< ၁ ရာဇဝင်ချုပ် 21 >
1 ၁ စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
Adui akainuka dhidi ya Israeli na kumchochea Daudi kuhesabu Israeli.
2 ၂ ဒါဝိဒ်သည်ယွာဘနှင့်အခြားတပ်မှူးများ အား``သင်တို့သည်တိုင်းပြည်တစ်စွန်းမှ အခြားတစ်စွန်းသို့တိုင်အောင် ဣသရေလ နိုင်ငံတစ်လျှောက်လုံးကိုသွားရောက်၍လူဦး ရေစာရင်းကောက်ယူကြလော့။ လူဦးရေ မည်မျှရှိသည်ကိုငါသိလိုသည်'' ဟု မိန့်တော်မူ၏။
Daudi akamwabia Yoabu na kwa wakuu wa Jeshi, “Nenda, wahesabu watu wa Israeli kutoka Beerisheba mpaka Dani na uniletee taarifa, ilinijue idadi yao.”
3 ၃ ယွာဘက``ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အား ယခုထက်အဆတစ်ရာ ပိုမိုတိုးပွားအောင်ပြုတော်မူပါစေသော။ အရှင်မင်းကြီး၊ သူတို့အပေါင်းသည်ကိုယ် တော်ရှင်၏အစေခံများဖြစ်ကြပါ၏။ ဣသရေလအမျိုးသားတစ်ရပ်လုံးအပြစ် ရကြစေရန် အဘယ်ကြောင့်ဤအမှုကို ပြုတော်မူပါသနည်း'' ဟုလျှောက်ထား၏။-
Yoabu akasema, “Yahweh na afanya jeshi lake mara mia zaidi ya lilivyo. Lakini bwana wangu mfalme, kwani wote hawamtumikii bwana wangu? kwa nini bwana wangu anataka hili? Kwa nini ulete hatia kwa Israeli?”
4 ၄ သို့ရာတွင်မင်းကြီးသည်မိမိ၏အမိန့် အတိုင်းလိုက်နာစေတော်မူ၏။ ယွာဘသည် ထွက်ခွာသွားပြီးလျှင် ဣသရေလနိုင်ငံ တစ်ခုလုံးသို့လှည့်လည်ကာယေရုရှလင် မြို့သို့ပြန်လာ၏။-
Lakini neno la mfalme halikubadilika kwa Yoabu. Hivyo Yoabu akaondoka na kwenda Israeli yote. Kisha akarudi Yerusalemu.
5 ၅ သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
Yoabu akatoa taarifa ya idadi ya jumla ya wanaume wa mapambano kwa Daudi. Kulikuwa ndani ya Israeli wanaume 1, 100, 000 walio beba upanga. Yuda peke yake kulikuwa na wanajeshi 470, 000.
6 ၆ ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
Lakini Levi na Benjamini hawaku hesabiwa miongoni mwao, kwa kuwa amri ya mfalme ilimuudhi Yoabu.
7 ၇ ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
Mungu alikwazika na hili tendo, akashambulia Israeli.
8 ၈ ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
Daudi akamwambia Mungu, “Nimetenda dhambi kubwa kwa kufanya hili. Sasa chukua hatia ya mtumishi wako, nimetenda kwa ujinga sana.”
9 ၉ ထိုအခါထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဖြစ်သူဂဒ်အား၊-
Yahweh akamwambia Gadi, nabii wa Daudi,
10 ၁၀ သင်သည်ဒါဝိဒ်ထံသို့သွားလော့။ ငါပြုရန် ရှိသည့်အမှုသုံးခုအနက် သူသည်မိမိ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင် ကြောင်းပြောကြားလော့။ သူရွေးချယ်ရာ ကိုငါပြုမည်'' ဟုမိန့်တော်မူ၏။
“Nenda useme kwa Daudi, “Hili ndilo Yahweh anasema: Ninakupa maamuzi matatu. Chagua moja wapo.”
