< ၁ ရာဇဝင်ချုပ် 6 >
1 ၁ လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။
Levis Söhne sind Gersom, Kehat und Merari.
2 ၂ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သားလေးယောက်ရှိ၏။
Kehats Söhne sind Amram, Ischar, Chebron und Uzziel.
3 ၃ အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
Amrams Kinder sind Aaron, Moses und Mirjam. Aarons Söhne sind Nadab, Abihu, Eleazar und Itamar.
4 ၄ အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ဧလဇာ၏သားမြေးစာရင်းမှာဧလဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာမရိ၊ အဟိတုပ်၊-
Eleazar zeugte Pinechas und Pinechas den Abisu.
Abisu zeugte Bukki und Bukki den Uzzi.
Uzzi zeugte Zerachja und Zerachja den Merajot.
Merajot zeugte Amarja und Amarja den Achitub.
Achitub zeugte Sadok und Sadok den Achimaas.
9 ၉ အာဇရိ၊ ယောဟနန်ဟူ၍လည်းကောင်း၊
Achimaas zeugte Azarja und Azarja den Jochanan,
10 ၁၀ (ရှောလမုန်မင်းယေရုရှလင်မြို့တွင်တည် ဆောက်သည့်ဗိမာန်တော်တွင်အမှုတော်ဆောင် သူ) အာဇရိ၊-
Jochanan zeugte Azarja - das ist der, der im Hause, das Salomo in Jerusalem gebaut, Priesterdienste getan hat.
11 ၁၁ အာမရိ၊ အဟိတုပ်၊
Azarja aber zeugte Amarja und Amarja den Achitub.
Achitub zeugte Sadok und Sadok den Sallum.
Sallum zeugte Chilkia und Chilkia den Azarja.
14 ၁၄ စရာယ၊ ယောဇဒက်ဟူ၍လည်းကောင်းဖြစ် သတည်း။
Azarja zeugte Seraja und Seraja den Josadak.
15 ၁၅ ဘုရားသခင်သည်နေဗုခဒ်နေဇာမင်းကို အသုံးပြု၍ ယုဒပြည်သူပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ပြည်နှင် ဒဏ်ပေးသောအခါယောဇဒက်လည်းပါ သွားလေသည်။
Josadak aber ist fortgezogen, als der Herr Juda und Jerusalem durch Nebukadrezar wegführen ließ.
16 ၁၆ လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။-
Levis Söhne sind Gersom, Kehat und Merari.
17 ၁၇ သူတို့သုံးယောက်စလုံးတွင်လည်းသားများ ရှိ၏။ ဂေရရှုံ၏သားများသည်လိဗနိနှင့် ရှိမိဖြစ်၏။-
Dies sind die Namen der Söhne Gersoms: Libni und Simi.
18 ၁၈ ကောဟတ်၏သားများမှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ဖြစ်၏။-
Kehats Söhne sind Amram, Ishar, Chebron und Uzziel.
19 ၁၉ မေရာရိ၏သားများကားမဟာလိနှင့်မုရှိ ဖြစ်သတည်း။
Meraris Söhne sind Machli und Musi. Dies sind die Sippen der Leviten nach ihren Familien:
20 ၂၀ အဖနှင့်သားနာမည်များအစဉ်လိုက် အတိုင်း ဂေရရှုံ၏သားမြေးစာရင်းမှာ ဂေရရှုံ၊ လိဗနိ၊ ယာဟတ်၊ ဇိမ္မ၊-
Von Gersom stammt sein Sohn Libni, dessen Sohn Jachat, dessen Sohn Zimma,
21 ၂၁ ယောအာ၊ ဣဒ္ဒေါ၊ ဇေရ၊ ယာတရဲဟူ၍ဖြစ်၏။
dessen Sohn Joach, dessen Sohn Iddo, dessen Sohn Zerach und dessen Sohn Jeatrai.
