< ၁ ရာဇဝင်ချုပ် 22 >

1 ထို့​ကြောင့်​ဒါ​ဝိဒ်​က``ဤ​အ​ရပ်​ကား​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တည် ဆောက်​ရ​မည့်​အ​ရပ်​ဖြစ်​၏။ ဤ​နေ​ရာ​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ရန်​နေ​ရာ​ဖြစ်​၏'' ဟု​ဆို​၏။
Then David said, "This is the house of Jehovah God, and this is the altar of burnt offering for Israel."
2 ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​၍​လုပ်​အား​ပေး​စေ​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​ဗိ​မာန်​တော် အ​ဆောက်​အ​အုံ​အ​တွက်​ကျောက်​တုံး များ​ကို​ဆစ်​ရ​ကြ​၏။-
David gave orders to gather together the foreigners who were in the land of Israel; and he set masons to cut worked stones to build God's house.
3 မင်း​ကြီး​သည်​အိမ်​ရိုက်​သံ​များ​ပြု​လုပ်​ရန် နှင့်​ဝင်း​တံ​ခါး​ကြီး​များ​အ​တွက် ပျဉ်​ဆက် ကိ​ရိ​ယာ​များ​ပြု​လုပ်​ရန်​သံ​အ​မြောက် အ​မြား​ကို​ထုတ်​ပေး​တော်​မူ​၏။ ချိန်​တွယ်​၍ ပင်​မ​ရ​နိုင်​အောင်​များ​ပြား​သော​ကြေး​ဝါ များ​ကို​ထုတ်​ပေး​တော်​မူ​၏။-
David prepared iron in abundance for the nails for the doors of the gates, and for the couplings; and bronze in abundance without weight;
4 တု​ရု​နှင့်​ဇိ​ဒုန်​မြို့​များ​မှ​လူ​တို့​အား အာ​ရဇ် သစ်​အ​မြောက်​အ​များ​ကို​လည်း​အ​ထံ​တော် သို့​ယူ​ဆောင်​လာ​စေ​တော်​မူ​၏။-
and cedar trees without number: for the Sidonians and they of Tyre brought cedar trees in abundance to David.
5 ဒါ​ဝိဒ်​သည်``ငါ​၏​သား​ရှော​လ​မုန်​တည်​ဆောက် မည့်​ဗိ​မာန်​တော်​သည်​ခမ်း​နား​ထည်​ဝါ​၍ ကမ္ဘာ ပေါ်​တွင်​ထင်​ပေါ်​ကျော်​ကြား​ရ​ပေ​မည်။ သို့ ရာ​တွင်​ရှော​လ​မုန်​သည်​အ​သက်​အ​ရွယ် ငယ်​၍​အ​တွေ့​အ​ကြုံ​နည်း​ပါး​သေး​သူ ဖြစ်​သ​ဖြင့် ငါ​သည်​ဗိ​မာန်​တော်​အ​တွက် ပြင်​ဆင်​မှု​များ​ကို​ပြု​လုပ်​ပေး​မည်'' ဟု တွေး​တော​ဆင်​ခြင်​ကာ မ​ကွယ်​လွန်​မီ​ဗိ​မာန် တော်​တည်​ဆောက်​ရန်​ပစ္စည်း​အ​မြောက် အ​မြား​ကို​အ​သင့်​စု​ဆောင်း​လေ​သည်။
David said, "Solomon my son is young and tender, and the house that is to be built for Jehovah must be exceedingly magnificent, of fame and of glory throughout all countries. I will therefore make preparation for it." So David prepared abundantly before his death.
6 မင်း​ကြီး​သည်​သား​တော်​ရှော​လ​မုန်​ကို ခေါ်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည်​ဆောက်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
Then he called for Solomon his son, and commanded him to build a house for Jehovah, the God of Israel.
7 ဒါ​ဝိဒ်​က``ငါ့​သား၊ ငါ​သည်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ချီး​မြှောက် ရန်​အ​တွက် ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည် ဆောက်​လို​သည်။-
David said to Solomon, "My son, as for me, it was in my heart to build a house to the name of Jehovah my God.
8 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် လူ​အ​မြောက်​အ​မြား​ကို​သတ်​ခဲ့​သူ၊ စစ်​ပွဲ အ​မြောက်​အ​များ​ကို​ဝင်​ခဲ့​သူ​ဖြစ်​သ​ဖြင့် ငါ​ဖြစ်​ပွား​စေ​ခဲ့​သည့်​သွေး​ထွက်​သံ​ယို​မှု အ​ပေါင်း​ကို​အ​ကြောင်း​ပြု​၍ ငါ့​အား​ဗိ​မာန် တော်​တည်​ဆောက်​ခွင့်​ကို​ပေး​တော်​မ​မူ။-
But the word of Jehovah came to me, saying, 'You have shed blood abundantly, and have made great wars. You shall not build a house to my name, because you have shed much blood on the earth in my sight.
