。
4 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သူ​သည် မိ​မိ​အ​ကျိုး​ကို​ပြု​စု​၏။ နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သော​သူ​မူ ကား အ​သင်း​တော်​တစ်​ခု​လုံး​၏​အ​ကျိုး​ကို ပြု​စု​၏။
異言を話す者は自分の徳を高めますが、預言する者は教会の徳を高めます。
5 ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။-
私はあなたがたがみな異言を話すことを望んでいますが、それよりも、あなたがたが預言することを望みます。もし異言を話す者がその解き明かしをして教会の徳を高めるのでないなら、異言を語る者よりも、預言する者のほうがまさっています。
6 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။
ですから、兄弟たち。私があなたがたのところへ行って異言を話すとしても、黙示や知識や預言や教えなどによって話さないなら、あなたがたに何の益となるでしょう。
7 ပ​လွေ​သို့​မ​ဟုတ်​စောင်း​ကောက်​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ကို​ကြည့်​လော့။ ထို တူ​ရိ​ယာ​များ​မှ​တေး​သံ​များ​ပီ​သ​စွာ ထွက်​ပေါ်​၍​မ​လာ​ပါ​မူ​အ​ဘယ်​သူ​သည် ထို​တူ​ရိ​ယာ​တို့​၏​တေး​သွား​ကို​သိ​နိုင် မည်​နည်း။-
笛や琴などいのちのない楽器でも、はっきりした音を出さなければ、何を吹いているのか、何をひいているのか、どうしてわかりましょう。
8 တံ​ပိုး​ခ​ရာ​မှုတ်​သံ​မ​ပီ​သ​ပါ​က​အ​ဘယ်​သူ သည်​စစ်​ပွဲ​ဝင်​ရန်​ပြင်​ဆင်​မည်​နည်း။-
また、ラッパがもし、はっきりしない音を出したら、だれが戦闘の準備をするでしょう。
9 ထို​နည်း​တူ​စွာ​ထူး​ဆန်း​သည့်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​သင်​တို့​ပြော​သည့်​စ​ကား​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှင်း​ပါ​မူ အ​ဘယ်​သူ​သည် နား​လည်​နိုင်​မည်​နည်း။ သင်​တို့​၏​စ​ကား​များ သည်​လေ​ထဲ​တွင်​ပျောက်​ကွယ်​သွား​လိမ့်​မည်။-
それと同じように、あなたがたも、舌で明瞭なことばを語るのでなければ、言っている事をどうして知ってもらえるでしょう。それは空気に向かって話しているのです。
10 ၁၀ ကမ္ဘာ​ပေါ်​တွင်​ဘာ​သာ​စ​ကား​အ​မျိုး​ပေါင်း များ​စွာ​ရှိ​သော်​လည်း မည်​သည့်​ဘာ​သာ​စ​ကား မျှ​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည်​မ​ရှိ။-
世界にはおそらく非常に多くの種類のことばがあるでしょうが、意味のないことばなど一つもありません。
11 ၁၁ သို့​ရာ​တွင်​ငါ​နား​မ​လည်​သည့်​ဘာ​သာ​စ​ကား ကို​ပြော​ဆို​သူ​သည် ငါ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​၏။ ငါ​သည်​လည်း​သူ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​ပေ​မည်။-
それで、もし私がそのことばの意味を知らないなら、私はそれを話す人にとって異国人であり、それを話す人も私にとって異国人です。
12 ၁၂ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​များ​ကို လို​လား​တောင့်​တ​ကြ​သည့်​အ​လျောက်​အ​သင်း တော်​ကြီး​ပွား​တိုး​တက်​မှု​ကို အ​ထောက်​အ​ကူ ပြု​မည့်​ဆု​ကျေး​ဇူး​များ​ကို​ပို​၍​အ​သုံး​ပြု ရန်​ကြိုး​စား​ကြ​လော့။-
あなたがたのばあいも同様です。あなたがたは御霊の賜物を熱心に求めているのですから、教会の徳を高めるために、それが豊かに与えられるよう、熱心に求めなさい。
13 ၁၃ ထို့​ကြောင့်​ထူး​ဆန်း​သော​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​သော​သူ​သည် မိ​မိ​ပြော​သည့်​စ​ကား ၏​အ​ဋ္ဌိပ္ပါယ်​ကို​ဖော်​ပြ​နိုင်​သော​တန်​ခိုး​စွမ်း ရည်​ကို​ရ​ရှိ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ​မည်။-
