< ၁ ရာဇဝင်ချုပ် 4 >
1 ၁ ယုဒ၏သားများမှာဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတို့ဖြစ်၏။-
Juda barn voro: Perez, Hezron, Charmi, Hur och Sobal.
2 ၂ ရှောဗာလ၏သားသည်ရာယ၊ ရာယ၏သား မှာယာဟတ်၊ ယာဟတ်၏သားများကား အဟုမဲနှင့်လာဟဒ်ဖြစ်သတည်း။ ထိုသူ နှစ်ဦးတို့သည်ဇောရေသိတွင်နေထိုင်ကြ သောသူတို့၏ဘိုးဘေးများဖြစ်ကြ၏။
Men Reaja, Sobals son, födde Jahath. Jahath födde Ahumai och Lahad. Det äro de Zorgathiters slägter.
3 ၃ ဟုရသည်ဖခင်ဖြစ်သူကာလက်၏ဇနီးဧဖ ရတ်မှမွေးသောသားဦးဖြစ်၍ သူ၏သားမြေး တို့သည်ဗက်လင်မြို့ကိုတည်ထောင်ကြ၏။ ဟုရ တွင်ဧတံ၊ ပေနွေလ၊ ဧဇာဟူသောသားသုံး ယောက်ရှိ၏။ ဧတံတွင်ယေဇရေလ၊ ဣရှမ နှင့်ဣဒဗတ်ဟူသောသားသုံးယောက်နှင့် ဟာဇလေလပေါနိဟူသောသမီးတစ် ယောက်ရှိ၏။ ပေနွေလသည်ဂေဒေါ်မြို့ကို တည်ထောင်၍ဧဇာသည်ဟုရှမြို့ကိုတည် ထောင်၏။
Detta är den fadrens Ethams slägte: Jisreel, Jisma, Jidbas; och deras syster het Hazelelponi.
Och Pnuel, Gedors fader, och Eser, Husa fader. Det äro Hurs barn, den första Ephrata sons, BethLehems faders.
5 ၅ တေကောမြို့ကိုတည်ထောင်သူအာရှုရတွင် ဟေလနှင့်နာရနာမည်တွင်သောမယား နှစ်ယောက်ရှိ၏။-
Men Ashur, Thekoa fader, hade två hustrur: Helea och Naara.
6 ၆ နာရသည်အဟုဇံ၊ ဟေဖာ၊ တေမနိနှင့် ဟာဟရှ တာရိဟူသောသားလေးယောက်ကိုဖွားမြင်၍၊-
Och Naara födde honom Ahusam, Hepher, Themeni, Ahastari. Det äro Naara barn.
7 ၇ ဟေလသည်ဇေရက်၊ ယေဇော်၊ ဧသနန်ဟူ သောသားသုံးယောက်ကိုဖွားမြင်လေသည်။
Men Helea barn voro: Zereth, Jesohar och Ethnan.
8 ၈ ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။
Men Coz födde Anub, och Hazobeba, och de Aharhels slägter, Harums sons.
9 ၉ ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။-
Men Jabez var härligare än hans bröder; och hans moder kallade honom Jabez; ty hon sade: Jag hafver födt honom med bekymmer.
10 ၁၀ ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
Och Jabez åkallade Israels Gud, och sade: Om du välsignar mig, och förvidgar mina gränsor, och din hand blifver med mig, och så skaffar med det onda, att det mig intet bekymrar. Och Gud lät ske som han bad.
11 ၁၁ ရှုအာ၏မောင်ကာလက်တွင်မဟိရဟူသော သားတစ်ယောက်ရှိ၏။ မဟိရ၏သားမှာဧရှ တုန်တည်း။-
Men Chelub, Suahs broder, födde Mehir, det är Esthons fader.
12 ၁၂ ဧရှတုန်တွင်ဗက်ရာဖ၊ ပါသာ၊ တေဟိန္နဟူ၍ သားသုံးယောက်ရှိ၏။ တေဟိန္နသည်နာဟက် မြို့ကိုတည်ထောင်သူဖြစ်၏။ ထိုသူ၏သားမြေး များသည်ရေခါအရပ်တွင်နေထိုင်ကြလေ သည်။
Men Esthon födde Bethrapha, Paseah och Thehinna, fadren till den staden Nahas. Det äro de män af Recha.
13 ၁၃ ကေနတ်တွင်သြသံယေလနှင့်စရာယဟူ သောသားနှစ်ယောက်ရှိ၏။ သြသံယေလတွင် လည်းဟာသတ်နှင့်မောနောသဲဟူသောသားနှစ် ယောက်ရှိ၏။-
Kenas barn voro: Athniel och Seraja. Athniels barn voro: Hathath.