9 သို့​သော်​ကိုယ်​တော်​သည်​ငါ့​အား​ကတိ​တော် ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​က`သင်​သည်​တိုင်း နိုင်​ငံ​ကို​ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​မည့်​သား​တစ် ဦး​ကို​ရ​လိမ့်​မည်။ သူ​သည်​မိ​မိ​ရန်​သူ​များ နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရေး​ကို​ငါ​ပေး​မည်။ သူ​သည်​မိ​မိ​နန်း​သက်​အ​တွင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ငြိမ်း​ချမ်း​လုံ​ခြုံ​စွာ ထား​မည်​ဖြစ်​၍၊ ရှော​လ​မုန် ဟု​နာ​မည်​တွင်​လိမ့်​မည်။-
Look, a son shall be born to you, who shall be a man of rest. I will give him rest from all his enemies all around; for his name shall be Solomon, and I will give peace and quietness to Israel in his days.
10 ၁၀ သူ​သည်​ငါ​၏​အ​ဖို့​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​ရ​လိမ့်​မည်။ သူ​သည်​ငါ​၏ သား​ဖြစ်​ရ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ အဖ​ဖြစ်​လိမ့်​မည်။ သူ​၏​နန်း​ဆက်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​စဉ်​အ​မြဲ​တည် လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ပြော ကြား​တော်​မူ​၏။
He shall build a house for my name; and he shall be my son, and I will be his father; and I will establish the throne of his kingdom over Israel for ever.'
11 ၁၁ ထို​နောက်​ဒါ​ဝိဒ်​သည်​ဆက်​၍``ငါ့​သား၊ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့် အ​တူ​ရှိ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့် အ​တိုင်း​သင်​သည်​ကိုယ်​တော်​အ​ဖို့​ဗိ​မာန် တော်​ကို​အောင်​မြင်​စွာ​တည်​ဆောက်​နိုင်​ပါ စေ​သော။-
Now, my son, may Jehovah be with you and prosper you, and build the house of Jehovah your God, as he has spoken concerning you.
12 ၁၂ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် သင့်​အား​ကိုယ်​တော်​၏​တ​ရား​တော်​အ​ရ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အုပ်​စိုး​နိုင်​ရန်​ထိုး ထွင်း​ဉာဏ်​နှင့်​အ​သိ​ပညာ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော။-
May Jehovah give you discretion and understanding, and put you in charge of Israel; that so you may keep the law of Jehovah your God.
13 ၁၃ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-
Then you will prosper, if you observe to do the statutes and the ordinances which Jehovah gave Moses concerning Israel. Be strong, and courageous. Do not be afraid, neither be dismayed.
14 ၁၄ ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-
Now, look, in my affliction I have prepared for the house of Jehovah one hundred thousand talents of gold, one million talents of silver, and bronze and iron without weight; for it is in abundance. I have also prepared timber and stone; and you may add to them.
15 ၁၅ သင့်​မှာ​များ​စွာ​သော​အ​လုပ်​သ​မား များ​ရှိ​၏။ ကျောက်​ဆစ်​သ​မား​များ၊ ပန်း​ရံ များ၊ လက်​သ​မား​များ​နှင့်၊-
There are also workmen with you in abundance, cutters and workers of stone and timber, and all kinds of men who are skillful in every kind of work:
16 ၁၆ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ​တို့​နှင့်​သက်​ဆိုင်​သော လက်​မှု​ပ​ညာ​သည်​အ​မျိုး​မျိုး​တို့​လည်း များ​စွာ​ရှိ​၏။ သင်​သည်​ယ​ခု​ပင်​အ​လုပ် ကို​စ​တင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့် တော်​မူ​၏။
of the gold, the silver, and the bronze, and the iron, there is no number. Arise and be doing, and may Jehovah be with you."
17 ၁၇ ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​အား ရှော​လ​မုန်​ကို​ကူ​ညီ ကြ​ရန်​မိန့်​မှာ​တော်​မူ​၏။-
And David also commanded all the leaders of Israel to help Solomon his son, saying,
18 ၁၈ မင်း​ကြီး​က``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ လျက် သင်​တို့​အား​အ​ရပ်​တ​ကာ​တွင်​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော်​မူ​ပြီ။ ကိုယ်​တော် သည်​ယ​ခင်​က​ဤ​ပြည်​တွင်​နေ​ထိုင်​ကြ​သူ တို့​အား​ငါ​၏​လက်​သို့​အပ်​တော်​မူ​၍ ငါ သည်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​နှိမ် နင်း​ခဲ့​၏။-
"Isn't Jehovah your God with you? Hasn't he given you rest on every side? For he has delivered the inhabitants of the land into my hand; and the land is subdued before Jehovah, and before his people.
19 ၁၉ သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Now set your heart and your soul to seek after Jehovah your God. Arise therefore, and build the sanctuary of Jehovah God, to bring the ark of the covenant of Jehovah, and the holy vessels of God, into the house that is to be built to the name of Jehovah."

< ၁ ရာဇဝင်ချုပ် 22 >