< ၁ ကောရိန္သု 11 >
1 ၁ သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။
μιμηταί μου γίνεσθε, καθὼς κἀγὼ Χριστοῦ.
2 ၂ သင်တို့သည်ငါ့ကိုအစဉ်အောက်မေ့သတိရ၍ ငါပေးအပ်ခဲ့သည့်သွန်သင်ချက်အတိုင်းလိုက် နာပြုကျင့်ကြသောကြောင့်သင်တို့အားငါ ချီးကူး၏။-
Ἐπαινῶ δὲ ⸀ὑμᾶςὅτι πάντα μου μέμνησθε καὶ καθὼς παρέδωκα ὑμῖν τὰς παραδόσεις κατέχετε.
3 ၃ သို့သော်ခရစ်တော်သည်ယောကျာ်းတိုင်း၏အထွတ် အထိပ်၊ ယောကျာ်းသည်မိန်းမ၏အထွတ်အထိပ်၊ ဘုရားသခင်သည်ခရစ်တော်၏အထွတ်အထိပ် ဖြစ်ကြောင်းကိုသင်တို့အားသိစေလို၏။-
θέλω δὲ ὑμᾶς εἰδέναι ὅτι παντὸς ἀνδρὸς ἡ κεφαλὴ ὁ Χριστός ἐστιν, κεφαλὴ δὲ γυναικὸς ὁ ἀνήρ, κεφαλὴ δὲ ⸀τοῦΧριστοῦ ὁ θεός.
4 ၄ သို့ဖြစ်၍ယောကျာ်းသည်ဝတ်ပြုအစည်းအဝေး တွင်မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ပတ္ထနာပြု သော်လည်းကောင်း၊ တရားဟောသော်လည်းကောင်း ခရစ်တော်၏အသရေတော်ကိုရှုတ်ချသူ ဖြစ်၏။-
πᾶς ἀνὴρ προσευχόμενος ἢ προφητεύων κατὰ κεφαλῆς ἔχων καταισχύνει τὴν κεφαλὴν αὐτοῦ·
5 ၅ မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-
πᾶσα δὲ γυνὴ προσευχομένη ἢ προφητεύουσα ἀκατακαλύπτῳ τῇ κεφαλῇ καταισχύνει τὴν κεφαλὴν ⸀αὐτῆς ἓν γάρ ἐστιν καὶ τὸ αὐτὸ τῇ ἐξυρημένῃ.
6 ၆ မိန်းမသည်မိမိ၏ဦးခေါင်းကိုမဖုံးမအုပ် ဘဲထားမည့်အစား မိမိ၏ဆံပင်ကိုဖြတ် ထားလျှင်သာ၍ကောင်း၏။ ဆံပင်ဖြတ်ခြင်း၊ ခေါင်းတုံးရိတ်ခြင်းတို့သည်အမျိုးသမီး အတွက် ရှက်ဖွယ်ကောင်းသောအရာများဖြစ် သဖြင့် သူသည်မိမိ၏ဦးခေါင်းကိုဖုံးအုပ်စေ။-
εἰ γὰρ οὐ κατακαλύπτεται γυνή, καὶ κειράσθω· εἰ δὲ αἰσχρὸν γυναικὶ τὸ κείρασθαι ἢ ξυρᾶσθαι, κατακαλυπτέσθω.
7 ၇ အမျိုးသားသည်မိမိ၏ဦးခေါင်းကိုဖုံး အုပ်ရန်မသင့်။ အဘယ်ကြောင့်ဆိုသော်သူ သည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ဘုန်း အသရေတော်ကိုရောင်ပြန်ဟပ်သူဖြစ်သော ကြောင့်တည်း။ အမျိုးသမီးသည်ကားအမျိုး သား၏ဘုန်းအသရေကိုရောင်ပြန်ဟပ်သူ ဖြစ်၏။-
ἀνὴρ μὲν γὰρ οὐκ ὀφείλει κατακαλύπτεσθαι τὴν κεφαλήν, εἰκὼν καὶ δόξα θεοῦ ὑπάρχων· ⸀ἡγυνὴ δὲ δόξα ἀνδρός ἐστιν.