14 ၁၄ မောနောသဲ၏သားမှာသြဖရာတည်း။ စရာယ၏သားသည်လက်မှုပညာသည်ချိုင့်ဝှမ်း ကိုတည်ထောင်သူယွာဘဖြစ်၏။ ထိုချိုင့်ဝှမ်း တွင်နေထိုင်သူအပေါင်းတို့ကားလက်မှုပညာ ကျွမ်းကျင်သူအလုပ်သမားများဖြစ်သတည်း။
Och Meonothai födde Ophra. Och Seraja födde Joab, en fader åt de timbermän i dalenom; ty de voro timbermän.
15 ၁၅ ယေဖုန္န၏သားဖြစ်သောကာလက်တွင်ဣရု၊ ဧလာ၊ နာမဟူသောသားသုံးယောက်ရှိ၏။ ဧလာ၏ သားမှာကေနတ်ဖြစ်၏။
Calebs barn, Jephunne sons, voro: Iru, Ela och Naam. Ela barn voro: Kenas.
16 ၁၆ ယေဟလလေလတွင်ဇိဖ၊ ဇိဖာ၊ တိရိ နှင့်အာသရေလဟူသောသားလေးယောက် ရှိ၏။
Jehaleleels barn voro: Siph, Sipha, Thiria och Asareel.
17 ၁၇ ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။
Esra barn voro: Jether, Mered, Epher och Jalon, och Thahar med MirJam, Sammai, Jisbah Esthemoa fader.
Och hans hustru Judija födde Jered, Gedors fader, Heber, Socho fader, Jekuthiel, Sanoahs fader. Desse äro Bithias barn, Pharaos dotters, hvilka Mared tog.
19 ၁၉ ဟောဒိယသည်နာဟံ၏နှမနှင့်စုံဖက်၏။ သူတို့၏သားမြေးများသည်ကိလမြို့တွင် နေထိုင်သောမာခသားချင်းစုကိုလည်း ကောင်း တည်ထောင်သူများဖြစ်ကြ၏။
Den hustrunes Hodijas barn, Nahams systers, Kegila faders, voro: Hagarmi, och Esthemoa den Maachathiten.
20 ၂၀ ရှိမုန်တွင်အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်ဟူ သောသားလေးယောက်ရှိ၏။ ဣရှိတွင်ဇောဟက်နှင့်ဗင်္ဇောဟက်ဟူသောသား နှစ်ယောက်ရှိ၏။
Simeons barn voro: Amnon, Rinnah, och Benhanan, Thilon. Jisei barn voro: Soheth och Bensoheth.
21 ၂၁ ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊-
Sela barn, Juda sons, voro: Er, Lecha fader, Laeda, Maresa fader, och de linväfvares slägter i Asbea hus;
22 ၂၂ ယောယကိမ်နှင့်ခေါဇေဘမြို့တွင် နေထိုင် ကြသောလူတို့သည်လည်းကောင်း၊ မောဘ ပြည်သူအမျိုးသမီးများနှင့်အိမ်ထောင် ပြု၍ဗက်လင်မြို့တွင်နေထိုင်ကြသော ယောရှနှင့်သာရပ်တို့သည်လည်းကောင်း ပါဝင်ကြ၏။ (ဤသည်ကားရှေးစကားဖြစ် သတည်း။-)
Dertill Jokim, och de män af: Coseba, Joas, Saraph, hvilke husherrar voro i Moab, och bodde i Lahem; som de gamle säga.
23 ၂၃ ယောရှနှင့်သာရပ်တို့သည်ဘုရင်၏အမှု တော်ထမ်းအိုးထိန်းသည်များဖြစ်၍ နတိမ် နှင့်ဂဒေရမြို့တို့တွင်နေထိုင်ကြပေသည်။
De voro pottomakare, och bodde ibland planteringar och gårdar, när Konungenom i hans arbete, och kommo och blefvo der.
24 ၂၄ ရှိမောင်တွင်ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလဟူ၍သားငါးယောက်ရှိ၏။-
Simeons barn voro: Nemuel, Jamin, Jarib, Serah, Saul.
25 ၂၅ ရှောလ၏သားသည်ရှလ္လုံ၊ သူ၏မြေးမှာ မိဘသံ၊ သူ၏မြစ်မှာမိရှမဖြစ်၏။-
Hans son var Sallum. Hans son var Mibsam. Hans son var Misma.
26 ၂၆ မိရှမမှာအစပြု၍ဟမွေလ၊ ဇက္ကုရနှင့် ရှိမိတိုင်အောင်မျိုးဆက်ပေါက်ပွားလာ၏။-
Misma barn voro: Hamuel. Hans son var Saccur. Hans son var Simei.
