< ၁ ရာဇဝင်ချုပ် 9 >
1 ၁ ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။-
全以色列都統計了,且記載在以色列列王實錄上。[充軍後耶路撒冷的居民]猶大人因犯罪作惡被擄往巴比倫去。
2 ၂ ပထမဦးဆုံးမိမိတို့၏ဘိုးဘွားပိုင်မြို့ ရွာများသို့ပြန်လည်ရောက်ရှိလာကြသူ များအထဲတွင် ဣသရေလအမျိုးသား ဝတ်ကြောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်ဗိမာန်တော်အလုပ် သမားများပါဝင်လေသည်။-
最初回來住在自己城內復業的,是以色列人、司祭、肋未人和獻身者。
3 ၃ ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။
遷回耶路撒冷的,有猶大、本雅明、厄弗辣因和默納協的子孫。
4 ၄ ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။
猶大的子孫中有:阿米胡得的兒子烏泰;阿米胡得是敖默黎的兒子,敖默黎是依默黎的兒子,依默黎是巴尼的兒子,巴尼是猶大的兒子培勒茲的兒子。
則辣黑的子孫中,有耶烏耳。他們同族兄弟共計六百九十人。
7 ၇ ဗင်္ယာမိန်အနွယ်ဝင်များဖြစ်ကြသော၊ ဟာသေနွာ၏သားဟောဒဝိ၊ဟောဒဝိ၏သား မေရှုလံ၊ မေရှုလံ၏သားသလ္လု၊ ယေရောဟံ၏သားဣဗနိယ၊ သြဇိ၏သား၊ မိခရိ၏မြေးဧလာ၊ ဣဗနိယ၏သားရွေလ၊ ရွေလ၏သား ရှေဖတိ တို့သည်ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
本雅明的子孫中,有默叔藍的兒子撒路;默叔藍是曷狄雅的兒子,曷狄雅是哈斯奴阿的兒子。
此外,尚有耶路罕的兒子依貝乃雅,烏齊的兒子厄拉;烏齊是米革黎的兒子;又有舍法提雅的兒子默叔藍,舍法提雅是勒烏耳的兒子,勒烏耳是依貝尼雅的兒子。
9 ၉ ဤအနွယ်မှထိုမြို့တွင်နေထိုင်သူအိမ်ထောင်စု များမှာကိုးရာ့ငါးဆယ့်ခြောက်စုရှိသတည်း။ အထက်တွင်ဖော်ပြပါရှိသောအမျိုးသား အားလုံးသည်အိမ်ထောင်ဦးစီးများဖြစ်ပေ သည်။
按家系他們同族兄弟,共計九百五十六人:這些人都是各家族的族長。
10 ၁၀ ယေရုရှလင်မြို့တွင် အောက်ပါယဇ်ပုရော ဟိတ်များသီတင်းသုံးနေထိုင်ကြသည်။ ယေဒါယ၊ယောယရိပ်နှင့်ယာခိန်၊ မေရှုလံ၊ဇာဒုတ်၊မရာယုတ်၊အဟိတုပ်တို့မှ ဆင်းသက်လာသူဟိလခိ၏သား (ဗိမာန်တော်မှူးချုပ်) အာဇရိ။ ပါရှုရနှင့်မာလခိတို့မှဆင်းသက်လာသူ ယေရောဟံ၏သားအဒါယ။ ယာဇေရ၊ မေရှုလံ၊ မေရှိလမုတ်နှင့် ဣမေရ တို့မှဆင်းသက်လာသူအဒေလ၏သား မာရှဲတို့ဖြစ်ကြ၏။
司祭中,有耶達雅、約雅黎布、雅津,
和希耳克雅的兒子阿匝黎雅;希耳克雅是默叔藍的兒子,默叔藍是匝多克的兒子、匝多克是默辣約特的兒子,默辣約特是阿希突布的兒子,阿希突布是天主聖殿之長。
