< ၁ ရာဇဝင်ချုပ် 22 >
1 ၁ ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။
大卫说:“这就是耶和华 神的殿,为以色列人献燔祭的坛。”
2 ၂ ဒါဝိဒ်မင်းသည်ဣသရေလနိုင်ငံတွင်နေ ထိုင်ကြသောလူမျိုးခြားအပေါင်းတို့ကို စုရုံးစေ၍လုပ်အားပေးစေတော်မူ၏။ အချို့သောသူတို့သည်ဗိမာန်တော် အဆောက်အအုံအတွက်ကျောက်တုံး များကိုဆစ်ရကြ၏။-
大卫吩咐聚集住以色列地的外邦人,从其中派石匠凿石头,要建造 神的殿。
3 ၃ မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။-
大卫预备许多铁做门上的钉子和钩子,又预备许多铜,多得无法可称;
4 ၄ တုရုနှင့်ဇိဒုန်မြို့များမှလူတို့အား အာရဇ် သစ်အမြောက်အများကိုလည်းအထံတော် သို့ယူဆောင်လာစေတော်မူ၏။-
又预备无数的香柏木,因为西顿人和泰尔人给大卫运了许多香柏木来。
5 ၅ ဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။
大卫说:“我儿子所罗门还年幼娇嫩,要为耶和华建造的殿宇必须高大辉煌,使名誉荣耀传遍万国;所以我要为殿预备材料。”于是,大卫在未死之先预备的材料甚多。
6 ၆ မင်းကြီးသည်သားတော်ရှောလမုန်ကို ခေါ်ယူပြီးလျှင် ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တစ်ဆောင်ကိုတည်ဆောက်ရန် အမိန့်ပေးတော်မူ၏။-
大卫召了他儿子所罗门来,嘱咐他给耶和华—以色列的 神建造殿宇,
7 ၇ ဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။-
对所罗门说:“我儿啊,我心里本想为耶和华—我 神的名建造殿宇,
8 ၈ သို့ရာတွင်ထာဝရဘုရားကငါသည် လူအမြောက်အမြားကိုသတ်ခဲ့သူ၊ စစ်ပွဲ အမြောက်အများကိုဝင်ခဲ့သူဖြစ်သဖြင့် ငါဖြစ်ပွားစေခဲ့သည့်သွေးထွက်သံယိုမှု အပေါင်းကိုအကြောင်းပြု၍ ငါ့အားဗိမာန် တော်တည်ဆောက်ခွင့်ကိုပေးတော်မမူ။-
只是耶和华的话临到我说:‘你流了多人的血,打了多次大仗,你不可为我的名建造殿宇,因为你在我眼前使多人的血流在地上。
9 ၉ သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
你要生一个儿子,他必作太平的人;我必使他安静,不被四围的仇敌扰乱。他的名要叫所罗门。他在位的日子,我必使以色列人平安康泰。
10 ၁၀ သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။
他必为我的名建造殿宇。他要作我的子;我要作他的父。他作以色列王;我必坚定他的国位,直到永远。’
11 ၁၁ ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။-
我儿啊,现今愿耶和华与你同在,使你亨通,照他指着你说的话,建造耶和华—你 神的殿。
12 ၁၂ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားကိုယ်တော်၏တရားတော်အရ ဣသရေလနိုင်ငံကိုအုပ်စိုးနိုင်ရန်ထိုး ထွင်းဉာဏ်နှင့်အသိပညာကိုပေးသနား တော်မူပါစေသော။-
但愿耶和华赐你聪明智慧,好治理以色列国,遵行耶和华—你 神的律法。
13 ၁၃ သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။-
你若谨守遵行耶和华借摩西吩咐以色列的律例典章,就得亨通。你当刚强壮胆,不要惧怕,也不要惊惶。
14 ၁၄ ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
我在困难之中为耶和华的殿预备了金子十万他连得,银子一百万他连得,铜和铁多得无法可称;我也预备了木头、石头,你还可以增添。
15 ၁၅ သင့်မှာများစွာသောအလုပ်သမား များရှိ၏။ ကျောက်ဆစ်သမားများ၊ ပန်းရံ များ၊ လက်သမားများနှင့်၊-
你有许多匠人,就是石匠、木匠,和一切能做各样工的巧匠,
16 ၁၆ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
并有无数的金银铜铁。你当起来办事,愿耶和华与你同在。”
17 ၁၇ ဒါဝိဒ်သည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့အား ရှောလမုန်ကိုကူညီ ကြရန်မိန့်မှာတော်မူ၏။-
大卫又吩咐以色列的众首领帮助他儿子所罗门,说:
18 ၁၈ မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
“耶和华—你们的 神不是与你们同在吗?不是叫你们四围都平安吗?因他已将这地的居民交在我手中,这地就在耶和华与他百姓面前制伏了。
19 ၁၉ သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
现在你们应当立定心意,寻求耶和华—你们的 神;也当起来建造耶和华 神的圣所,好将耶和华的约柜和供奉 神的圣器皿都搬进为耶和华名建造的殿里。”