27 ၂၇ ရှိမိတွင်သားတစ်ဆယ့်ခြောက်ယောက်နှင့် သမီးခြောက်ယောက်ရှိ၏။ သို့သော်သူ၏ ဆွေမျိုးသားချင်းတို့တွင်သားသမီးများ စွာမထွန်းကားသဖြင့် ရှိမောင်၏အမျိုး အနွယ်များသည်ယုဒအမျိုးအနွယ် များကဲ့သို့တိုးတက်ပွားများမှုမရှိချေ။
Simei hade sexton söner, och sex döttrar; och hans bröder hade icke mång barn; och all deras slägt förökade sig icke så mycket, som Juda barn.
28 ၂၈ ရှိမောင်၏အမျိုးအနွယ်တို့သည်ဒါဝိဒ် မင်း၏လက်ထက်တိုင်အောင်ဗေရရှေဘ မြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊-
Men de bodde i BerSeba, Molada, HazarSual,
29 ၂၉ ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊-
Bilha, Ezem, Tholad,
30 ၃၀ ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊-
Bethuel, Horma, Ziklag,
31 ၃၁ ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ်မြို့တို့၌နေထိုင်ကြ၏။-
BethMarchaboth, HazarSusim, BethBirei, Saarim. Det voro deras städer, allt intill Konung David.
32 ၃၂ ထိုပြင်သူတို့သည်ဧတံ၊ အိန်း၊ ရိမ္မုန်၊ တောခင်၊ အာရှန်တည်းဟူသောမြို့ငါးမြို့နှင့်တကွ၊-
Dertill deras byar, Etham, Ain, Rimmon, Thochen, Asan, de fem städerna;
33 ၃၃ အနောက်တောင်ဘက်ရှိဗာလမြို့တိုင်အောင် အနီး အနားကျေးရွာတို့တွင်လည်းနေထိုင်ကြ၏။ ဤကားမိမိတို့ဆွေမျိုးသားချင်းစုနှင့် မိမိ တို့နေထိုင်ရာဒေသများအကြောင်းကို မှတ်တမ်းတင်ထားခြင်းအရဖြစ်ပေသည်။
Och alle de byar, som voro omkring dessa städerna, allt intill Baal. Det är deras boning, och deras ätt ibland dem.
34 ၃၄ ထိုသူတို့၏သားချင်းစုဦးစီးခေါင်းဆောင် များမှာ မေရှောဗပ်၊ယာမလက်၊အာမဇိ၏သား ယောရှ၊ယောလ၊ စရာယ၏မြေး၊အာသေလ၏မြစ်၊ယောရှိဘိယ သားဖြစ်သောယေဟု၊ ဧလျောနဲ၊ယာကောဘ၊ယေရှောဟာယ၊အသာယ၊ အဒျေလ၊ယေသိမျေလ၊ဗေနာယ၊ ယေဒါယ၊ရှိမရိ၊ရှေမာယနှင့်အလ္လုန်မှဆင်း သက် လာသောရှိဖိ၏သားဇိဇ။ ထိုသူတို့၏အိမ်ထောင်စုများသည်ဆက် လက်တိုးပွားများပြားလာသဖြင့်၊-
Och Mesobab, Jamlech, Josa, Amazia son,
Joel, Jehu Josibia son, Seraja sons, Asiels sons,
Eljoenai, Jaacoba, Jesohaja, Asaja, Adiel, Jisimiel, och Benaja,
Sisa, Siphei son, Allons sons, Jedaja sons, Simri sons, Semaja sons.
Desse voro namnkunnige Förstar uti deras ätter, och i deras fäders hus; och delade sig ut, efter det de voro månge.
39 ၃၉ အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
Och de drogo bort till att fara till Gedor, intill öster på dalen, på det de skulle söka bet för deras får.
40 ၄၀ သူတို့သည်ငြိမ်းချမ်းသာယာသည့်မြေပြန့် ဒေသတွင် စားကျက်ကောင်းများကိုအလုံ အလောက်တွေ့ရှိကြလေသည်။ ထိုအရပ်တွင် နေထိုင်ခဲ့ကြသူတို့မှာဟာမအမျိုးသား များဖြစ်သတည်း။
Och de funno feta och goda bet, och ett vidt land, stilla och rikt; ty i förtiden bodde der de af Ham.
41 ၄၁ ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
Och de som nu vid namn beskrifne äro, kommo i Hiskia tid, Juda Konungs, och slogo deras hyddor och boningar, som der funne vordo, och gjorde dem tillspillo, allt intill denna dag; och bodde i deras stad; ty der var bet för får.
42 ၄၂ ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။-
Och gingo ut af dem af Simeons barnom, femhundrad män, intill Seirs berg, med deras öfverstar; Pelatia, Nearia, Rephaja, och Ussiel, Jisei barn;
43 ၄၃ သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။
Och slogo de återlefde af de Amalekiter, som undsluppne voro; och bodde der allt intill denna dag.