< ၁ ရာဇဝင်ချုပ် 25 >
1 ၁ ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
၁ထိုမှတပါး အာသပ် ၊ ဟေမန် ၊ ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်း ၊ တယော ၊ ခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊
2 ၂ အာသပ်၏သားများဖြစ်ကြသောဇက္ကုရ၊ ယောသပ်၊ နေသနိနှင့်အာရှရေလတို့သည်မင်းကြီးအမိန့် ပေးသည့်အခါတိုင်း ဘုရားသခင်၏တရားတော် ကိုဟောပြောရသူအာသပ်၏ညွှန်ကြားကွပ် ကဲမှုကိုခံယူရကြ၏။
၂အာသပ် သား ဇက္ကုရ ၊ ယောသပ် ၊ နေသနိ ၊ အာရှရေလ တစု၊ သူတို့သည်ရှင်ဘုရင် စီရင်သည်အတိုင်း၊ အဘအာသပ် ၌ တပည့်ဖြစ်၍ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
3 ၃ ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။
၃ယေဒုသုန် သား ဂေဒလိ ၊ ဇေရိ ၊ ရှိမိ၊ ယေရှာယ ၊ ဟာရှဘိ ၊ မတ္တိသိ ပေါင်းခြောက် ယောက်၊ သူတို့သည် အဘ ယေဒုသုန် ၌ တပည့်ဖြစ်၍ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်း ခြင်းငှါစောင်း တီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
4 ၄ ဟေမန်၏သားတစ်ဆယ့်လေးယောက်မှာ ဗုက္ကိ၊ မတ္တနိ၊ သြဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်ဟူ၍ဖြစ်သတည်း။-
၄ဟေမန် သား ဗုက္ကိ ၊ မတ္တနိ ၊ ဩဇေလ ၊ ရှေဗွေလ ၊ ယေရိမုတ် ၊ ဟာနနိ ၊ ဟာနန် ၊ ဧလျာသ ၊ ဂိဒ္ဒါလတိ ၊ ရောမန္တေဇာ ၊ ယောရှဗေကရှ ၊ မလ္လောသိ ၊ ဟောသိရ ၊ မဟာဇုတ် တည်းဟူသော၊
5 ၅ ဘုရင်၏ပရောဖက်ဖြစ်သူဟေမန်အားဘုရားသခင်သည် မိမိကတိတော်ရှိသည့်အတိုင်းချီး မြှင့်ရန် သားတစ်ဆယ့်လေးယောက်နှင့်သမီးသုံး ယောက်ကိုပေးတော်မူ၏။-
၅ထို သူအပေါင်း တို့သည် တံပိုး မှုတ်လျက် ဘုရားသခင် ၏ တရား တော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာ တော်ဟေမန် သား ဖြစ်ကြ၏။ ဘုရားသခင် သည် ဟေမန် အား သား တကျိပ် လေး ယောက်နှင့် သမီး သုံး ယောက်တို့ကိုပေး တော်မူ၏။
6 ၆ သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။
၆ထို သားအပေါင်း တို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန် တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘ ဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရ အရှင် ဘုရားသခင် ၏အိမ် တော်၌ ခွက်ကွင်း ၊ စောင်း ၊ တယော ကိုတီးလျက်၊ သီချင်း ဆို၍ အမှု တော်ကို ဆောင်ရွက်ရကြ၏။
7 ၇ ဤသူအပေါင်းတို့နှင့်သူတို့၏ညီအစ်ကို လေဝိအနွယ်ဝင်တို့သည် လေ့ကျင့်ထားသော ဂီတပညာသည်များဖြစ်၍အထူးကျွမ်း ကျင်သူများတည်း။ သူတို့၏ဦးရေမှာစုစု ပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
၇ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏သီချင်း ကို သင် ၍ လေ့ကျက် သော ညီအစ်ကို ပေါင်း ကားနှစ် ရာရှစ်ကျိပ် ရှစ် ယောက်တည်း။
8 ၈ ထိုသူတို့သည်ကြီးသူငယ်သူ၊ ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူဟူ၍ခွဲခြားခြင်းမရှိဘဲ တာဝန်ဝတ္တရားများခွဲခန့်သတ်မှတ်ရာ၌ မဲနှိုက်၍ ယူရကြ၏။
၈ထိုသူတို့သည်အကြီး အငယ် ဆရာ တပည့် ရောနှောလျက် စာရေးတံ ပြု၍ သင်းဖွဲ့ရာမှာ၊
