< ၁ ရာဇဝင်ချုပ် 5 >
1 ၁ ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
Rubens barn, första Israels sons, ty han var förste sonen; men derföre, att han sins fäders säng besmittade, vardt hans förstfödslorätt gifven Josephs barnom, Israels sons; och han vardt icke räknad till förstfödslona.
2 ၂ ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)-
Ty Juda, som mägtig var ibland sina bröder, honom vardt Förstadömet för honom gifvet, och Joseph förstfödslorätten.
3 ၃ ယာကုပ်၏သားဦးဖြစ်သူရုဗင်တွင်ဟာ နုတ်၊ ဖာလု၊ ဟေဇရုံနှင့်ကာမိဟူ၍သား လေးယောက်ရှိ၏။-
Så äro nu Rubens, första Israels sons, barn: Hanoch, Pallu, Hezron och Charmi.
4 ၄ အဖနှင့်သားနာမည်များအစဉ်အလိုက် အတိုင်း ယောလ၏သားမြေးစာရင်းမှာရှေ မာယ၊ ဂေါဂ၊ ရှေမိ၊ မိက္ခ၊ ရာယ၊ ဗာလနှင့် ဗေရာဟူ၍ဖြစ်၏။ အာရှုရိပြည်ကိုအစိုး ရသောဧကရာဇ်ဘုရင်တိဂလတ်ပိလေ သာသည် အနွယ်ခေါင်းဆောင်ဗေရာကို ဖမ်းဆီး၍ပြည်နှင်ဒဏ်ပေးလေသည်။
Joels barn voro: Semaja. Hans son var Gog. Hans son var Simei.
Hans son var Micha. Hans son var Reaja. Hans son var Baal.
Hans son var Beera, hvilken ThiglathPilneser, Konungen i Assyrien, bortförde fången; han är en Förste ibland de Rubeniter.
7 ၇ အိမ်ထောင်စုမှတ်တမ်းများအရရုဗင် အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ မှာ ယေယေလ၊ ဇာခရိနှင့်၊-
Men hans bröder i deras ätter, då de i deras börd räknade vordo, hade Jegiel och Zacharia för höfvitsmän.
8 ၈ ဗေလတို့ဖြစ်၏။ ဗေလသည်အာဇတ်၏သား ရှေမ၏မြေးဖြစ်၍ ယောလ၏သားချင်းစု ဝင်ဖြစ်ပေသည်။ ထိုသားချင်းစုသည်အာရော် မြို့တွင်လည်းကောင်း၊ ထိုမြို့မြောက်ဘက်နေ ဗောမြို့၊ ဗာလမောင်မြို့တို့တိုင်အောင်ရောက် ရှိသည့်နယ်မြေဒေသတွင်လည်းကောင်း နေထိုင်ကြလေသည်။-
Och Bela, Asas son, Serna sons, Joels sons, han bodde i Aroer, och intill Nebo och BaalMeon;
9 ၉ ဂိလဒ်ပြည်တွင်သူတို့၏သိုးအုပ်၊ နွားအုပ် ကြီးများပွားများ၍လာသဖြင့် သူတို့၏ နယ်မြေသည်အရှေ့ဘက်သဲကန္တာရအဆုံး ဥဖရတ်မြစ်သို့တိုင်အောင်ကျယ်ပြန့်၏။
Och bodde emot öster intill man kommer till öknena vid den älfvena Phrath; förty deras boskap var mycken i Gileads land.
10 ၁၀ ရှောလုမင်းလက်ထက်၌ရုဗင်အနွယ်ဝင် တို့သည် ဟာဂရအမျိုးသားတို့ကိုတိုက် ခိုက်သတ်ဖြတ်ကာ ဂိလဒ်ပြည်အရှေ့ဘက် ပိုင်းကိုသိမ်းယူလေသည်။
Och i Sauls tid förde de örlig emot de Hagariter, så att de föllo genom desses hand, och bodde i deras hyddor, in mot alla den östra ängden Gilead.
11 ၁၁ ဂဒ်အနွယ်ဝင်တို့သည်ရုဗင်အနွယ်ဝင်တို့ နေထိုင်ရာအရပ်၏ မြောက်ဘက်ရှိဗာရှန် ပြည်တွင်နေထိုင်ကြ၏။ သူတို့၏ဒေသ သည်သလကာမြို့တိုင်အောင်ကျယ်ပြန့်၏။-
Gads barn bodde tvärtöfver ifrå dem, uti de landena Basan, allt intill Salcha:
12 ၁၂ ယောလသည်အရေးအကြီးဆုံးသားချင်း စုကိုတည်ထောင်၍ရှာဖံကား ဒုတိယအရေး ကြီးဆုံးသားချင်းစုကိုတည်ထောင်သတည်း။ ဗာရှန်ပြည်တွင်အခြားသားချင်းစုတို့ ကိုတည်ထောင်သူများမှာယာနဲနှင့်ရှာဖတ် တို့ဖြစ်၏။-
Joel den främste, Sapham den andre, Jaenai och Saphat i Basan.
