< ၁ ကောရိန္သု 11 >

1 သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​ထံ​မှ​အ​တု ယူ​သ​ကဲ့​သို့ သင်​တို့​သည်​ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။
Be imitators of me, in so far as I in turn am an imitator of Christ.
2 သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။-
Now I commend you for remembering me in everything, and because you hold fast truths and practices precisely as I have taught them to you.
3 သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-
I would have you know, however, that of every man, Christ is the Head, that of a woman her husband is the Head, and that God is Christ's Head.
4 သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။-
A man who wears a veil when praying or prophesying dishonors his Head;
5 မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-
but a woman who prays or prophesies with her head uncovered dishonors her Head, for it is exactly the same as if she had her hair cut short.
6 မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။-
If a woman will not wear a veil, let her also cut off her hair. But since it is a dishonor to a woman to have her hair cut off or her head shaved, let her wear a veil.
7 အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။-
For a man ought not to have a veil on his head, since he is the image and glory of God; while woman is the glory of man.
8 အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​မှ​ဖန်​ဆင်း ထား​သူ​မ​ဟုတ်။ အ​မျိုး​သ​မီး​သည်​သာ​လျှင် အ​မျိုး​သား​မှ​ဖန်​ဆင်း​သူ​ဖြစ်​၏။-
Man does not take his origin from woman, but woman takes hers from man.
9 အ​မျိုး​သား​ကို​အ​မျိုး​သ​မီး​အ​တွက်​ဘု​ရား သ​ခင်​ဖန်​ဆင်း​တော်​မ​မူ။ အ​မျိုး​သမီး​ကို​သာ လျှင်​အ​မျိုး​သား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။-
For man was not created for woman's sake, but woman for man's.
10 ၁၀ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​များ​ကို​ထောက် သော​အား​ဖြင့် အ​မျိုး​သ​မီး​သည်​မိ​မိ​အ​ပေါ် အ​မျိုး​သား​အုပ်​စိုး​ခြင်း​ကို​ဖော်​ပြ​ရန်​မိ​မိ ဦး​ခေါင်း​ကို​အုပ်​သင့်​၏။-
That is why a woman ought to have on her head a symbol of subjection, because of the angels.
11 ၁၁ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​၏​မိတ်​သ​ဟာ​ယ အ​ဖွဲ့​တွင် အ​မျိုး​သား​သည်​အ​မျိုး​သ​မီး ကို​လို​အပ်​သ​ကဲ့​သို့​အ​မျိုး​သ​မီး​သည် လည်း​အ​မျိုး​သား​ကို​လို​အပ်​ပေ​သည်။-
Yet, in the Lord, woman is not independent of man nor man independent of woman.
12 ၁၂ အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​မှ​ဖန်​ဆင်း​သော် လည်း အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​က​မွေး​ဖွား သူ​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​ဖြစ်​ပေါ်​စေ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။
For just as woman originates from man, so also man comes into existence through woman, but everything springs originally from God.
13 ၁၃ အ​မျိုး​သ​မီး​သည်​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင့်​တော်​သည်​မ​သင့် တော်​သည်​ကို​သင်​တို့​ကိုယ်​တိုင်​စဉ်း​စား​ဆင်​ခြင် ကြ​လော့။-
Judge of this for your own selves: is it seemly for a woman to pray to God when she is unveiled?
14 ၁၄ ဆံ​ပင်​ရှည်​သည့်​အ​မျိုး​သား​အ​တွက်​ရှက်​ဖွယ် ရာ​ဖြစ်​ကြောင်း၊-
Does not Nature itself teach you that if a man has long hair it is a dishonor to him,
15 ၁၅ အ​မျိုး​သ​မီး​အ​တွက်​မှာ​မူ​လှ​ပ​တင့်​တယ်​ဖွယ် ရာ​ဖြစ်​ကြောင်း သ​ဘာ​ဝ​ဋ္ဌမ္မ​က​ပင်​သွန်​သင်​ပေး သည်​မ​ဟုတ်​ပါ​လော။ ဆံ​ပင်​ရှည်​ကို​အ​မျိုး သ​မီး​အား​ခြုံ​ထည်​အ​ဖြစ်​ပေး​ထား​ခြင်း​ဖြစ်​၏။-
but that if a woman has long hair it is her glory, because her hair was given her for a covering?
16 ၁၆ ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။
But if any one is inclined to be contentious on the point, we have no such custom, nor have the Churches of God.
17 ၁၇ သို့​ရာ​တွင်​အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို ပေး​ရာ​တွင်​သင်​တို့​အား​ငါ​မ​ချီး​မွမ်း။ သင် တို့​၏​ဝတ်​ပြု​ခြင်း​များ​သည်​ကောင်း​ကျိုး​ထက် ဆိုး​ကျိုး​ကို​ပေး​နေ​၏။-
But while giving you these instructions, there is one thing I cannot praise--your meeting together, with bad rather than good results.