22 ၂၂ အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊-
Kehats Söhne sind sein Sohn Amminadab, dessen Sohn Korach, dessen Sohn Assir,
23 ၂၃ ဧလကာန၊ ဧဗျာသပ်၊ အဿိရ၊
dessen Sohn Elkana, dessen Sohn Abjasaph, dessen Sohn Assir,
24 ၂၄ တာဟပ်၊ ဥရေလ၊ သြဇိ၊ ရှောလဟူ၍ဖြစ်၏။
dessen Sohn Tachat, dessen Sohn Uriel, dessen Sohn Uzzia und dessen Sohn Saul.
25 ၂၅ ဧလကာနတွင်အာမသဲနှင့် အဟိမုတ်ဟူ သောသားနှစ်ယောက်ရှိ၏။-
Elkanas Söhne sind Amasai und Achimot,
26 ၂၆ အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း အဟိမုတ်၏သားမြေးစာရင်းမှာ အဟိမုတ်၊ ဧလကာန၊ ဇော်ဖဲ၊ နာဟတ်၊-
dessen Sohn Elkana. Elkanas Söhne sind sein Sohn Sophai, dessen Sohn Nachat,
27 ၂၇ ဧလျာဘ၊ ယေရောဟံနှင့်ဧလကာနဟူ၍ ဖြစ်၏။
dessen Sohn Eliab, dessen Sohn Jerocham, dessen Sohn Elkana und dessen Sohn Samuel.
28 ၂၈ ရှမွေလတွင်သားကြီးယောလနှင့် သားငယ် အဘိယဟူ၍သားနှစ်ယောက်ရှိ၏။
Samuels Söhne sind der Erstgeborene Joel und der zweite Abia.
29 ၂၉ အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း မေရာရိ၏သားမြေးစာရင်းမှာမေရာရိ၊ မဟာလိ၊ လိဗနိ၊ ရှိမိ၊ သြဇ၊-
Meraris Söhne sind Machli, dessen Sohn Libni, dessen Sohn Simei, dessen Sohn Uzza,
30 ၃၀ ရှိမာ၊ ဟ္ဂျာနှင့်အသာယဟူ၍ဖြစ်၏။
dessen Sohn Simea, dessen Sohn Chaggia und dessen Sohn Asaja.
31 ၃၁ ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။-
Diese sind es, die David für den Gesang in des Herrn Haus bestellt hat, nachdem die Lade einen Ruheort gefunden hatte.
32 ၃၂ သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
Sie hatten den Dienst im Gesang vor der Wohnung des Bundeszeltes, bis Salomo das Haus des Herrn zu Jerusalem baute. Und sie taten ihren Dienst nach ihrer Vorschrift.
33 ၃၃ ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။
Diese amteten samt ihren Söhnen: von den Söhnen der Kehatiter der Sänger Heman, Joels Sohn und Enkel Samuels,
des Sohnes Elkanas und Enkels Jerochams, des Sohnes Eliabs und Enkels Tochis,
des Sohnes Suphs und Enkels Elkanas des Sohnes Machats und Enkels Amasais,
des Sohnes Elkanas und Enkels Joels, des Sohnes Azajas und Enkels Sephanjas,
des Sohnes Tachats und Enkels Assirs, des Sohnes Ebjasaphs und Enkels Korachs,
des Sohnes Ishars und Enkels Kehats, des Sohnes Levis und Enkels Israels.
39 ၃၉ ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။
Sein Bruder ist Asaph, sein erster Gehilfe. Asaph, Berekjas Sohn und Enkel Simeas,
des Sohnes Mikaels und Enkels Baasejas, des Sohnes Malkias,
des Sohnes Etnis und Enkels Zerachs, des Sohnes Adajas,
des Sohnes Etans und Enkels Zimmas, des Sohnes Simis,
des Sohnes Jochats und Enkels Gersoms, des Levisohnes.
44 ၄၄ မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။
Meraris Söhne, ihre Brüder, waren ihre zweiten Gehilfen. Etan, Kisis Sohn und Enkel Abdis, des Sohnes Malluks,
des Sohnes Chasabjas und Enkels Amasjas, des Sohnes Chilkias,
des Sohnes Amsis und Enkels Banis, des Sohnes Semers,
des Sohnes Machlis und Enkels Musis, des Sohnes Meraris und Enkels Levis.
