< ၁ ရာဇဝင်ချုပ် 16 >
1 ၁ သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
Und als sie die Lade Gottes hineinbrachten, setzten sie dieselbe mitten in das Zelt, welches David für sie aufgerichtet hatte; und sie opferten Brandopfer und Dankopfer vor Gott.
2 ၂ ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
Und nachdem David die Brandopfer und Dankopfer vollbracht hatte, segnete er das Volk im Namen des HERRN
3 ၃ အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
und teilte aus an jedermann in Israel, an Männer und Weiber, je einen Laib Brot, einen Trauben [kuchen] und einen Rosinenkuchen.
4 ၄ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
Und er bestellte etliche Leviten zu Dienern vor der Lade des HERRN und daß sie preiseten, dankten und den HERRN, den Gott Israels, lobten:
5 ၅ သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
nämlich Asaph als ersten, Sacharja als zweiten; nach ihm Jehiel, Semiramot, Jechiel, Mattitja, Eliab, Benaja, Obed-Edom und Jehiel, mit Psaltern und Harfen; Asaph aber, um mit Zimbeln laut zu spielen,
6 ၆ ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-
die Priester Benaja und Jehasiel aber mit Trompeten allezeit vor der Lade des Bundes Gottes.
7 ၇ ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
Zu derselben Zeit ließ David vor allem dem HERRN danken durch Asaph und seine Brüder:
8 ၈ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
Danket dem HERRN, ruft seinen Namen an, tut seine Taten kund unter den Völkern!
9 ၉ ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက် ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
Singet ihm, lobsinget ihm, redet von allen seinen Wundern!
10 ၁၀ ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
Rühmet euch seines heiligen Namens! Es freue sich das Herz derer, die den HERRN suchen.
11 ၁၁ ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
Fraget nach dem HERRN und nach seiner Macht, suchet sein Angesicht allezeit.
12 ၁၂ ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။
Gedenket seiner Wunderwerke, die er getan hat, seiner Wunderzeichen und der Urteilssprüche seines Mundes!
Ihr, der Same Israels, seines Dieners, ihr Kinder Jakobs, seine Auserwählten!
14 ၁၄ ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။
Er, der HERR, ist unser Gott; seine Rechte gelten im ganzen Land.
15 ၁၅ ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသော အာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊ အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။
Gedenket ewig an seinen Bund, an das Wort, welches er geboten hat auf tausend Geschlechter hin;
an den Bund, den er gemacht hat mit Abraham, und an seinen Eid mit Isaak.
17 ၁၇ ထာဝရဘုရားသည်ထာဝစဉ်တည်မြဲမည့် ပဋိညာဉ်တော်ကိုယာကုပ်နှင့်ပြုတော်မူခဲ့၏။
Und er stellte ihn Jakob zur Satzung, Israel zum ewigen Bund und sprach:
18 ၁၈ ကိုယ်တော်က``ခါနာန်ပြည်ကိုသင့်အားငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ich will dir das Land Kanaan geben, das Los eures Erbteils,
19 ၁၉ ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
da ihr noch zu zählen waret, gar wenige und Fremdlinge darin.
20 ၂၀ တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
Und sie zogen von einer Nation zur andern und von einem Königreich zum andern Volk.
21 ၂၁ သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
Er erlaubte keinem Menschen, sie zu beleidigen, und strafte Könige um ihretwillen:
22 ၂၂ ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံ တို့ကို ဘေးဥပဒ်မရောက်စေကြနှင့်။ ငါ၏ပရောဖက်တို့ကိုမထိကြနှင့်'' ဟုမိန့် တော်မူ၏။
Tastet meine Gesalbten nicht an und tut meinen Propheten kein Leid!
23 ၂၃ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကို နေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။
Singet dem HERRN, alle Lande; verkündigt Tag für Tag sein Heil!
24 ၂၄ လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
Erzählet seine Herrlichkeit unter den Heiden und seine Wunderwerke unter allen Völkern!
25 ၂၅ ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
Denn groß ist der HERR und hochgelobt, furchtbar ist er über alle Götter!
26 ၂၆ အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။
Denn alle Götter der Völker sind Götzen; aber der HERR hat den Himmel gemacht.
27 ၂၇ ဘုန်းအသရေတော်နှင့်တန်ခိုးအာနုဘော် တော်သည် ကိုယ်တော်အားဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏ဗိမာန်တော်သည်ဝမ်းမြောက် ရွှင်မြူးသံနှင့်ပြည့်လျက်ရှိ၏။
Glanz und Pracht sind vor ihm, Macht und Freude ist an seinem Ort.
28 ၂၈ ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
Gebet dem HERRN, ihr Geschlechter der Völker, gebet dem HERRN Ehre und Macht!
