< ၁ ရာဇဝင်ချုပ် 26 >

1 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​အား ခွဲ​ခန့် သတ်​မှတ်​ပေး​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ကော​ရ​ဟိ​ဆွေ​မျိုး စု​တွင်​အာ​သပ်​၏​အိမ်​ထောင်​စု​မှ​ကော​ရ​၏ သား​မေ​ရှ​လေ​မိ​ဆို​သူ​ရှိ​၏။-
For the divisions of the porters: of the Korahites, Meshelemiah the son of Kore, of the sons of Asaph.
2 သူ့​မှာ​ဇာ​ခ​ရိ၊ ယေ​ဒျေ​လ၊ ဇေ​ဗ​ဒိ၊ ယာ​သ​နေ​လ၊-
And Meshelemiah had sons: Zechariah the firstborn, Jediael the second, Zebadiah the third, Jathniel the fourth,
3 ဧ​လံ၊ ယော​ဟ​နန်​နှင့်​ဧ​လဲ​သြ​နဲ​ဟူ​၍​ကြီး​စဉ် ငယ်​လိုက်​သား​ခု​နစ်​ယောက်​ရှိ​၏။
Elam the fifth, Jehohanan the sixth, Eliehoenai the seventh.
4 ရှေ​မာ​ယ၊ ယော​ဇ​ဗပ်၊ ယော​အာ၊ စာ​ကာ၊ နာ​သ နေ​လ၊ အ​မျေ​လ၊ ဣ​သ​ခါ၊ ပု​လ​သဲ​ဟူ​သော သား​ရှစ်​ယောက်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ကောင်း ချီး​ပေး​သူ​သြ​ဗ​ဒေ​ဒုံ​ဆို​သူ​လည်း​ရှိ​၏။
And Obed-edom had sons: Shemaiah the firstborn, Jehozabad the second, Joah the third, and Sacar the fourth, and Nethanel the fifth,
5
Ammiel the sixth, Issachar the seventh, Peullethai the eighth, for God blessed him.
6 သြ​ဗ​ဒေ​ဒုံ​၏​သား​ဦး​ရှေ​မာ​ယ​တွင်​စွမ်း​ရည် ကြီး​မား​သ​ဖြင့် မိ​မိ​တို့​ဆွေ​မျိုး​စု​၌​အ​ရေး ပါ​အ​ရာ​ရောက်​သည့်​သား​များ​ရှိ​လေ​သည်။ သူ တို့​၏​နာ​မည်​များ​မှာ​သြ​သ​နိ၊ ရေ​ဖေ​လ၊ သြ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်၊ ဧ​လိ​ဟု​နှင့်​သေ​မ​ခိ ဟူ​၍​ဖြစ်​၏။ နောက်​ဆုံး​ဖော်​ပြ​သူ​နှစ်​ဦး​မှာ အ​ထူး​ပင်​အ​စွမ်း​အ​စ​ကောင်း​သူ​များ ဖြစ်​ကြ​၏။
Also sons were born to Shemaiah his son, who ruled over the house of their father, for they were mighty men of valor.
7
The sons of Shemaiah: Othni, and Rephael, and Obed, Elzabad, whose brothers were valiant men, Elihu, and Semachiah.
8 သြ​ဗ​ဒေ​ဒုံ​၏​အိမ်​ထောင်​စု​မှ​ဤ​အ​လုပ် တာ​ဝန်​အ​တွက် အ​ထူး​အ​ရည်​အ​ချင်း​နှင့် ပြည့်​စုံ​သူ​လူ​ခြောက်​ဆယ့်​နှစ်​ယောက်​ရ​ရှိ​၏။
All these were of the sons of Obed-edom, they and their sons and their brothers, able men in strength for the service, sixty-two of Obed-edom.
9 မေ​ရှ​လေ​မိ​၏​အိမ်​ထောင်​စု​မှ အ​ရည်​အ​ချင်း နှင့်​ပြည့်​စုံ​သူ​တစ်​ဆယ့်​ရှစ်​ယောက်​ရ​ရှိ​၏။
And Meshelemiah had sons and brothers, valiant men, eighteen.
