< ၁ ကောရိန္သု 10 >

1 ညီ​အစ်​ကို​တို့၊ မော​ရှေ​ဦး​ဆောင်​သော​ငါ​တို့​၏ ဘိုး​ဘေး​များ​အ​ကြောင်း​ကို​သ​တိ​ရ​စေ​လို​၏။ သူ​တို့​သည်​မိုး​တိမ်​၏​အ​ကွယ်​အ​ကာ​ရ​၍ ပင်​လယ်​နီ​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ဖြတ်​သန်း​ခဲ့ ကြ​၏။-
Ora, irmãos, não quero que ignoreis que nossos pais estiveram todos debaixo da nuvem, e todos passaram pelo mar.
2 သူ​တို့​သည်​ထို​မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​၌​မော​ရှေ ၏​တ​ပည့်​များ​အ​ဖြစ်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​၏။-
E todos foram batizados por Moisés na nuvem e no mar,
3 သူ​တို့​အား​လုံး​ပင်​ဋ္ဌမ္မ​အ​စာ​တစ်​မျိုး​တည်း ကို​စား​ကြ​ရ​၏။-
E todos comeram dum mesmo manjar espiritual,
4 ဋ္ဌမ္မ​ရေ​စာ​တစ်​မျိုး​တည်း​ကို​သောက်​ကြ​ရ​၏။ သူ တို့​အား​လုံး​ပင်​မိ​မိ​တို့​နှင့်​လိုက်​ပါ​လာ​သော ဋ္ဌမ္မ​ကျောက်​မှ​ရေ​ကို​သောက်​သုံး​ကြ​ရ​၏။ ထို ကျောက်​ကား​ခ​ရစ်​တော်​ပင်​ဖြစ်​သ​တည်း။-
E todos beberam de uma mesma bebida espiritual, porque bebiam da pedra espiritual que os seguia; e a pedra era Cristo.
5 သို့​ဖြစ်​စေ​ကာ​မူ​ထို​သူ​တို့​အ​နက်​လူ​အ​များ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ။ ထို့ ကြောင့်​သူ​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ကြေ ပျက်​စီး​ကြ​၏။
Mas Deus não se agradou da maior parte deles, pelo que foram prostrados no deserto.
6 ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-
E estas coisas foram-nos feitas em figuras, para que não cobicemos as coisas más, como eles cobiçaram.
7
Não vos façais pois idólatras, como alguns deles, conforme está escrito: O povo assentou-se a comer e a beber, e levantou-se para folgar.
8 ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ကာ​မ ဂုဏ်​မ​လိုက်​စား​ကြ​ရ။ သူ​တို့​အ​နက်​တစ် ရက်​အ​တွင်း​လူ​နှစ်​သောင်း​သုံး​ထောင်​မျှ​သေ ကြ​၏။-
E não forniquemos, como alguns deles fornicaram; e cairam mortos num dia vinte e três mil.
9 ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ရှင်​အား အ​ကဲ​မ​စမ်း​ကြ​နှင့်။ သူ​တို့ ကား​မြွေ​ကိုက်​၍​သေ​ခဲ့​ကြ​လေ​ပြီ။-
E não tentemos a Cristo, como alguns deles também tentaram, e pereceram pelas serpentes.
10 ၁၀ သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။
E não murmureis, como também alguns deles murmuraram, e pereceram pelo destruidor.
11 ၁၁ ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။ (aiōn g165)
Ora todas estas coisas lhes sobrevieram em figuras, e estão escritas para aviso nosso, para quem já são chegados os fins dos séculos. (aiōn g165)
12 ၁၂ မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။-
Aquele pois que cuida estar em pé, olhe não caia.
13 ၁၃ သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။
Não vos tomou tentação, senão humana; porém fiel é Deus, que vos não deixará tentar acima do que podeis, antes com a tentação dará também saída, para que a possais suportar.
14 ၁၄ သို့​ဖြစ်​၍​ချစ်​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​မှု​ကို ရှောင်​ကြဉ်​ကြ​လော့။-
Portanto, meus amados, fugi da idolatria.
15 ၁၅ သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-
Falo como a entendidos, julgai vós mesmos o que digo.
16 ၁၆ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-
Porventura o cálice de benção, que benzemos, não é a comunhão do sangue de Cristo? O pão que partimos não é porventura a comunhão do corpo de Cristo?
17 ၁၇ မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။
Porque nós, sendo muitos, somos um só pão e um só corpo: porque todos participamos do mesmo pão
18 ၁၈ ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-
Vede a Israel segundo a carne: os que comem os sacrifícios não são porventura participantes do altar?
19 ၁၉ သို့​ဖြစ်​၍​ရုပ်​တု​သို့​မ​ဟုတ်​ရုပ်​တု​အား​ပူ​ဇော် သော​အ​စား​အ​စာ​အ​ရေး​ကြီး​သည်​ဟု​ငါ ဆို​လို​သ​လော။-
Mas que digo? Que o ídolo é alguma coisa? Ou que o sacrificado ao ídolo é alguma coisa?
20 ၂၀ ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-
Antes digo que as coisas que os gentios sacrificam, as sacrificam aos demônios, e não a Deus. E não quero que sejais participantes com os demônios.
