< ၁ ရာဇဝင်ချုပ် 24 >
1 ၁ အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
These were the divisions of the sons of Aaron. The sons of Aaron: Nadab, Abihu, Eleazar, and Ithamar.
2 ၂ နာဒပ်နှင့်အဘိဟုတို့သည်မိမိတို့၏အဖ မကွယ်လွန်မီသေသွားကြသဖြင့် သူတို့တွင် သားမြေးများမကျန်ရစ်။ သို့ဖြစ်၍သူတို့ ၏ညီများဖြစ်သောဧလာဇာနှင့်ဣသမာ တို့သည်ယဇ်ပုရောဟိတ်များဖြစ်လာကြ သည်။-
But Nadab and Abihu died before their father, and had no children; therefore Eleazar and Ithamar served as priests.
3 ၃ ဒါဝိဒ်သည်အာရုန်၏သားမြေးတို့အားသူ တို့၏တာဝန်ဝတ္တရားများအလိုက် အုပ်စုများ ခွဲ၍ပေးတော်မူ၏။ ဤသို့တာဝန်ခွဲပေးရာ ၌မင်းကြီးအားဧလာဇာ၏သားမြေးဖြစ်သူ ဇာဒုတ်နှင့်ဣသမာ၏သားမြေးဖြစ်သူ အဟိမလက်တို့ကကူညီကြ၏။-
David, with Zadok of the sons of Eleazar and Ahimelech of the sons of Ithamar, divided them according to their ordering in their service.
4 ၄ ဧလာဇာ၏သားမြေးတို့ကိုအုပ်စုတစ်ဆယ့် ခြောက်ခုဖွဲ့၍ ဣသမာ၏သားမြေးတို့ကိုမူ အုပ်စုရှစ်ခုဖွဲ့၍ထားလေသည်။ ဤသို့ပြုရ ခြင်းအကြောင်းမှာဧလာဇာ၏သားမြေး တို့တွင်အမျိုးသားအိမ်ထောင်ဦးစီးဦးရေ ပို၍များသောကြောင့်ဖြစ်၏။-
There were more chief men found of the sons of Eleazar than of the sons of Ithamar; and they were divided like this: of the sons of Eleazar there were sixteen, heads of fathers’ houses; and of the sons of Ithamar, according to their fathers’ houses, eight.
5 ၅ ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
Thus they were divided impartially by drawing lots; for there were princes of the sanctuary and princes of God, both of the sons of Eleazar, and of the sons of Ithamar.
6 ၆ ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။
Shemaiah the son of Nethanel the scribe, who was of the Levites, wrote them in the presence of the king, the princes, Zadok the priest, Ahimelech the son of Abiathar, and the heads of the fathers’ households of the priests and of the Levites; one fathers’ house being taken for Eleazar, and one taken for Ithamar.
7 ၇ မိမိတို့၏တာဝန်ဝတ္တရားများကိုခွဲခန့် သတ်မှတ်ပေးခြင်းခံကြရသော အိမ်ထောင် အုပ်စုနှစ်ဆယ့်လေးစုတို့မှာ၊ ၁။ ယောယာရိပ်၊ ၂။ ယေဒါယ၊ ၃။ ဟာရိမ်၊ ၄။ စောရိမ်၊ ၅။ မာလခိယ၊ ၆။ မိယမိန်၊ ၇။ ဟက္ကုတ်၊ ၈။ အဘိယ၊ ၉။ ယေရွှာ၊ ၁၀။ ရှေကနိ၊ ၁၁။ ဧလျာရှိပ်၊ ၁၂။ ယာကိမ်၊ ၁၃။ ဟုပ္ပ၊ ၁၄။ ယေရှေဗပ်၊ ၁၅။ ဗိလဂ၊ ၁၆။ ဣမ္မေရ၊ ၁၇။ ဟေဇိရ၊ ၁၈။ အပ်ဇဇ်၊ ၁၉။ ပေသဟိ၊ ၂၀။ ယေဇကျေလ၊ ၂၁။ ယာခိန်၊ ၂၂။ ဂါမုလ၊ ၂၃။ ဒေလာယနှင့် ၂၄။ မာဇိ တို့ဖြစ်သတည်း။
Now the first lot came out to Jehoiarib, the second to Jedaiah,
the third to Harim, the fourth to Seorim,
the fifth to Malchijah, the sixth to Mijamin,
the seventh to Hakkoz, the eighth to Abijah,
the ninth to Jeshua, the tenth to Shecaniah,
the eleventh to Eliashib, the twelfth to Jakim,
the thirteenth to Huppah, the fourteenth to Jeshebeab,
the fifteenth to Bilgah, the sixteenth to Immer,
the seventeenth to Hezir, the eighteenth to Happizzez,
the nineteenth to Pethahiah, the twentieth to Jehezkel,
the twenty-first to Jachin, the twenty-second to Gamul,
the twenty-third to Delaiah, and the twenty-fourth to Maaziah.
