< ၁ ရာဇဝင်ချုပ် 7 >
1 ၁ ဣသခါတွင်တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ဟူ၍သားလေးယောက်ရှိ၏။
Of the sons of Issachar: Tola, Puah, Jashub, and Shimron, four.
2 ၂ တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။
The sons of Tola: Uzzi, Rephaiah, Jeriel, Jahmai, Ibsam, and Shemuel, heads of their fathers’ houses, of Tola; mighty men of valour in their generations. Their number in the days of David was twenty-two thousand and six hundred.
3 ၃ သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-
The son of Uzzi: Izrahiah. The sons of Izrahiah: Michael, Obadiah, Joel, and Isshiah, five; all of them chief men.
4 ၄ သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။
With them, by their generations, after their fathers’ houses, were bands of the army for war, thirty-six thousand; for they had many wives and sons.
5 ၅ အစိုးရမှတ်တမ်းများအရဣသခါ၏သား ချင်းစုထဲမှအိမ်ထောင်စုရှိသမျှတို့တွင် စစ် မှုထမ်းရန်အရည်အချင်းရှိသူလူပေါင်း ရှစ်သောင်းခုနစ်ထောင်ရှိ၏။
Their brothers amongst all the families of Issachar, mighty men of valour, listed in all by genealogy, were eighty-seven thousand.
6 ၆ င်္ဗယာမိန်တွင်ဗေလ၊ ဗေခါ၊ ယေဒယေလ ဟူ၍သားသုံးယောက်ရှိ၏။
The sons of Benjamin: Bela, Becher, and Jediael, three.
7 ၇ ဗေလတွင်ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိ မုတ်၊ ဣရိဟူ၍သားငါးယောက်ရှိ၏။ သူတို့ သည်မိမိတို့သားချင်းစုထဲတွင်အိမ်ထောင် ဦးစီးများ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲ များဖြစ်ကြ၏။ သူတို့၏သားမြေးများထဲ တွင်စစ်မှုထမ်းရန်အရည်အချင်းပြည့်သူ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက် ရှိ၏။
The sons of Bela: Ezbon, Uzzi, Uzziel, Jerimoth, and Iri, five; heads of fathers’ houses, mighty men of valour; and they were listed by genealogy twenty-two thousand and thirty-four.
8 ၈ ဗေခါတွင်ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိ သြနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာန သုတ်၊ အာလမက်ဟူ၍သားကိုးယောက်ရှိ၏။-
The sons of Becher: Zemirah, Joash, Eliezer, Elioenai, Omri, Jeremoth, Abijah, Anathoth, and Alemeth. All these were the sons of Becher.
9 ၉ အစိုးရမှတ်တမ်းအရသူတို့၏သားမြေး များတွင် အိမ်ထောင်စုအလိုက်စစ်မှုထမ်းရန် အရည်အချင်းပြည့်သူများမှာ လူပေါင်း နှစ်သောင်းနှစ်ရာယောက်ရှိ၏။
They were listed by genealogy, after their generations, heads of their fathers’ houses, mighty men of valour, twenty thousand and two hundred.
10 ၁၀ ယေဒယေလတွင်ဗိလဟန်ဟူသောသား တစ်ယောက်ရှိ၏။ ဗိလဟန်တွင်ယုရှ၊ င်္ဗယာမိန်၊ ဧဟုတ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိ ရှဟာဟူ၍သားခုနစ်ယောက်ရှိ၏။-
The son of Jediael: Bilhan. The sons of Bilhan: Jeush, Benjamin, Ehud, Chenaanah, Zethan, Tarshish, and Ahishahar.
11 ၁၁ သူတို့အားလုံးသည်မိမိတို့သားချင်းစု ထဲမှအိမ်ထောင်ဦးစီးများ၊ ထင်ပေါ်ကျော် စောသောစစ်သူရဲများဖြစ်ကြ၏။ သူတို့ ၏သားမြေးများတွင်စစ်မှုထမ်းရန်အရည် အချင်းပြည့်သူလူပေါင်းတစ်သောင်းခုနစ် ထောင့်နှစ်ရာယောက်ရှိသည်။-
All these were sons of Jediael, according to the heads of their fathers’ households, mighty men of valour, seventeen thousand and two hundred, who were able to go out in the army for war.
12 ၁၂ ရှုပိမ်နှင့်ဟုပိမ်တို့သည်လည်းဤအနွယ်စု တွင်ပါဝင်ကြသတည်း။ ဒန်တွင်ဟုရှိမ်ဟူသောသားတစ်ယောက်ရှိ၏။
So were Shuppim, Huppim, the sons of Ir, Hushim, and the sons of Aher.
13 ၁၃ နဿလိတွင်ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံ ဟူ၍သားလေးယောက်ရှိ၏။ (သူတို့သည် ဗိလဟာ၏သားမြေးများဖြစ်သတည်း။)
The sons of Naphtali: Jahziel, Guni, Jezer, Shallum, and the sons of Bilhah.