こういうわけですから、異言を語る者は、それを解き明かすことができるように祈りなさい。
14 ၁၄ ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ငါ​၏​စိတ် နှ​လုံး​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​သော် လည်း​ငါ​၏​အ​သိ​ဉာဏ်​မူ​ကား​ပါ​ဝင်​မှု​မ​ရှိ။-
もし私が異言で祈るなら、私の霊は祈るが、私の知性は実を結ばないのです。
15 ၁၅ သို့​ဖြစ်​၍​အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ ငါ​သည် စိတ်​နှ​လုံး​အား​ဖြင့်​သာ​မ​က​အ​သိ​ဉာဏ်​အား ဖြင့်​လည်း​ဆု​တောင်း​ပတ္ထနာ​ပြု​မည်။ စိတ်​နှ​လုံး အား​ဖြင့်​သီ​ချင်း​ဆို​သည်​သာ​မ​က​အ​သိ ဉာဏ်​အား​ဖြင့်​လည်း​သီ​ဆို​မည်။-
ではどうすればよいのでしょう。私は霊において祈り、また知性においても祈りましょう。霊において賛美し、また知性においても賛美しましょう。
16 ၁၆ သင်​တို့​သည်​စိတ်​နှ​လုံး​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​ပါ​မူ ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​၌​သာ​မန် လူ​တစ်​ယောက်​သည် သင်​တို့​ပြော​ဆို​သ​မျှ​စကား များ​ကို​နား​မ​လည်​နိုင်​သ​ဖြင့် အ​ဘယ်​သို့​လျှင် သင်​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို ``အာ​မင်'' ဟု​ဝန်​ခံ နိုင်​မည်​နည်း။-
そうでないと、あなたが霊において祝福しても、異言を知らない人々の座席に着いている人は、あなたの言っていることがわからないのですから、あなたの感謝について、どうしてアーメンと言えるでしょう。
17 ၁၇ ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​သည်​ကောင်း​မွန်​စေ​ကာ​မူ​သူ​တစ်​ပါး အ​တွက်​မည်​သို့​မျှ​အ​ကျိုး​မ​ရှိ။
あなたの感謝は結構ですが、他の人の徳を高めることはできません。
18 ၁၈ ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ကို သင်​တို့​ထက်​ပို​၍​ပြော​ဆို​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-
私は、あなたがたのだれよりも多くの異言を話すことを神に感謝していますが、
19 ၁၉ သို့​သော်​ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​တွင်​ထူး​ဆန်း​သော ဘာ​သာ​စကား​အ​ခွန်း​ပေါင်း​အ​ထောင်​အ​သောင်း ထက်​သွန်​သင်​ရန်​နား​လည်​နိုင်​သည့်​စ​ကား​ငါး ခွန်း​မျှ​ကို​ပို​၍​ငါ​ပြော​ဆို​လို​၏။
教会では、異言で一万語話すよりは、ほかの人を教えるために、私の知性を用いて五つのことばを話したいのです。
20 ၂၀ ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-
兄弟たち。物の考え方において子どもであってはなりません。悪事においては幼子でありなさい。しかし考え方においてはおとなになりなさい。
21 ၂၁ ကျမ်း​စာ​တော်​တွင်၊ ``ငါ​၏​လူ​စု​တော်​အား​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​များ​ဖြင့်​ငါ​ပြော​မည်။ လူ​မျိုး​ခြား​တို့​၏​နှုတ်​ဖြင့်​ငါ​ပြော​မည်။ သို့​သော်​လည်း​ငါ​၏​လူ​စု​တော်​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​၏။-
律法にこう書いてあります。「『わたしは、異なった舌により、異国の人のくちびるによってこの民に語るが、彼らはなおわたしの言うことを聞き入れない。』と主は言われる。」
