< ၁ ရာဇဝင်ချုပ် 19 >

1 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော အ​ခါ အမ္မုန်​ဘု​ရင်​နာ​ဟတ်​ကွယ်​လွန်​၍ သူ​၏​သား​ဟာ​နုန်​မင်း​ဖြစ်​လေ​၏။-
Kéyinki waqitlarda shundaq boldiki, Ammonlarning padishahi Nahash öldi; oghli Hanun ornigha padishah boldi.
2 ဒါ​ဝိဒ်​က``ဟာ​နုန်​၏​အ​ဖ​နာ​ဟတ်​သည်​သစ္စာ ရှိ​သော​မိတ်​ဆွေ​ဖြစ်​ကြောင်း ငါ့​အား​ပြ​သ​ခဲ့ သည့်​နည်း​တူ​ငါ​သည်​လည်း​ဟာနုန်​အား​ပြ​သ ရ​ပေ​မည်'' ဟု​ဆို​လျက်​သူ​၏​ထံ​သို့​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို​စေ​တ​မန်​များ နှင့်​ပေး​ပို့​တော်​မူ​လိုက်​၏။ ထို​သူ​တို့​အမ္မုန်​ပြည်​သို့​ရောက်​ရှိ​ကြ​သော အ​ခါ ဟာ​နုန်​မင်း​၏​ရှေ့​သို့​ဝင်​ကြ​၏။-
Dawut: «Nahash manga iltipat körsetkini üchün, uning oghli Hanun’gha iltipat körsitimen» dep, atisining petisige uning könglini sorashqa Hanunning yénigha elchilerni ewetti. Dawutning elchiliri Ammonlarning zémin’gha yétip kélip, könglini sorighili Hanun bilen körüshmekchi boldi.
3 အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
Lékin Ammonlarning emeldarliri Hanun’gha: «Dawutni rastla atilirining izzet-hörmitini qilip silige köngül sorighili adem ewetiptu, dep qaramla? Uning xizmetkarlirining özlirining aldilirigha kélishi bu yerni küzitish, aghdurmichiliq qilish, charlash üchün emesmidu?» — dédi.
4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။-
Shuning bilen Hanun Dawutning xizmetkarlirini tutup, ularning saqal-burutlirini chüshürgüziwétip hem kiyimlirining beldin töwinini kestürüwétip andin ularni qoyuwetti.
5 သူ​တို့​သည်​အ​လွန်​ပင်​ရှက်​သ​ဖြင့်​မိ​မိ​တို့ တိုင်း​ပြည်​သို့​မ​ပြန်​ဘဲ​နေ​ကြ​၏။ ဤ​အ​ဖြစ် အ​ပျက်​ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ တို့​အား``သင်​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင်​နေ ကြ​လော့။ မုတ်​ဆိတ်​များ​ပြန်​၍​မ​ရှည်​မ​ချင်း မိ​မိ​တို့​ပြည်​သို့​မ​ပြန်​ခဲ့​ကြ​နှင့်'' ဟု အ​ကြောင်း​ကြား​တော်​မူ​၏။
Beziler kélip Dawutqa elchilerning ehwalini uqturdi; u ularni kütüwélishqa aldigha adem ewetti, chünki ular tolimu iza-ahanette qalghanidi. Shunga padishah ulargha: «Saqal-burutinglar öskichilik Yérixo shehiride turup andin yénip kélinglar» dédi.
6 ဟာ​နုန်​မင်း​နှင့်​အမ္မုန်​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်​မင်း​အား မိ​မိ​တို့​ရန်​ဖက်​ပြု​မိ​ကြ ကြောင်း​သိ​ရှိ​လာ​ကြ​သော​အ​ခါ​မေ​သော ပေါ​တာ​မိ​ပြည်​အ​ထက်​ပိုင်း​နှင့် ရှု​ရိ​ပြည် ဖြစ်​ကြ​သော​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့ မှ​စစ်​တပ်​တစ်​တပ်​ကို​ငွေ​တန်​ချိန်​လေး ဆယ်​မျှ​ပေး​၍​ငှား​ရမ်း​ကြ​၏။-
Ammonlar özlirining Dawutning nepritige uchrighanliqini bildi, Hanun we Ammonlar Aram-Naharaim, Aram-Maakah we Zobahdin jeng harwisi we atliq leshker yallashqa adem ewetip ming talant kümüsh berdi.
7 သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။
Ular ottuz ikki ming jeng harwisi, shundaqla Maakah padishahi bilen uning qoshunini yalliwaldi; ular Medebaning aldigha kélip bargah qurdi. Ammonlarmu jeng qilish üchün herqaysi sheherliridin kélip jem bolushti.
