< ၁ ရာဇဝင်ချုပ် 29 >

1 ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။-
Furthermore David the king said to all the congregation, Solomon my son, whom alone God hath chosen, is yet young and tender, and the work is great: for the palace is not for man, but for the LORD God.
2 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-
Now I have prepared with all my might for the house of my God the gold for things to be made of gold, and the silver for things of silver, and the brass for things of brass, the iron for things of iron, and wood for things of wood; onyx stones, and stones to be set, glittering stones, and of various colours, and all manner of precious stones, and marble stones in abundance.
3 ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-
Moreover, because I have set my affection to the house of my God, I have of my own possessions, of gold and silver, which I have given to the house of my God, over and above all that I have prepared for the holy house,
4 ငါ​သည်​ရွှေ​စင်​တန်​ချိန်​တစ်​ရာ​တစ်​ဆယ့် ငါး​နှင့်​ဗိ​မာန်​တော်​နံ​ရံ​များ​မွမ်း​မံ​ချယ် လှယ်​ရန်၊-
Even three thousand talents of gold, of the gold of Ophir, and seven thousand talents of refined silver, to overlay the walls of the houses:
5 နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
The gold for things of gold, and the silver for things of silver, and for all manner of work to be made by the hands of craftsmen. And who then is willing to consecrate his service this day to the LORD?
6 ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-
Then the heads of the fathers and princes of the tribes of Israel, and the captains of thousands and of hundreds, with the rulers over the king’s work, offered willingly,
7 သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။-
And gave for the service of the house of God of gold five thousand talents and ten thousand drams, and of silver ten thousand talents, and of brass eighteen thousand talents, and one hundred thousand talents of iron.
8 ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ကြ​သူ​တို့​သည် ယင်း​တို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​သား ချင်း​စု​မှ​ယေ​ဟေ​လ​အုပ်​ချုပ်​သည့်​ဗိ​မာန် တော်​ဘဏ္ဍာ​တိုက်​သို့​ပေး​လှူ​ကြ​၏။-
And they with whom precious stones were found gave them to the treasury of the house of the LORD, by the hand of Jehiel the Gershonite.
9 သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။
Then the people rejoiced, for that they offered willingly, because with perfect heart they offered willingly to the LORD: and David the king also rejoiced with great joy.
10 ၁၀ ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။-
Therefore David blessed the LORD before all the congregation: and David said, Blessed be thou, LORD God of Israel our father, for ever and ever.
11 ၁၁ ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-
Thine, O LORD, is the greatness, and the power, and the glory, and the victory, and the majesty: for all that is in the heaven and on the earth is thine; thine is the kingdom, O LORD, and thou art exalted as head above all.
12 ၁၂ စည်း​စိမ်​ချမ်း​သာ​နှင့်​ပစ္စည်း​ဥစ္စာ​ပေါ​များ ကြွယ်​ဝ​မှု​မှန်​သ​မျှ​ကို​ကိုယ်​တော်​ရှင်​ပေး တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ရာ​ခပ် သိမ်း​တို့​ကို​ခွန်​အား​စွမ်း​ရည်​တန်​ခိုး​နှင့် အ​စိုး​ရ​တော်​မူ​၍ မည်​သူ့​ကို​မ​ဆို​ကြီး မြတ်​၍​သန်​စွမ်း​မှု​ကို​ပေး​တော်​မူ​ပါ​၏။-
Both riches and honour come from thee, and thou reignest over all; and in thy hand is power and might; and in thy hand it is to make great, and to give strength to all.
13 ၁၃ ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​ဝ​သည့်​နာ​မ​တော် ကို​ထော​မ​နာ​ပြု​ကြ​ပါ​၏။''
Now therefore, our God, we thank thee, and praise thy glorious name.
14 ၁၄ ``အ​ကယ်​စင်​စစ်​ကျွန်​တော်​မျိုး​နှင့်​ကျွန်​တော် မျိုး​၏​လူ​တို့​သည် ကိုယ်​တော်​ရှင်​အား​အ​ဘယ် အ​ရာ​ကို​မျှ​ပေး​လှူ​နိုင်​စွမ်း​မ​ရှိ​ပါ။ ခပ်​သိမ်း သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​ပေး​သ​နား ထား​သည့်​ဆု​ကျေး​ဇူး​များ​ဖြစ်​သ​ဖြင့် ကျွန် တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပိုင်​သည့် အ​ရာ​များ​ကို​သာ​လျှင်​ကိုယ်​တော်​ရှင် အား​ပြန်​လည်​ဆက်​သ​ခြင်း​ဖြစ်​ပါ​၏။-
But who am I, and what is my people, that we should be able to offer so willingly after this sort? for all things come from thee, and of thy own have we given thee.
15 ၁၅ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် ဘိုး​ဘေး​များ​နည်း​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ ကြ​သူ​များ​နှင့်​သူ​စိမ်း​တစ်​ရံ​ဆံ​များ​ကဲ့ သို့​ဤ​ဘ​ဝ​တွင်​ကျင်​လည်​ရ​ကြ​ကြောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော် မျိုး​တို့​၏​နေ့​ရက်​များ​သည်​ရှည်​လျား လျက်​နေ​သော​အ​ရိပ်​ကဲ့​သို့​ဖြစ်​၍ ကျွန် တော်​မျိုး​တို့​သည်​သေ​ဘေး​နှင့်​မ​လွတ် နိုင်​ကြ​ပါ။-
For we are strangers before thee, and sojourners, as were all our fathers: our days on the earth are as a shadow, and there is no abiding.
