< ၁ ရာဇဝင်ချုပ် 23 >
1 ၁ ဒါဝိဒ်သည်ကြီးရင့်အိုမင်းသောအခါ သား တော်ရှောလမုန်ကိုထီးနန်းလွှဲအပ်တော်မူ၏။
大卫年纪老迈,日子满足,就立他儿子所罗门作以色列的王。
2 ၂ ဒါဝိဒ်မင်းသည်ဣသရေလအမျိုးသား ခေါင်းဆောင်ရှိသမျှတို့နှင့် ယဇ်ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်အပေါင်းတို့ကို စုရုံးစေတော်မူ၏။-
大卫招聚以色列的众首领和祭司利未人。
3 ၃ အသက်သုံးဆယ်နှင့်အထက်ရှိသောလေဝိ အနွယ်ဝင်အမျိုးသားတို့ကိုစာရင်းကောက် ယူရာ စုစုပေါင်းသုံးသောင်းရှစ်ထောင်ရှိ သတည်း။-
利未人从三十岁以外的都被数点,他们男丁的数目共有三万八千;
4 ၄ မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။-
其中有二万四千人管理耶和华殿的事,有六千人作官长和士师,
5 ၅ လူလေးထောင်တို့အားတံခါးစောင့်တာဝန်ကို အပ်နှင်းလျက် အခြားလေးထောင်တို့ကိုမင်း ကြီးပေးအပ်ထားသည့်တူရိယာများဖြင့် ထာဝရဘုရားအားထောမနာပြုကြရန် ခွဲခန့်သတ်မှတ်၍ပေးတော်မူ၏။
有四千人作守门的,又有四千人用大卫所做的乐器颂赞耶和华。
6 ၆ ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
大卫将利未人革顺、哥辖、米拉利的子孙分了班次。
7 ၇ ဂေရရှုံတွင်လာဒန်နှင့်ရှိမိဟူသောသား နှစ်ယောက်ရှိ၏။-
革顺的子孙有拉但和示每。
8 ၈ လာဒန်တွင်ယေဟေလ၊ ဇေသံနှင့်ယောလ ဟူသောသားသုံးယောက်ရှိ၏။-
拉但的长子是耶歇,还有细坦和约珥,共三人。
9 ၉ သူတို့သည်ယာဒန်မှဆင်းသက်လာသော ဆွေမျိုးသားချင်းစုဦးစီးများဖြစ်ကြ၏။ (ရှိမိတွင်ရှေလောမိတ်၊ ဟာဇေလနှင့်ဟာရန် ဟူသောသားသုံးယောက်ရှိ၏။-)
示每的儿子是示罗密、哈薛、哈兰三人。这是拉但族的族长。
10 ၁၀ ရှိမိတွင်ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိဟူ၍ကြီး စဉ်ငယ်လိုက်သားလေးယောက်ရှိ၏။ ယုရှနှင့် ဗေရိနှစ်ဦးတို့တွင်သားမြေးများစွာမရှိ သဖြင့် သူတို့အားတာဝန်ပေးအပ်ရာတွင် သားချင်းစုတစ်စုအဖြစ်ဖြင့်သတ်မှတ်၍ ထားသတည်း။
示每的儿子是雅哈、细拿、耶乌施、比利亚共四人。
雅哈是长子,细撒是次子。但耶乌施和比利亚的子孙不多,所以算为一族。
12 ၁၂ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန် နှင့်သြဇေလဟူ၍သားလေးယောက်ရှိ၏။-
哥辖的儿子是暗兰、以斯哈、希伯伦、乌薛共四人。
13 ၁၃ သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။-
暗兰的儿子是亚伦、摩西。亚伦和他的子孙分出来,好分别至圣的物,在耶和华面前烧香、事奉他,奉他的名祝福,直到永远。
14 ၁၄ သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
至于神人摩西,他的子孙名字记在利未支派的册上。
15 ၁၅ မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
摩西的儿子是革舜和以利以谢。
16 ၁၆ ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
革舜的长子是细布业;
17 ၁၇ ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။
