< ၁ ရာဇဝင်ချုပ် 25 >
1 ၁ ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
[組織歌詠團]達味與掌管禮儀的首長,也給阿撒夫、赫曼和耶杜通的子孫分派了任務,要他們以琴瑟、鐃鈸奏聖樂。任職的人數如下:
2 ၂ အာသပ်၏သားများဖြစ်ကြသောဇက္ကုရ၊ ယောသပ်၊ နေသနိနှင့်အာရှရေလတို့သည်မင်းကြီးအမိန့် ပေးသည့်အခါတိုင်း ဘုရားသခင်၏တရားတော် ကိုဟောပြောရသူအာသပ်၏ညွှန်ကြားကွပ် ကဲမှုကိုခံယူရကြ၏။
阿撒夫的子孫:匝雇爾、約色夫、乃塔尼雅和阿沙勒拉,都是阿撒夫的子孫,歸阿撒夫指揮;阿撒夫則照君王的指示奏聖樂。
3 ၃ ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။
屬耶杜通的,有耶杜通的子孫革達里雅、責黎、耶沙雅、史米、哈沙彼雅、瑪提提雅,一共六人,都歸他們的父親耶杜通指揮。耶杜通彈琴奏樂,稱謝頌揚上主。
4 ၄ ဟေမန်၏သားတစ်ဆယ့်လေးယောက်မှာ ဗုက္ကိ၊ မတ္တနိ၊ သြဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်ဟူ၍ဖြစ်သတည်း။-
屬赫曼的,有赫曼的子孫步克雅、瑪塔尼雅、烏齊耳、叔巴耳、耶黎摩特、哈納尼雅、哈納尼、厄里雅達、基達耳提、洛瑪默提厄則爾約市貝卡沙、瑪羅提、曷提爾和瑪哈齊約特。
5 ၅ ဘုရင်၏ပရောဖက်ဖြစ်သူဟေမန်အားဘုရားသခင်သည် မိမိကတိတော်ရှိသည့်အတိုင်းချီး မြှင့်ရန် သားတစ်ဆယ့်လေးယောက်နှင့်သမီးသုံး ယောက်ကိုပေးတော်မူ၏။-
這些人都是那奉天主命,作君王「先見者」的赫曼的兒子,天主為使他有能力,賜給了他十四個兒子和三個女兒。
6 ၆ သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။
這些人皆歸他們的父親指揮,在上主的殿內,以鐃鈸、勤、瑟演奏聖樂。在天主的聖殿供職時,受君王指示的是阿撒夫、耶杜通和赫曼。
7 ၇ ဤသူအပေါင်းတို့နှင့်သူတို့၏ညီအစ်ကို လေဝိအနွယ်ဝင်တို့သည် လေ့ကျင့်ထားသော ဂီတပညာသည်များဖြစ်၍အထူးကျွမ်း ကျင်သူများတည်း။ သူတို့၏ဦးရေမှာစုစု ပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
這些人連同他們在歌詠上主得事上,受過特殊訓練的弟兄,共計二百八十八人。
8 ၈ ထိုသူတို့သည်ကြီးသူငယ်သူ၊ ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူဟူ၍ခွဲခြားခြင်းမရှိဘဲ တာဝန်ဝတ္တရားများခွဲခန့်သတ်မှတ်ရာ၌ မဲနှိုက်၍ ယူရကြ၏။
這些人,不分大小,不分師生,一律以抽籤分派職務。[二十四班]
9 ၉ ဤသူနှစ်ရာရှစ်ဆယ့်ရှစ်ယောက်တို့ကိုတစ်အုပ်စု လျှင် တစ်ဆယ့်နှစ်ယောက်ပါဝင်သောအုပ်စုနှစ်ဆယ့် လေးစုခွဲထား၏။ တစ်အုပ်စုလျှင်ခေါင်းဆောင်တစ် ယောက်စီရှိ၏။ တာဝန်အရအောက်ပါအတိုင်းခွဲ ထား၏။ အာသပ်၏အိမ်ထောင်စုမှ၊ ၁။ ယောသပ်၊ ၂။ ဂေဒလိ၊ ၃။ ဇက္ကုရ၊ ၄။ ဣဇရိ၊ ၅။ နေသနိ၊ ၆။ ဗုက္ကိ၊ ၇။ ယေရှရေလ၊ ၈။ ယေရှာယ၊ ၉။ မတ္တနိ၊ ၁၀။ ရှိမိ၊ ၁၁။ အာရေလ၊ ၁၂။ ဟာရှဘိ၊ ၁၃။ ရှေဗွေလ၊ ၁၄။ မတ္တိသိ၊ ၁၅။ ယေရမုတ်၊ ၁၆။ ဟာနနိ၊ ၁၇။ ယောရှဗေကရှ၊ ၁၈။ ဟာနန်၊ ၁၉။ မလ္လောသိ၊ ၂၀။ ဧလျာသာ၊ ၂၁။ ဟောသိရ၊ ၂၂။ ဂိဒ္ဒါလတိ၊ ၂၃။ မဟာဇယုတ်နှင့် ၂၄။ ရောမန္တေဇာ၊ ဟူ၍ဖြစ်သတည်း။
首先中籤的是屬阿撒夫的約色夫,他與他的兄弟及他的兒子共十二人;次為革達里,他與他的兄弟及他的兒子共十二人;
十七為約市貝卡沙,他與他的兒子及他得兄弟共十二人;
二十二為基達耳提,他與他的兒子及他得兄弟共十二人;
二十三為瑪哈齊約特,他與他的兒子及他得兄弟共十二人;
二十四為洛瑪默提厄則爾,他與他的兒子及他得兄弟共十二人。