< ၁ ရာဇဝင်ချုပ် 23 >

1 ဒါ​ဝိဒ်​သည်​ကြီး​ရင့်​အို​မင်း​သော​အ​ခါ သား တော်​ရှော​လ​မုန်​ကို​ထီး​နန်း​လွှဲ​အပ်​တော်​မူ​၏။
Igitur David, senex et plenus dierum, regem constituit Salomonem filium suum super Israël.
2 ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​တော်​မူ​၏။-
Et congregavit omnes principes Israël, et sacerdotes atque Levitas.
3 အ​သက်​သုံး​ဆယ်​နှင့်​အ​ထက်​ရှိ​သော​လေ​ဝိ အ​နွယ်​ဝင်​အ​မျိုး​သား​တို့​ကို​စာ​ရင်း​ကောက် ယူ​ရာ စု​စု​ပေါင်း​သုံး​သောင်း​ရှစ်​ထောင်​ရှိ သ​တည်း။-
Numeratique sunt Levitæ a triginta annis et supra: et inventa sunt triginta octo millia virorum.
4 မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။-
Ex his electi sunt, et distributi in ministerium domus Domini, viginti quatuor millia: præpositorum autem et judicum, sex millia.
5 လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။
Porro quatuor millia janitores, et totidem psaltæ, canentes Domino in organis quæ fecerat ad canendum.
6 ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။
Et distribuit eos David per vices filiorum Levi, Gerson videlicet, et Caath, et Merari.
7 ဂေ​ရ​ရှုံ​တွင်​လာ​ဒန်​နှင့်​ရှိ​မိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။-
Filii Gerson: Leedan, et Semei.
8 လာ​ဒန်​တွင်​ယေ​ဟေ​လ၊ ဇေ​သံ​နှင့်​ယော​လ ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-
Filii Leedan: princeps Jahiel, et Zethan, et Joël, tres.
9 သူ​တို့​သည်​ယာ​ဒန်​မှ​ဆင်း​သက်​လာ​သော ဆွေ​မျိုး​သား​ချင်း​စု​ဦး​စီး​များ​ဖြစ်​ကြ​၏။ (ရှိ​မိ​တွင်​ရှေ​လော​မိတ်၊ ဟာ​ဇေ​လ​နှင့်​ဟာ​ရန် ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-)
Filii Semei: Salomith, et Hosiel, et Aran, tres: isti principes familiarum Leedan.
10 ၁၀ ရှိ​မိ​တွင်​ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ​ဟူ​၍​ကြီး စဉ်​ငယ်​လိုက်​သား​လေး​ယောက်​ရှိ​၏။ ယု​ရှ​နှင့် ဗေ​ရိ​နှစ်​ဦး​တို့​တွင်​သား​မြေး​များ​စွာ​မ​ရှိ သ​ဖြင့် သူ​တို့​အား​တာ​ဝန်​ပေး​အပ်​ရာ​တွင် သား​ချင်း​စု​တစ်​စု​အ​ဖြစ်​ဖြင့်​သတ်​မှတ်​၍ ထား​သ​တည်း။
Porro filii Semei: Leheth, et Ziza, et Jaus, et Baria: isti filii Semei, quatuor.
11 ၁၁
Erat autem Leheth prior, Ziza secundus: porro Jaus et Baria non habuerunt plurimos filios, et idcirco in una familia, unaque domo computati sunt.
12 ၁၂ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန် နှင့်​သြ​ဇေ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-
Filii Caath: Amram, et Isaar, Hebron, et Oziel, quatuor.
13 ၁၃ သူ​၏​သား​ကြီး​အာ​မ​ရံ​သည်​အာ​ရုန်​နှင့် မော​ရှေ​တို့​၏​အ​ဖ​ဖြစ်​၏။ (အာ​ရုန်​နှင့်​သူ ၏​သား​မြေး​တို့​သည်​အ​မွန်​အ​မြတ်​ထား သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​တို့​ကို​အ​စဉ် အ​မြဲ​ထိန်း​သိမ်း​ရန် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရန်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင် ရွက်​ရန်​နှင့်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ တို့​အား​ကောင်း​ချီး​ပေး​ရန်​သီး​သန့်​တာ​ဝန် ပေး​အပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
Filii Amram: Aaron et Moyses. Separatusque est Aaron ut ministraret in Sancto sanctorum, ipse et filii ejus in sempiternum, et adoleret incensum Domino secundum ritum suum, ac benediceret nomini ejus in perpetuum.
