< ၁ ရာဇဝင်ချုပ် 28 >
1 ၁ ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
茲にダビデ、イスラエルの一切の長支派の長王に事ふる班列の長千人の長百人の長王とその子等の所有及び家畜を掌どる者閹官有力者諸勇士などを盡くヱルサレムに召集め
2 ၂ ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
而してダビデ王その足にて起て言けるは我兄弟等我民よ我に聽け我はヱホバの契約の櫃のため我らの神の足臺のために安居の家を建んとの志ありて已にこれを建る準備をなせり
3 ၃ သို့ရာတွင်ငါသည်စစ်သည်တစ်ဦးဖြစ်၍ များစွာသွေးထွက်သံယိုဖြစ်ပွားစေခဲ့ သဖြင့် ငါ့အားကိုယ်တော်ကမတည်မ ဆောက်ရဟုတားမြစ်တော်မူ၏။-
然るに神我に言たまへり汝は我名のために家を建べからず汝は軍人にして許多の血を流したればなりと
4 ၄ ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-
然りと雖もイスラエルの神ヱホバ我父の全家の中より我を選びて永くイスラエルに王たらしめたまふ即ちユダを選びて長となしユダの全家の中より我父の家を選び我父の子等の中にて我を悦びイスラエルの王とならしめたまふ
5 ၅ ကိုယ်တော်သည်ငါ့အားသားများထွန်းကား စေတော်မူ၍ထိုသားတို့အနက်ရှောလမုန် ကိုထာဝရဘုရား၏နိုင်ငံတည်းဟူသော ဣသရေလပြည်ကိုအုပ်စိုးရန်ရွေးချယ် တော်မူ၏။''
而してヱホバ我に衆多の子をたまひて其わが諸の子等の中より我子ソロモンを選び之をヱホバの國の位に坐せしめてイスラエルを治めしめんとしたまふ
6 ၆ ``ထာဝရဘုရားကငါ့အား`သင်၏သား ရှောလမုန်သည်ငါ၏ဗိမာန်တော်ကိုတည် ဆောက်ရမည့်သူဖြစ်၏။ သူ့အားငါသည် ငါ၏သားအဖြစ်ဖြင့်ရွေးချယ်တော်မူ ပြီ။ ငါသည်လည်းသူ၏အဖဖြစ်လိမ့် မည်။-
ヱホバまた我に言たまひけるは汝の子ソロモンはわが家および我庭を作らん我かれを選びて吾子となせり我かれの父となるべし
7 ၇ သူသည်ယခုတိုင်ဆက်လက်၍ငါ၏ ပညတ်တို့ကိုစောင့်ထိန်းပါမူ ငါသည် သူ၏နိုင်ငံကိုကာလအစဉ်အဆက် တည်တံ့စေတော်မူမည်' ဟုမိန့်တော်မူ၏။''
彼もし今日のごとく我誡命と律法を堅く守り行はば我その國を永く堅うせんと
8 ၈ ``သို့ဖြစ်၍သင်တို့အား ငါသည်ဘုရားသခင်၏လူပရိတ်သတ်ရှေ့တော်၌လည်း ကောင်း၊ ကိုယ်တော်၏လူမျိုးတော်တည်း ဟူသော ဣသရေလအမျိုးသားလူထု ကြီး၏ရှေ့၌လည်းကောင်း၊ သင်တို့အား တာဝန်ပေးအပ်ပါ၏။ သင်တို့သည်ငါ တို့ဘုရားသခင်ထာဝရဘုရားပညတ် တော်မူသမျှတို့ကို တိကျစွာလိုက်နာ ကြလော့။ သို့မှသာလျှင်သင်တို့သည် ဤပြည်ကောင်းပြည်မြတ်ကိုဆက်လက် ပိုင်ဆိုင်ရကြလျက် မိမိတို့၏သားမြေး အားအဆက်မပြတ်လွှဲပြောင်းပေး အပ်နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
然ば今ヱホバの會衆たるイスラエルの全家の目の前および我らの神の聞しめす所にて汝らに勸む汝らその神ヱホバの一切の誡命を守りかつ之を追もとむべし然せば汝等この美地を保ちてこれを汝らの後の子孫に永く傳ふることを得ん
9 ၉ ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
我子ソロモンよ汝の父の神を知り完全心をもて喜び勇んで之に事へよヱホバは一切の心を探り一切の思想を暁りたまふなり汝もし之を求めなば之に遇ん然ど汝もし之を棄なば永く汝を棄たまはん
10 ၁၀ ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။
