< ၁ ရာဇဝင်ချုပ် 18 >
1 ၁ ထို့နောက်ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ်မင်းသည်ဖိလိတ္တိအမျိုးသားတို့နှင့် စစ်တိုက်ရာအနိုင်ရတော်မူ၏။ သူတို့၏လက် မှဂါသမြို့အနီးတစ်ဝိုက်ရှိကျေးရွာများ ကိုသိမ်းယူတော်မူ၏။-
Tiempo después, David derrotó a los filisteos y los sometió, y capturó Gat y sus ciudades cercanas a los filisteos.
2 ၂ မောဘအမျိုးသားတို့ကိုလည်းနှိမ်နင်းတော် မူသဖြင့် သူတို့သည်မင်းကြီး၏လက်အောက် ခံများဖြစ်လာကြလျက်အခွန်ဘဏ္ဍာများ ကိုဆက်သရကြလေသည်။
David también derrotó a los moabitas, sometiéndolos y obligándolos a pagar impuestos.
3 ၃ ထိုနောက်ဒါဝိဒ်မင်းသည်ဟာမတ်မြို့အနီးတွင် ဇောဘဘုရင်ဟာဒဒေဇာကိုတိုက်ခိုက်တော် မူ၏။ အဘယ်ကြောင့်ဆိုသော်ဟာဒဒေဇာ သည်ဥဖရတ်မြစ်အထက်ပိုင်းရှိနယ်မြေ ကိုသိမ်းယူရန်ကြိုးစားအားထုတ်သော ကြောင့်ဖြစ်၏။-
Luego David derrotó a Hadad-Ezer, rey de Soba, cerca de Hamat, cuando intentaba imponer su control a lo largo del río Éufrates.
4 ၄ ဒါဝိဒ်သည်ထိုမင်း၏စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်နှင့်ခြေလျင်တပ် သားနှစ်သောင်းတို့ကိုလက်ရဖမ်းမိတော် မူ၏။ သူသည်စစ်ရထားတစ်ရာအတွက် လိုအပ်သမျှသောမြင်းတို့ကိုသိမ်းယူထား ပြီးလျှင် အခြားမြင်းတို့အားဒူးခေါက်ကြော ကိုဖြတ်၍ခြေဆွံ့အောင်ပြုတော်မူ၏။
David le capturó 1.000 carros, 7.000 auriculares y 20.000 soldados de a pie. David ató a todos los caballos de los carros, pero guardó lo suficiente para 100 carros.
5 ၅ ဒမာသက်မြို့မှရှုရိအမျိုးသားတို့သည် ဟာဒဒေဇာဘုရင်ကိုစစ်ကူရန်တပ်တစ် တပ်စေလွှတ်လိုက်ကြ၏။ ဒါဝိဒ်မင်းသည် သူတို့အားတိုက်တော်မူ၍ လူနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်ပစ်တော်မူသည်။-
Cuando los arameos de Damasco vinieron a ayudar a Hadad-Ezer, rey de Soba, David mató a 22.000 de ellos.
6 ၆ ထိုနောက်ထိုသူတို့ပိုင်နက်တွင်စစ်စခန်း များချ၍ထားတော်မူ၏။ သူတို့သည်လည်း ဒါဝိဒ်မင်း၏လက်အောက်ခံများဖြစ်လာ ကြလျက် သူ့အားအခွန်ဘဏ္ဍာများကိုဆက် သရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ် မင်းအားအရပ်တကာ၌အောင်ပွဲကို ပေးတော်မူ၏။-
David puso fuerzas en la ciudad aramea de Damasco, y también los sometió y les exigió el pago de impuestos. El Señor le dio a David victorias dondequiera que fuera.
7 ၇ ဒါဝိဒ်သည်ဟာဒဒေဇာ၏အရာရှိများ ကိုင် ဆောင်သည့်ရွှေဒိုင်းလွှားတို့ကိုဖမ်းဆီးသိမ်းယူ တော်မူပြီးလျှင် ယေရုရှလင်မြို့သို့ဆောင်ယူ သွားတော်မူ၏။-
David tomó los escudos de oro que llevaban los oficiales de Hadad-Ezer y los llevó a Jerusalén.