8 ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။-
Dawut buni anglap Yoab bilen barliq esker qoshunini [ularning aldigha] chiqardi.
9 အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။
Ammonlar chiqip sheher derwazisining aldida sep tüzüp turdi; jengge atlinip chiqqan padishahlarmu dalada ayrim sep tüzüp turushti.
10 ၁၀ ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
Yoab özining aldi-keynidin hujumgha uchraydighanliqini körüp, pütün Israildin bir qisim serxil ademlerni tallap, Suriyler bilen jeng qilishqa ularni septe turghuzdi;
11 ၁၁ ကြွင်း​သော​သူ​တို့​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အ​ဘိ​ရှဲ​သည်​လည်း​သူ တို့​အား​အမ္မုန်​တပ်​သား​တို့​ကို​မျက်​နှာ​မူ ၍​နေ​ရာ​ယူ​စေ​၏။-
u qalghan ademlirini inisi Abishaygha tapshurdi, shuningdek ular özlirini Ammonlar bilen jeng qilishqa sep qilip teyyarlidi.
12 ၁၂ ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။-
Yoab Abishaygha: «Eger Suriyler manga küchlük kelse, sen manga yardem bergeysen; emma Ammonlar sanga küchlük kelse, men bérip sanga yardem bérey.
13 ၁၃ စွမ်း​ရည်​သတ္တိ​ရှိ​စေ​ကြ​လော့။ ငါ​တို့​သည် မိ​မိ​တို့​၏​လူ​မျိုး၊ မိ​မိ​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက်​ကြိုး စား​၍​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည် အ​တိုင်း​ဖြစ်​ပါ​စေ​သော'' ဟု​အ​ဘိ​ရှဲ အား​ဆို​၏။
Jür’etlik bolghin! Öz xelqimiz üchün we Xudayimizning sheherliri üchün baturluq qilayli. Perwerdigar Özige layiq körün’ginini qilghay! — dédi.
14 ၁၄ ယွာ​ဘ​နှင့်​သူ​၏​တပ်​သား​တို့​သည်​ရှေ့​သို့ ချီ​တက်​တိုက်​ခိုက်​လျှင် ရှု​ရိ​တပ်​သား​တို့ သည်​ထွက်​ပြေး​ကြ​ကုန်​၏။-
Emdi Yoab we uning bilen bolghan ademler Suriylerge hujum qilghili chiqti; Suriyler uning aldidin qachti.
15 ၁၅ ယင်း​သို့​ထွက်​ပြေး​သည်​ကို​အမ္မုန်​တပ်​သား တို့​မြင်​သော​အ​ခါ သူ​တို့​သည်​လည်း​အ​ဘိ​ရှဲ ၏​ရှေ့​မှ​ထွက်​ပြေး​ကာ​မြို့​တွင်း​သို့​ဆုတ် ခွာ​သွား​ကြ​ကုန်​၏။ ထို​အ​ခါ​ယွာဘ​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။
Suriylerning qachqanliqini körgen Ammonlarmu Yoabning inisi Abishayning aldidin qéchip, sheherge kiriwaldi. Andin Yoab Yérusalémgha qaytip keldi.
16 ၁၆ ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-
Suriyler bolsa özlirining Israillarning aldida meghlup bolghinini körgende, elchi ewetip, [Efrat] deryasining u teripidiki Suriylerni chaqirtip keldi. Hadad’ézerning qoshunining serdari bolghan Shofaq ulargha yétekchi idi.
17 ၁၇ ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။-
Buningdin xewer tapqan Dawut pütkül Israil xelqini yighip Iordan deryasidin ötüp, Suriylerning yénigha kélip ulargha qarshi sep tüzüp turdi. Dawutning sep tüzgenlikini körgen Suriyler jengge atlandi.
18 ၁၈ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-
Suriyler Israillarning aldidin qachti; Dawut Suriylerdin yette ming jeng harwiliqni we qiriq ming piyade leshkerni öltürdi we yene Suriylerning serdari Shofaqni öltürdi.
19 ၁၉ ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​တို့ သည် မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ် ကြောင်း​သိ​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​နှင့် စစ်​ပြေ​ငြိမ်း​ရန်​ဆောင်​ရွက်​ကြ​လျက် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​၏။ ရှု​ရိ​အ​မျိုး​သား​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ အမ္မုန်​အ​မျိုး​သား တို့​အား​စစ်​ကူ​လို​စိတ်​မ​ရှိ​ကြ​တော့​ပေ။
Hadad’ézerning emeldarliri Israil aldida yéngilginini körgende, Dawut bilen sülh qilip uninggha béqindi; shuningdin kéyin Suriyler ikkinchi Ammoniylargha yardem bérishni xalimaydighan boldi.

< ၁ ရာဇဝင်ချုပ် 19 >