11 ၁၁ ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းတင်ပြပြီးလျှင်၊-
Hivyo Gadi akaenda kwa Daudi na kusema, “Yahweh anasema hivi, 'Chagua moja ya haya:
12 ၁၂ ``အရှင်မင်းကြီး၊ သုံးနှစ်ပတ်လုံးအစာ ငတ်မွတ်ခေါင်းပါးသည့်ဘေး၊ သုံးလပတ် လုံးသင့်ကိုရန်သူလိုက်မီ၍ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံးကပ် ရောဂါတည်းဟူသောထာဝရဘုရား ၏ဋ္ဌားဖြင့် ကောင်းကင်တမန်ကိုစေလွှတ် ကာ ဣသရေလနိုင်ငံတစ်လျှောက်လုံး တွင်သတ်ဖြတ်မည့်ဘေးတို့အနက် အဘယ်ကိုရွေးချယ်တော်မူပါမည်နည်း။ ထာဝရဘုရားအားအကျွန်ုပ်ပြန်ကြား လျှောက်ထားရပါမည်'' ဟုလျှောက်လေ၏။
kati ya miaka mitatu ya ukame, miezi mitatu unakimbizwa na adui zako na kupatwa na upanga wao, au siku tatu za upanga wa Yahweh, yani, pigo katika nchi, malaika wa Yahweh akiharibu nchi yote ya Israeli.' Hivyo sasa, amua jibu gani ni mpelekee yeye aliye nituma.”
13 ၁၃ ဒါဝိဒ်သည်ဂဒ်အား``ငါသည်အလွန်ဆိုးဝါး သောအခြေအနေသို့ရောက်၍နေလေပြီ။ သို့ရာတွင်လူတို့အပြစ်ပေးသည်ကိုငါ မခံလို။ ထာဝရဘုရားအပြစ်ပေးတော် မူပါစေ။ ကိုယ်တော်သည်ကရုဏာထား တော်မူတတ်သောအရှင်ဖြစ်ပါ၏'' ဟု ဆို၏။
Kisha Daudi akamwambia Gadi, “Nipo katika shida kubwa sana. Acha nianguke katika mikono ya Yahweh kuliko kuangukia mikono ya mwanadamu, sababu matendo yake ya rehema ni makubwa mno.”
14 ၁၄ သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-
Hivyo Yahweh akatuma pigo Israeli, na watu elfu sabini wakafa.
15 ၁၅ ဘုရားသခင်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးတော်မူရန် ကောင်းကင်တမန်တစ် ပါးစေလွှတ်တော်မူပြီးမှစိတ်ပြောင်းလဲ တော်မူ၍``ဤမျှနှင့်တော်လောက်ပြီ။ ရပ် တန့်လော့။ ဆက်၍မဖျက်ဆီးနှင့်'' ဟု ထို ကောင်းကင်တမန်အားမိန့်တော်မူ၏။ ကောင်းကင်တမန်သည်ယေဗုသိအမျိုး သားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
Mungu akatuma malaika Yerusalemu kuiharibu. Wakati alipo taka kuiharibu, Yahweh akatazama na kubadili nia yake kuhusu shambulio. Akasema kwa malaika wa uharibifu, “Imetosha! Rudisha mkono wako.” Wakati huo malaika wa Yahweh alikua amesimama eneo la kupeta la Orinani Myebusi.
16 ၁၆ ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
Daudi akatazama juu na kuona malaika wa Yahweh amesimama kati ya nchi na mbingu, akiwa na upanga mkonono mwake akiuelekeza Yerusalemu. Kisha Daudi na wazee, wakiwa wamevaa magunia, wakalala chini uso ukiwa kwenye ardhi.
17 ၁၇ ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။
Daudi akamwambia Mungu, “Sio mimi niliye amuru jeshi kuhesabiwa? Nimefanya hichi kitu kiovu. Lakini hawa kondoo, wamefanya nini? Yahweh Mungu wangu! Acha mkono wako unipige mimi na familia yangu, lakini usiache pigo iliendelee kubaki kwa watu wako.”
