< ၁ ကောရိန္သု 13 >
1 ၁ ငါသည်လူဘာသာစကားများနှင့်ကောင်းကင် တမန်ဘာသာစကားများကိုပြောနိုင်သော် လည်း မေတ္တာမရှိလျှင်ပဲ့တင်ခတ်သည့်မောင်း ကဲ့သို့လည်းကောင်း၊ အသံမြည်သည့်လင်း ကွင်းကဲ့သို့လည်းကောင်းဖြစ်၏။-
Though I speak in the tongues of men and of angels, but have no love, I am become a clanging brass, or a clashing cymbal.
2 ၂ ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။-
Though I have the gift of prophecy and understand all mysteries and all knowledge, and have all faith, so that I could remove mountains, but have not love, I am nothing.
3 ၃ ငါ၏ဥစ္စာရှိသမျှကိုပေးကမ်းစွန့်ကြဲသည် သာမကကိုယ်ခန္ဓာကိုမီးဖြင့်ပူဇော်သော် လည်းမေတ္တာမရှိလျှင်ငါ၌အကျိုးမရှိ။
And though I sell all my goods to feed the poor, and though I give my body to be burned, but have not love, it avails me nothing.
4 ၄ မေတ္တာသည်သည်းခံတတ်၏။ ကြင်နာသနား တတ်၏။ မနာလိုစိတ်မရှိ။ မေတ္တာသည်ကြွားဝါ မှုမရှိ။ မာန်မာနမရှိ။-
Love suffers long and is kind; love envies not; love makes no parade, is not puffed up,
5 ၅ မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ် ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက် တတ်။ သူတစ်ပါး၏အပြစ်ကိုမှတ်၍မထား တတ်။-
is not rude, nor selfish, nor easily provoked. Love bears no malice, never rejoices over wrong-doing,
6 ၆ မကောင်းမှုဒုစရိုက်ကြောင့်ဝမ်းမြောက်ဝမ်းသာ မရှိတတ်။ သမ္မာတရားကြောင့်ဝမ်းမြောက်တတ်၏။-
but rejoices when the truth rejoices.
7 ၇ မည့်သည့်အခါမျှလက်အလျော့မပေးတတ်။ မေတ္တာသည်အမြဲယုံကြည်တတ်၏။ အမြဲ မျှော်လင့်တတ်၏။ အမြဲသည်းခံတတ်၏။
It knows how to be silent, it is trustful, hopeful, patient, enduring.
8 ၈ မေတ္တာသည်ထာဝစဉ်တည်၏။ ဗျာဒိတ်တော် အားဖြင့်ဟောပြောနိုင်သောစွမ်းရည်သည် လည်းကောင်း၊ ထူးဆန်းသောဘာသာစကား အမျိုးမျိုးကိုပြောနိုင်သောအခွင့်သည် လည်းကောင်း၊ အသိပညာသည်လည်းကောင်း အမြဲမတည်ဘဲကွယ်ပျောက်လိမ့်မည်။-
Love never fails; but though there are prophecies, they will fail; though there are tongues, they will cease; though there is knowledge, it will be superseded.
9 ၉ ငါတို့၏အသိပညာသည်မစုံလင်။ ဗျာဒိတ် တော်အားဖြင့်ဟောပြောနိုင်သောစွမ်းရည် သည်လည်းမစုံလင်။-
For our knowing is imperfect, and our prophesying is imperfect;
10 ၁၀ သို့ရာတွင်စုံလင်သည့်အရာရောက်ရှိလာသော အခါ၌မူကား မစုံလင်သောအရာဟူသမျှ တို့သည်ကွယ်ပျောက်လိမ့်မည်။
but when the perfect is come, then the perfect will be done away.
11 ၁၁ ငါသည်ကလေးသူငယ်ဖြစ်စဉ်အခါက၊ ကလေးသူငယ်ကဲ့သို့စကားပြော၏။ သူငယ် ကဲ့သို့စိတ်တွင်ခံစားရ၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်၏။ ကြီးပြင်းလာသော အခါ၌မူကားကလေးသူငယ်၏အလေ့ များကိုငါပယ်ရှား၏။-
When I was a child I spoke like a child, felt like a child, thought like a child; now that I am become a man, I have done with childish things.
12 ၁၂ ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
For now we see as in a mirror, and are baffled, but then face to face; now I know in fragments, but then shall I understand even as I also have been understood.
13 ၁၃ ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။
Faith, Hope, Love endure - these three; but the greatest of these is Love.