以利以谢的儿子是利哈比雅。以利以谢没有别的儿子,但利哈比雅的子孙甚多。
18 ၁၈ ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
以斯哈的长子是示罗密。
19 ၁၉ ကောဟတ်၏တတိယသားဟေဗြုန်တွင်ယေရိ၊ အာမရိ၊ ယဟာဇေလနှင့်ယေကမံဟူသော သားလေးယောက်ရှိ၏။-
希伯伦的长子是耶利雅,次子是亚玛利亚,三子是雅哈悉,四子是耶加面。
20 ၂၀ ကောယတ်၏စတုတ္ထသားသြဇေလတွင် မိက္ခာနှင့်ယေရှိဟူ၍သားနှစ်ယောက်ရှိ၏။
乌薛的长子是米迦,次子是耶西雅。
21 ၂၁ မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
米拉利的儿子是抹利、母示。抹利的儿子是以利亚撒、基士。
22 ၂၂ ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
以利亚撒死了,没有儿子,只有女儿,他们本族基士的儿子娶了她们为妻。
23 ၂၃ မေရာရိ၏ဒုတိယသားမုရှိတွင်မဟာလိ၊ ဧဒါနှင့်ယေရိမုတ်ဟူသောသားသုံးယောက် ရှိ၏။
母示的儿子是末力、以得、耶利摩共三人。
24 ၂၄ ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။
以上利未子孙作族长的,照着男丁的数目,从二十岁以外,都办耶和华殿的事务。
25 ၂၅ ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။-
大卫说:“耶和华—以色列的 神已经使他的百姓平安,他永远住在耶路撒冷。
26 ၂၆ ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
利未人不必再抬帐幕和其中所用的一切器皿了。”
27 ၂၇ ဒါဝိဒ်၏နောက်ဆုံးညွှန်ကြားချက်များအရ အသက်နှစ်ဆယ်ပြည့်သူ လေဝိအနွယ်ဝင် အပေါင်းတို့သည်အမှုဆောင်ရန်မှတ်ပုံတင် ရကြ၏။-
照着大卫临终所吩咐的,利未人从二十岁以外的都被数点。
28 ၂၈ သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။-
他们的职任是服事亚伦的子孙,在耶和华的殿和院子,并屋中办事,洁净一切圣物,就是办 神殿的事务,
29 ၂၉ သူတို့သည်ဘုရားသခင်အားပူဇော်သည့်မုန့်၊ ပူဇော်သကာအဖြစ်အသုံးပြုသည့်မုန့်ညက်၊ တဆေးမဲ့မုန့်ပြားများ၊ မီးဖြင့်ထုတ်လုပ်သည့် ပူဇော်သကာများ၊ ဆီနှင့်ရောသောမုန့်ညက် တို့အတွက်တာဝန်ယူရကြ၏။ သူတို့သည် ဗိမာန်တော်ပူဇော်သကာများချိန်တွယ်မှု ကိုလည်းတာဝန်ယူရကြ၏။-
并管理陈设饼,素祭的细面,或无酵薄饼,或用盘烤,或用油调和的物,又管理各样的升斗尺度;
30 ၃၀ သူတို့သည်နံနက်တိုင်းညနေတိုင်းဥပုသ် နေ့၊ လဆန်းပွဲတော်နေ့များတွင်ပူဇော် သကာဆက်သချိန်တိုင်း ထာဝရဘုရား ကိုထောမနာပြု၍ဘုန်းအသရေတော် ချီးကူးရကြ၏။ ဤအမှုကိုတစ်ကြိမ် လျှင်လေဝိအနွယ်ဝင်မည်မျှဆောင်ရွက် ရမည်ကိုသတ်မှတ်ထားသည့်နည်းဥပဒေ များရှိ၏။ လေဝိအနွယ်ဝင်တို့အစဉ်အမြဲ ထမ်းဆောင်ရကြသည့် တာဝန်ဝတ္တရားမှာ ထာဝရဘုရားအားရှိခိုးဝတ်ပြုကြ ရန်ပင်ဖြစ်ပေသည်။-
每日早晚,站立称谢赞美耶和华,
又在安息日、月朔,并节期,按数照例,将燔祭常常献给耶和华;
32 ၃၂ သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။
又看守会幕和圣所,并守耶和华吩咐他们弟兄亚伦子孙的,办耶和华殿的事。