此外,有耶洛罕的兒子阿達雅;耶洛罕是帕市胡爾的兒子,帕市胡爾是瑪耳基雅的兒子;還有阿狄耳的兒子瑪賽;阿狄耳是雅赫則辣的兒子,雅赫則辣是默叔藍的兒子,默叔藍是默史肋米特的兒子,默史肋米特是依默爾的兒子;
13 ၁၃ အိမ်ထောင်ဦးစီးများဖြစ်ကြသည့်ယဇ်ပုရော ဟိတ်တို့၏အရေအတွက်မှာ စုစုပေါင်းတစ် ထောင့်ခုနစ်ရာခြောက်ဆယ်ဖြစ်၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ဆောင်ရွက်ရသောအမှု ကိစ္စမှန်သမျှတို့တွင်အထူးကျွမ်းကျင်သူ များဖြစ်ကြ၏။
連他們同族的兄弟,家族的族長,共計一千七百六十人,為天主聖殿服務,都是有本領的人。
14 ၁၄ အောက်ပါလေဝိအနွယ်ဝင်တို့သည်ယေရုရှလင် မြို့တွင်နေထိုင်ကြ၏။ မေရာရိသားချင်းစုဝင်၊ ဟာရှဘိနှင့်အာဇရိကံ တို့မှ ဆင်းသက်လာသောဟာရှုပ်၏သားရှေမာရ။ ဗာကဗက္ကာ၊ဟေရက်နှင့်ဂလာလ။ အာသပ်၊ဇိခရိတို့မှဆင်းသက်လာသော မိက္ခာ၏သားမဿနိ။ ဂလာလ၊ ယေဒုသုံတို့မှဆင်းသက်လာ သော ရှေမာယ၏သားသြဗဒိ။ ဧလကာန၏မြေး၊အာသ၏သားဗေရခိ၊ ဧလကာနသည်နေတောဖာသိမြို့အပိုင် နယ်မြေသားဖြစ်၏။
肋未人中,有哈叔布的兒子舍瑪雅;哈叔布是阿次黎岡的兒子,阿次黎岡是哈沙彼雅的兒子:以上默辣黎的子孫。
還有巴刻巴卡、赫勒士、加拉耳和米加的兒子瑪塔尼雅;米加是齊革黎的兒子,齊革黎是阿撒夫的兒子;
還有舍瑪雅的兒子敖巴狄雅;舍瑪雅是加拉耳的兒子,加拉耳是耶杜通的兒子;還有阿撒的兒子貝勒基雅;阿撒是厄耳卡納的兒子;厄耳卡納居住在乃托法人的村莊內。
17 ၁၇ ယေရုရှလင်မြို့တွင်နေထိုင်သည့်ဗိမာန်တော် အစောင့်တပ်သားများမှာရှလ္လုံ၊ အက္ကုပ်၊ တာ လမုန်နှင့်အဟိမန်တို့ဖြစ်၏။ ရှလ္လုံသည်သူ တို့၏ခေါင်းဆောင်တည်း။-
守門者中,有沙隆、阿谷布、塔耳孟和阿希曼;他們的兄弟沙隆為首,
18 ၁၈ သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။
直到現今他們看守東面的王門;他們曾作過肋未營內的守門者。
19 ၁၉ ဘုရားသခင်၏တဲစခန်းကိုဘိုးဘေးတို့ တာဝန်ယူ၍စောင့်ရကြသကဲ့သို့ ဧဗျာသပ် ၏မြေး၊ ကောရ၏သားရှလ္လုံသည်မိမိ၏ အမျိုးသားများဖြစ်ကြသော အခြား ကောရသိသားချင်းစုဝင်တို့နှင့်အတူ သန့်ရှင်းမြင့်မြတ်သည့်တဲတော်အဝင်ဝ ကိုစောင့်ရန်တာဝန်ယူရ၏။-
沙隆是科勒的兒子,科勒是阿彼雅撒夫的兒子,阿彼雅撒夫是科辣黑的兒子;他家族內的兄弟科辣黑人擔任敬禮的工作,看守會幕的門檻;他們的祖先曾在上主的軍營中防守營門。
20 ၂၀ ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
厄肋阿匝爾的兒子丕乃哈斯曾作過他們的首領。─願天主與他們同在!