8 ၈ အမျိုးသားသည်အမျိုးသမီးမှဖန်ဆင်း ထားသူမဟုတ်။ အမျိုးသမီးသည်သာလျှင် အမျိုးသားမှဖန်ဆင်းသူဖြစ်၏။-
οὐ γάρ ἐστιν ἀνὴρ ἐκ γυναικός, ἀλλὰ γυνὴ ἐξ ἀνδρός·
9 ၉ အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။-
καὶ γὰρ οὐκ ἐκτίσθη ἀνὴρ διὰ τὴν γυναῖκα, ἀλλὰ γυνὴ διὰ τὸν ἄνδρα.
10 ၁၀ သို့ဖြစ်၍ကောင်းကင်တမန်များကိုထောက် သောအားဖြင့် အမျိုးသမီးသည်မိမိအပေါ် အမျိုးသားအုပ်စိုးခြင်းကိုဖော်ပြရန်မိမိ ဦးခေါင်းကိုအုပ်သင့်၏။-
διὰ τοῦτο ὀφείλει ἡ γυνὴ ἐξουσίαν ἔχειν ἐπὶ τῆς κεφαλῆς διὰ τοὺς ἀγγέλους.
11 ၁၁ သို့ရာတွင်သခင်ဘုရား၏မိတ်သဟာယ အဖွဲ့တွင် အမျိုးသားသည်အမျိုးသမီး ကိုလိုအပ်သကဲ့သို့အမျိုးသမီးသည် လည်းအမျိုးသားကိုလိုအပ်ပေသည်။-
πλὴν οὔτε ⸂γυνὴ χωρὶς ἀνδρὸς οὔτε ἀνὴρ χωρὶς γυναικὸς ἐν κυρίῳ·
12 ၁၂ အမျိုးသမီးသည်အမျိုးသားမှဖန်ဆင်းသော် လည်း အမျိုးသားသည်အမျိုးသမီးကမွေးဖွား သူဖြစ်၏။ အရာခပ်သိမ်းကိုဖြစ်ပေါ်စေသော အရှင်ကားဘုရားသခင်ပေတည်း။
ὥσπερ γὰρ ἡ γυνὴ ἐκ τοῦ ἀνδρός, οὕτως καὶ ὁ ἀνὴρ διὰ τῆς γυναικός· τὰ δὲ πάντα ἐκ τοῦ θεοῦ.
13 ၁၃ အမျိုးသမီးသည်ဦးခေါင်းကိုမဖုံးမအုပ် ဘဲစုဝေးဝတ်ပြုခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုရန်သင့်တော်သည်မသင့် တော်သည်ကိုသင်တို့ကိုယ်တိုင်စဉ်းစားဆင်ခြင် ကြလော့။-
ἐν ὑμῖν αὐτοῖς κρίνατε· πρέπον ἐστὶν γυναῖκα ἀκατακάλυπτον τῷ θεῷ προσεύχεσθαι;
14 ၁၄ ဆံပင်ရှည်သည့်အမျိုးသားအတွက်ရှက်ဖွယ် ရာဖြစ်ကြောင်း၊-
⸀οὐδὲ⸂ἡ φύσις αὐτὴ διδάσκει ὑμᾶς ὅτι ἀνὴρ μὲν ἐὰν κομᾷ, ἀτιμία αὐτῷ ἐστιν,
15 ၁၅ အမျိုးသမီးအတွက်မှာမူလှပတင့်တယ်ဖွယ် ရာဖြစ်ကြောင်း သဘာဝဋ္ဌမ္မကပင်သွန်သင်ပေး သည်မဟုတ်ပါလော။ ဆံပင်ရှည်ကိုအမျိုး သမီးအားခြုံထည်အဖြစ်ပေးထားခြင်းဖြစ်၏။-
γυνὴ δὲ ἐὰν κομᾷ, δόξα αὐτῇ ἐστιν; ὅτι ἡ κόμη ἀντὶ περιβολαίου ⸀δέδοται
16 ၁၆ ဤကိစ္စနှင့်ပတ်သက်၍စောဒကတက်လိုသူ အားငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌လည်းကောင်း ယင်းသို့ ခေါင်းဖုံးအုပ်သည့်ထုံးစံမှလွဲ၍အခြား ထုံးစံမရှိကြောင်းငါဖြေဆိုအံ့။
εἰ δέ τις δοκεῖ φιλόνεικος εἶναι, ἡμεῖς τοιαύτην συνήθειαν οὐκ ἔχομεν, οὐδὲ αἱ ἐκκλησίαι τοῦ θεοῦ.
