< ၁ ရာဇဝင်ချုပ် 19 >
1 ၁ ထိုနောက်ကာလအနည်းငယ်ကြာသော အခါ အမ္မုန်ဘုရင်နာဟတ်ကွယ်လွန်၍ သူ၏သားဟာနုန်မင်းဖြစ်လေ၏။-
2 ၂ ဒါဝိဒ်က``ဟာနုန်၏အဖနာဟတ်သည်သစ္စာ ရှိသောမိတ်ဆွေဖြစ်ကြောင်း ငါ့အားပြသခဲ့ သည့်နည်းတူငါသည်လည်းဟာနုန်အားပြသ ရပေမည်'' ဟုဆိုလျက်သူ၏ထံသို့ဝမ်းနည်း ကြေကွဲကြောင်းသဝဏ်လွှာကိုစေတမန်များ နှင့်ပေးပို့တော်မူလိုက်၏။ ထိုသူတို့အမ္မုန်ပြည်သို့ရောက်ရှိကြသော အခါ ဟာနုန်မင်း၏ရှေ့သို့ဝင်ကြ၏။-
3 ၃ အမ္မုန်အမျိုးသားခေါင်းဆောင်များက``ဒါဝိဒ် သည်အရှင်မင်းကြီး၏ခမည်းတော်ကိုဂုဏ်ပြု သည့်အနေဖြင့် ဤစေတမန်များကိုစေလွှတ် ၍ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်ဟုမှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ ဤ နိုင်ငံကိုချင်းနင်းဝင်ရောက်သိမ်းပိုက်နိုင်ရန် အခြေအနေကိုလေ့လာစုံစမ်းရန် ထိုသူ တို့အားသူလျှိုများအဖြစ်ဖြင့်စေလွှတ် လိုက်ခြင်းသာလျှင်ဖြစ်ပါသည်'' ဟု လျှောက်ထားကြ၏။
4 ၄ ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
5 ၅ သူတို့သည်အလွန်ပင်ရှက်သဖြင့်မိမိတို့ တိုင်းပြည်သို့မပြန်ဘဲနေကြ၏။ ဤအဖြစ် အပျက်ကိုဒါဝိဒ်ကြားသိသောအခါသူ တို့အား``သင်တို့သည်ယေရိခေါမြို့တွင်နေ ကြလော့။ မုတ်ဆိတ်များပြန်၍မရှည်မချင်း မိမိတို့ပြည်သို့မပြန်ခဲ့ကြနှင့်'' ဟု အကြောင်းကြားတော်မူ၏။
6 ၆ ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။-
7 ၇ သူတို့သည်မိမိတို့ငှားရမ်းထားသည့်စစ် ရထားသုံးသောင်းနှစ်ထောင်နှင့် မာခါပြည် ဘုရင်၏တပ်မတော်ကိုခေါ်ဆောင်ကာ မေ ဒဘမြို့အနီးသို့လာ၍စခန်းချလေသည်။ အမ္မုန်အမျိုးသားတို့သည်လည်းမိမိတို့၏ မြို့အပေါင်းမှထွက်၍စစ်တိုက်ရန်အသင့် ပြင်ကြကုန်၏။
8 ၈ ဒါဝိဒ်သည်ဤအကြောင်းအရာကိုကြား သောအခါ ယွာဘနှင့်တပ်မတော်ကြီး တစ်ခုလုံးကိုစေလွှတ်တော်မူ၏။-
9 ၉ အမ္မုန်အမျိုးသားတို့သည်လာရောက်၍ မိမိ တို့၏မြို့တော်ရဗ္ဗာမြို့အဝင်တွင်နေရာယူ ကြ၏။ စစ်ကူရောက်ရှိလာကြသောဘုရင် တို့သည်လည်းကွင်းပြင်တွင်နေရာယူ ကြကုန်၏။
10 ၁၀ ယွာဘသည်မိမိအားအရှေ့မှလည်းကောင်း၊ အနောက်မှလည်းကောင်း၊ ရန်သူတပ်သားတို့ တိုက်ခိုက်ကြလိမ့်မည်ကိုသိမြင်သောအခါ ဣသရေလအမျိုးသားတို့တွင်အတော် ဆုံးစစ်သူရဲတို့ကိုရွေးချယ်ကာရှုရိတပ် ကိုမျက်နှာမူ၍နေရာယူစေ၏။-