21 ၂၁ မေရှိလမိ၏သားဇာခရိသည်လည်း ထာဝရဘုရားကိန်းဝပ်ရာတဲတော် တံခါးစောင့်ဖြစ်၏။
默舍肋米雅的兒子則加黎雅曾看守會幕的大門。
22 ၂၂ အဝင်ဝနှင့်တံခါးပေါက်များအတွက် အစောင့်တပ်သားများအဖြစ် ရွေးချယ်ခန့် ထားခြင်းခံရသူများမှာ လူပေါင်းနှစ်ရာ တစ်ဆယ့်နှစ်ယောက်ရှိသတည်း။ ထိုသူတို့ အားမိမိတို့နေထိုင်ရာရပ်ရွာများအလိုက် မှတ်တမ်းတင်ထား၏။ သူတို့၏ဘိုးဘေးများ အားဤသို့တာဝန်ရှိသည့်အလုပ်ကိုပေး အပ်ခဲ့သူများမှာဒါဝိဒ်မင်းနှင့်ပရော ဖက်ရှမွေလတို့ဖြစ်၏။-
被選看守門檻的,共計二百一十二人。他們曾在本村莊內登過記,達味和先見者撒慕爾給他們派定了這職務。
23 ၂၃ ထိုအစောင့်တပ်သားများနှင့်သားမြေးတို့ သည် ဆက်လက်၍ဗိမာန်တော်အဝင်တံခါး များကိုစောင့်ရကြ၏။-
他們和自己的子孫在天主的聖殿,即會幕門口任守衛之職,
24 ၂၄ ဗိမာန်တော်၏အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင်တံခါးတစ်ပေါက် စီရှိ၏။ ထိုတံခါးတစ်ပေါက်စီတွင်တံခါး မှူးတစ်ယောက်စီရှိ၏။-
守衛東西南北四方的大門。
25 ၂၅ ယင်းတံခါးမှူးတို့အားရွာများတွင်နေထိုင် ကြသူဆွေမျိုးသားချင်းတို့က တစ်ကြိမ် လျှင်ခုနစ်ရက်အလှည့်ကျတံခါးစောင့် အလုပ်တွင်ကူညီရကြလေသည်။-
在村莊住的同族兄弟,每七天應依時來同他們換班,
26 ၂၆ တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
因為四位守門之長是肋未人,應常值班看守天主聖殿的廂房和庫房。
27 ၂၇ သူတို့၏တာဝန်ဝတ္တရားမှာဗိမာန်တော်ကို စောင့်ရန်နှင့် တံခါးများကိုနံနက်တိုင်းဖွင့် ပေးရန်ဖြစ်သဖြင့် သူတို့သည်ဗိမာန်တော် အနီးတွင်နေထိုင်ရကြ၏။
所以應在天主聖殿的四周過夜,因為他們有守護和每晨開門的職責。
28 ၂၈ အချို့သောလေဝိအနွယ်ဝင်တို့သည်ကိုးကွယ် ဝတ်ပြုရာ၌အသုံးပြုသောခွက်ဖလားများ ကိုတာဝန်ယူရကြ၏။ ခွက်ဖလားများကို အသုံးပြုသည့်အခါတိုင်း စစ်ဆေး၍ထုတ် ပေးပြီးနောက်စစ်ဆေး၍ပြန်လည်လက်ခံ ရကြ၏။-
他們中有些人照著行禮的器皿,依數取出,原數送回;
29 ၂၉ အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-
有些人照管用具,即聖所內的一切用具,以及麵粉、酒、油、乳香和香料;
30 ၃၀ သို့ရာတွင်နံ့သာမျိုးတို့ကိုပေါင်းစပ်ရော နှောသည့်အလုပ်မှာမူ ယဇ်ပုရောဟိတ်တို့ ၏တာဝန်ဖြစ်ပေသည်။
但用香料配製香液是司祭子孫的職務。
31 ၃၁ ကောရဆွေမျိုးစုမှရှလ္လုံ၏သားဦးမတ္တိသိ နာမည်ရှိသောလေဝိအနွယ်ဝင်တစ်ယောက် သည် မီးဖြင့်ဖုတ်လုပ်ရသည့်ပူဇော်သကာ များကိုတာဝန်ယူ၍ပြင်ဆင်ရ၏။-
肋未人瑪提提雅,科辣黑族人沙隆的長子,負責照管烤餅的事。