18 ၁၈ ပ​ထ​မ​အ​ချက်​အ​နေ​ဖြင့်​သင်​တို့​၏​အ​သင်း တော်​အ​စည်း​ဝေး​များ​၌ စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​ပေ​သည်။ ကြား​ရ သည့်​အ​တိုင်း​အ​ချို့​တစ်​ဝက်​မှန်​လိမ့်​မည်။-
for, in the first place, when you meet as a Church, there are divisions among you. This is what I am told, and I believe that there is some truth in it.
19 ၁၉ (သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)
For there must of necessity be differences of opinion among you, in order that it may be plainly seen who are the men of sterling worth among you.
20 ၂၀ သင်​တို့​သည်​စု​ရုံး​ကြ​သော​အ​ခါ​သ​ခင် ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ​ဝင်​ရန်​အ​တွက်​မ​ဟုတ်။-
When, however, you meet in one place, there is no eating the Supper of the Lord;
21 ၂၁ သင်​တို့​တစ်​ဦး​စီ​သည်​ကိုယ့်​အ​စာ​ကို​အ​လျင် စား​ကြ​သ​ဖြင့်​ဆာ​သူ​က​ဆာ၊ သေ​သောက်​ကြူး သူ​က​ကြူး​လျက်​ရှိ​ကြ​သည်။-
for it is his own supper of which each of you is in a hurry to partake, and one eats like a hungry man, while another has already drunk to excess.
22 ၂၂ သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။
Why, have you no homes in which to eat and drink? Or do you wish to show your contempt for the Church of God and make those who have no homes feel ashamed? What shall I say to you? Shall I praise you? In this matter I certainly do not praise you.
23 ၂၃ သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊-
For it was from the Lord that I received the facts which, in turn, I handed on to you; how that the Lord Jesus, on the night He was to be betrayed, took some bread,
24 ၂၄ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
and after giving thanks He broke it and said, "This is my body which is about to be broken for you. Do this in memory of me."
25 ၂၅ ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
In the same way, when the meal was over, He also took the cup. "This cup," He said, "is the new Covenant of which my blood is the pledge. Do this, every time that you drink it, in memory of me."
26 ၂၆ သင်​တို့​သည်​ထို​မုန့်​ကို​စား​၍​ထို​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​သောက်​သည့်​အ​ခါ​တိုင်း​သ​ခင် ဘု​ရား​အ​သေ​ခံ​တော်​မူ​ကြောင်း​ကို​ကိုယ်​တော် ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင်​ကြေ​ညာ​ကြ​၏။-
For every time that you eat this bread and drink from the cup, you are proclaiming the Lord's death--until He returns.
27 ၂၇ သို့​ဖြစ်​၍​မ​ရို​မ​သေ​ဘဲ​သ​ခင်​ဘု​ရား​၏​မုန့် ကို​စား​၍ ကိုယ်​တော်​၏​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​သော​သူ​မည်​သည်​ကား သ​ခင် ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။-
Whoever, therefore, in an unworthy manner, eats the bread or drinks from the cup of the Lord sins against the body and blood of the Lord.
28 ၂၈ ထို့​ကြောင့်​လူ​တိုင်း​မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​၍ ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက် စေ။-
But let a man examine himself, and, having done that, then let him eat the bread and drink from the cup.
29 ၂၉ မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။-
For any one who eats and drinks, eats and drinks judgement to himself, if he fails to estimate the body aright.
30 ၃၀ ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အ​ထဲ​တွင်​အား​အင် ချည့်​နဲ့​သူ​နှင့်​မ​ကျန်း​မ​မာ​သူ​အ​မြောက်​အ​မြား ရှိ​ပေ​သည်။ သေ​သော​သူ​အ​ချို့​လည်း​ရှိ​၏။-
That is why many among you are sickly and out of health, and why not a few die.
31 ၃၁ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
If, however, we estimated ourselves aright, we should not be judged.
32 ၃၂ သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။
But when we are judged by the Lord, chastisement follows, to save us from being condemned along with the world.
33 ၃၃ ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၏​ပွဲ​တော် မင်္ဂလာ​ကို​ဝင်​ရန်​စု​ဝေး​ကြ​သော​အ​ခါ တစ်​ယောက် ကို​တစ်​ယောက်​စောင့်​ဆိုင်း​ကြ​လော့။-
Therefore, brethren, when you come together for this meal, wait for one another.
34 ၃၄ သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။
If any one is hungry, let him eat at home; so that your coming together may not lead to judgement. The other matters I will deal with whenever I come.

< ၁ ကောရိန္သု 11 >