< ၁ ကောရိန္သု 1 >
1 ၁ ဘုရားသခင်၏အလိုတော်အရ၊ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရ သောပေါလုနှင့်ငါတို့၏ညီသုဿင်ထံမှ၊-
Paulus vocatus Apostolus Iesu Christi per voluntatem Dei, et Sosthenes frater,
2 ၂ ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။
Ecclesiae Dei, quae est Corinthi, sanctificatis in Christo Iesu, vocatis sanctis, cum omnibus, qui invocant nomen Domini nostri Iesu Christi, in omni loco ipsorum, et nostro.
3 ၃ ငါတို့အဖဘုရားသခင်နှင့်အရှင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းသည် သင်တို့အပေါ်သို့သက်ရောက်ပါ စေသော။
Gratia vobis, et pax a Deo Patre nostro, et Domino Iesu Christo.
4 ၄ ငါသည်သင်တို့အားခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော် ကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၏။-
Gratias ago Deo meo semper pro vobis in gratia Dei, quae data est vobis in Christo Iesu:
5 ၅ သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ရှိသဖြင့်နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွအစစ အရာရာတွင်ကြွယ်ဝပြည့်စုံလျက်ရှိကြ၏။-
quod in omnibus divites facti estis in illo, in omni verbo, et in omni scientia:
6 ၆ ငါတို့ဟောပြောကြေညာသည့်ခရစ်တော် အကြောင်းသတင်းကောင်းသည် သင်တို့အထဲ တွင်အမြစ်စွဲလျက်ရှိ၏။-
sicut testimonium Christi confirmatum est in vobis:
7 ၇ သို့ဖြစ်၍အရှင်ယေရှုခရစ်ကြွလာတော်မူ မည်ကိုစောင့်မျှော်လျက်နေစဉ် သင်တို့မခံစား ကြရသည့်ကောင်းချီးမင်္ဂလာဟူ၍မရှိ။-
ita ut nihil vobis desit in ulla gratia, expectantibus revelationem Domini nostri Iesu Christi,
8 ၈ ငါတို့အရှင်ယေရှုခရစ်တရားစီရင်တော်မူရာ နေ့တွင် သင်တို့သည်အပြစ်နှင့်ကင်းစင်စေရန် ကိုယ်တော်သည်သင်တို့အားအဆုံးတိုင်အောင် တည်ကြည်စေတော်မူလိမ့်မည်။-
qui et confirmabit vos usque in finem sine crimine, in die adventus Domini nostri Iesu Christi.
9 ၉ ဘုရားသခင်သည်သစ္စာစောင့်တော်မူ၏။ ကိုယ်တော် သည်သင်တို့အားမိမိ၏သားတော်တည်းဟူသော ငါတို့အရှင်သခင်ယေရှုခရစ်နှင့်မိတ်သဟာယ ဖွဲ့စေရန် သင်တို့ကိုရွေးကောက်တော်မူပေသည်။
Fidelis Deus: per quem vocati estis in societatem filii eius Iesu Christi Domini nostri.
10 ၁၀ ညီအစ်ကိုတို့၊ ငါတို့အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြု၍သင်တို့အားတောင်း ပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမရှိစေရန်သင် တို့စကားအပြောအဆိုတွင်ညီညွတ်မှုရှိ ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့်စည်းလုံး မှုရှိကြလော့။-
Obsecro autem vos fratres per nomen Domini nostri Iesu Christi: ut idipsum dicatis omnes, et non sint in vobis schismata: sitis autem perfecti in eodem sensu, et in eadem scientia.
11 ၁၁ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။-
Significatum est enim mihi de vobis fratres mei ab iis, qui sunt Chloes, quia contentiones sunt inter vos.
12 ၁၂ သင်တို့တွင်တစ်ယောက်တစ်မျိုးစီပြောနေကြ ၏။ ``ငါသည်ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည်ကေဖ ၏တပည့်ဖြစ်သည်။ ငါသည်ခရစ်တော်၏တပည့် ဖြစ်သည်'' ဟုအသီးသီးပြောဆိုနေကြ၏။-
Hoc autem dico, quod unusquisque vestrum dicit: Ego quidem sum Pauli: ego autem Apollo: ego vero Cephae: ego autem Christi.
13 ၁၃ ခရစ်တော်သည်ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက်လက်ဝါးကပ်တိုင်ပေါ်မှာ အသေ ခံပါသလော။ သို့တည်းမဟုတ်သင်တို့သည် ပေါလု၏နာမကိုအမှီပြု၍ဗတ္တိဇံကိုခံ ယူခဲ့ကြပါသလော။
Divisus est Christus: Numquid Paulus crucifixus est pro vobis? aut in nomine Pauli baptizati estis?