16 ၁၆ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​၏ ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​နာ​မ​တော်​ကို​ချီး​မြှောက်​နိုင်​ရန် ဗိ​မာန် တော်​တစ်​ဆောင်​တည်​ဆောက်​ရေး​အ​တွက် ဤ​ဥစ္စာ​အ​ပေါင်း​ကို​ကျွန်​တော်​မျိုး​တို့ စု​ဆောင်း​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏။ သို့​ရာ တွင်​ထို​ဥစ္စာ​ပစ္စည်း​အား​လုံး​သည်​ကိုယ် တော်​ရှင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ များ​ဖြစ်​၍​ယင်း​တို့​ကို​ကိုယ်​တော်​ရှင် ပိုင်​တော်​မူ​ပါ​၏။-
O LORD our God, all this abundance that we have prepared to build thee an house for thy holy name cometh from thy hand, and is all thy own.
17 ၁၇ ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-
I know also, my God, that thou triest the heart, and hast pleasure in uprightness. As for me, in the uprightness of my heart I have willingly offered all these things: and now have I seen with joy thy people, who are present here, to offer willingly to thee.
18 ၁၈ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။-
O LORD God of Abraham, Isaac, and of Israel, our fathers, keep this for ever in the imagination of the thoughts of the heart of thy people, and prepare their heart to thee:
19 ၁၉ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။
And give to Solomon my son a perfect heart, to keep thy commandments, thy testimonies, and thy statutes, and to do all these things, and to build the palace, for which I have made provision.
20 ၂၀ ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။
And David said to all the congregation, Now bless the LORD your God. And all the congregation blessed the LORD God of their fathers, and bowed their heads, and worshipped the LORD, and the king.
21 ၂၁ နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။-
And they sacrificed sacrifices to the LORD, and offered burnt offerings to the LORD, on the day following that day, even a thousand bulls, a thousand rams, and a thousand lambs, with their drink offerings, and sacrifices in abundance for all Israel:
22 ၂၂ သို့​ဖြစ်​၍​ထို​နေ့​၌​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​စား​သောက်​ကာ အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​သည်​ရှော​လ​မုန်​အား​ဘု​ရင်​အ​ဖြစ် ဖြင့်​ဒု​တိ​ယ​အ​ကြိမ်​ကြေ​ညာ​လေ​သည်။ သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ဇာ​ဒုတ်​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဘိ​သိက် ပေး​ကြ​၏။-
And ate and drank before the LORD on that day with great gladness. And they made Solomon the son of David king the second time, and anointed him to the LORD to be the chief governor, and Zadok to be priest.
23 ၂၃ သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-
Then Solomon sat on the throne of the LORD as king instead of David his father, and prospered; and all Israel obeyed him.
24 ၂၄ အ​ရာ​ရှိ​များ​နှင့်​စစ်​သူ​ရဲ​အ​ပေါင်း​တို့ နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​သား​တို့​သည်​ရှော လ​မုန်​မင်း​၏​ကျေး​ဇူး​သစ္စာ​ကို​စောင့် ပါ​မည်​ဟု​က​တိ​ပေး​ကြ​၏။-
And all the princes, and the mighty men, and all the sons likewise of king David, submitted themselves to Solomon the king.
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။
And the LORD magnified Solomon exceedingly in the sight of all Israel, and bestowed upon him such royal majesty as had not been on any king before him in Israel.
26 ၂၆ ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​ကို​အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော် မူ​၏။ သူ​သည်​ဟေဗြုန်​မြို့​တွင်​ခု​နစ်​နှစ်၊ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော် မူ​၏။-
Thus David the son of Jesse reigned over all Israel.
27 ၂၇
And the time that he reigned over Israel was forty years; seven years he reigned in Hebron, and thirty and three years he reigned in Jerusalem.
28 ၂၈ သူ​သည်​စည်း​စိမ်​ချမ်း​သာ​ကြွယ်​ဝ​လျက်​ကြည်​ညို လေး​စား​မှု​ကို​ခံ​ရ​ကာ အ​လွန်​အို​မင်း​ချိန်​ကျ မှ​ကွယ်​လွန်​တော်​မူ​လေ​သည်။-
And he died in a good old age, full of days, riches, and honour: and Solomon his son reigned in his stead.
29 ၂၉ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-
Now the acts of David the king, first and last, behold, they are written in the book of Samuel the seer, and in the book of Nathan the prophet, and in the book of Gad the seer,
30 ၃၀ ထို​ပ​ရော​ဖက်​တို့​သည်​ဒါ​ဝိဒ်​မင်း​တိုင်း​ပြည်​ကို အုပ်​စိုး​ပုံ​နှင့်​တန်​ခိုး​ကြီး​ပုံ​တို့​ကို​လည်း​ကောင်း၊ သူ​ကြုံ​တွေ့​ရ​သော​အ​ဖြစ်​အ​ပျက်​များ​နှင့် တ​ကွ​ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​တိုင်း​ပြည်​များ​၏​အ​ဖြစ်​အ​ပျက်​မှန်​သ​မျှ တို့​ကို​လည်း​ကောင်း​ဖော်​ပြ​ကြ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး​၏။
With all his reign and his might, and the times that went over him, and over Israel, and over all the kingdoms of the countries.

< ၁ ရာဇဝင်ချုပ် 29 >