22 ၂၂ ထို့​ကြောင့်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​သည်​မ​ယုံ​ကြည် သူ​တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။ ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကား​ယုံ​ကြည်​သူ တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ မ​ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။
それで、異言は信者のためのしるしではなく、不信者のためのしるしです。けれども、預言は不信者でなく、信者のためのしるしです。
23 ၂၃ သို့​ဖြစ်​၍​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည်​စု ဝေး​လျက်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​ဆို​နေ​စဉ် သာ​မန်​လူ​အ​ချို့​သို့​မ​ဟုတ်​မ ယုံ​ကြည်​သူ​အ​ချို့​ရောက်​ရှိ​လာ​ခဲ့​သော်​သင်​တို့ အား​ရူး​သွပ်​သူ​များ​ဟု​ဆို​မည်​မ​ဟုတ်​လော။-
ですから、もし教会全体が一か所に集まって、みなが異言を話すとしたら、初心の者とか信者でない者とかがはいって来たとき、彼らは、あなたがたを気違いだと言わないでしょうか。
24 ၂၄ သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။-
しかし、もしみなが預言をするなら、信者でない者や初心の者がはいって来たとき、その人はみなの者によって罪を示されます。みなにさばかれ、
25 ၂၅ သူ​၏​စိတ်​နှ​လုံး​စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ လျက်​သူ​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ သည်​ပေါ်​လွင်​သ​ဖြင့် ``သင်​တို့​နှင့်​အ​တူ​ဧ​ကန် အ​မှန်​ဤ​အ​ရပ်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ ပါ​သည်​တ​ကား'' ဟု​ထုတ်​ဖော်​ဝန်​ခံ​ကာ​ဘု​ရား သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။
心の秘密があらわにされます。そうして、神が確かにあなたがたの中におられると言って、ひれ伏して神を拝むでしょう。
26 ၂၆ ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။-
兄弟たち。では、どうすればよいのでしょう。あなたがたが集まるときには、それぞれの人が賛美したり、教えたり、黙示を話したり、異言を話したり、解き明かしたりします。そのすべてのことを、徳を高めるためにしなさい。
27 ၂၇ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​ဖြင့်​ပြော​မည် ဆို​ပါ​က​နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​သုံး ယောက်​ဖြစ်​စေ​အ​လှည့်​ကျ​ပြော​စေ​လော့။ ထို နောက်​လူ​တစ်​ယောက်​က​အ​နက်​အ​ဋ္ဌိပ္ပါယ် ပြန်​ပါ​စေ။-
もし異言を話すのならば、ふたりか、多くても三人で順番に話すべきで、ひとりは解き明かしをしなさい。
28 ၂၈ အ​ကယ်​၍​စ​ကား​ပြန်​မ​ရှိ​ပါ​မူ​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​ဖြင့်​ပြော​ဆို​လို​သော​သူ​သည် ဆိတ် ဆိတ်​နေ​၍​မိ​မိ​တစ်​ကိုယ်​တည်း​ပြော​လျက်​နေ​စေ။ ဘု​ရား​သ​ခင်​အား​လည်း​လျှောက်​ထား​လျက်​နေ စေ။-
もし解き明かす者がだれもいなければ、教会では黙っていなさい。自分だけで、神に向かって話しなさい。
29 ၂၉ ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​နှစ်​ယောက်​သုံး ယောက်​က​ဟော​ပြော​၍ ကျန်​သော​သူ​တို့​က​ထို သူ​တို့​၏​ဟော​ပြော​ချက်​များ​ကို​ဆင်​ခြင် သုံး​သပ်​ကြ​စေ။-
預言する者も、ふたりか三人が話し、ほかの者はそれを吟味しなさい。