14 ၁၄ ကရိပ္ပုနှင့်ဂါယုမှလွဲ၍သင်တို့အထဲမှမည်သူ့ ကိုမျှငါသည်ဗတ္တိဇံမပေးခဲ့ပါ။ ယင်းသို့မပေး မိသည့်အတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပါ၏။-
Gratias ago Deo meo, quod neminem vestrum baptizavi, nisi Crispum, et Caium:
15 ၁၅ သို့ဖြစ်၍သင်တို့သည်ငါ၏နာမကိုအမှီပြု ၍ဗတ္တိဇံခံယူကြသည်ဟုအဘယ်သူမျှ မပြောနိုင်။-
nequis dicat quod in nomine meo baptizati estis.
16 ၁၆ (သတေဖန်၏အိမ်သူအိမ်သားတို့ကိုလည်း ငါဗတ္တိဇံပေးခဲ့သည်။ ထိုသူတို့မှလွဲ၍ အခြားမည်သူ့ကိုမျှဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။-)
Baptizavi autem et Stephanae domum: ceterorum autem nescio si quem alium vestrum baptizaverim.
17 ၁၇ ခရစ်တော်ငါ့ကိုစေလွှတ်တော်မူသည်မှာ ဗတ္တိဇံပေးရန်မဟုတ်။ ခရစ်တော်လက်ဝါးကပ် တိုင်တွင်အသေခံခြင်းတန်ခိုးမပျက်မပြယ် စေရန် လူတို့၏ဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုအသုံးမပြုဘဲသတင်းကောင်းကို ကြေညာရန်ဖြစ်သည်။
Non enim misit me Christus baptizare, sed evangelizare: non in sapientia verbi, ut non evacuetur crux Christi.
18 ၁၈ လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
Verbum enim crucis pereuntibus quidem stultitia est: iis autem, qui salvi fiunt, id est nobis, Dei virtus est.
19 ၁၉ အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။ အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်'' ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။-
Scriptum est enim: Perdam sapientiam sapientium, et prudentiam prudentium reprobabo.
20 ၂၀ သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။ (aiōn )
Ubi sapiens? ubi scriba? ubi conquisitor huius saeculi? Nonne stultam fecit Deus sapientiam huius mundi? (aiōn )
21 ၂၁ လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
Nam quia in Dei sapientia non cognovit mundus per sapientiam Deum: placuit Deo per stultitiam praedicationis salvos facere credentes.
22 ၂၂ ယုဒအမျိုးသားတို့ကနိမိတ်လက္ခဏာများ ကိုတောင်းခံကြ၏။ ဂရိအမျိုးသားတို့က ဉာဏ်ပညာကိုရှာဖွေကြ၏။-
Quoniam et Iudaei signa petunt, et Graeci sapientiam quaerunt:
23 ၂၃ ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
nos autem praedicamus Christum crucifixum: Iudaeis quidem scandalum, Gentibus autem stultitiam,
24 ၂၄ သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-
ipsis autem vocatis Iudaeis, atque Graecis Christum Dei virtutem, et Dei sapientia:
25 ၂၅ ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
quia quod stultum est Dei, sapientius est hominibus: et quod infirmum est Dei, fortius est hominibus.
26 ၂၆ ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော် မူခြင်းမခံရမီ အခြေအနေကိုစဉ်းစားဆင် ခြင်ကြလော့။ လူတို့အမြင်အားဖြင့်သင်တို့ အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုး ဇာတိကြီးမြင့်သူဟူ၍များစွာမပါမရှိ ပေ။-
Videte enim vocationem vestram fratres, quia non multi sapientes secundum carnem, non multi potentes, non multi nobiles:
27 ၂၇ သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-
sed quae stulta sunt mundi elegit Deus, ut confundat sapientes: et infirma mundi elegit Deus, ut confundat fortia:
28 ၂၈ လောကတွင်အရေးပါအရာရောက်သည်ဟု ယူဆရသည့်အရာများကိုဖျက်ဆီးရန် အထင် သေးအမြင်သေးခံရသည့်အရာ၊ မထီမဲ့မြင် ပြုခြင်းခံရသည့်အရာ၊ မရေရာသည့်အရာ တို့ကိုရွေးချယ်တော်မူ၏။-
et ignobilia mundi, et contemptibilia elegit Deus, et ea, quae non sunt, ut ea quae sunt destrueret:
29 ၂၉ သို့ဖြစ်၍ဘုရားသခင်ရှေ့တော်၌အဘယ် သူမျှဝါကြွားစရာမရှိ။-
ut non glorietur omnis caro in conspectu eius.
30 ၃၀ ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
Ex ipso autem vos estis in Christo Iesu, qui factus est nobis sapientia a Deo, et iustitia, et sanctificatio, et redemptio:
31 ၃၁ ထို့ကြောင့်ကျမ်းစာလာသည်နှင့်အညီမည်သူ မဆိုဝါကြွားလိုလျှင် ဘုရားရှင်ပြုတော်မူ သောအမှုတော်အတွက်သာလျှင်ဝါကြွားစေ။
ut quemadmodum scriptum est: Qui gloriatur, in Domino glorietur.