14 ၁၄ မနာရှေသည်အာရမိအမျိုးသမီးမယား ငယ်နှင့်ရသောသားနှစ်ယောက်မှာ အာသရေလ နှင့်မာခိရဖြစ်၏။ မာခိရ၏သားသည်ဂိလဒ် ဖြစ်၏။-
The sons of Manasseh: Asriel, whom his concubine the Aramitess bore. She bore Machir the father of Gilead.
15 ၁၅ မာခိရသည်ဟုပိမ်နှင့်ရှုပိမ်တို့အတွက်အိမ် ထောင်ဖက်များကိုရှာ၍ပေး၏။ သူ့နှမ ၏နာမည်မှာမာခါဖြစ်၏။ မာခိရ၏ဒုတိယ သားမှာဇလောဖတ်ဖြစ်၍ထိုသူ၌သမီး များသာလျှင်ရှိလေသည်။
Machir took a wife of Huppim and Shuppim, whose sister’s name was Maacah. The name of the second was Zelophehad; and Zelophehad had daughters.
16 ၁၆ မာခိရ၏ဇနီးမာခါသည်သားနှစ်ယောက် ကိုဖွားမြင်လေသည်။ သူတို့အားပေရက်နှင့် ရှေရက်ဟုနာမည်မှည့်၏။ ပေရက်တွင်ဥလံ နှင့်ရေကင်ဟူသောသားနှစ်ယောက်ရှိ၏။-
Maacah the wife of Machir bore a son, and she named him Peresh. The name of his brother was Sheresh; and his sons were Ulam and Rakem.
17 ၁၇ ဥလံတွင်ဗေဒန်နာမည်တွင်သောသားတစ် ယောက်ရှိလေသည်။ ဤသူတို့ကားမာခိရ ၏သား၊ မနာရှေ၏မြေးဂိလဒ်မှဆင်းသက် လာသူများဖြစ်ကြ၏။
The sons of Ulam: Bedan. These were the sons of Gilead the son of Machir, the son of Manasseh.
18 ၁၈ ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
His sister Hammolecheth bore Ishhod, Abiezer, and Mahlah.
19 ၁၉ (ရှမိဒတွင်အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံဟူ၍သားလေးယောက်ရှိ၏။)
The sons of Shemida were Ahian, Shechem, Likhi, and Aniam.
20 ၂၀ အဖနှင့်သားနာမည်များအစဉ်အလိုက် အရ ဧဖရိမ်၏သားမြေးစာရင်းမှာဧဖရိမ်၊ ရှုသေလ၊ ဗေရက်၊ တာဟတ်၊ ဧလာဒ၊ တာဟတ်၊-
The sons of Ephraim: Shuthelah, Bered his son, Tahath his son, Eleadah his son, Tahath his son,
21 ၂၁ ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။-
Zabad his son, Shuthelah his son, Ezer, and Elead, whom the men of Gath who were born in the land killed, because they came down to take away their livestock.
22 ၂၂ ဖခင်ဖြစ်သူဧဖရိမ်သည်သားနှစ်ယောက် အတွက် ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်နေသဖြင့် သူ၏ညီအစ်ကို များလာရောက်၍သူ့အားနှစ်သိမ့်ကြ၏။-
Ephraim their father mourned many days, and his brothers came to comfort him.
23 ၂၃ ထိုနောက်သူသည်မိမိ၏ဇနီးနှင့်ကိုယ်လက် နှီးနှောပြန်သဖြင့် ဇနီးသည်တွင်ကိုယ်ဝန် ရှိ၍သားတစ်ယောက်ကိုဖွားမြင်လေသည်။ သူတို့သည်မိမိတို့အိမ်ထောင်သို့ဆိုက်ရောက် ခဲ့သောဒုက္ခကိုအကြောင်းပြု၍ထိုသား အားဗေရိယဟုနာမည်မှည့်ကြ၏။
He went in to his wife, and she conceived and bore a son, and he named him Beriah, because there was trouble with his house.
24 ၂၄ ဧဖရိမ်တွင်ရှေရနာမည်တွင်သောသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန် မြို့နှင့်သြဇင်ရှေရမြို့တို့ကိုတည်ထောင် သူဖြစ်၏။
His daughter was Sheerah, who built Beth Horon the lower and the upper, and Uzzen Sheerah.
25 ၂၅ ဧဖရိမ်တွင်ရေဖဟုနာမည်တွင်သော သားတစ်ယောက်ရှိ၏။ သူ၏သားမြေးများ မှာရေရှပ်၊ တေလ၊ တာဟန်၊ လာဒန်၊ အမိ ဟုဒ်၊ ဧလိရှမာ၊ နုန်၊ ယောရှုတို့ဖြစ်ကြ၏။
Rephah was his son, Resheph his son, Telah his son, Tahan his son,
Ladan his son, Ammihud his son, Elishama his son,
Nun his son, and Joshua his son.