30 ၃၀ သို့​ရာ​တွင်​အ​ကယ်​၍​လူ​တစ်​ယောက်​ဟော​ပြော နေ​စဉ်​ထိုင်​နေ​သူ​များ​အ​ထဲ​မှ​တစ်​ယောက် သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​ပါ​က​ဟော​ပြော​နေ​သော​သူ​သည်​ရပ်​နား စေ။-
もしも座席に着いている別の人に黙示が与えられたら、先の人は黙りなさい。
31 ၃၁ ပ​ရိ​သတ်​အ​ပေါင်း​သည်​သွန်​သင်​မှု​ယူ​၍​အား တက်​လာ​ကြ​စေ​ရန် သင်​တို့​အား​လုံး​ပင်​အ​လှည့် ကျ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​နိုင်​၏။-
あなたがたは、みながかわるがわる預言できるのであって、すべての人が学ぶことができ、すべての人が勧めを受けることができるのです。
32 ၃၂ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး ကို​အ​သုံး​ပြု​ရာ​၌​ဟော​ပြော​သူ​သည်​မိ​မိ ကိုယ်​ကို​ထိန်း​ချုပ်​ရ​မည်။-
預言者たちの霊は預言者たちに服従するものなのです。
33 ၃၃ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် စည်း​မဲ့​ကမ်း​မဲ့​ပြု​မူ​ခြင်း​ကို​လို​လား​တော် မ​မူ။ ငြိမ်​ဝပ်​ပိ​ပြား​မှု​ကို​လို​လား​တော်​မူ သော​ကြောင့်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​တွင် ကျင့်​သုံး​သည့်​မူ​အ​တိုင်း၊-
それは、神が混乱の神ではなく、平和の神だからです。聖徒たちのすべての教会で行なわれているように、
34 ၃၄ အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-
教会では、妻たちは黙っていなさい。彼らは語ることを許されていません。律法も言うように、服従しなさい。
35 ၃၅ သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​သိ​လို လျှင် မိ​မိ​တို့​၏​ခင်​ပွန်း​များ​ကို​အိမ်​တွင်​မေး​မြန်း စုံ​စမ်း​ကြ​စေ။ အ​သင်း​တော်​၏​အ​စည်း​အ​ဝေး ၌​အ​မျိုး​သ​မီး​များ​စ​ကား​ပြော​ခြင်း​သည် ရှက်​ဖွယ်​သော​အ​မှု​ဖြစ်​၏။
もし何かを学びたければ、家で自分の夫に尋ねなさい。教会で語ることは、妻にとってはふさわしくないことです。
36 ၃၆ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​လျှင်​နှုတ်​က​ပတ်​တ​ရား တော်​ရောက်​ရှိ​လာ​သ​လော။-
神のことばは、あなたがたのところから出たのでしょうか。あるいはまた、あなたがたにだけ伝わったのでしょうか。
37 ၃၇ မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် ပြန်​ကြား​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း၊ ဝိ​ညာဉ် ဆု​ကျေး​ဇူး​ရ​ရှိ​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း ယူ​ဆ​သော​သူ​သည် ယ​ခု​ငါ​ရေး​လိုက်​သော စ​ကား​တို့​သည်​သ​ခင်​ဘု​ရား​၏​ပညတ်​ဖြစ် ကြောင်း​သိ​မှတ်​စေ။-
自分を預言者、あるいは、御霊の人と思う者は、私があなたがたに書くことが主の命令であることを認めなさい。
38 ၃၈ မ​သိ​မှတ်​လျှင်​သူ့​ကို​လည်း​အ​သိ​အ​မှတ်​မ​ပြု ကြ​နှင့်။
もしそれを認めないなら、その人は認められません。
39 ၃၉ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ကြေ​ညာ​ဟော​ပြော​ခြင်း​ငှာ​လို​လား တောင့်​တ​ကြ​လော့။ သို့​ရာ​တွင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ခြင်း ကို​မ​တား​မြစ်​ကြ​နှင့်။-
それゆえ、私の兄弟たち。預言することを熱心に求めなさい。異言を話すことも禁じてはいけません。
40 ၄၀ ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။
ただ、すべてのことを適切に、秩序をもって行ないなさい。

< ၁ ကောရိန္သု 14 >