< ၁ ရာဇဝင်ချုပ် 21 >
1 ၁ စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
Mas Satanás se levantó contra Israel, e incitó a David a que contase a Israel.
2 ၂ ဒါဝိဒ်သည်ယွာဘနှင့်အခြားတပ်မှူးများ အား``သင်တို့သည်တိုင်းပြည်တစ်စွန်းမှ အခြားတစ်စွန်းသို့တိုင်အောင် ဣသရေလ နိုင်ငံတစ်လျှောက်လုံးကိုသွားရောက်၍လူဦး ရေစာရင်းကောက်ယူကြလော့။ လူဦးရေ မည်မျှရှိသည်ကိုငါသိလိုသည်'' ဟု မိန့်တော်မူ၏။
Y dijo David a Joab y a los príncipes del pueblo: Id, contád a Israel desde Beer-seba hasta Dan, y traédme el número de ellos, para que yo lo sepa.
3 ၃ ယွာဘက``ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အား ယခုထက်အဆတစ်ရာ ပိုမိုတိုးပွားအောင်ပြုတော်မူပါစေသော။ အရှင်မင်းကြီး၊ သူတို့အပေါင်းသည်ကိုယ် တော်ရှင်၏အစေခံများဖြစ်ကြပါ၏။ ဣသရေလအမျိုးသားတစ်ရပ်လုံးအပြစ် ရကြစေရန် အဘယ်ကြောင့်ဤအမှုကို ပြုတော်မူပါသနည်း'' ဟုလျှောက်ထား၏။-
Y dijo Joab: Añada Jehová a su pueblo cien veces otros tantos. Rey señor mío: ¿no son todos estos siervos de mi señor? ¿Para qué procura esto mi señor? ¿Para qué sea por pecado a Israel?
4 ၄ သို့ရာတွင်မင်းကြီးသည်မိမိ၏အမိန့် အတိုင်းလိုက်နာစေတော်မူ၏။ ယွာဘသည် ထွက်ခွာသွားပြီးလျှင် ဣသရေလနိုင်ငံ တစ်ခုလုံးသို့လှည့်လည်ကာယေရုရှလင် မြို့သို့ပြန်လာ၏။-
Mas el mandamiento del rey pudo más que Joab: y salió Joab, y fue por todo Israel; y volvió a Jerusalem, y dio Joab la cuenta del número del pueblo a David.
5 ၅ သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
Y fue todo Israel que sacaban espada once veces cien mil: y de Judá cuatrocientos y setenta mil hombres que sacaban espada.
6 ၆ ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
Entre estos no fueron contados los Levitas, ni los hijos de Ben-jamín, porque Joab abominaba el mandamiento del rey.
7 ၇ ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
Este negocio desplugo en los ojos de Dios; e hirió a Israel.
8 ၈ ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
Y dijo David a Dios: Yo he pecado gravemente en hacer esto, ruégote que hagas pasar la iniquidad de tu siervo; porque yo he obrado con grandísima insensatez.
9 ၉ ထိုအခါထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဖြစ်သူဂဒ်အား၊-
Y habló Jehová a Gad, vidente de David, diciendo:
10 ၁၀ သင်သည်ဒါဝိဒ်ထံသို့သွားလော့။ ငါပြုရန် ရှိသည့်အမှုသုံးခုအနက် သူသည်မိမိ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင် ကြောင်းပြောကြားလော့။ သူရွေးချယ်ရာ ကိုငါပြုမည်'' ဟုမိန့်တော်မူ၏။
Vé, y habla a David, y díle: Así dijo Jehová: Tres cosas te propongo: de estas escoge una que yo haga contigo.
11 ၁၁ ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းတင်ပြပြီးလျှင်၊-
Y viniendo Gad a David díjole: Así dijo Jehová:
12 ၁၂ ``အရှင်မင်းကြီး၊ သုံးနှစ်ပတ်လုံးအစာ ငတ်မွတ်ခေါင်းပါးသည့်ဘေး၊ သုံးလပတ် လုံးသင့်ကိုရန်သူလိုက်မီ၍ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံးကပ် ရောဂါတည်းဟူသောထာဝရဘုရား ၏ဋ္ဌားဖြင့် ကောင်းကင်တမန်ကိုစေလွှတ် ကာ ဣသရေလနိုင်ငံတစ်လျှောက်လုံး တွင်သတ်ဖြတ်မည့်ဘေးတို့အနက် အဘယ်ကိုရွေးချယ်တော်မူပါမည်နည်း။ ထာဝရဘုရားအားအကျွန်ုပ်ပြန်ကြား လျှောက်ထားရပါမည်'' ဟုလျှောက်လေ၏။
Tómate, o tres años de hambre; o que tres meses seas consumido delante de tus enemigos, y que la espada de tus adversarios te comprenda; o tres días la espada de Jehová, y pestilencia en la tierra, y que el ángel de Jehová destruya en todo el término de Israel: mira pues que responderé, al que me ha enviado.