14 ၁၄ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​လူ​မော​ရှေ​၏ သား​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ဖြင့်​စာ​ရင်း​သွင်း​ခြင်း​ကို​ခံ​ရ​ကြ​၏။-)
Moysi quoque hominis Dei filii annumerati sunt in tribu Levi.
15 ၁၅ မော​ရှေ​တွင်​ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။-
Filii Moysi: Gersom et Eliezer.
16 ၁၆ ဂေ​ရ​ရှုံ​၏​သား​တို့​တွင်​ရှေ​ဗွေ​လ​သည် ခေါင်း​ဆောင်​ဖြစ်​၏။-
Filii Gersom: Subuel primus.
17 ၁၇ ဧ​လျေ​ဇာ​တွင်​ရေဟဘိ​ဟူ​သော​သား​တစ်​ယောက် တည်း​ရှိ​၏။ သို့​ရာ​တွင်​ရေ​ဟ​ဘိ​တွင်​မူ​ကား သား​မြေး​များ​စွာ​ရှိ​သ​တည်း။
Fuerunt autem filii Eliezer: Rohobia primus: et non erant Eliezer filii alii. Porro filii Rohobia multiplicati sunt nimis.
18 ၁၈ ကော​ဟတ်​၏​ဒု​တိ​ယ​သား​ဣ​ဇ​ဟာ​တွင် ရှေ​လော​မိတ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။ သူ​သည်​သား​ချင်း​စု​ဦး​စီး​ဖြစ်​၏။-
Filii Isaar: Salomith primus.
19 ၁၉ ကော​ဟတ်​၏​တ​တိ​ယ​သား​ဟေ​ဗြုန်​တွင်​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့်​ယေ​က​မံ​ဟူ​သော သား​လေး​ယောက်​ရှိ​၏။-
Filii Hebron: Jeriau primus, Amarias secundus, Jahaziel tertius, Jecmaam quartus.
20 ၂၀ ကော​ယတ်​၏​စ​တုတ္ထ​သား​သြ​ဇေ​လ​တွင် မိက္ခာ​နှင့်​ယေ​ရှိ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။
Filii Oziel: Micha primus, Jesia secundus.
21 ၂၁ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့်​မု​ရှိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ မ​ဟာ​လိ​တွင်​ဧ​လာ​ဇာ​နှင့် ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-
Filii Merari: Moholi, et Musi. Filii Moholi: Eleazar et Cis.
22 ၂၂ ဧ​လာ​ဇာ​သည်​သား​များ​ကို​မ​ရ၊ သ​မီး​များ ကို​သာ​လျှင်​ရ​ရှိ​၏။ သူ​၏​သ​မီး​များ​သည် မိ​မိ​တို့​၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​အိမ်​ထောင် ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကိ​ရှ​၏​သား​များ ဖြစ်​သ​တည်း။-
Mortuus est autem Eleazar, et non habuit filios, sed filias: acceperuntque eas filii Cis fratres earum.
23 ၂၃ မေ​ရာ​ရိ​၏​ဒု​တိ​ယ​သား​မု​ရှိ​တွင်​မ​ဟာ​လိ၊ ဧ​ဒါ​နှင့်​ယေ​ရိ​မုတ်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
Filii Musi: Moholi, et Eder, et Jerimoth, tres.
24 ၂၄ ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။
Hi filii Levi in cognationibus et familiis suis, principes per vices, et numerum capitum singulorum qui faciebant opera ministerii domus Domini, a viginti annis et supra.
25 ၂၅ ဒါ​ဝိဒ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​တော်​မူ​၍ မိ​မိ​ကိုယ်​တော်​တိုင်​ယေ​ရု ရှ​လင်​မြို့​တွင်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ လိမ့်​မည်။-
Dixit enim David: Requiem dedit Dominus Deus Israël populo suo, et habitationem Jerusalem usque in æternum.
