< ၁ ရာဇဝင်ချုပ် 5 >

1 ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-
And [the] sons of Reuben [the] firstborn of Israel for he [was] the firstborn and when profaned he [the] beds of father his it was given birthright his to [the] sons of Joseph [the] son of Israel and not to have themselves enrolled to the birthright.
2 ယု​ဒ​အ​နွယ်​သည်​ခွန်​အား​အ​ကြီး​မား​ဆုံး ဖြစ်​လာ​၍ အ​နွယ်​စု​အ​ပေါင်း​တို့​အ​တွက် မင်း​ပေါ်​ထွန်း​ခဲ့​၏။)-
For Judah he was strong among brothers his and to a leader [was] from him and the birthright [belonged] to Joseph.
3 ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​တွင်​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ​နှင့်​ကာ​မိ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-
[the] sons of Reuben [the] firstborn of Israel Hanoch and Pallu Hezron and Carmi.
4 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​တိုင်း ယော​လ​၏​သား​မြေး​စာ​ရင်း​မှာ​ရှေ မာ​ယ၊ ဂေါ​ဂ၊ ရှေ​မိ၊ မိက္ခ၊ ရာ​ယ၊ ဗာ​လ​နှင့် ဗေ​ရာ​ဟူ​၍​ဖြစ်​၏။ အာ​ရှု​ရိ​ပြည်​ကို​အ​စိုး ရ​သော​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ သာ​သည် အ​နွယ်​ခေါင်း​ဆောင်​ဗေ​ရာ​ကို ဖမ်း​ဆီး​၍​ပြည်​နှင်​ဒဏ်​ပေး​လေ​သည်။
[the] descendants of Joel Shemaiah son his Gog son his Shimei son his.
5
Micah son his Reaiah son his Baal son his.
6
Beerah son his whom he took into exile Tiglath-pileser [the] king of Assyria he [was] a leader of the Reubenite[s].
7 အိမ်​ထောင်​စု​မှတ်​တမ်း​များ​အ​ရ​ရု​ဗင် အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ မှာ ယေ​ယေ​လ၊ ဇာ​ခ​ရိ​နှင့်၊-
And relatives his to clans his by genealogical enrolment to generations their [were] the chief Jeiel and Zechariah.
8 ဗေ​လ​တို့​ဖြစ်​၏။ ဗေ​လ​သည်​အာ​ဇတ်​၏​သား ရှေ​မ​၏​မြေး​ဖြစ်​၍ ယော​လ​၏​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။ ထို​သား​ချင်း​စု​သည်​အာ​ရော် မြို့​တွင်​လည်း​ကောင်း၊ ထို​မြို့​မြောက်​ဘက်​နေ ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တို့​တိုင်​အောင်​ရောက် ရှိ​သည့်​နယ်​မြေ​ဒေ​သ​တွင်​လည်း​ကောင်း နေ​ထိုင်​ကြ​လေ​သည်။-
And Bela [the] son of Azaz [the] son of Shema [the] son of Joel he [was] dwelling in Aroer and to Nebo and Baal Meon.
9 ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။
And to the east he dwelt till to [the] entrance of [the] wilderness from the river Euphrates for livestock their they had increased in [the] land of Gilead.
10 ၁၀ ရှော​လု​မင်း​လက်​ထက်​၌​ရု​ဗင်​အ​နွယ်​ဝင် တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို​တိုက် ခိုက်​သတ်​ဖြတ်​ကာ ဂိ​လဒ်​ပြည်​အ​ရှေ့​ဘက် ပိုင်း​ကို​သိမ်း​ယူ​လေ​သည်။
And in [the] days of Saul they made war with the Hagrites and they fell by hand their and they dwelt in tents their on all [the] face of [the] east of Gilead.
11 ၁၁ ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်​တို့ နေ​ထိုင်​ရာ​အ​ရပ်​၏ မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​တွင်​နေ​ထိုင်​ကြ​၏။ သူ​တို့​၏​ဒေ​သ သည်​သ​လ​ကာ​မြို့​တိုင်​အောင်​ကျယ်​ပြန့်​၏။-
And [the] descendants of Gad to before them they dwelt in [the] land of Bashan to Salecah.
12 ၁၂ ယော​လ​သည်​အ​ရေး​အ​ကြီး​ဆုံး​သား​ချင်း စု​ကို​တည်​ထောင်​၍​ရှာ​ဖံ​ကား ဒု​တိ​ယ​အ​ရေး ကြီး​ဆုံး​သား​ချင်း​စု​ကို​တည်​ထောင်​သ​တည်း။ ဗာ​ရှန်​ပြည်​တွင်​အ​ခြား​သား​ချင်း​စု​တို့ ကို​တည်​ထောင်​သူ​များ​မှာ​ယာ​နဲ​နှင့်​ရှာ​ဖတ် တို့​ဖြစ်​၏။-
Joel [was] the chief and Shapham [was] the second and Janai and Shaphat in Bashan.
13 ၁၃ အ​ခြား​အ​နွယ်​ဝင်​တို့​သည်​အောက်​ပါ​သား ချင်း​စု​များ​ဖြစ်​ကြ​သော​မိက္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ​နှင့်​ယေ​ဗာ တို့​တွင်​ပါ​ဝင်​ကြ​၏။-
And relatives their to [the] house of ancestors their Michael and Meshullam and Sheba and Jorai and Jakan and Zia and Eber seven.
