< ၁ ရာဇဝင်ချုပ် 20 >
1 ၁ နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
Slijedeće godine, u doba kad kraljevi izlaze u rat, izvede Joab vojsku i poče pustošiti zemlju amonsku. Došavši, opsjeo je Rabu; David bijaše ostao u Jeruzalemu. Joab je osvojio Rabu i razorio je.
2 ၂ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောမောလုတ် ဘုရားရုပ်တု၏ဦးခေါင်းထက်တွင် အလေး ချိန်ခုနစ်ဆယ့်ငါးပေါင်ရှိသောရွှေသရဖူ တစ်ခုရှိ၏။ ထိုသရဖူတွင်ကျောက်မျက် ရတနာတစ်လုံးရှိ၏။ ထိုကျောက်ကိုဒါဝိဒ် သည်ယူ၍မိမိ၏သရဖူတွင်တပ်ဆင် လေသည်။ သူသည်ရဗ္ဗာမြို့မှတိုက်ရာပါ ပစ္စည်းအမြောက်အမြားကိုလည်းယူ၍ သွား၏။-
Tada je David uzeo njihovu kralju s glave krunu i vidio da je teška jedan zlatni talenat, a na njoj je bilo drago kamenje. Stavili su je na glavu Davidu, koji je iz grada odnio vrlo velik plijen.
3 ၃ ထိုမြို့မှလူတို့ကိုခေါ်ဆောင်ပြီးလျှင် လွှ၊ ပေါက်တူး၊ ပုဆိန်တို့ဖြင့်လုပ်ရသောအလုပ် ကြမ်းများကိုလုပ်စေလေသည်။ ဒါဝိဒ်သည် အမ္မုန်ပြည်ရှိအခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်ပြုတော်မူ ပြီးလျှင် မိမိ၏တပ်မတော်သားများနှင့် အတူယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
Narod koji bijaše u gradu izvede van i stavi ga da radi pilama, gvozdenim pijucima i sjekirama. Tako je David učinio svim gradovima Amonovih sinova. Potom se vratio sa svim narodom u Jeruzalem.
4 ၄ ထိုနောက်တစ်ဖန်ဂေဇာမြို့တွင်ဖိလိတ္တိ အမျိုးသားတို့နှင့်စစ်ဖြစ်ပြန်၏။ ဤ တိုက်ပွဲတွင်ဟုရှသိမြို့မှသိဗေခဲသည် သာဖဆိုသူကြီးမားသောစစ်သူရဲကြီး ကိုလုပ်ကြံလိုက်သဖြင့် ဖိလိတ္တိအမျိုး သားတို့သည်အရေးရှုံးနိမ့်သွားကြ၏။
Poslije toga opet izbi rat s Filistejcima u Gezeru; tada je Hušanin Sibkaj pogubio Sipaja, koji je bio od Refaimovih potomaka; i bili su pokoreni.
5 ၅ ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။
Uz to je nastao i rat s Filistejcima, u kojem je Jairov sin Elhanan pogubio Lahmija, brata Golijata Gitejca, koji je imao kopljaču kao tkalačko vratilo.
6 ၆ ဂါသမြို့တွင်အခြားတိုက်ပွဲတစ်ရပ်ဖြစ် ပွားပြန်၏။ ထိုတိုက်ပွဲတွင်လက်တစ်ဖက် လျှင်လက်ချောင်းခြောက်ချောင်းနှင့် ခြေတစ် ဖက်လျှင်ခြေချောင်းခြောက်ချောင်းရှိ၍ အလွန်ထွားကြိုင်းကြီးမားသူလူတစ် ယောက်ပါဝင်၏။ သူသည်ကိုယ်လက်ကြီး ထွားသည့်ရှေးလူမျိုးမှဆင်းသက်လာ သူဖြစ်သတည်း။-
Potom opet izbi rat u Gatu, gdje je bio neki čovjek visoka rasta: imaše taj na svakoj ruci i nozi po šest prstiju, dakle dvadeset i četiri; i on bijaše Rafin potomak.
7 ၇ သူသည်ဣသရေလအမျိုးသားတို့အား စစ်ထိုးရန် ကြုံးဝါးဖိတ်ခေါ်လိုက်သောအခါ ဒါဝိဒ်၏အစ်ကိုဖြစ်သူရှိမာ၏သား ယောနသန်ကသူ့အားသတ်ပစ်လေသည်။
Kad je počeo ružiti Izraela, ubi ga Jonatan, sin Davidova brata Šimeja.
8 ၈ ဒါဝိဒ်နှင့်သူ၏တပ်သားတို့သတ်ဖြတ်ပစ် ကြသည့်ဤလူသုံးဦးတို့သည် ဂါသမြို့ မှကိုယ်လက်ကြီးထွားသည့်လူမျိုးအဆက် အနွယ်များဖြစ်သတည်း။
To su bili Rafini potomci u Gatu koji su izginuli od Davidove ruke i od ruke njegovih slugu.