然ば汝謹めよヱホバ汝を選びて聖所とすべき家を建させんと爲たまへば心を強くしてこれを爲べしと
11 ၁၁ ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
而してダビデは殿の廊およびその家その府庫その上の室その内の室贖罪所の室などの式樣をその子ソロモンに授け
12 ၁၂ မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။-
また其心に思ひはかれる一切の物すなはちヱホバの家の庭四周の諸の室神の家の府庫聖物の府庫などの式樣を授け
13 ၁၃ ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။-
また祭司およびレビ人の班列とヱホバの家の諸の奉事の工とヱホバの家の諸の奉事の器皿とにつきて諭すところあり
14 ၁၄ မင်းကြီးသည်ခွက်ဖလားများအတွက်၊ မီးခွက်နှင့်မီးတင်ခုံတစ်ခုစီအတွက်၊ ရွှေ စားပွဲများအတွက်နှင့် ထာဝရဘုရား အားပူဇော်ရာမုန့်များတင်သည့်ရွှေစား ပွဲတစ်ခုစီအတွက်ငွေချိန်၊ ရွှေချိန်မည် မျှအသုံးပြုရမည်ကိုညွှန်ကြားတော် မူ၏။-
また諸の奉事に用ふる金の器皿を作る金の重量を定め又諸の奉事の器に用ふる諸の銀の器皿の銀の重量を定む
即ち金の燈臺とその金の燈盞の重量を宣て一切の燈臺とその燈盞の重量を定め又銀の燈臺につきても各々の燈臺の用法にしたがひて燈臺とその燈盞の重量を定め
また供前のパンの案につきてはその各の案のために金の重量を定め又銀の案のためにも銀を定め
17 ၁၇ အမဲသားချိတ်များ၊ ဖလားများ၊ အိုးများ အတွက်ရွှေစင်မည်မျှအသုံးပြု၍ ပန်းကန် များအတွက်ငွေနှင့်ရွှေမည်မျှအသုံးပြု ရမည်၊-
又肉鉤盂杓のために用ふる純金の重量を定め金の大斝につきてもまた各々の大斝のために重量を定め銀の一切の大斝のためにも重量を定め
18 ၁၈ နံ့သာပေါင်းကိုမီးရှို့ရာယဇ်ပလ္လင်အတွက် နှင့်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကို အတောင်ဖြင့်လွှမ်းမိုးထားသော ခေရုဗိမ်များကသည့်ရထားအတွက် ရွှေစင်မည်မျှအသုံးပြုရမည်ကိုညွှန် ကြားတော်မူ၏။-
また香壇のために用ふる精金の重量を定めかつ車なるケルビムの式樣の金を定む此ケルビムはその翼を展てヱホバの契約の櫃を覆ふ
19 ၁၉ ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
而してダビデ言けらく此工事の式樣は皆ことごとくヱホバのその手を我上にくだして我を敎へて書せたまひし者なりと
20 ၂၀ ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
かくてダビデその子ソロモンに言けるは汝心を強くし勇みてこれを爲せ懼るる勿れ慄くなかれヱホバ神我神汝とともに在さん彼かならず汝を離れず汝を棄ず汝をしてヱホバの家の奉事の諸の工を成終しめたまふべし
21 ၂၁ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အား ဗိမာန်တော်တွင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားများကိုခွဲခန့်သတ်မှတ် ပေးပြီးဖြစ်လေပြီ။ အဘက်ဘက်မှကျွမ်း ကျင်သူအလုပ်သမားတို့သည် သင့်အား ကူညီရန်စိတ်အားထက်သန်လျက်ရှိကြ ၏။ လူအပေါင်းနှင့်သူတို့၏ခေါင်းဆောင် များသည်လည်းသင်၏အမိန့်ကိုလိုက် နာဆောင်ရွက်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
視よ神の家の諸の役事をなすためには祭司とレビ人の班列あり又諸の工と從事を悦こびて爲ところの諸の技巧者汝とともに在り且また牧伯等および一切の民汝の命ずるところを悉く行はん