17 ၁၇ သို့ရာတွင်အောက်ပါညွှန်ကြားချက်များကို ပေးရာတွင်သင်တို့အားငါမချီးမွမ်း။ သင် တို့၏ဝတ်ပြုခြင်းများသည်ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနေ၏။-
Τοῦτο δὲ ⸂παραγγέλλων οὐκ ἐπαινῶ ὅτι οὐκ εἰς τὸ κρεῖσσον ἀλλὰ εἰς τὸ ἧσσον συνέρχεσθε.
18 ၁၈ ပထမအချက်အနေဖြင့်သင်တို့၏အသင်း တော်အစည်းဝေးများ၌ စိတ်ဝမ်းကွဲပြားမှုများ ရှိကြောင်းကိုငါကြားသိရပေသည်။ ကြားရ သည့်အတိုင်းအချို့တစ်ဝက်မှန်လိမ့်မည်။-
πρῶτον μὲν γὰρ συνερχομένων ὑμῶν ἐν ἐκκλησίᾳ ἀκούω σχίσματα ἐν ὑμῖν ὑπάρχειν, καὶ μέρος τι πιστεύω.
19 ၁၉ (သင်တို့တွင်စိတ်ဝမ်းကွဲပြားမှုကားရှိရ သည်မှန်၏။ သို့ရှိမှသာလျှင်အမှန်ဘက်တွင် ရှိသောသူများကိုပေါ်လွင်ထင်ရှားစေမည်။-)
δεῖ γὰρ καὶαἱρέσεις ἐν ὑμῖν εἶναι, ἵνα ⸀καὶ οἱ δόκιμοι φανεροὶ γένωνται ἐν ὑμῖν.
20 ၂၀ သင်တို့သည်စုရုံးကြသောအခါသခင် ဘုရား၏ပွဲတော်မင်္ဂလာဝင်ရန်အတွက်မဟုတ်။-
συνερχομένων οὖν ὑμῶν ἐπὶ τὸ αὐτὸ οὐκ ἔστιν κυριακὸν δεῖπνον φαγεῖν,
21 ၂၁ သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။-
ἕκαστος γὰρ τὸ ἴδιον δεῖπνον προλαμβάνει ἐν τῷ φαγεῖν, καὶ ὃς μὲν πεινᾷ, ὃς δὲ μεθύει.
22 ၂၂ သင်တို့တွင်စားသောက်ရန်နေအိမ်မရှိသလော။ သို့တည်းမဟုတ်ဘုရားသခင်၏အသင်းတော် ကိုရှုတ်ချ၍ ဆင်းရဲသူတို့အားအရှက်ခွဲလို ကြသလော။ သင်တို့အားအဘယ်သို့ငါပြောရ မည်နည်း။ သင်တို့ကိုချီးကူးရမည်လော။ ဤ ကိစ္စတွင်အဘယ်နည်းနှင့်မျှမချီးကူးနိုင်။
μὴ γὰρ οἰκίας οὐκ ἔχετε εἰς τὸ ἐσθίειν καὶ πίνειν; ἢ τῆς ἐκκλησίας τοῦ θεοῦ καταφρονεῖτε, καὶ καταισχύνετε τοὺς μὴ ἔχοντας; τί ⸂εἴπω ὑμῖν; ἐπαινέσω ὑμᾶς; ἐν τούτῳ οὐκ ἐπαινῶ.