18 ၁၈ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။-
Hivyo malaika wa Yahweh akamuamuru Gadi kusema kwa Daudi, kwamba Daudi aende juu na kujenga madhabahu ya Yahweh katika eneo la kupeta la Oranani Myebusi.
19 ၁၉ ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။-
Daudi akaenda kama Gadi alivyo muelekeza cha kufanya kwa jina la Yahweh.
20 ၂၀ အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။-
Wakati Orinani akipepeta ngano, aligeuka na kumuona malaika. Yeye na wana wake wanne wakajificha.
21 ၂၁ အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
Wakati Daudi alipo kuja kwa Orinani, Orinani akatazama na kumuona Daudi. Aliacha eneo la kupeta na akamuinamia Daudi uso wake ukiwa kwenye ardhi.
22 ၂၂ ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။
Kisha Daudi akasema kwa Orinani, “Niuzie hili eneo la kupeta, iliniweze kumjenga Yahweh madhabahu. Nitalipa gharama yote, ili pigo liondolewe kwa watu.”
23 ၂၃ အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
Orinani wakwambia Daudi, “Chukuwa kama lako, bwana wangu mfalme. Fanya nalo linalo kupendeza. Tazama, nitakupa ng'ombe kwa sadaka ya kuteketeza, vifaa vya kupeta kwa ajili ya mbao, na ngano kwa sadaka ya mbegu; nitakupa yote wewe.”
24 ၂၄ သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။-
Mfalme Daudi akamwambia Orinani, “Hapana, nina sisitiza kununua kwa bei yote. Sitachukua kilicho chako na kutoa kama sadaka ya kuteketeza kwa Yahweh kama haitanighramu chochote.”
25 ၂၅ ထိုနောက်မင်းကြီးသည်အရောနအား ရွှေဒင်္ဂါးခြောက်ရာကိုပေးတော်မူ၍၊-
Hivyo Daudi akalipa shekeli mia sita ya dhahabu kwa hilo eneo.
26 ၂၆ ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
Daudi akajenga madhabahu ya Yahweh pale na kutoa sadaka za kuteketezwa na sadaka za ushirika. Akamuita Yahweh, aliye mjibu kwa moto kutoka mbinguni kwenye madhabahu ya sadaka za kuteketezwa.
27 ၂၇ ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-
Kisha Yahweh akampa agizo malaika, na malaika akarudisha upanga kwenye mfuko wake.
28 ၂၈ ဤအချင်းအရာကိုဒါဝိဒ်မင်းမြင်သော် မိမိ၏ဆုတောင်းပတ္ထနာကို ထာဝရဘုရား နားညောင်းတော်မူပြီဖြစ်ကြောင်းသိလေ၏။ သို့ဖြစ်၍သူသည်အရောန၏ကောက်နယ် တလင်းရှိယဇ်ပလ္လင်ပေါ်တွင်ယဇ်များကို ပူဇော်ခြင်းဖြစ်သတည်း။-
Daudi alipo ona kuwa Yahweh amemjibu kwenye eneo la kupeta la Orinani Myebusi, alitoa dhabihu pale pale kwa wakati huo.
29 ၂၉ ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။-
Sasa kwa wakati huo, hema la kuabudia la Yahweh, ambalo Musa alilitengeneza nyikani, na madhabahu ya sadaka za kuteketezwa, zilikuwa sehemu ya juu huko Gibeoni.
30 ၃၀ သို့ရာတွင်ဒါဝိဒ်သည်ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရန် ထိုအရပ်သို့မသွားဝံ့။ အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏ကောင်းကင်တမန်ဋ္ဌားကိုကြောက် သောကြောင့်ဖြစ်၏။
Walakini, Daudi hakuweza kwenda huko kumuliza Mungu muelekeo, kwa kuwa alikuwa anaogopa upanga wa malaika wa Yahweh.