32 ၃၂ ကောဟတ်သားချင်းတွင်ပါဝင်သူတို့သည် ဥပုသ်နေ့တိုင်းဗိမာန်တော်အတွက်ရှေ့ တော်မုန့်ကိုပြင်ဆင်ရကြ၏။
他們的兄弟刻哈特的子孫,每安息日照料備製供餅的事。
33 ၃၃ လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
這些是歌詠員......肋未家族的族長,住在廂房內,不做別的事,只日夜執行自己的職務。
34 ၃၄ အထက်တွင်ဖော်ပြပါရှိသောအမျိုးသား တို့သည် မိမိတို့ဘိုးဘေးအဆက်အနွယ် စာရင်းများအရလေဝိအိမ်ထောင်ဦးစီး များဖြစ်ကြ၏။ သူတို့သည်ယေရုရှလင် မြို့တွင်နေထိုင်သည့်ခေါင်းဆောင်များဖြစ် ပေသည်။
以上是肋未家族按家系,在耶路撒冷的族長。[撒烏耳的祖先和後裔]
35 ၃၅ ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။-
住在基貝紅的,有基貝紅的父親耶依耳,他的妻子名叫瑪阿加。
36 ၃၆ သူ၏သားဦးကားအာဗဒုန်ဖြစ်၏။ သူ၏ အခြားသားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
他的長子阿貝冬、其次是族爾,克士、巴耳、乃爾、納達布、
37 ၃၇ ဂေဒေါ်၊ အဟိသြ၊ ဇာခရိ၊ မိကလုတ်တို့ ဖြစ်ကြ၏။-
革多爾、阿希約、則加黎雅和米刻羅特。
38 ၃၈ မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့၏ သားမြေးများသည် မိမိတို့၏အနွယ်ဝင် အခြားအိမ်ထောင်စုများနှင့်ယှဉ်တွဲ၍ ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
米刻羅特生史曼;他們兄弟彼此為鄰,住在耶路撒冷。
39 ၃၉ နေရ၏သားသည်ကိရှ၊ ကိရှ၏သားသည် ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလ ခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍သား လေးယောက်ရှိ၏။-
乃爾生克士,克士生撒烏耳,撒烏耳生約納堂、瑪耳基叔亞、阿彼納達布和依市巴耳。
40 ၄၀ ယောနသန်၏သားသည်မေရိဗ္ဗာလ၊ မေရိဗ္ဗာလ ၏သားမှာမိက္ခာဖြစ်၏။-
約納堂的兒子:默黎巴耳;默黎巴耳生米加、
41 ၄၁ မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်ဟူ ၍သားလေးယောက်ရှိ၏။-
米加的兒子:丕東、默肋客、塔勒亞和阿哈茲。
42 ၄၂ အာခတ်၏သားသည်ယာရဖြစ်၏။ ယာရတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍သား သုံးယောက်ရှိ၏။ ဇိမရိ၏သားသည်မောဇ၊-
阿哈茲生約阿達,約阿達生阿肋默特、阿次瑪委特和齊默黎;齊默黎生摩匝,
43 ၄၃ မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်၏။
摩匝生彼納;彼納的兒子勒法雅,勒法雅的兒子厄拉撒,厄拉撒的兒子阿責耳;
44 ၄၄ အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်ဟူ၍သားခြောက်ယောက် ရှိ၏။
阿責耳有六個兒子,他們的名字是:阿次黎岡、波革魯、依市瑪耳、沙黎雅、敖巴狄雅和哈南:以上是阿責耳的兒子。