26 ၂၆ ယ​ခု​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲတော် ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့်​ပစ္စည်း​တန်​ဆာ​ပ​လာ​များ​ကို​လည်း ကောင်း​သယ်​ဆောင်​ကြ​ရန်​လို​တော့​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
Nec erit officii Levitarum ut ultra portent tabernaculum et omnia vasa ejus ad ministrandum.
27 ၂၇ ဒါ​ဝိဒ်​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ​အ​ရ အ​သက်​နှစ်​ဆယ်​ပြည့်​သူ လေ​ဝိ​အ​နွယ်​ဝင် အ​ပေါင်း​တို့​သည်​အ​မှု​ဆောင်​ရန်​မှတ်​ပုံ​တင် ရ​ကြ​၏။-
Juxta præcepta quoque David novissima, supputabitur numerus filiorum Levi a viginti annis et supra.
28 ၂၈ သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။-
Et erunt sub manu filiorum Aaron in cultum domus Domini, in vestibulis, et in exedris, et in loco purificationis, et in sanctuario, et in universis operibus ministerii templi Domini.
29 ၂၉ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​မုန့်၊ ပူ​ဇော်​သ​ကာ​အ​ဖြစ်​အ​သုံး​ပြု​သည့်​မုန့်​ညက်၊ တ​ဆေး​မဲ့​မုန့်​ပြား​များ၊ မီး​ဖြင့်​ထုတ်​လုပ်​သည့် ပူ​ဇော်​သ​ကာ​များ၊ ဆီ​နှင့်​ရော​သော​မုန့်​ညက် တို့​အ​တွက်​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဗိ​မာန်​တော်​ပူ​ဇော်​သ​ကာ​များ​ချိန်​တွယ်​မှု ကို​လည်း​တာ​ဝန်​ယူ​ရ​ကြ​၏။-
Sacerdotes autem, super panes propositionis, et ad similæ sacrificium, et ad lagana azyma, et sartaginem, et ad torrendum, et super omne pondus atque mensuram.
30 ၃၀ သူ​တို့​သည်​နံ​နက်​တိုင်း​ည​နေ​တိုင်း​ဥ​ပုသ် နေ့၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​တွင်​ပူ​ဇော် သ​ကာ​ဆက်​သ​ချိန်​တိုင်း ထာ​ဝ​ရ​ဘု​ရား ကို​ထော​မ​နာ​ပြု​၍​ဘုန်း​အ​သ​ရေ​တော် ချီး​ကူး​ရ​ကြ​၏။ ဤ​အ​မှု​ကို​တစ်​ကြိမ် လျှင်​လေ​ဝိ​အ​နွယ်​ဝင်​မည်​မျှ​ဆောင်​ရွက် ရ​မည်​ကို​သတ်​မှတ်​ထား​သည့်​နည်း​ဥ​ပ​ဒေ များ​ရှိ​၏။ လေဝိ​အ​နွယ်​ဝင်​တို့​အ​စဉ်​အ​မြဲ ထမ်း​ဆောင်​ရ​ကြ​သည့် တာ​ဝန်​ဝတ္တ​ရား​မှာ ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ဝတ်​ပြု​ကြ ရန်​ပင်​ဖြစ်​ပေ​သည်။-
Levitæ vero ut stent mane ad confitendum et canendum Domino: similiterque ad vesperam,
31 ၃၁
tam in oblatione holocaustorum Domini, quam in sabbatis et calendis et solemnitatibus reliquis juxta numerum et cæremonias uniuscujusque rei, jugiter coram Domino.
32 ၃၂ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​နှင့် ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ကြ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​၏​ဆွေ​မျိုး များ​ဖြစ်​သော​အာ​ရုန်​၏​သား​မြေး​ယဇ်​ပု​ရော ဟိတ်​တို့​အား ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​၌​ကူ​ညီ​ကြ​ရန်​လည်း​ကောင်း​တာ​ဝန်​ယူ​ရ ကြ​၏။
Et custodiant observationes tabernaculi fœderis, et ritum sanctuarii, et observationem filiorum Aaron fratrum suorum, ut ministrent in domo Domini.

< ၁ ရာဇဝင်ချုပ် 23 >