11 ၁၁ ကြွင်းသောသူတို့ကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူ တို့အားအမ္မုန်တပ်သားတို့ကိုမျက်နှာမူ ၍နေရာယူစေ၏။-
12 ၁၂ ယွာဘက``ရှုရိတပ်သားတို့သည်ငါတို့ အားအနိုင်ရလျက်နေပါမူ သင်သည်လာ ၍ငါ့အားကူညီလော့။ အကယ်၍အမ္မုန် တပ်သားတို့ကသင့်ကိုအနိုင်ရလျက် နေပါမူငါသည်လာ၍သင့်ကိုကူညီမည်။-
13 ၁၃ စွမ်းရည်သတ္တိရှိစေကြလော့။ ငါတို့သည် မိမိတို့၏လူမျိုး၊ မိမိတို့ကိုးကွယ်သော ဘုရားသခင်၏မြို့များအတွက်ကြိုး စား၍တိုက်ခိုက်ကြကုန်အံ့။ ထာဝရ ဘုရားသည်မိမိအလိုတော်ရှိသည် အတိုင်းဖြစ်ပါစေသော'' ဟုအဘိရှဲ အားဆို၏။
14 ၁၄ ယွာဘနှင့်သူ၏တပ်သားတို့သည်ရှေ့သို့ ချီတက်တိုက်ခိုက်လျှင် ရှုရိတပ်သားတို့ သည်ထွက်ပြေးကြကုန်၏။-
15 ၁၅ ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။
16 ၁၆ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့အနိုင်ရသွားကြောင်းကိုသိရှိလာ ကြသဖြင့် သူတို့သည်ဥဖရတ်မြစ်အရှေ့ ဘက်ကမ်းရှိရှုရိပြည်နယ်မှစစ်သားတို့ကို ခေါ်ယူကာ ဇောဘပြည်မှဟာဒဒေဇာမင်း တပ်မတော်တပ်မှူးရှောဗက်၏လက်အောက် တွင်ထားရှိကြ၏။-
17 ၁၇ ဤအကြောင်းကိုဒါဝိဒ်ကြားလေသော် ဣသရေလတပ်သားများကိုစုရုံးစေလျက် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် ရှုရိတပ် များကိုမျက်နှာမူ၍နေရာယူစေတော် မူ၏။ စစ်ပွဲကားအစပြုလေပြီ။-
18 ၁၈ ထိုနောက်ဣသရေလအမျိုးသားတို့သည် ရှုရိအမျိုးသားတို့အားတပ်လှန့်ထွက်ပြေး စေကြ၏။ ဒါဝိဒ်နှင့်သူ၏တပ်မတော်သည် ရထားစီးစစ်သူရဲခုနစ်ထောင်နှင့်ခြေလျင် တပ်သားလေးသောင်းတို့ကိုသုတ်သင်ပစ် လိုက်ကြသတည်း။ သူတို့သည်ရှုရိတပ်မှူး ရှောဗက်အားလည်းသုတ်သင်လိုက်ကြသည်။-
19 ၁၉ ဟာဒဒေဇာ၏လက်အောက်ခံဘုရင်တို့ သည် မိမိတို့အရေးရှုံးနိမ့်ကြပြီဖြစ် ကြောင်းသိရှိလာသောအခါ ဒါဝိဒ်နှင့် စစ်ပြေငြိမ်းရန်ဆောင်ရွက်ကြလျက် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာ ကြ၏။ ရှုရိအမျိုးသားတို့သည်နောင် အဘယ်အခါ၌မျှ အမ္မုန်အမျိုးသား တို့အားစစ်ကူလိုစိတ်မရှိကြတော့ပေ။