< ၁ ရာဇဝင်ချုပ် 14 >

1 တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။-
Tura siangpahrang Hiram loe David ohhaih im sak pae hanah, laicaeh hoi nawnto Sidar thing, thing tok sah kop kami hoi thlung tok sah kop kaminawk to patoeh.
2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ မိ​မိ​၏​ပြည်​သူ​တို့ အ​ကျိုး​ငှာ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို ချမ်း​သာ ကြွယ်​ဝ​စေ​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ရ​၏။
Angraeng mah David to Israel siangpahrang ah suek boeh moe, angmah ih kami Israel caanawk hanah, prae tapom pae boeh, tiah David mah panoek.
3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထပ်​မံ​၍ လက်​ထပ်​ထိမ်း​မြား​မှု​များ​ကို​ပြု​သ​ဖြင့် သား​သ​မီး​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။-
David loe Jerusalem ah pop parai zu to lak moe, canu hoi capa paroeai sak.
4 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​တို့​၏ နာ​မည်​များ​မှာ​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော လ​မုန်၊-
Jerusalem ah oh naah sak ih a caanawk ih ahmin loe Shammua, Shobab, Nathan, Solomon,
5 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊-
Ibhar, Elishua, Elpalet,
6 နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊
Nogah, Nepheg, Japhia,
7 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​ဟူ​၍ ဖြစ်​၏။
Elishama, Beeliada hoi Eliphalet.
8 ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။-
David loe Israel caanawk boih ih siangpahrang ah situi bawh o boeh, tiah Philistinnawk mah thaih o naah, Philistinnawk boih David pakrong hanah caeh o; to tamthang to David mah thaih naah nihcae tuk hanah caeh.
9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ လူ​တို့​အား​စ​တင်​တိုက် ခိုက်​လု​ယက်​ကြ​ကုန်​၏။-
Philistinnawk angzoh o moe, Rephaim azawn boih ah ahmuen takhawh o.
10 ၁၀ ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့၊ ငါ​သည်​သင့် အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့် တော်​မူ​၏။
To pacoengah David mah Sithaw khaeah, Ka caeh moe, Philistinnawk to ka tuk han maw? Nihcae to ka ban ah nang paek han maw? tiah a hnik. Angraeng mah anih khaeah, Caeh tahang ah, nihcae to na ban ah kang paek han, tiah a naa.
11 ၁၁ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-
To pongah David hoi anih ih kaminawk to Baal-Perazim ah caeh o tahang, to ah David mah nihcae to tuk. To pacoengah David mah, Tui pakhoih baktiah, Angraeng mah, ka ban hoiah ka misanawk amrosak boih boeh, tiah thuih; to pongah to ahmuen to Baal-Perazim, tiah sak o.
12 ၁၂ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး​ကွယ် သည့်​ရုပ်​တု​များ​ကို ထို​အ​ရပ်​တွင်​ထား​ရစ်​ခဲ့ ကြ​၏။ ဒါ​ဝိဒ်​သည်​လည်း​ယင်း​တို့​ကို​မီး​ရှို့ ပစ်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
Philistinnawk mah caeh o taak ih angmacae ih sithawnawk to, hmai hoi thlaek hanah David mah lokpaek.
13 ၁၃ ထို​နောက်​များ​မ​ကြာ​မီ​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ထို​ချိုင့်​ဝှမ်း​သို့​တစ်​ဖန်​ပြန်​လာ​ကြ လျက်​စတင်​လု​ယက်​တိုက်​ခိုက်​ကြ​ပြန်​၏။-
Philistinnawk loe azawn boih ah ahmuen takhawh o let.
14 ၁၄ ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။-
To pongah David mah Sithaw khaeah hnik let; Sithaw mah anih khaeah, Nihcae ohhaih ahmuen ah katoengah caeh tahang hmah; nihcae khae hoi angqoi oh loe, langkawk pacahhaih thing ohhaih ahmuen hoiah daw o tahang ah.
15 ၁၅ ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
Langkawk pacahhaih thing nuiah misatuk han caehhaih lok na thaih naah, misatuk hanah caeh oh; Sithaw loe Philistin misatuh kaminawk hum hanah nangcae hmaa ah caeh boeh, tiah a naa.
16 ၁၆ ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သခင်​မိန့်​တော်​မူ​သည် အ​တိုင်း​ပြု​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​ဂိ ဗောင်​မြို့​မှ​သည်​ဂါ​ဇေ​ရ​မြို့​သို့​တိုင်​အောင် နှင်​ထုတ်​တော်​မူ​၏။-
To pongah Sithaw mah thuih pae ih lok baktih toengah, David mah sak, nihcae mah Gibeon hoi Gezer karoek to Philistin kaminawk to hum o.
17 ၁၇ ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။
To pacoengah David loe prae thung boih ah ahmin amthang; prae kaminawk boih mah anih to zit o hanah Angraeng mah sak.

< ၁ ရာဇဝင်ချုပ် 14 >