< ၁ ကောရိန္သု 12 >
1 ၁ ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။-
Maqondana-ke lezipho zomoya, bazalwane, kangithandi ukuthi lingazi.
2 ၂ သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
Lazi ukuthi lalingabezizwe ladonselwa ezithombeni eziyizimungulu, njengelikhokhelwayo.
3 ၃ အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
Ngakho ngiyalazisa, ukuthi kakho umuntu okhuluma ngoMoya kaNkulunkulu othi: UJesu uyisiqalekiso; futhi kakho umuntu ongathi: UJesu uyiNkosi, ngaphandle ngoMoya oNgcwele.
4 ၄ ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-
Kukhona-ke izipho ezehlukeneyo, kodwa uMoya munye.
5 ၅ အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။-
Njalo kukhona inkonzo ezehlukeneyo, kodwa iNkosi yinye.
6 ၆ အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။-
Kukhona-ke imisebenzi eyehlukeneyo, kodwa nguNkulunkulu munye, osebenza konke kubo bonke.
7 ၇ အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။-
Kodwa ngulowo lalowo uphiwa ukubonakalisa kukaMoya kulokho okulusizo.
8 ၈ ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။-
Ngoba omunye uphiwa ngoMoya ilizwi lenhlakanipho, lakomunye ilizwi lolwazi, ngoMoya munye;
9 ၉ ဝိညာဉ်တော်ကပင်တစ်ယောက်အားယုံကြည်မှု ပါရမီကိုလည်းကောင်း၊ အခြားတစ်ယောက် အားအနာရောဂါများပျောက်ကင်းစေနိုင် သောတန်ခိုးကိုလည်းကောင်းပေးတော်မူ၏။-
lakomunye ukholo, ngoMoya munye; lakomunye izipho zokusilisa, ngoMoya munye;
10 ၁၀ ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
lakomunye ukusebenza imisebenzi yamandla, lakomunye isiprofetho, lakomunye ukwehlukanisa imimoya, lakomunye inhlobo yendimi, lakomunye ukuchasisa indimi;
11 ၁၁ သို့ရာတွင်ဤတန်ခိုးစွမ်းရည်အပေါင်းတို့ ကိုချပေးတော်မူသောအရှင်ကားဝိညာဉ် တော်တစ်ပါးတည်းဖြစ်၏။ ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်းလူတစ်ဦးစီအား ထူးခြားသည့်ဆုကျေးဇူးကိုချပေးတော် မူသတည်း။
kodwa konke lokho lowoMoya munye uyakusebenza, ebabela ngulowo lalowo ngamunye njengokuthanda kwakhe.
12 ၁၂ ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။-
Ngoba njengoba umzimba umunye, njalo ulezitho ezinengi, kodwa zonke izitho zalowomzimba munye, zizinengi, zingumzimba munye; kunjalo-ke loKristu;
13 ၁၃ ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
ngoba ngoMoya munye lathi sonke sabhabhathizelwa emzimbeni munye, loba amaJuda loba amaGriki, loba izigqili loba abakhululekileyo; futhi thina sonke sanathiswa kuMoya munye.
14 ၁၄ လူ၏ကိုယ်ခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းတစ် ခုတည်းရှိသည်မဟုတ်။ အများပင်ရှိပေ သည်။-
Ngoba umzimba lawo kawusiso isitho sinye kodwa ezinengi.
15 ၁၅ ခြေက ``ငါသည်လက်မဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကခြေသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
Uba unyawo lungathi: Lokhu ngingesisandla, kangisikho okomzimba; kungeyisikho ngalokho kakusilo olomzimba yini?
16 ၁၆ နားက``ငါသည်မျက်စိမဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကနားသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
Uba-ke indlebe ingathi: Lokhu ngingesilo ilihlo, kangisikho okomzimba; ngenxa yalokho kayisiyo yini eyomzimba?
17 ၁၇ ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။-
Uba umzimba wonke ubuyilihlo, ngabe kungaphi ukuzwa? Uba wonke ubuyikuzwa, ngabe kungaphi ukunuka?
18 ၁၈ သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။-
Kodwa khathesi-ke uNkulunkulu umisile izitho, yileso laleso sazo, emzimbeni, njengokuthanda kwakhe.
19 ၁၉ အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာလျှင် ရှိခဲ့သော်ကိုယ်ခန္ဓာဖြစ်လာနိုင်မည်မဟုတ်။-
Kodwa uba zonke beziyisitho sinye, umzimba ngabe ungaphi?
20 ၂၀ အမှန်အားဖြင့်ဆိုသော်အင်္ဂါအစိတ်အပိုင်း အများရှိသော်လည်းကိုယ်ခန္ဓာတစ်ခုတည်း သာရှိသတည်း။
Kodwa khathesi izitho zinengi, kodwa umzimba munye.