9 ၉ ဤသူနှစ်ရာရှစ်ဆယ့်ရှစ်ယောက်တို့ကိုတစ်အုပ်စု လျှင် တစ်ဆယ့်နှစ်ယောက်ပါဝင်သောအုပ်စုနှစ်ဆယ့် လေးစုခွဲထား၏။ တစ်အုပ်စုလျှင်ခေါင်းဆောင်တစ် ယောက်စီရှိ၏။ တာဝန်အရအောက်ပါအတိုင်းခွဲ ထား၏။ အာသပ်၏အိမ်ထောင်စုမှ၊ ၁။ ယောသပ်၊ ၂။ ဂေဒလိ၊ ၃။ ဇက္ကုရ၊ ၄။ ဣဇရိ၊ ၅။ နေသနိ၊ ၆။ ဗုက္ကိ၊ ၇။ ယေရှရေလ၊ ၈။ ယေရှာယ၊ ၉။ မတ္တနိ၊ ၁၀။ ရှိမိ၊ ၁၁။ အာရေလ၊ ၁၂။ ဟာရှဘိ၊ ၁၃။ ရှေဗွေလ၊ ၁၄။ မတ္တိသိ၊ ၁၅။ ယေရမုတ်၊ ၁၆။ ဟာနနိ၊ ၁၇။ ယောရှဗေကရှ၊ ၁၈။ ဟာနန်၊ ၁၉။ မလ္လောသိ၊ ၂၀။ ဧလျာသာ၊ ၂၁။ ဟောသိရ၊ ၂၂။ ဂိဒ္ဒါလတိ၊ ၂၃။ မဟာဇယုတ်နှင့် ၂၄။ ရောမန္တေဇာ၊ ဟူ၍ဖြစ်သတည်း။
၉ပဌမ သူကား၊ အာသပ် အပေါင်းအသင်းဝင်သူ ယောသပ် တည်း။ ဒုတိယ သူဂေဒလိ ၊ သူ နှင့် သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
၁၀တတိယ သူဇက္ကုရ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
၁၁စတုတ္ထ သူဣဇရိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၂ပဉ္စမ သူနေသနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၃ဆဌမ သူဗုက္ကိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၄သတ္တမ သူယေရှရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၅အဋ္ဌမ သူယေရှာယ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
၁၆နဝမ သူမတ္တနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၇ဒသမ သူရှိမိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၈ဧကဒသမ သူအာရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၁၉ဒွါဒသမ သူ ဟာရှဘိ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
၂၀တကျိပ် သုံး ယောက်မြောက်သောသူ ရှေဗွေလ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၂၁တကျိပ် လေး ယောက်မြောက်သော သူမတ္တိသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၂၂တကျိပ် ငါး ယောက်မြောက်သောသူ ယေရမုတ် ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
၂၃တကျိပ် ခြောက် ယောက်မြောက်သောသူဟာနနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
၂၄တကျိပ် ခုနစ် ယောက်မြောက်သောသူ ယောရှဗေကရှ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၂၅တကျိပ် ရှစ် ယောက်မြောက်သောသူ ဟာနန် ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၂၆တကျိပ် ကိုး ယောက်မြောက်သောသူမလ္လောသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၂၇နှစ်ကျိပ် မြောက်သောသူဧလျာသာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
၂၈နှစ်ကျိပ် တယောက် မြောက်သောသူ ဟောသိရ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
၂၉နှစ်ကျိပ် နှစ် ယောက်မြောက်သော သူဂိဒ္ဒါလတိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
၃၀နှစ်ကျိပ် သုံး ယောက်မြောက်သောသူ မဟာဇယုတ် ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
၃၁နှစ်ကျိပ် လေး ယောက်မြောက်သောသူ ရောမန္တေဇာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။