10 ၁၀ မေ​ရာ​ရိ​၏​အိမ်​ထောင်​စု​၌ ဟော​သ​ဆို​သူ​တစ် ဦး​ရှိ​၏။ သူ့​မှာ​ရှိ​မ​ရိ၊ ဟိ​လ​ခိ၊ တေ​ဗ​လိ၊ ဇာ​ခ​ရိ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (ထို​သူ တို့​အ​နက်​ရှိ​မ​ရိ​သည်​သား​ဦး​မ​ဟုတ်​သော် လည်း​သူ​၏​ဖ​ခင်​က​ခန့်​ထား​သ​ဖြင့်​ခေါင်း ဆောင်​ဖြစ်​လေ​၏။) ဟော​သ​၏​အိမ်​ထောင်​စု​မှ ဗိ​မာန်​တော်​တပ်​သား​စု​စု​ပေါင်း​တစ်​ဆယ့် သုံး​ယောက်​ရ​သ​တည်း။
Also Hosah, of the sons of Merari, had sons: Shimri the chief (for though he was not the firstborn, yet his father made him chief),
11 ၁၁
Hilkiah the second, Tebaliah the third, Zechariah the fourth. All the sons and brothers of Hosah were thirteen.
12 ၁၂ ဗိ​မာန်​တော်​၏​အ​စောင့်​တပ်​သား​တို့​ကို အိမ်​ထောင် စု​များ​အ​လိုက်​အုပ်​စု​များ​ခွဲ​၍ အ​ခြား​လေ​ဝိ အ​နွယ်​ဝင်​တို့​နည်း​တူ​အ​လုပ်​တာ​ဝန်​များ​ကို ခွဲ​ခန့်​ပေး​လေ​သည်။-
Of these were the divisions of the porters, even of the chief men, having offices like their brothers to minister in the house of Jehovah.
13 ၁၃ လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-
And they cast lots, the small as well as the great, according to their fathers' houses for every gate.
14 ၁၄ ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။-
And the lot eastward fell to Shelemiah. Then for Zechariah his son, a discreet counselor, they cast lots, and his lot came out northward.
15 ၁၅ သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။-
To Obed-edom southward, and to his sons the store-house.
16 ၁၆ ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။-
To Shuppim and Hosah westward, by the gate of Shallecheth, at the causeway that goes up, watch against watch.
17 ၁၇ အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။-
Eastward were six Levites, four a day northward, four a day southward, and for the store-house two by two.
18 ၁၈ အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-
For Parbar westward, four at the highway, and two at Parbar.
19 ၁၉ ဤ​ကား​ကော​ရ​၏​အိမ်​ထောင်​စု​နှင့်​မေ​ရာ​ရိ ၏​အိမ်​ထောင်​စု​တို့​အား​အ​စောင့်​တာ​ဝန်​ခွဲ​ခန့် သတ်​မှတ်​ပေး​ပုံ​ဖြစ်​သ​တည်း။
These were the divisions of the porters, of the sons of the Korahites, and of the sons of Merari.
20 ၂၀ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-
And of the Levites, Ahijah was over the treasures of the house of God, and over the treasures of the dedicated things.
21 ၂၁ ဂေ​ရ​ရှုံ​၏​သား​လာ​ဒန်​သည်​ယေ​ဟေ​လိ​အိမ် ထောင်​စု​အ​ပါ​အ​ဝင် အိမ်​ထောင်​စု​များ​၏​ဘိုး ဘေး​ဖြစ်​၏။-
The sons of Ladan, the sons of the Gershonites belonging to Ladan, the heads of the fathers belonging to Ladan the Gershonite: Jehieli.
22 ၂၂ လာ​ဒန်​၏​အ​ခြား​သား​များ​ဖြစ်​ကြ​သော ဇေ​သံ​နှင့်​ယော​လ​တို့​သည် ဗိ​မာန်​တော်​ဘဏ္ဍာ တိုက်​နှင့်​ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​လေ​သည်။
The sons of Jehieli: Zetham, and Joel his brother, over the treasures of the house of Jehovah.
23 ၂၃ အာ​မ​ရံ​၏​သား​မြေး​များ​ဖြစ်​ကြ​သော ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ကို​လည်း အ​လုပ်​တာ​ဝန်​ခံ​များ​ခွဲ​ခန့်​သတ်​မှတ်​၍ ပေး​၏။
Of the Amramites, of the Izharites, of the Hebronites, of the Uzzielites:
24 ၂၄ မော​ရှေ​၏​သား​ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ ရှေ​ဗွေ​လ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​၏​တာ​ဝန်​ခံ​အုပ် ချုပ်​ရေး​မှူး​ဖြစ်​၏။-
Shebuel the son of Gershom, the son of Moses, was ruler over the treasures.
