< ၁ ရာဇဝင်ချုပ် 2 >
1 ၁ ယာကုပ်တွင်ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊-
These [are] sons of Israel: Reuben, Simeon, Levi, and Judah, Issachar, and Zebulun,
2 ၂ ဒန်၊ ယောသပ်၊ င်္ဗယာမိန်၊ နဿာလိ၊ ဂဒ်၊ အာရှာဟူ၍ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
Dan, Joseph, and Benjamin, Naphtali, Gad, and Asher.
3 ၃ ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။-
Sons of Judah: Er, and Onan, and Shelah, three have been born to him of a daughter of Shua the Canaanitess. And Er, firstborn of Judah, is evil in the eyes of YHWH, and He puts him to death.
4 ၄ ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
And his daughter-in-law Tamar has borne Perez and Zerah to him. All the sons of Judah [are] five.
5 ၅ ဖာရက်တွင်ဟေဇရုံနှင့်ဟာမုလဟူသော သားနှစ်ယောက်ရှိ၏။-
Sons of Perez: Hezron, and Hamul.
6 ၆ သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။-
And sons of Zerah: Zimri, and Ethan, and Heman, and Calcol, and Dara; all of them five.
7 ၇ ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။
And sons of Carmi: Achar, troubler of Israel, who trespassed in the devoted thing.
8 ၈ ဧသန်တွင်အဇရိဟူသောသားတစ်ယောက် ရှိ၏။
And sons of Ethan: Azariah.
9 ၉ ဟေဇရုံတွင် ယေရမေလ၊ အာရံ၊ ကာလက် ဟူ၍သားသုံးယောက်ရှိ၏။
And sons of Hezron who were born to him: Jerahmeel, and Ram, and Chelubai.
10 ၁၀ အာရံမှယေရှဲတိုင်အောင်ဆွေစဉ်မျိုးဆက်ကား အာရံ၊ အမိနဒပ်၊ (ယုဒအနွယ်တွင်ထင်ပေါ် ကျော်ကြားသူ) နာရှုန်၊
And Ram begot Amminadab, and Amminadab begot Nahshon, prince of the sons of Judah;
11 ၁၁ စာလမုန်၊ ဗောဇ၊- သြဗက်၊ ယေရှဲဟူ၍ဖြစ်သတည်း။
and Nahshon begot Salma, and Salma begot Boaz,
and Boaz begot Obed, and Obed begot Jesse;
13 ၁၃ ယေရှဲတွင်သားခုနစ်ယောက်ရှိ၏။ သူတို့အား ကြီးစဉ်ငယ်လိုက်ဖော်ပြရသော်ဧလျာဘ၊ အဘိနဒပ်၊ ရှိမာ၊-
and Jesse begot his firstborn Eliab, and Abinadab the second, and Shimea the third,
Nethaneel the fourth, Raddai the fifth,
15 ၁၅ သြဇင်နှင့်ဒါဝိဒ်တို့ဖြစ်၏။ ယေရှဲတွင်ဇေရုယာ နှင့်အဘိဂဲလဟူ၍သမီးနှစ်ယောက်လည်းရှိ၏။ ယေရှဲ၏သမီးဇေရုယာတွင်အဘိရှဲ၊ ယွာဘ နှင့်အာသဟေလဟူသောသားသုံးယောက်ရှိ၏။-
Ozem the sixth, David the seventh,
and their sisters Zeruiah and Abigail. And sons of Zeruiah: Abishai, and Joab, and Asah-El—three.
17 ၁၇ သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။
And Abigail has borne Amasa, and the father of Amasa [is] Jether the Ishmaelite.
18 ၁၈ ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
And Caleb son of Hezron has begotten Azubah, Isshah, and Jerioth; and these [are] her sons: Jesher, and Shobab, and Ardon.
19 ၁၉ အဇုဘသေလွန်ပြီးနောက်ကာလက်သည် ဧဖရတ် နှင့်အိမ်ထောင်ပြု၍ဟုရနာမည်တွင်သောသား ကိုရ၏။-
And Azubah dies, and Caleb takes Ephrath to himself, and she bears Hur to him.
20 ၂၀ ဟုရ၏သားသည်ဥရိ၊ ဥရိ၏သားကားဗေဇ လေလတည်း။
And Hur begot Uri, and Uri begot Bezaleel.
21 ၂၁ ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။-
And afterward Hezron has gone in to a daughter of Machir father of Gilead, and he has taken her, and he [is] a son of sixty years, and she bears Segub to him.
22 ၂၂ စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။-
And Segub begot Jair, and he has twenty-three cities in the land of Gilead,
23 ၂၃ သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။-
and he takes Geshur and Aram, the small villages of Jair, from them, with Kenath and its small towns, sixty cities—all these [belonged to] the sons of Machir father of Gilead.
24 ၂၄ ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
And after the death of Hezron in Caleb-Ephratah, then the wife of Hezron, Abijah, even bears to him Asshur, father of Tekoa.