28 ၂၈ သူတို့သိမ်းယူ၍အခြေစိုက်နေထိုင်ကြ သည့်နယ်မြေတွင်အရှေ့သို့လားသော်နာရန် မြို့အထိ၊ ထိုမြို့နှင့်ဗေသလမြို့နှင့်အနီး တစ်ဝိုက်ရှိမြို့များ၊ အနောက်သို့လားသော် ဂေဇာမြို့အထိ၊ ထိုမြို့နှင့်အနီးတစ်ဝိုက် ရှိမြို့များပါဝင်၏။ ရှေခင်မြို့၊ အာရမြို့နှင့် ယင်းတို့၏အနီးတစ်ဝိုက်ရှိမြို့များလည်း ပါ၏။
Their possessions and settlements were Bethel and its towns, and eastward Naaran, and westward Gezer with its towns; Shechem also and its towns, to Azzah and its towns;
29 ၂၉ မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။ ဤမြို့တို့သည်ယာကုပ်၏သားဖြစ်သူ ယောသပ်၏သားမြေးတို့နေထိုင်ရာဖြစ် သတည်း။
and by the borders of the children of Manasseh, Beth Shean and its towns, Taanach and its towns, Megiddo and its towns, and Dor and its towns. The children of Joseph the son of Israel lived in these.
30 ၃၀ အာရှာ၏သားမြေးများမှာအောက်ပါ အတိုင်းဖြစ်၏။ အာရှာတွင်ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယဟူသောသားလေးယောက် နှင့်စေရဟူသောသမီးတစ်ယောက်ရှိ၏။
The sons of Asher: Imnah, Ishvah, Ishvi, and Beriah. Serah was their sister.
31 ၃၁ ဗေရိယတွင်ဟေဗာနှင့်မာလကျေလ ဟူသောသားနှစ်ယောက်ရှိ၏။ (မာလကျေလ သည်ဗိရဇာဝိတ်မြို့ကိုတည်ထောင်သည်။)
The sons of Beriah: Heber and Malchiel, who was the father of Birzaith.
32 ၃၂ ဟေဗာတွင်ယာဖလက်၊ ရှောမာ၊ ဟောသံဟူ သောသားသုံးယောက်နှင့်ရှုအာဟူသော သမီးတစ်ယောက်ရှိ၏။
Heber became the father of Japhlet, Shomer, Hotham, and Shua their sister.
33 ၃၃ ယာဖလက်တွင်ပါသက်၊ ဗိမဟာလ၊ အာရှဝတ်ဟူ၍သားသုံးယောက်ရှိ၏။
The sons of Japhlet: Pasach, Bimhal, and Ashvath. These are the children of Japhlet.
34 ၃၄ ယာဖလက်၏ညီရှောမာတွင်ရောဂ၊ ယေဟုဗ္ဗ၊ အာရံဟူ၍သားသုံးယောက်ရှိ၏။
The sons of Shemer: Ahi, Rohgah, Jehubbah, and Aram.
35 ၃၅ သူ၏ညီငယ်ဟောသံတွင်ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလဟူ၍သားလေးယောက်ရှိ၏။
The sons of Helem his brother: Zophah, Imna, Shelesh, and Amal.
36 ၃၆ ဇောဖ၏သားမြေးများမှာသုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊-
The sons of Zophah: Suah, Harnepher, Shual, Beri, Imrah,
37 ၃၇ ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတို့ ဖြစ်၏။
Bezer, Hod, Shamma, Shilshah, Ithran, and Beera.
38 ၃၈ ယေသာ၏သားမြေးများမှာယေဖုန္န၊ ပိသပ၊ အာရတို့ဖြစ်၏။-
The sons of Jether: Jephunneh, Pispa, and Ara.
39 ၃၉ ဥလ္လ၏သားမြေးများမှာအာရ၊ ဟံယေလ၊ ရေဇိယတို့ဖြစ်သတည်း။
The sons of Ulla: Arah, Hanniel, and Rizia.
40 ၄၀ ဤသူအပေါင်းတို့သည်အာရှာ၏သားမြေး များဖြစ်ကြ၏။ သူတို့သည်အိမ်ထောင်ဦးစီး များ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲများ၊ ထူးချွန်သောခေါင်းဆောင်များဖြစ်ပေသည်။ သူတို့တွင်စစ်မှုထမ်းရန်အရည်အချင်း ရှိသူလူပေါင်းနှစ်သောင်းခြောက်ထောင်ရှိ သတည်း။
All these were the children of Asher, heads of the fathers’ houses, choice and mighty men of valour, chief of the princes. The number of them listed by genealogy for service in war was twenty-six thousand men.