< ၁ ရာဇဝင်ချုပ် 16 >

1 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။-
[獻祭慶祝]他們將上主的約櫃抬來,安置在達味所搭的帳幕內,然後在天主前奉獻了全燔祭和和平祭。
2 ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊-
達味獻完了全燔祭和和平祭,奉上主的名祝福了百姓;
3 အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။
以後分給全以色列,不論男女,每人一塊餅,一塊肉,一塊葡萄乾餅。派定約櫃的職務
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။-
達味又派定了一些肋未人,在上主的約櫃前供職,叫他們讚美、稱謝、頌揚上主,以色列的天主:
5 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-
為首的是阿撒夫、則加黎雅為副,其次是烏黎耳、舍米辣摩特、耶希耳、瑪提提雅、厄里阿布、貝納雅、敖貝得、厄東和耶依耳;他們鼓瑟彈琴,阿撒夫敲鈸。
6 ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-
司祭貝納雅和雅哈齊耳在天主的約櫃前,不斷吹號筒。
7 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။
那一天,達味初次任命阿撒夫及其同族兄弟,向上主唱這首稱謝歌:「
8 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
你們要稱謝上主,呼號他的聖名,在萬民中宣揚他的功行。
9 ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဘွယ်​ရာ​တို့ ကို ပြော​ကြား​လျက် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို​၍ ချီး​မွမ်း​ကြ​လော့။
要歌頌他,稱揚他,申述他的一切奇蹟。
10 ၁၀ ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။
要以他的聖名為榮,願尋求上主的,心中喜樂!
11 ၁၁ ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။
你們要尋求上主和他的德能,要時時尋求他的面容。
12 ၁၂ ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။
天主的僕人以色列的後裔,天主的被選者雅各伯的子孫,
13 ၁၃
你們要記憶他所行的奇事,他的異蹟和他口中的斷語。
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​အ​တွက်​ဖြစ်​၏။
他是上主、我們的天主,他的判斷達於四方。
15 ၁၅ ထာ​ဝ​စဉ်​တည်​မြဲ​စေ​ရန်​ကိုယ်​တော်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​တည်း​ဟူ​သော အာ​ဗြ​ဟံ​နှင့်​ကိုယ်​တော်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း၊ ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော် ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​မ​လျော့​ကြ​နှင့်။
他永遠記憶他的盟約,萬世不忘所許的諾言,
16 ၁၆
即與亞巴郎所立的盟約,向依撒格所許的誓言,
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။
為雅各伯定為律例,為以色列定為永久的盟約,
18 ၁၈ ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
說我必將客納罕地賜給你,作為你們的一分產業。
19 ၁၉ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။
當時他雖然人丁有限,數目稀少,還在作那地的旅客,
20 ၂၀ တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။
從這族走到那族,從這國移到那國。
21 ၂၁ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။
他不但為容許任何人壓迫他們,而且為了他們,還懲戒列王說:
22 ၂၂ ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။
不要觸犯我的受傅者,不要傷害我的先知。
23 ၂၃ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကယ်​တော်​မူ​ကြောင်း သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။
大地都要歌頌上主,天天宣揚他的救恩。
24 ၂၄ လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။
在列邦中傳述他的光榮,在萬民中闡揚他的奇事。
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။
因為上主是偉大的,應極受讚美,應受敬畏超越眾神。
26 ၂၆ အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။
因為列族的神盡屬虛無,唯獨上主造了諸天。
27 ၂၇ ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။
尊榮及威嚴在他面前,能力和歡樂在他聖所內。
28 ၂၈ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝရ​ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။
萬邦各族啊! 你們應將光榮能力歸於上主,都歸於上主;
29 ၂၉ ဘုန်း​အ​သ​ရေ​တော်​ရှင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ယူ​လျက်​ကိုယ်​တော်​၏ ဗိ​မာန်​တော်​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ် ကြ​လော့။
應將上主的各應得的尊榮,歸於上主,帶著獻儀到他面前,以聖潔的華飾敬拜上主。
30 ၃၀ ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌ ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သည်​မ​ရွှေ့​မ​လျား​နိုင်​အောင် မိ​မိ​၏​နေ​ရာ​တွင်​ခိုင်​မြဲ​စွာ​တည်​နေ​၏။
大地在他面前應該戰慄,是他使世界堅立,不致動搖。
31 ၃၁ အ​ချင်း​ကုန်း​မြေ​နှင့်​မိုး​ကောင်း​ကင်​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​ကြောင်း လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​လော့။
願諸天喜樂,願大地歡騰,願人在列族中說:上主為王!
