< ၁ ရာဇဝင်ချုပ် 13 >
1 ၁ ဒါဝိဒ်မင်းသည်တစ်ထောင်တပ်နှင့် တစ်ရာတပ် တို့၏တပ်မှူးအားလုံးနှင့်ဆွေးနွေးတိုင်ပင်၏။-
И сотвори совет Давид (со князи) и тысящники, и сотники и всеми началники,
2 ၂ ထိုနောက်စုရုံးလျက်ရှိသောဣသရေလပြည် သားတို့အား``သင်တို့သဘောတူညီ၍ငါတို့ ဘုရားသခင်ထာဝရဘုရားကလည်းအလို တော်ရှိမည်ဆိုပါက ကျန်ရှိနေသောအခြား ငါတို့အမျိုးသားအပေါင်းနှင့်မြို့ရွာများ ရှိယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များအား ဤအရပ်သို့အရောက်စုဝေးကြ ရန်စေတမန်များလွှတ်၍ခေါ်ဖိတ်ကြ ကုန်အံ့။-
и рече Давид ко всему собранию Израилеву: аще угодно вам, и от Господа Бога нашего благопоспешится, да послем к братиям нашым оставшымся во всей земли Израилеве, и с ними священницы и левити, во градех обдержания их, да соберутся к нам,
3 ၃ ထိုနောက်ရှောလုနန်းစံခဲ့စဉ်အခါက လျစ် လူရှုထားခဲ့သည့်ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့သွား၍ယူဆောင်ကြကုန် အံ့'' ဟုကြေညာ၏။-
и да принесем кивот Бога нашего к нам, не взыскахом бо его во дни Саули.
4 ၄ လူတို့သည်ဤအကြံကိုနှစ်သက်သဖြင့် သဘောတူလက်ခံကြ၏။
И отвеща все собрание, да тако будет, зане угодно бысть слово сие всем людем.
5 ၅ သို့ဖြစ်၍ဒါဝိဒ်သည်တောင်ဘက်အီဂျစ်နယ် စပ်မှ မြောက်ဘက်ဟာမတ်တောင်ကြားလမ်းသို့ တိုင်အောင် နိုင်ငံတစ်ဝှမ်းလုံးမှဣသရေလ ပြည်သားအပေါင်းတို့အားလာရောက်စုဝေး ကြရန်ခေါ်ယူလေသည်။ သူတို့သည်ကိရ ယတ်ယာရိမ်မြို့မှ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ယူကြရန်စုဝေးကြ၏။-
И собра Давид всего Израиля от предел Египетских даже до входа Имафова, еже внести кивот Божий от Града Иарима.
6 ၆ ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။-
И принесе его Давид: и весь Израиль взыде во град Давидов, иже бяше Иудин, еже вознести тамо кивот Господа Бога седяща на Херувимех, идеже призвано есть имя Его:
7 ၇ သူတို့သည်အဘိနဒပ်၏အိမ်မှ ပဋိညာဉ် သေတ္တာတော်ကိုထုတ်ယူပြီးနောက်လှည်းသစ် ပေါ်သို့တင်ကြ၏။ သြဇနှင့်အဟိသြတို့ ကထိုလှည်းကိုမောင်းလျက်-
и постави кивот Божий на колесницу нову из дому Аминадавля: Оза же и братия его ведяху колесницу:
8 ၈ ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။
Давид же и весь Израиль играху пред Богом всею силою и в песнех и в гуслех, и псалтири и тимпанех, и кимвалех и в трубах:
9 ၉ ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-
и приидоша ко гумну Хидоню: и простре Оза руку свою, да поддержит кивот, юнец бо уклони его:
10 ၁၀ ထာဝရဘုရားသည်ထိုခဏ၌အမျက်ထွက် တော်မူ၍ သြဇအားပဋိညာဉ်သေတ္တာတော်ကို တို့ထိသည့်အတွက်သေဒဏ်ပေးတော်မူ၏။ သြဇသည်ထိုအရပ်၌ပင်ဘုရားသခင်၏ ရှေ့တော်ဝယ်သေလေ၏။-
и прогневася Господь гневом на Озу и порази его ту, того ради, яко простре руку свою (и прикоснуся) кивоту, и умре ту пред Богом.
11 ၁၁ သို့ဖြစ်၍ထိုအရပ်ကိုပေရဇောဇဟုယနေ့ တိုင်အောင်ခေါ်ဝေါ်သမုတ်ကြသတည်း။ ယင်း သို့သြဇအားထာဝရဘုရားအမျက်တော် ထွက်၍ ဒဏ်ခတ်တော်မူသည့်အတွက်ဒါဝိဒ် သည်စိတ်နာလေ၏။
И оскорбися Давид, яко пресече Господь пресечением Озу, и нарече место то пресечение Озане, даже до дне сего.
12 ၁၂ ထို့နောက်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက် ရွံ့တော်မူသဖြင့်``ယခုငါသည်ပဋိညာဉ် သေတ္တာတော်ကိုအဘယ်သို့လျှင်ယူဆောင် ရပါတော့မည်နည်း'' ဟုဆို၍။-
И убояся Давид Бога в той день, глаголя: како внесу ко мне кивот Божий?
13 ၁၃ သေတ္တာတော်ကိုမိမိနှင့်အတူယေရုရှလင်မြို့ သို့မယူဆောင်တော့ချေ။ ယင်းသို့ယူဆောင်မည့် အစားသေတ္တာတော်ကိုဂိတ္တိမြို့သားသြဗ ဒေဒုံနာမည်ရှိသူတစ်ဦး၏အိမ်၌ထားခဲ့၏။-
И не возврати Давид кивота к себе во град Давидов, но возврати и в дом Аведдара Гефеина:
14 ၁၄ သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှရှိနေ တော်မူ၍ ထာဝရဘုရားသည်သြဗဒေဒုံ၏ အိမ်ထောင်စုနှင့်သူပိုင်ဆိုင်သည့်အရာရှိသမျှ တို့ကိုကောင်းချီးပေးတော်မူ၏။
и пребываше кивот Божий в дому Аведдарове три месяцы, и благослови Бог Аведдара и вся, яже имеяше.