25 ၂၅ ဟေဇရုံ၏သားအကြီးဆုံးဖြစ်သူယေရ မေလတွင်သားငါးယောက်ရှိ၏။ သူတို့အနက် အကြီးဆုံးမှာအာရံဖြစ်၍အခြားသား များမှာဗုန၊ သြရင်၊ သြဇင်နှင့်အဟိယ တို့ဖြစ်၏။-
And sons of Jerahmeel, firstborn of Hezron, are: the firstborn Ram, and Bunah, and Oren, and Ozem, Ahijah.
26 ၂၆ အာရံတွင်မာဇ၊ ယာမိန်၊ ဧကာဟူ၍သားသုံး ယောက်ရှိ၏။ ယေရမေလတွင်အာတရနာမည် တွင်သောအခြားဇနီးတစ်ယောက်ရှိ၏။ ထို ဇနီးဖြင့်သြနံဟူသောသားတစ်ယောက်ကို ရ၏။-
And Jerahmeel has another wife, and her name [is] Atarah, she [is] mother of Onam.
And sons of Ram, firstborn of Jerahmeel, are Maaz, and Jamin, and Eker.
28 ၂၈ သြနံတွင်ရှမ္မဲနှင့်ယာဒဟူသောသားနှစ်ယောက် ရှိ၏။ ရှမ္မဲတွင်လည်းနာဒပ်နှင့်အဘိရှုရဟူ သောသားနှစ်ယောက်ရှိပေသည်။
And sons of Onam are Shammai and Jada. And sons of Shammai: Nadab and Abishur.
29 ၂၉ အဘိရှုရသည်အဘိဟဲလနာမည်ရှိသော အမျိုးသမီးနှင့်အိမ်ထောင်ပြု၍ အာဗန်နှင့် မောလိဒ်နာမည်တွင်သောသားနှစ်ယောက်ကို ရ၏။-
And the name of the wife of Abishur [is] Abihail, and she bears Ahban and Molid to him.
30 ၃၀ အဘိရှုရ၏ညီဖြစ်သူနာဒပ်တွင်သေလက် နှင့်အပ္ပိမ်ဟူသောသားနှစ်ယောက်ရှိ၏။ သို့ရာ တွင်သေလက်သည်သားတစ်ယောက်မျှမရ ဘဲကွယ်လွန်သွား၏။-
And sons of Nadab: Seled and Appaim; and Seled dies without sons.
31 ၃၁ အပ္ပိမ်၏သားသည်ဣရှိ၊ ဣရှိ၏သားမှာရှေရှန်၊ ရှေရှန်၏သားကားအာလဲဖြစ်၏။
And sons of Appaim: Ishi. And sons of Ishi: Sheshan. And sons of Sheshan: Ahlai.
32 ၃၂ ရှမ္မဲ၏ညီယာဒတွင်ယေသာနှင့် ယောနသန်ဟူ သောသားနှစ်ယောက်ရှိ၏။ သို့ရာတွင်ယေသာ သည်သားတစ်ယောက်မျှမရဘဲကွယ်လွန် သွား၏။-
And sons of Jada, brother of Shammai: Jether and Jonathan; and Jether dies without sons.
33 ၃၃ ယောနသန်တွင်ပေလက်နှင့်ဇာဇဟူသောသား နှစ်ယောက်ရှိ၏။ ဤသူအပေါင်းတို့သည်ယေရ မေလ၏သားမြေးများဖြစ်ကြသတည်း။
And sons of Jonathan: Peleth and Zaza. These were sons of Jerahmeel.
34 ၃၄ ရှေရှန်တွင်သားမရှိ၊ သမီးများသာရှိ၏။ သူ့မှာ ယာဟနာမည်တွင်သောအီဂျစ်အမျိုးသား အစေခံတစ်ယောက်ရှိ၏။-
And Sheshan had no sons, but daughters, and Sheshan has a servant, an Egyptian, and his name [is] Jarha,
35 ၃၅ သူသည်မိမိ၏သမီးတစ်ယောက်အားထိုကျွန် နှင့်ပေးစားရာ အတ္တဲနာမည်တွင်သောသားတစ် ယောက်ကိုရလေ၏။
and Sheshan gives his daughter to his servant Jarha for a wife, and she bears Attai to him;
36 ၃၆ အတ္တဲ၏သားမြေးအဆက်ဆက်မှာနာသန်၊ ဇာဗဒ်၊ ဧဖလလ၊ သြဗက်၊
and Attai begot Nathan, and Nathan begot Zabad,
and Zabad begot Ephlal, and Ephlal begot Obed,
39 ၃၉ ယေဟု၊ အာဇရိ၊- ဟေလက်၊ ဧလာသ၊ သိသမဲ၊ ရှလ္လုံ၊ ယေကမိနှင့်ဧလိရှမာတို့ဖြစ်ကြ၏။
and Jehu begot Azariah, and Azariah begot Helez, and Helez begot Eleasah,
and Eleasah begot Sismai, and Sismai begot Shallum,
and Shallum begot Jekamiah, and Jekamiah begot Elishama.