25 ၂၅ သူ​သည်​ဂေ​ရ​ရှုံ​၏​ညီ၊ ဧ​လျာ​ဇာ​နှင့်​ဆက်​စပ် ၍​ရှေ​လော​မိတ်​၏​ဆွေ​မျိုး​ဖြစ်​လာ​လေ​သည်။ ဧ​လျာ​ဇာ​၏​သား​သည်​ရေ​ဟ​ဗိ၊ ရေ​ဟ​ဗိ​၏ သား​မှာ​ယေ​ရှာ​ယ၊ ယေ​ရှာ​ယ​၏​သား​ကား ယော​ရံ​ဖြစ်​၏။ ယော​ရံ​၏​သား​သည်​ဇိ​ခ​ရိ ဖြစ်​၍​ဇိ​ခ​ရိ​၏​သား​မှာ​ရှေ​လော​မိတ်​ဖြစ် သ​တည်း။-
And his brothers: of Eliezer came Rehabiah his son, and Jeshaiah his son, and Joram his son, and Zichri his son, and Shelomoth his son.
26 ၂၆ ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-
This Shelomoth and his brothers were over all the treasures of the dedicated things, which David the king, and the heads of the fathers, the captains over thousands and hundreds, and the captains of the army, had dedicated.
27 ၂၇ သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-
They dedicated to repair the house of Jehovah out of the spoil won in battles.
28 ၂၈ ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။
And all that Samuel the seer, and Saul the son of Kish, and Abner the son of Ner, and Joab the son of Zeruiah, had dedicated, whoever had dedicated anything, it was under the hand of Shelomoth, and of his brothers.
29 ၂၉ ဣ​ဇ​ဟာ​၏​သား​မြေး​များ​အ​နက်​ခေ​န​နိ​နှင့် သား​များ​သည် စာ​ရင်း​အင်း​များ​ထိန်း​သိမ်း​ခြင်း နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အ​ချင်း​ဖြစ်​ပွား မှု​များ​ကို ဖြေ​ရှင်း​ခြင်း​စ​သော​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။
Of the Izharites, Chenaniah and his sons were for the outer business over Israel, for officers and judges.
30 ၃၀ ဟေ​ဗြုန်​၏​သား​မြေး​တို့​အ​နက်​ဟာ​ရှ​ဘိ​နှင့် သူ​၏​ဆွေ​မျိုး​သား​ချင်း​တစ်​ထောင့်​ခု​နစ်​ရာ တို့​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး​နှင့်​မြို့​ပြ​ရေး ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို စီ​မံ​အုပ်​ချုပ်​ရန် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။ သူ​တို့​အား​လုံး ပင်​ထူး​ချွန်​သူ​များ​ဖြစ်​သ​တည်း။-
Of the Hebronites, Hashabiah and his brothers, men of valor, a thousand and seven hundred, had the oversight of Israel beyond the Jordan westward, for all the business of Jehovah, and for the service of the king.
31 ၃၁ ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။-
Of the Hebronites was Jerijah the chief, even of the Hebronites, according to their generations by fathers. In the fortieth year of the reign of David they were sought for, and there were found among them mighty men of valor at Jazer of Gilead.
32 ၃၂ ဒါ​ဝိဒ်​မင်း​သည်​ယေ​ရိ​ယ​၏​ဆွေ​မျိုး​များ ထဲ​မှ ထူး​ချွန်​သူ​အိမ်​ထောင်​ဦး​စီး​နှစ်​ထောင့် ခု​နစ်​ရာ​ကို​ရွေး​ချယ်​၍​ရု​ဗင်​ပြည်၊ ဂဒ် ပြည်​နှင့်​မ​နာ​ရှေ​အ​ရှေ့​ပိုင်း​တို့​တွင်​ဘာ​သာ ရေး​နှင့် မြို့​ပြ​ရေး​ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ တို့​ကို​စီ​မံ​အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​အပ် တော်​မူ​၏။
And his brothers, men of valor, were two thousand and seven hundred, heads of fathers, whom king David made overseers over the Reubenites, and the Gadites, and the half-tribe of the Manassites, for every matter pertaining to God, and for the affairs of the king.

< ၁ ရာဇဝင်ချုပ် 26 >