29 ၂၉ ဘုန်းအသရေတော်ရှင်ထာဝရဘုရား၏နာမ တော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုဆောင်ယူလျက်ကိုယ်တော်၏ ဗိမာန်တော်သို့ဝင်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါဦးညွှတ်ပျပ်ဝပ် ကြလော့။
Gebet dem HERRN die Ehre seines Namens, bringet Gaben und kommt vor ihn! Betet an den HERRN in heiligem Schmuck!
30 ၃၀ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
Erzittert vor ihm, alle Lande! Hat er doch den Erdkreis gefestigt, daß er nicht wankt!
31 ၃၁ အချင်းကုန်းမြေနှင့်မိုးကောင်းကင်တို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။ ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူကြောင်း လူမျိုးတကာတို့အားပြောကြားလော့။
Es freuen sich die Himmel, und die Erde juble, und unter den Nationen soll man sagen: der HERR herrscht!
32 ၃၂ ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။
Es brause das Meer und was es erfüllt! Es frohlocke das Feld und alles, was darauf ist!
33 ၃၃ ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
Alsdann sollen alle Bäume des Waldes jauchzen vor dem Angesichte des HERRN, wenn er kommt, die Erde zu richten!
34 ၃၄ ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူ၏။
Danket dem HERRN; denn er ist freundlich, denn seine Gnade währet ewiglich!
35 ၃၅ ``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
Und sprechet: Hilf uns, o Gott unsres Heils, und sammle uns und errette uns von den Heiden, daß wir deinem heiligen Namen danken und deines Lobes uns rühmen!
36 ၃၆ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
Gelobt sei der HERR, der Gott Israels, von Ewigkeit zu Ewigkeit! Und alles Volk sagte: Amen! Und: Lob sei dem HERRN!
37 ၃၇ ဒါဝိဒ်မင်းသည်အာသပ်နှင့်သူ၏သားချင်း လေဝိအနွယ်တို့အား ပဋိညာဉ်သေတ္တာတော် တည်ရာဌာနတွင်ကိုးကွယ်ဝတ်ပြုမှုအတွက် အမြဲတမ်းတာဝန်ပေးအပ်တော်မူ၏။ သူတို့ သည်နေ့စဉ်နေ့တိုင်းမိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရကြ၏။-
Also ließ er Asaph und seine Brüder daselbst vor der Lade des Bundes des HERRN, um allezeit vor der Lade zu dienen, Tag für Tag;
38 ၃၈ ယေဒုသုန်၏သားသြဗဒေဒုံနှင့်သူ၏သားချင်း စုမှလူခြောက်ဆယ့်ရှစ်ယောက်တို့သည် အာသပ် နှင့်လေဝိအနွယ်ဝင်တို့အားကူညီမစရ ကြ၏။ ဟောသံနှင့်သြဗဒေဒုံတို့ကား တံခါးမှူးများဖြစ်သတည်း။
und Obed-Edom und seine achtundsechzig Brüder, Obed-Edom, den Sohn Jedutuns, und Chosa, als Torhüter;
39 ၃၉ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
aber den Priester Zadok und seine Brüder, die Priester, ließ er vor der Wohnung des HERRN auf der Höhe zu Gibeon,
40 ၄၀ သူတို့သည်ဣသရေလအမျိုးသားတို့အား ထာဝရဘုရား ပေးအပ်တော်မူသောပညတ် ကျမ်းတွင်ရေးသားပါရှိသည့်အတိုင်းနေ့စဉ် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ်ယဇ်ပလ္လင် ပေါ်တွင် ယဇ်ကောင်များကိုအကောင်လိုက်တင် ၍မီးရှို့ပူဇော်ရကြ၏။-
damit sie dem HERRN täglich Brandopfer darbrächten auf dem Brandopferaltar, morgens und abends, und zwar nach allem, was geschrieben steht im Gesetz des HERRN, was er Israel geboten hat;
41 ၄၁ ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-
und mit ihnen Heman und Jedutun und die übrigen Auserlesenen, welche mit Namen bezeichnet wurden, dem HERRN zu danken, daß seine Güte ewig währt.
42 ၄၂ ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
Und mit ihnen, [mit] Heman und Jedutun, Trompeten und Zimbeln für die, welche laut spielten, und Instrumente für die Lieder Gottes; aber die Söhne Jedutuns waren für das Tor [bestimmt].
43 ၄၃ ထို့နောက်လူအပေါင်းတို့သည် မိမိတို့၏အိမ် အသီးသီးသို့ပြန်သွားကြ၏။ ဒါဝိဒ်မင်း သည်လည်းမိမိ၏အိမ်ထောင်စုသားတို့ထံ သို့ပြန်သွားတော်မူ၏။
Da ging alles Volk hin, ein jeder in sein Haus; und auch David wandte sich, sein Haus zu segnen.