13 ၁၃ ဒါဝိဒ်သည်ဂဒ်အား``ငါသည်အလွန်ဆိုးဝါး သောအခြေအနေသို့ရောက်၍နေလေပြီ။ သို့ရာတွင်လူတို့အပြစ်ပေးသည်ကိုငါ မခံလို။ ထာဝရဘုရားအပြစ်ပေးတော် မူပါစေ။ ကိုယ်တော်သည်ကရုဏာထား တော်မူတတ်သောအရှင်ဖြစ်ပါ၏'' ဟု ဆို၏။
Entonces David dijo a Gad: Yo estoy en grande angustia: ruego que yo caiga en la mano de Jehová, porque sus miseraciones son muchas en gran manera, y que yo no caiga en mano de hombres.
14 ၁၄ သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-
Así Jehová dio pestilencia en Israel, y cayeron de Israel setenta mil hombres.
15 ၁၅ ဘုရားသခင်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးတော်မူရန် ကောင်းကင်တမန်တစ် ပါးစေလွှတ်တော်မူပြီးမှစိတ်ပြောင်းလဲ တော်မူ၍``ဤမျှနှင့်တော်လောက်ပြီ။ ရပ် တန့်လော့။ ဆက်၍မဖျက်ဆီးနှင့်'' ဟု ထို ကောင်းကင်တမန်အားမိန့်တော်မူ၏။ ကောင်းကင်တမန်သည်ယေဗုသိအမျိုး သားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
Y envió Jehová el ángel en Jerusalem para destruirla: y destruyendo él, miró Jehová, y arrepintióse de aquel mal, y dijo al ángel que destruía: Basta ya: detén tu mano. Y el ángel de Jehová estaba junto a la era de Ornán Jebuseo.
16 ၁၆ ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
Y alzando David sus ojos vio al ángel de Jehová, que estaba entre el cielo y la tierra, teniendo una espada desnuda en su mano, extendida contra Jerusalem. Entonces David y los ancianos se postraron sobre sus rostros cubiertos de sacos.
17 ၁၇ ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။
Y dijo David a Dios: ¿No soy yo el que hice contar el pueblo? Yo mismo soy el que pequé, y haciendo mal, hice mal: ¿estas ovejas que hicieron? Jehová Dios mío, sea ahora tu mano contra mí, y contra la casa de mi padre, y no haya plaga en tu pueblo.
18 ၁၈ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။-
Y dijo el ángel de Jehová a Gad, que dijese a David, que subiese, y compusiese un altar a Jehová en la era de Ornán Jebuseo.
19 ၁၉ ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။-
Entonces David subió conforme a la palabra de Gad, que le había dicho en nombre de Jehová.
20 ၂၀ အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။-
Y volviéndose Ornán vio al ángel, y estaban con él cuatro hijos suyos, los cuales se escondieron. Y Ornán trillaba el trigo.
21 ၂၁ အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
Y viniendo David a Ornán, miró Ornán, y vio a David, y saliendo de la era postróse en tierra a David.
22 ၂၂ ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။
Y David dijo a Ornán: Dáme este lugar de la era en que edifique un altar a Jehová, y dámelo por dinero cumplido, para que cese la plaga del pueblo.
23 ၂၃ အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
Y Ornán respondió a David: Tómate lo, y haga mi señor el rey lo que bien le pareciere: y aun los bueyes daré para el holocausto, y los trillos para leña, y trigo para el presente: yo lo doy todo.
24 ၂၄ သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။-
Entonces el rey David dijo a Ornán: No, sino comprando lo compraré por dinero cumplido: porque no tomaré para Jehová lo que es tuyo, ni sacrificaré holocausto de gracia.
25 ၂၅ ထိုနောက်မင်းကြီးသည်အရောနအား ရွှေဒင်္ဂါးခြောက်ရာကိုပေးတော်မူ၍၊-
Y dio David a Ornán por el lugar seiscientos siclos de oro de peso.
26 ၂၆ ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
Y edificó allí David un altar a Jehová, en el cual sacrificó holocaustos y sacrificios pacíficos, e invocó a Jehová, el cual le respondió por fuego de los cielos en el altar del holocausto.
27 ၂၇ ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-
Y como Jehová habló al ángel, él volvió su espada en su vaina.
28 ၂၈ ဤအချင်းအရာကိုဒါဝိဒ်မင်းမြင်သော် မိမိ၏ဆုတောင်းပတ္ထနာကို ထာဝရဘုရား နားညောင်းတော်မူပြီဖြစ်ကြောင်းသိလေ၏။ သို့ဖြစ်၍သူသည်အရောန၏ကောက်နယ် တလင်းရှိယဇ်ပလ္လင်ပေါ်တွင်ယဇ်များကို ပူဇော်ခြင်းဖြစ်သတည်း။-
Entonces viendo David que Jehová le había oído en la era de Ornán Jebuseo, sacrificó allí.
29 ၂၉ ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။-
Y el tabernáculo de Jehová, que Moisés había hecho en el desierto, y el altar del holocausto, estaban entonces en el alto de Gabaón.
30 ၃၀ သို့ရာတွင်ဒါဝိဒ်သည်ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရန် ထိုအရပ်သို့မသွားဝံ့။ အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏ကောင်းကင်တမန်ဋ္ဌားကိုကြောက် သောကြောင့်ဖြစ်၏။
Y David no pudo ir allá a consultar a Dios; porque estaba espantado a causa de la espada del ángel de Jehová.