48 ၄၈ ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။
Ihre Brüder, die Leviten, waren für den ganzen Dienst an der Wohnung des Gotteshauses bestellt.
49 ၄၉ အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။-
Aaron aber und seine Söhne räucherten an dem Brandopferaltar und an dem Räucheraltar, ebenso bei allen Diensten am Allerheiligsten und bei der Entsühnung Israels, genau nach der Vorschrift, die der Diener Gottes, Moses, gegeben hatte.
50 ၅၀ အာရုန်၏သားမြေးများစာရင်းမှာအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊-
Dies sind Aarons Söhne: sein Sohn Eleazar, dessen Sohn Pinechas, dessen Sohn Abisu,
51 ၅၁ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊- မရာယုတ်၊ အာမရိ၊ အဟိတုပ်၊ ဇာဒုတ်၊ အဟိမတ်ဟူ၍ဖြစ်၏။
dessen Sohn Bukki, dessen Sohn Uzzi, dessen Sohn Zerachja,
dessen Sohn Merajot, dessen Sohn Amarja, dessen Sohn Achitub,
dessen Sohn Sadok und dessen Sohn Achimaas.
54 ၅၄ ကောဟတ်သားချင်းစုဖြစ်သော၊ အာရုန် ၏သားမြေးများပထမဆုံးဝေစုအဖြစ်ဖြင့် ခွဲဝေပေးခြင်းခံရသည့်နယ်မြေများမှာ ယုဒနယ်မှဟေဗြုန်မြို့နှင့်ပတ်ဝန်းကျင် ရှိမြက်ခင်းများဖြစ်၏။-
Dies sind ihre Wohnsitze nach ihren Zeltlagern in ihrem Gebiet: Den Aaronssöhnen, der Kehatitersippe - denn auf sie fiel das Los -,
gab man im Lande Juda Hebron und seine Weidetriften ringsumher.
56 ၅၆ ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
Das Feld der Stadt aber und ihre Gehöfte hatte man Jephunnes Sohn Kaleb gegeben.
57 ၅၇ အာရုန်၏သားမြေးတို့အားခွဲဝေပေးသည့်မြို့ များမှာ အပြစ်လွတ်ငြိမ်းခွင့်ရရန်ခိုလှုံရာဖြစ် သောဟေဗြုန်မြို့၊ ယတ္တိယမြို့၊ လိဗန၊ ဧရှတမော၊ ဟောလုန်၊ ဒေဗိရ၊ အာရှန်ဗက်ရှေမက်မြို့များ နှင့်ထိုမြို့တို့နှင့်သက်ဆိုင်ရာမြက်ခင်းများ ဖြစ်ပေသည်။-
Den Aaronssöhnen aber hatte man die Zufluchtsstädte Hebron und Libna samt ihren Weidetriften übergeben, ferner Jattir und Estemoa mit den Ihrigen,
Cholon mit seinen Weidetriften, Debir,
Asan und Betsemes je mit seinen Weidetriften.
60 ၆၀ သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
Vom Stamme Benjamin: Geba mit seinen Weidetriften und Anatot mit den seinigen. Die Gesamtzahl ihrer Städte ist dreizehn samt ihren Familien,
61 ၆၁ ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
Die übrigen Kehatsstädte erhielten von den Sippen des Stammes Ephraim, vom Stamme Dan und vom Halbstamme Manasse zehn Städte durch das Los.
62 ၆၂ ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
Gersoms Söhne erhielten nach ihren Sippen vom Stamme Issakar, vom Stamme Asser, vom Stamme Naphtali und vom Manassestamme in Basan dreizehn Städte.
63 ၆၃ ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-
Meraris Söhne erhielten nach ihren Sippen vom Stamme Ruben, vom Stamme Gad und vom Stamme Zabulon zwölf Städte durch das Los.
64 ၆၄ ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။-
So gaben die Israeliten den Leviten die Städte samt den Weidetriften.