23 ၂၃ သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
Ἐγὼ γὰρ παρέλαβον ἀπὸ τοῦ κυρίου, ὃ καὶ παρέδωκα ὑμῖν, ὅτι ὁ κύριος Ἰησοῦς ἐν τῇ νυκτὶ ᾗ ⸀παρεδίδετοἔλαβεν ἄρτον
24 ၂၄ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကိုဖဲ့ တော်မူလျက် ``ဤမုန့်ကားသင်တို့အတွက်စွန့် သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုသတိရ ခြင်းငှာဤသို့ပြုကြလော့'' ဟုမိန့်တော်မူ၏။-
καὶ εὐχαριστήσας ἔκλασεν καὶ ⸀εἶπεν Τοῦτό μού ἐστιν τὸ σῶμα τὸ ὑπὲρ ⸀ὑμῶν τοῦτο ποιεῖτε εἰς τὴν ἐμὴν ἀνάμνησιν.
25 ၂၅ ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ဖလားကိုယူတော်မူလျက် ``ဤ ခွက်ဖလားကားငါ၏သွေးနှင့်တံဆိပ်ခတ် သောဘုရားသခင်၏ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှစပျစ်ရည်ကိုသောက်သည့် အခါတိုင်းငါ့ကိုသတိရခြင်းငှာသောက် ကြလော့'' ဟုမိန့်တော်မူ၏။
ὡσαύτως καὶ τὸ ποτήριον μετὰ τὸ δειπνῆσαι, λέγων· Τοῦτο τὸ ποτήριον ἡ καινὴ διαθήκη ἐστὶν ἐν τῷ ἐμῷ αἵματι· τοῦτο ποιεῖτε, ὁσάκις ⸀ἐὰνπίνητε, εἰς τὴν ἐμὴν ἀνάμνησιν.
26 ၂၆ သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။-
ὁσάκις γὰρ ⸀ἐὰνἐσθίητε τὸν ἄρτον τοῦτον καὶ τὸ ⸀ποτήριονπίνητε, τὸν θάνατον τοῦ κυρίου καταγγέλλετε, ἄχρι ⸀οὗἔλθῃ.
27 ၂၇ သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။-
Ὥστε ὃς ἂν ἐσθίῃ τὸν ⸀ἄρτονἢ πίνῃ τὸ ποτήριον τοῦ κυρίου ⸀ἀναξίως ἔνοχος ἔσται τοῦ σώματος καὶ τοῦ αἵματος τοῦ κυρίου.
28 ၂၈ ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
δοκιμαζέτω δὲ ἄνθρωπος ἑαυτόν, καὶ οὕτως ἐκ τοῦ ἄρτου ἐσθιέτω καὶ ἐκ τοῦ ποτηρίου πινέτω·
29 ၂၉ မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
ὁ γὰρ ἐσθίων καὶ ⸀πίνωνκρίμα ἑαυτῷ ἐσθίει καὶ πίνει μὴ διακρίνων τὸ ⸀σῶμα
30 ၃၀ ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။-
διὰ τοῦτο ἐν ὑμῖν πολλοὶ ἀσθενεῖς καὶ ἄρρωστοι καὶ κοιμῶνται ἱκανοί.
31 ၃၁ ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
εἰ ⸀δὲἑαυτοὺς διεκρίνομεν, οὐκ ἂν ἐκρινόμεθα·
32 ၃၂ သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
κρινόμενοι δὲ ⸀ὑπὸκυρίου παιδευόμεθα, ἵνα μὴ σὺν τῷ κόσμῳ κατακριθῶμεν.
33 ၃၃ ထို့ကြောင့်ညီအစ်ကိုတို့၊ သခင်ဘုရား၏ပွဲတော် မင်္ဂလာကိုဝင်ရန်စုဝေးကြသောအခါ တစ်ယောက် ကိုတစ်ယောက်စောင့်ဆိုင်းကြလော့။-
Ὥστε, ἀδελφοί μου, συνερχόμενοι εἰς τὸ φαγεῖν ἀλλήλους ἐκδέχεσθε.
34 ၃၄ သင်တို့စုဝေးကြသောအခါတွင်ဘုရားသခင် ၏အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့်ကင်းလွတ် နိုင်စေရန် ဆာမွတ်သောသူသည်မိမိအိမ်တွင် စားသောက်စေ။ အခြားကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါဖြေရှင်းမည်။
⸀εἴτις πεινᾷ, ἐν οἴκῳ ἐσθιέτω, ἵνα μὴ εἰς κρίμα συνέρχησθε. Τὰ δὲ λοιπὰ ὡς ἂν ἔλθω διατάξομαι.