21 ၂၁ ထိုကြောင့်မျက်စိကလက်အား ``သင့်ကိုငါ အလိုမရှိ'' ဟုမဆိုနိုင်။ ဦးခေါင်းကလည်း ခြေအား ``သင့်ကိုငါအလိုမရှိ'' ဟုမဆို နိုင်။-
Ilihlo-ke lingeke latsho esandleni ukuthi: Kangikusweli. Kumbe futhi ikhanda ezinyaweni ukuthi: Kangilisweli;
22 ၂၂ အားနည်းသောလက္ခဏာရှိသောကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာမရှိလျှင်မဖြစ်။-
kodwa kakhulukazi izitho zomzimba ezikhangeleka zibuthakathaka kakhulu, ziyadingeka;
23 ၂၃ ယုတ်သည်ဟုထင်ရသောအင်္ဂါအစိတ်အပိုင်း များကိုပို၍ပင်ငါတို့ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမရှိသည့်အင်္ဂါအစိတ်အပိုင်း များကိုပို၍တင့်တယ်အောင်မွမ်းမံကြရ၏။-
lalezo ezomzimba esicabanga ukuthi zidelelekile kakhulu, yizo esizihlonipha ngokwengezelelwe kakhulu; lalezo ezethu ezingezinhle zilobuhle obengezelelwe kakhulu;
24 ၂၄ တင့်တယ်ပြီးဖြစ်သည့်အင်္ဂါအစိတ်အပိုင်း များကိုမူကားမွမ်းမံနေစရာမလို။ ဂုဏ် အသရေလိုသည့်အင်္ဂါအစိတ်အပိုင်းတို့ ကိုပို၍ဂုဏ်အသရေရှိစေရန်ဘုရား သခင်ကိုယ်တော်တိုင်ကိုယ်ခန္ဓာကိုစေ့စပ် ပြုပြင်ထားတော်မူ၏။-
kanti ezinhle zethu kazikusweli; kodwa uNkulunkulu wawuhlanganisa umzimba, enika udumo olwengezelelwe kakhulu kwesikuswelayo,
25 ၂၅ သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။-
ukuze kungabi khona ukwehlukana emzimbeni, kodwa izitho zinanzelelane ngokufananayo.
26 ၂၆ အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။
Uba-ke kuhlupheka isitho sinye, izitho zonke zihlupheka kanye laso; uba kudunyiswa isitho sinye, izitho zonke ziyajabula kanye laso.
27 ၂၇ သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။-
Lina-ke lingumzimba kaKristu, lezitho ngamunye ngamunye.
28 ၂၈ ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
Njalo uNkulunkulu umisile abathile ebandleni, kuqala abaphostoli, okwesibili abaprofethi, okwesithathu abafundisi, besekusiba imisebenzi yamandla, besekusiba izipho zokusilisa, izenzo ezisizayo, ubukhokheli, indimi ezehlukeneyo.
29 ၂၉ သူတို့အားလုံးပင်တမန်တော်များဖြစ်ကြ သလော။ သူတို့အားလုံးပင်ပရောဖက်များ ဖြစ်ကြသလော။ သူတို့အားလုံးပင်ဆရာ များဖြစ်ကြသလော။ သူတို့အားလုံးပင် နိမိတ်လက္ခဏာပြနိုင်သူများဖြစ်ကြ သလော။-
Bonke bangabaphostoli yini? Bonke bangabaprofethi yini? Bonke bangabafundisi yini? Bonke benza imisebenzi yamandla yini?
30 ၃၀ သူတို့အားလုံးပင်အနာရောဂါများကို ပျောက်ကင်းစေနိုင်သောတန်ခိုးကိုရရှိသူ များဖြစ်ကြသလော။ သူတို့အားလုံးပင် ထူးဆန်းသောဘာသာစကားအမျိုးမျိုး ကိုအနက်အဋ္ဌိပ္ပါယ်ပြန်ဆိုနိုင်သူများ ဖြစ်ကြသလော။-
Bonke balezipho zokusilisa yini? Bonke bakhuluma ngendimi yini? Bonke bayachasisa yini?
31 ၃၁ သို့ဖြစ်၍သင်တို့သည်ပို၍မြတ်သည့်ဆု ကျေးဇူးများကိုစွဲလမ်းကြလော့။ သို့ရာတွင်အမြတ်ဆုံးသောဆုကျေးဇူး ကိုငါဖော်ပြမည်။
Kodwa fisani kakhulu izipho ezingcono. Njalo ngisalitshengisa indlela engcono kakhulukazi.