65 ၆၅ (အထက်ဖော်ပြပါယုဒနယ်၊ ရှိမောင်နယ်၊ င်္ဗယာမိန်နယ်တို့မှမြို့တို့ကိုလည်းမဲချ၍ ခွဲဝေပေးကြ၏။)
Man gab durchs Los vom Stamme der Judasöhne, von dem der Simeonsöhne und dem der Söhne Benjamins jene Städte, die namentlich genannt sind.
66 ၆၆ ကောဟတ်သားချင်းစုထဲမှအချို့သောအိမ် ထောင်စုတို့သည် ဧဖရိမ်နယ်မှမြို့များနှင့် မြက်ခင်းများကိုရရှိကြ၏။-
Bei den Sippen der Kehatssöhne rühren die Städte ihres Loses vom Stamm Ephraim her.
67 ၆၇ ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-
Man gab ihnen die Zufluchtsstädte Sichem mit seinen Weidetriften auf dem Gebirge Ephraim, Gezer mit den seinigen,
Ajjalon und Gat Rimmon je mit ihren Weidetriften.
70 ၇၀ ထိုသူတို့သည်အနောက်ပိုင်းမနာရှေနယ်မှ အနေရမြို့၊ ဗိလံမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုရရှိကြ၏။
Und vom Halbstamm Manasse Aner mit seinen Weidetriften und Bileam mit den seinigen, und zwar den Sippen der übrigen Kehatssöhne.
71 ၇၁ ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
Gersoms Söhne erhielten von der Sippe des Halbstammes Manasse in Basan Golan mit seinen Weidetriften und Astarot mit den Ihrigen
72 ၇၂ ဣသာခါနယ်မှကေဒေရှမြို့၊ ဒါဗရတ်မြို့၊
und vom Stamme Issakar Kedes mit seinen Weidetriften, Dobrat,
73 ၇၃ ရာမုတ်မြို့၊ အာနင်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
Ramot und Anem je mit ihren Weidetriften
74 ၇၄ အာရှာနယ်မှမိရှလမြို့၊ အာဗဒုန်မြို့၊
und vom Stamme Asser Masal mit seinen Weidetriften, Abdon,
75 ၇၅ ဟုကုတ်၊ ရဟောဘမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
Chukok und Rechob je mit den Ihrigen,
76 ၇၆ နဿလိနယ်မှဂါလိလဲပြည်ရှိကေဒေရှမြို့၊ ဟမ္မုန်မြို့၊ ကိရယသိမ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရ ရှိကြ၏။
und vom Stamme Naphtali in Galiläa Kedes mit seinen Weidetriften und Chammon und Kirjatim je mit den seinigen.
77 ၇၇ မေရာရိသားချင်းစုမှကြွင်းကျန်နေသော အိမ်ထောင်စုတို့သည် ဇာဗုလုန်နယ်မှရိမ္မုန်မြို့၊ တာဗော်မြို့နှင့်ယင်းတို့၏အနီးတစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
Die übrigen Merarisöhne erhielten vom Stamme Zabulon Rimmon und Tabor je mit ihren Weidetriften,
78 ၇၈ ရုဗင်နယ်မှယေရိခေါမြို့၏အလွန်ယော်ဒန် မြစ်အရှေ့ဘက်ကမ်း၊ ယာဇကုန်းပြင်မြင့်ပေါ် ရှိဗေဇာမြို့၊-
und jenseits des Jordans östlich vom Jordan, vom Stamme Ruben in der Steppe Beser mit seinen Weidetriften Ichsa,
79 ၇၉ ကေဒမုတ်မြို့၊ မေဖတ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
Kedemot und Mephaat je mit den Ihrigen
80 ၈၀ ဂဒ်နယ်မှဂိလဒ်ပြည်ရာမုတ်မြို့၊ မဟာနိမ်မြို့၊
und vom Stamme Gad in Gilead Ramot, Machanaim,
81 ၈၁ ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။
Chesbon und Jazer je mit ihren Weidetriften.