14 ၁၄ သူ​တို့​သည်​ဟု​ရိ​၏​သား​အ​ဘိ​ဟဲ​လ​မှ ဆင်း​သက်​လာ​သူ​များ​ဖြစ်​ပေ​သည်။ အ​ဘိ ဟဲ​လ​၏​ဘိုး​ဘေး​များ​မှာ​ဟု​ရိ၊ ယာ​ရော်၊ ဂိ​လဒ်၊ မိက္ခေ​လ၊ ယေ​ရှိ​ရှဲ၊ ယာ​ဒေါ၊ ဗု​ဇာ​ဟိ တို့​ဖြစ်​သ​တည်း။-
These - [were] [the] sons of Abihail [the] son of Huri [the] son of Jaroah [the] son of Gilead [the] son of Michael [the] son of Jeshishai [the] son of Jahdo [the] son of Buz.
15 ၁၅ အာ​ဗ​ဒျေ​လ​၏​သား​ဂု​နိ​၏​မြေး​အာ​ဟိ သည် ထို​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း ဆောင်​ဖြစ်​သည်။-
Ahi [the] son of Abdiel [the] son of Guni [was] chief of [the] house of ancestors their.
16 ၁၆ သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။-
And they dwelt in Gilead in Bashan and in daughters its and in all [the] pasture lands of Sharon on (extremities their. *LA(bh)*)
17 ၁၇ (ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)
All of them they had themselves enrolled in [the] days of Jotham [the] king of Judah and in [the] days Jeroboam [the] king of Israel.
18 ၁၈ ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။-
[the] descendants of Reuben and [the] Gadite[s] and [the] half of [the] tribe of Manasseh from [the] sons of strength men [who] carried shield and sword and [who] bent a bow and [who] were trained of warfare forty and four thousand and seven hundred and sixty [those who] went forth of war.
19 ၁၉ သူ​တို့​သည်​ဟာ​ဂ​ရ​အ​နွယ်​များ​ဖြစ်​ကြ သော​ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒပ်​သား​ချင်း​စု တို့​နှင့်​စစ်​တိုက်​ကြ​၏။-
And they made war with the Hagrites and Jetur and Naphish and Nodab.
20 ၂၀ ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။-
And they were helped on them and they were given in hand their the Hagrites and all [those] who [were] with them for to God they had cried out in the battle and he was entreated by them for they trusted in him.
21 ၂၁ သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။-
And they took captive livestock their camels their fifty thousand and sheep two hundred and fifty thousand and donkeys two thousand and person[s] of humankind one hundred thousand.
22 ၂၂ ဤ​စစ်​ပွဲ​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် အ​ရ​ဖြစ်​သ​ဖြင့် ရန်​သူ​အ​များ​အ​ပြား သေ​ကြ​ကုန်​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြည်​နှင်​ဒဏ်​ခံ​ရ ချိန်​မ​တိုင်​မီ ထို​ပြည်​တွင်​ဆက်​လက်​နေ ထိုင်​ကြ​၏။
For slain [ones] many they fell for [was] from God the battle and they dwelt in place of them until the exile.
23 ၂၃ အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။-
And [the] descendants of [the] half of [the] tribe of Manasseh they dwelt in the land from Bashan to Baal Hermon and Senir and [the] mountain of Hermon they they multiplied.
24 ၂၄ သူ​တို့​သား​ချင်း​စု​ခေါင်း​ဆောင်​များ​မှာ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော ဒ​ဝိ​နှင့်​ယာ​ဒျေ​လ​တို့​ဖြစ်​ကြ​၏။ ထို​သူ​တို့ အား​လုံး​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ ဖြစ်​၍ မိ​မိ​တို့​၏​သား​ချင်း​စု​များ​ပေါ်​တွင် ထင်​ပေါ်​ကျော်​စော​သူ​များ​ဖြစ်​ကြ​၏။
And these [were] [the] chiefs of [the] house of ancestors their and Epher and Ishi and Eliel and Azriel and Jeremiah and Hodaviah and Jahdiel men mighty of strength men of names chiefs of [the] house of ancestors their.
25 ၂၅ သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​ကို​သစ္စာ​ဖောက်​ကြ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​တိုင်း​ပြည်​မှ​ဘု​ရား​သ​ခင် နှင်​ထုတ်​ထား​တော်​မူ​သော​သူ​တို့​၏​ဘု​ရား ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ကိုယ်​တော်​ကို​စွန့် ပစ်​ကြ​၏။-
And they acted unfaithfully against [the] God of ancestors their and they played [the] prostitute after [the] gods of [the] peoples of the land which he had destroyed God from before them.
26 ၂၆ သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။
And he stirred up [the] God of Israel [the] spirit of - Pul [the] king of Assyria and [the] spirit of Tiglath-pileser [the] king of Assyria and he took into exile them to the Reubenite[s] and to the Gadite[s] and to [the] half of [the] tribe of Manasseh and he brought them to Halah and Habor and Hara and [the] river of Gozan until the day this.

< ၁ ရာဇဝင်ချုပ် 5 >