8 ၈ သူသည်ဟာဒဒေဇာအစိုးရသည့်တိဗဟတ် မြို့နှင့် ခုန်မြို့တို့မှကြေးဝါအမြောက်အမြား ကိုလည်းသိမ်းယူ၍သွားလေသည်။ (နောင်အခါ ၌ရှောလမုန်မင်းသည်ထိုကြေးဝါတို့ဖြင့်ရေ ကန်တိုင်ကြီးများ၊ ဗိမာန်တော်အတွက်အိုး ခွက်များကိုပြုလုပ်သတည်း။)
David también tomó una gran cantidad de bronce de Tibhat y de Cun, ciudades que habían pertenecido a Hadad-Ezer. Salomón utilizó ese bronce para hacer el mar de bronce, las columnas y los diversos objetos de bronce.
9 ၉ ဒါဝိဒ်မင်းသည်ဟာဒဒေဇာမင်း၏တပ်မ တော်တစ်ခုလုံးကိုဖြိုခွင်းလိုက်ကြောင်း ဟာမတ်ဘုရင်တောဣကြားသိလေသော်-
Cuando Tou, rey de Hamat, se enteró de que David había destruido todo el ejército de Hadad-Ezer, rey de Soba,
10 ၁၀ ဒါဝိဒ်မင်းကြီးအားနှုတ်ခွန်းဆက်သရန်နှင့် စစ်ပွဲနိုင်သည့်အတွက် နှစ်ထောင်းအားရကြောင်း ဖော်ပြရန်သားတော်ဟဒေါရံကိုစေလွှတ် လိုက်လေသည်။ ဟဒေါရံသည်ဒါဝိဒ်မင်း အတွက် ရွှေ၊ ငွေ၊ ကြေးဝါ၊ တို့ဖြင့်ပြီးသော လက်ဆောင်ပဏ္ဏာများကိုယူဆောင်သွား၏။-
envió a su hijo Adoram donde David para que se hiciera amigo de él y lo felicitara por su victoria en la batalla sobre Hadad-Ezer. Tou y Hadad-Ezer habían estado a menudo en guerra. Adoram trajo regalos de oro, plata y bronce.
11 ၁၁ ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
El rey David dedicó estos regalos al Señor, junto con la plata y el oro que había tomado de todas las naciones siguientes: Edom, Moab, los amonitas, los filisteos y los amalecitas.
12 ၁၂ ဇေရုယာ၏သားအဘိရှဲသည်ဆားချိုင့်ဝှမ်း တွင် ဧဒုံအမျိုးသားလူတစ်သောင်းရှစ်ထောင် ကိုလုပ်ကြံလေသည်။-
Abisai, hijo de Sarvia, mató a 18.000 edomitas en el Valle de la Sal.
13 ၁၃ သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။
Estableció puestos militares en Edom, y todos los edomitas se sometieron a David. El Señor le dio a David victorias dondequiera que fuera.
14 ၁၄ ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အစိုးရတော်မူ၍ မိမိ၏ပြည်သူပြည်သား အပေါင်းတို့အပေါ်တွင်အစဉ်ပင်တရား မျှတစွာစီရင်အုပ်ချုပ်တော်မူ၏။-
David gobernó sobre todo Israel. Hizo lo que era justo y correcto para todo su pueblo.
15 ၁၅ ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-
Joab, hijo de Sarvia, era el comandante del ejército, mientras que Josafat, hijo de Ahilud, llevaba los registros oficiales.
16 ၁၆ အဟိတုပ်၏သားဇာဒုတ်နှင့်အဗျာသာ၏ သားအဟိမလက်သည်ယဇ်ပုရောဟိတ်များ ဖြစ်ကြ၏။ စရာယကားနန်းတော်အတွင်းဝန် ဖြစ်သတည်း။-
Sadoc, hijo de Ahitob, y Ahimelec, hijo de Abiatar, eran los sacerdotes, mientras que Savsha era el secretario.
17 ၁၇ ယောယဒ၏သားဗေနာယသည်ဒါဝိဒ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်၊ ခေရသိအမျိုးသား များနှင့်ပေလသိအမျိုးသားတို့ကိုအုပ်ချုပ် ရလေသည်။ ဒါဝိဒ်၏သားတော်တို့သည်လည်း ကြီးမြင့်သည့်ရာထူးရာခံများတွင်မင်းကြီး ၏အမှုတော်ကိုထမ်းဆောင်ရကြ၏။
Benaía, hijo de Joiada, estaba a cargo de los queretanos y peletanos; y los hijos de David estaban al lado del rey, sirviendo como sus principales funcionarios.