21 ၂၁ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​ခွက်​ဖ​လား​မှ စ​ပျစ်​ရည်​ကို​သောက်​၍ နတ်​မိစ္ဆာ​၏​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​လည်း​မ​သောက်​နိုင်။ သ​ခင် ဘု​ရား​၏​စား​ပွဲ​တော်​၌​စား​၍​နတ်​မိစ္ဆာ​များ ၏​စား​ပွဲ​၌​လည်း​မ​စား​နိုင်။-
Não podeis beber o cálice do Senhor e o cálice dos demônios: não podeis ser participantes da mesa do Senhor e da mesa dos demônios.
22 ၂၂ ငါ​တို့​သည်​သ​ခင်​ဘု​ရား​အား​ဆန့်​ကျင်​ဖက် ပြု​လို​ကြ​သ​လော။ ငါ​တို့​သည်​သ​ခင်​ဘု​ရား ထက်​ပို​၍​တန်​ခိုး​ကြီး​ကြ​သ​လော။
Ou irritaremos ao Senhor? Somos nós mais fortes do que ele?
23 ၂၃ ``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-
Todas as coisas me são licitas, mas nem todas as coisas convém: todas as coisas me são licitas, mas nem todas as coisas edificam.
24 ၂၄ အ​ဘယ်​သူ​မျှ​ကိုယ်​ကျိုး​ကို​မ​ရှာ​စေ​နှင့်။ သူ တစ်​ပါး​၏​အ​ကျိုး​ကို​သာ​လျှင်​ရှာ​စေ။
Ninguém busque o proveito próprio, antes cada um o que é de outrem.
25 ၂၅ သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။-
Comei de tudo quanto se vende no açougue, sem perguntar nada, por causa da consciência.
26 ၂၆ အ​ဘယ်​ကြောင့်​ဆို​သော်``ဤ​လော​က​နှင့်​တ​ကွ လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ပိုင်​တော်​မူ​၏'' ဟု​ကျမ်း​စာ​တော်​က​ဆို​၏။
Porque a terra é do Senhor, e toda a sua plenitude.
27 ၂၇ အ​ကယ်​၍​မ​ယုံ​ကြည်​သူ​လူ​တစ်​ယောက်​က သင်​တို့​အား ဧည့်​ခံ​ကျွေး​မွေး​ရန်​ခေါ်​ဖိတ်​သော အ​ခါ​သင်​တို့​သွား​လို​က​သွား​ကြ​လော့။ မိ​မိ တို့​၏​သြတ္တပ္ပ​စိတ်​ကို​ထောက်​၍​တည်​ခင်း​ကျွေး မွေး​သ​မျှ​တို့​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​စား​လော့။-
E, se algum dos infieis vos convidar, e quizerdes ir, comei de tudo o que se puser diante de vós, sem perguntar nada por causa da consciência.
28 ၂၈ သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ဤ​အ​ရာ သည်​ယဇ်​ပူ​ဇော်​သော​အ​သား​ဖြစ်​သည်'' ဟု ဆို​ပါ​မူ​ယင်း​သို့​ပြော​ဆို​သူ​ကို​လည်း​ကောင်း၊ သြတ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း​ထောက်​၍​ထို အ​သား​ကို​မ​စား​ကြ​နှင့်။-
Mas, se alguém vos disser: Isto foi sacrificado aos ídolos, não comais, por causa daquele que vos advertiu e por causa da consciência; porque a terra é do Senhor, e toda a sua plenitude.
29 ၂၉ သြတ္တပ္ပ​စိတ်​ဆို​ရာ​၌​သင်​တို့​၏​သြတ္တပ္ပ​စိတ်​ကို မ​ဆို​လို။ လာ​ပြော​သူ​၏​သြတ္တပ္ပ​စိတ်​ကို​ဆို လို​၏။ သင်​တို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ငါ​၏ လွတ်​လပ်​မှု​ကို​အ​ဘယ်​ကြောင့်​သူ​တစ်​ပါး ၏​သြတ္တပ္ပ​စိတ်​က​ချုပ်​ချယ်​ရ​ပါ​သ​နည်း။-
Digo, porém, a consciência, não a tua, mas a do outro. Pois porque há de a minha liberdade ser julgada pela consciência de outrem?
30 ၃၀ အ​ကယ်​၍​ငါ​သည်​မိ​မိ​စား​သောက်​သည့်​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။ ထို​သို့​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​စား​သောက်​သည့်​အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ့​အား​သူ​တစ်​ပါး​က​အ​ဘယ်​ကြောင့်​ဝေ​ဖန် ရ​ပါ​မည်​နည်း'' ဟု​မေး​လို​ပေ​လိမ့်​မည်။
E, se eu com graça participo, porque sou blasfemado naquilo por que dou graças?
31 ၃၁ သင်​တို့​သည်​စား​သည်​ဖြစ်​စေ၊ အ​ဘယ်​အ​မှု ကို​ပြု​သည်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​ဘုန်း အ​သ​ရေ​တော်​အ​တွက်​ပြု​ကြ​လော့။-
De sorte que, quer comais quer bebais, ou façais outra qualquer coisa, fazei tudo para glória de Deus.
32 ၃၂ ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-
Portai-vos de modo que não deis escândalo nem aos judeus, nem aos gregos, nem à igreja de Deus.
33 ၃၃ သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။
Como também eu em tudo agrado a todos, não buscando o meu próprio proveito, mas o de muitos, para que assim se possam salvar.

< ၁ ကောရိန္သု 10 >