32 ၃၂ ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​တွင်​ရှိ​သ​မျှ​သော သတ္တဝါ​တို့၊ မြည်​ဟည်း​သံ​ကို​ပြု​ကြ​လော့။ ပင်​လယ်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။
願滄海及充滿其中的一切,澎湃作響;願田疇和田間的一切,歡欣踴躍!
33 ၃၃ ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​လော​က​ကို​အုပ်​စိုး ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တော​များ​ရှိ​သစ်​ပင်​တို့​သည်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။
願森林中的樹木,在上主面前歡呼歌唱! 因為他已降臨審判大地。
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။
你們應當稱謝上主,因為他是至善的,因為他的仁慈永遠常存。
35 ၃၅ ``ကျွန်​တော်​မျိုး​တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ကျွန်​တော်​မျိုး​တို့​ကို​ကယ်​တင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ကို​စု​ရုံး​၍​ကျွန်​တော်​မျိုး​တို့​အား လူ​မျိုး​တ​ကာ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​မြွက်​ဆို​ကြ​လော့။
你們要說:拯救我們的天主,拯救我們;從異民中召集我們,救出我們,好讓我們稱頌你的聖名,以讚美你為驕傲。
36 ၃၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်``အာ​မင်'' ဟု​ဆို ၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ ကုန်​၏။
上主,以色列的天主,應受讚美,從永遠直到永遠」全體人民答說:「阿們。願上主受讚美! 」[規定約櫃與帳幕前的禮儀]
37 ၃၇ ဒါ​ဝိဒ်​မင်း​သည်​အာ​သပ်​နှင့်​သူ​၏​သား​ချင်း လေ​ဝိ​အ​နွယ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​ဌာ​န​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် အ​မြဲ​တမ်း​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​နေ့​စဉ်​နေ့​တိုင်း​မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရ​ကြ​၏။-
以後,達味在那裏,即在上主的約櫃前,委派阿撒夫及其兄弟,天天按照規定,不斷在約櫃前供職;
38 ၃၈ ယေ​ဒု​သုန်​၏​သား​သြဗ​ဒေဒုံ​နှင့်​သူ​၏​သား​ချင်း စု​မှ​လူ​ခြောက်​ဆယ့်​ရှစ်​ယောက်​တို့​သည် အာ​သပ် နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ကူ​ညီ​မ​စ​ရ ကြ​၏။ ဟော​သံ​နှင့်​သြ​ဗ​ဒေ​ဒုံ​တို့​ကား တံ​ခါး​မှူး​များ​ဖြစ်​သ​တည်း။
還有敖貝得厄東和他的同族兄弟六十八人。又派耶杜通的兒子敖貝得厄東,還有曷撒為守衛。
39 ၃၉ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​သူ​၏​အ​ဖော်​ယဇ် ပု​ရော​ဟိတ်​များ​မူ​ကား ဂိ​ဗောင်​၌​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တွင် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။-
派司祭匝多克與其弟兄眾司祭,在基貝紅高處上主的帳幕前,
40 ၄၀ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သော​ပ​ညတ် ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း​နေ့​စဉ် နံ​နက်​၌​တစ်​ကြိမ်၊ ည​နေ​၌​တစ်​ကြိမ်​ယဇ်​ပလ္လင် ပေါ်​တွင် ယဇ်​ကောင်​များ​ကို​အ​ကောင်​လိုက်​တင် ၍​မီး​ရှို့​ပူ​ဇော်​ရ​ကြ​၏။-
在全燔祭壇上,每日早晚按照上主法律書上吩咐以色列所寫的,常向上主獻全燔祭。
41 ၄၁ ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ တည်​သည်​ဖြစ်​၍ ထော​မ​နာ​သီ​ချင်း​များ​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​သီး​ခြား သတ်​မှတ်​ရွေး​ချယ်​ထား​သူ​ဟေ​မန်၊ ယေ​ဒု​သုန် နှင့်​အ​ခြား​သူ​တို့​သည်​လည်း ထို​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ရှိ​ကြ​ပေ သည်။-
與他們一起的,還有赫曼、耶杜通及其他被選登記的人,專為稱頌上主:「因為他的仁慈永遠常存。」
42 ၄၂ ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။
他們吹號敲鈸,演奏各種樂器,歌頌天主。耶杜通的兒子作守衛。
43 ၄၃ ထို့​နောက်​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ် အ​သီး​သီး​သို့​ပြန်​သွား​ကြ​၏။ ဒါ​ဝိဒ်​မင်း သည်​လည်း​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​ထံ သို့​ပြန်​သွား​တော်​မူ​၏။
以後,民眾各自回家,達味也回去祝福自己的家。

< ၁ ရာဇဝင်ချုပ် 16 >