13 ၁၃ အခြားအနွယ်ဝင်တို့သည်အောက်ပါသား ချင်းစုများဖြစ်ကြသောမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာနှင့်ယေဗာ တို့တွင်ပါဝင်ကြ၏။-
Och deras bröder i deras fäders hus voro: Michael, Mesullam, Seba, Jorai, Jaecan, Sia och Eber, de sju.
14 ၁၄ သူတို့သည်ဟုရိ၏သားအဘိဟဲလမှ ဆင်းသက်လာသူများဖြစ်ပေသည်။ အဘိ ဟဲလ၏ဘိုးဘေးများမှာဟုရိ၊ ယာရော်၊ ဂိလဒ်၊ မိက္ခေလ၊ ယေရှိရှဲ၊ ယာဒေါ၊ ဗုဇာဟိ တို့ဖြစ်သတည်း။-
Desse äro Abihails barn, Huri sons, Jaroahs sons, Gileads sons, Michaels sons, Jesisai sons, Jahdo sons, Bus sons.
15 ၁၅ အာဗဒျေလ၏သားဂုနိ၏မြေးအာဟိ သည် ထိုသားချင်းစုတို့၏ဦးစီးခေါင်း ဆောင်ဖြစ်သည်။-
Ahi, Abdiels son, Guni sons, var en öfverste uti deras fäders hus;
16 ၁၆ သူတို့သည်ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်ရှိ မြို့များတွင်လည်းကောင်း၊ ရှာရုန်မြက်ခင်း များတစ်လျှောက်တွင်လည်းကောင်းနေထိုင် ကြ၏။-
Och bodde uti Gilead i Basan, och i dess döttrar, och i alla Sarons förstäder, allt intill dess ändar.
17 ၁၇ (ဤစာရင်းမှတ်တမ်းများမှာယုဒဘုရင် ယောသံမင်းနှင့် ဣသရေလဘုရင်ယေရော ဗောင်မင်းတို့၏လက်ထက်၌ပြုစုရေးသား သောမှတ်တမ်းများဖြစ်သတည်း။)
Desse vordo alle räknade i Jothams, Juda Konungs, och Jerobeams, Israels Konungs tid.
18 ၁၈ ရုဗင်၊ ဂဒ်နှင့်အရှေ့ပိုင်းမနာရှေတို့တွင် လေး၊ ဋ္ဌား၊ ဒိုင်းလွှားကိုင်ဆောင်မှုတွင်ကောင်း စွာကျင်လည်သူ စစ်သားပေါင်းလေးသောင်း လေးထောင်ခုနစ်ရာ့ခြောက်ဆယ်ရှိ၏။-
Rubens barn, de Gaditers, och de halfva slägtenes Manasse, voro stridsamme män, som sköld och svärd föra och båga spänna kunde, och förfarne till att strida; de voro fyra och fyratio tusend, och sjuhundrad och sextio, som i här drogo.
19 ၁၉ သူတို့သည်ဟာဂရအနွယ်များဖြစ်ကြ သောယေတုရ၊ နာဖိရှ၊ နောဒပ်သားချင်းစု တို့နှင့်စစ်တိုက်ကြ၏။-
Och då de stridde med de Hagariter, hulpo dem Jetur, Naphis och Nodab;
20 ၂၀ ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။-
Och gåfvo de Hagariter i deras händer, och allt det som med dem var; förty de ropade till Gud i stridene, och han bönhörde dem; ty de trodde till honom.
21 ၂၁ သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။-
Och de förde bort deras boskap, femtiotusend camelar, tuhundrad och femtio tusend får, tutusend åsnar, och hundradtusend menniskors själar.
22 ၂၂ ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။
Och der föllo månge såre; ty striden var af Gudi. Och de bodde i deras stad allt intill den tiden de fångne vordo.
23 ၂၃ အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
De halfva slägtenes Manasse barn bodde i de landena, ifrå Basan allt intill BaalHermon och Senir, och det berget Hermon, och de voro månge.
24 ၂၄ သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။
Och desse voro höfvitsmän till deras fäders hus: Epher, Jisei, Eliel, Asriel, Jeremia, Hodavia, Jahdiel; väldige, mägtige män, och namnkunnige höfvitsmän uti deras fäders husom.
25 ၂၅ သို့ရာတွင်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားကိုသစ္စာဖောက်ကြ၏။ သူတို့ သည်မိမိတို့၏တိုင်းပြည်မှဘုရားသခင် နှင်ထုတ်ထားတော်မူသောသူတို့၏ဘုရား ကိုကိုးကွယ်ဝတ်ပြုရန်ကိုယ်တော်ကိုစွန့် ပစ်ကြ၏။-
Och då de förtogo sig emot deras fäders Gud, och i horeri gingo efter de folks gudar der i landena, som Gud för dem förgjort hade,
26 ၂၆ သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
Uppväckte Israels Gud Phuls anda, Konungens i Assyrien, och ThiglathPilnesers anda, Konungens i Assyrien, och förde bort de Rubeniter, Gaditer och den halfva slägtena Manasse, och lät komma dem till Halah och Hober och Hara, och till den älfvena Gosan, allt intill denna dag.