19 ၁၉ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။
This was their ordering in their service, to come into the LORD’s house according to the ordinance given to them by Aaron their father, as the LORD, the God of Israel, had commanded him.
20 ၂၀ လေဝိမှဆင်းသက်လာသူအခြားအိမ်ထောင် ဦးစီးများမှာ ရှုဗွေလမှတစ်ဆင့်အာမရံ မှဆင်းသက်လာသူယေဒေယ။
Of the rest of the sons of Levi: of the sons of Amram, Shubael; of the sons of Shubael, Jehdeiah.
21 ၂၁ ရေဟဘိမှဆင်းသက်လာသူဣရှယာ။
Of Rehabiah: of the sons of Rehabiah, Isshiah the chief.
22 ၂၂ ရှေလောမိတ်မှတစ်ဆင့်ဣဇဟာမှဆင်းသက် လာသူယာဟတ်။
Of the Izharites, Shelomoth; of the sons of Shelomoth, Jahath.
23 ၂၃ ကြီးစဉ်ငယ်လိုက်ဟေဗြုန်၏သားများဖြစ် သောယေရိ၊ အာမရိ၊ ယဟာဇေလနှင့် ယေကမံ။
The sons of Hebron: Jeriah, Amariah the second, Jahaziel the third, and Jekameam the fourth.
24 ၂၄ မိက္ခာမှတစ်ဆင့်သြဇေလမှဆင်းသက်လာသူ ရှမိရ။
The sons of Uzziel: Micah; of the sons of Micah, Shamir.
25 ၂၅ သြဇေလ၏သား၊ မိက္ခာ၏ညီဣရှယာမှတစ်ဆင့် သြဇေလမှဆင်းသက်လာသူဇာခရိ။
The brother of Micah: Isshiah; of the sons of Isshiah, Zechariah.
26 ၂၆ မေရာရိမှဆင်းသက်လာသူများဖြစ်ကြသော မဟာလိ၊ မုရှိနှင့်ယာဇိ။-
The sons of Merari: Mahli and Mushi. The son of Jaaziah: Beno.
27 ၂၇ ရှောဟံ၊ ဇက္ကုရနှင့်ဣဗရိဟူ၍သားသုံးယောက် ယာဇိ၌ရှိ၏။-
The sons of Merari by Jaaziah: Beno, Shoham, Zaccur, and Ibri.
28 ၂၈ ဧလာဇာနှင့်ကိရှဟူသောသားနှစ်ယောက် မဟာလိ၌ရှိ၏။ ဧလာဇာတွင်သားမရှိ။ သို့ရာတွင်ကိရှ၌ယေရမေလဟူသော သားတစ်ယောက်ရှိ၏။-
Of Mahli: Eleazar, who had no sons.
Of Kish, the son of Kish: Jerahmeel.
30 ၃၀ မုရှိ၌မဟာလိ၊ ဧဒါ၊ ယေရိမုတ်ဟူ သောသားသုံးယောက်ရှိသတည်း။ ဤသူတို့သည်အိမ်ထောင်စုအလိုက်လေဝိ အနွယ်ဝင်များဖြစ်ကြ၏။
The sons of Mushi: Mahli, Eder, and Jerimoth. These were the sons of the Levites after their fathers’ houses.
31 ၃၁ မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။
These likewise cast lots even as their brothers the sons of Aaron in the presence of David the king, Zadok, Ahimelech, and the heads of the fathers’ households of the priests and of the Levites, the fathers’ households of the chief even as those of his younger brother.