42 ၄၂ ယေရမေလ၏ညီဖြစ်သူကာလက်၏သားဦး မှာမေရှဟုနာမည်တွင်၏။ မေရှ၏သားသည် ဇိဖ၊ ဇိဖ၏သားမှာမရေရှ၊ မရေရှ၏သား ကားဟေဗြုန်ဖြစ်၏။-
And sons of Caleb brother of Jerahmeel: Mesha his firstborn, he [is] father of Ziph; and sons of Mareshah: Abi-Hebron.
43 ၄၃ ဟေဗြုန်တွင်ကောရ၊ တာပွာ၊ ရေကင်နှင့် ရှေမဟူသောသားလေးယောက်ရှိ၏။-
And sons of Hebron: Korah, and Tappuah, and Rekem, and Shema.
44 ၄၄ ရှေမ၏သားသည်ရာဟံ၊ ရာဟံ၏သားမှာ ယော်ကောင်ဖြစ်၏။ ရှေမ၏ညီဖြစ်သူရေကင် ၏သားသည်ရှမ္မဲ၊-
And Shema begot Raham father of Jorkoam, and Rekem begot Shammai.
45 ၄၅ ရှမ္မဲ၏သားမှာမောန၊ မောန၏သားကားဗက် ဇုရတည်း။
And a son of Shammai [is] Maon, and Maon [is] father of Beth-Zur.
46 ၄၆ ကာလက်မှာဧဖာနာမည်တွင်သောမယား ငယ်တစ်ယောက်ရှိသေး၏။ ထိုမယားငယ်ဖြင့် သူသည်ဟာရန်၊ မောဇ၊ ဂါဇက်ဟူသောသား သုံးယောက်ကိုထပ်မံရရှိပြန်၏။ ဟာရန် တွင်ဂါဇက်ဟုပင်နာမည်တွင်သောသား တစ်ယောက်ရှိ၏။
And Ephah concubine of Caleb bore Haran, and Moza, and Gazez; and Haran begot Gazez.
47 ၄၇ (ယာဒဲနာမည်တွင်သောလူတစ်ယောက်တွင် ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ ဟူ၍သားခြောက်ယောက်ရှိ၏။)
And sons of Jahdai: Regem, and Jotham, and Geshem, and Pelet, and Ephah, and Shaaph.
48 ၄၈ ကာလက်မှာမာခါနာမည်တွင်သောအခြား မယားငယ်တစ်ယောက်ရှိသေး၏။ ထိုမယား ငယ်ဖြင့်သူသည်ရှေဗာနှင့် တိရဟာနဟူ သောသားနှစ်ယောက်ကိုရ၏။-
The concubine of Caleb, Maachah, bore Sheber and Tirhanah;
49 ၄၉ ထိုနောက်မာခါသည်မာဒမေနမြို့ကိုတည် ထောင်သူဖြစ်လာသည့်ရှာဖကိုလည်းကောင်း၊ မာခဗေနမြို့ကိုတည်ထောင်သူဖြစ်လာ သည့်ရှေဝကိုလည်းကောင်းရရှိပြန်၏။ ထိုသားများအပြင်ကာလက်မှာအာခသ နာမည်တွင်သောသမီးတစ်ယောက်လည်းရှိ၏။
and she bears Shaaph father of Madmannah, Sheva father of Machbenah, and father of Gibea; and a daughter of Caleb [is] Achsa.
50 ၅၀ အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။ ဇနီးဖြစ်သူဧဖရတ်နှင့်ကာလက်ရသော သားဦးမှာဟုရဖြစ်၏။ ဟုရ၏သားရှော ဗာလသည်ကိရယတ်ယာရိမ်မြို့ကြီးကို တည်ထောင်လေသည်။-
These were sons of Caleb son of Hur, firstborn of Ephrathah: Shobal father of Kirjath-Jearim,
51 ၅၁ ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။
Salma father of Beth-Lehem, Hareph father of Beth-Gader.
52 ၅၂ ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
And there are sons to Shobal father of Kirjath-Jearim: Haroeh, half of the Menuhothite;
53 ၅၃ သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
and the families of Kirjath-Jearim: the Ithrite, and the Puhite, and the Shumathite, and the Mishraite. The Zorathite and the Eshtaolite went out from these.
54 ၅၄ ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။
Sons of Salma: Beth-Lehem, and the Netophathite, Atroth, Beth-Joab, and half of the Menuhothite, the Zorite;
55 ၅၅ (စာချုပ်စာတမ်းများရေးမှတ်ကူးယူသည့် အတတ်တွင် အထူးကျွမ်းကျင်ကုန်သောတိ ရသိ၊ ရှိမသိနှင့် စုခသိသားချင်းစုတို့ သည်ယာဗက်မြို့တွင်နေထိုင်ကြ၏။ ထိုသူ တို့သည်ရေခပ်အမျိုးအနွယ်များနှင့် အပြန်အလှန်လက်ထပ်ထိမ်းမြားခဲ့ကြ သောကိနိအမျိုးသားများဖြစ်သတည်း။)
and the families of the scribes, the inhabitants of Jabez: Tirathites, Shimeathites, Suchathites. They [are] the Kenites, those coming of Hammath father of the house of Rechab.