< ၁ ရာဇဝင်ချုပ် 12 >
1 ၁ ဒါဝိဒ်သည်ရှောလုမင်းထံတော်မှထွက်ပြေး တိမ်းရှောင်နေချိန်၌ ဇိကလတ်မြို့တွင်နေထိုင် ၏။ ထိုအခါလူအများပင်သူ၏ဘက်သို့ ဝင်ရောက်လာကြ၏။ ထိုသူအပေါင်းတို့သည် ရှောလုနှင့်ဆွေမျိုးတော်စပ်သည့်ဗင်္ယာမိန် အနွယ်ဝင်မှ စစ်ရည်ဝ၍အားကိုးအားထား လောက်သောစစ်သူရဲများဖြစ်သတည်း။ သူ တို့သည်လက်ယာလက်ဖြင့်သော်လည်းကောင်း၊ လက်ဝဲလက်ဖြင့်သော်လည်းကောင်း လောက်လွှဲ နှင့်လေးကိုပစ်ခတ်နိုင်ကြ၏။-
Now these were the men who came to David at Ziklag, while he was still banished from the presence of Saul son of Kish (they were among the mighty men who helped him in battle;
they were archers using both the right and left hands to sling stones and shoot arrows; and they were Saul’s kinsmen from Benjamin):
3 ၃ သူတို့၏တပ်မှူးများမှာဂိဗာမြို့သား ရှေမာ၏သားဖြစ်ကြသော အဟေဇာနှင့် ယောရှတို့ဖြစ်ကြ၏။ စစ်သူရဲများမှာအောက်ပါအတိုင်းဖြစ်သည်။ အာဇမာဝက်၏သားများဖြစ်ကြသော ယေဇေလနှင့်ပေလက်။ အနသုတ်မြို့သားဗေရာခနှင့်ယေဟု။ ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂိဗောင်မြို့သားနာမည်ကျော်စစ်သူရဲဣရှမာယ။ ဂေဒရမြို့သားများဖြစ်ကြသောယေရမိ၊ ယဟာဇေလ၊ယောဟနန်နှင့်ယောဇဗဒ်။ ဟရုဖိမြို့သားများဖြစ်ကြသောဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ရှေမရိနှင့်ရှေဖတိ။ ကောရသားချင်းစုမှဧလကာန၊ယေရှာ၊ အာဇရေလ၊ယောဇာနှင့်ယာရှောဗ။ ဂေဒေါ်မြို့သားယေရောဟံ၏သားများ ဖြစ်ကြသော ယောလာနှင့်ဇေဗဒိတို့ဖြစ်ကြ၏။
Ahiezer their chief and Joash, who were the sons of Shemaah the Gibeathite; Jeziel and Pelet, the sons of Azmaveth; Beracah; Jehu the Anathothite;
Ishmaiah the Gibeonite, a mighty man among the Thirty and a leader over the Thirty; Jeremiah, Jahaziel, Johanan, and Jozabad the Gederathite;
Eluzai, Jerimoth, Bealiah, Shemariah, and Shephatiah the Haruphite;
Elkanah, Isshiah, Azarel, Joezer, and Jashobeam, who were Korahites;
and Joelah and Zebadiah, the sons of Jeroham from Gedor.
8 ၈ ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
Some Gadites defected to David at his stronghold in the desert. They were mighty men of valor, trained for battle, experts with the shield and spear, whose faces were like the faces of lions and who were as swift as gazelles on the mountains:
9 ၉ ရာထူးကြီးငယ်အလိုက်သူတို့၏နာမည် များမှာဧဇာ၊ သြဗဒိ၊ ဧလျာဘ၊ မိရှမန္န၊ ယေရမိ၊ အတ္တဲ၊ ဧလျေလ၊ ယောဟနန်၊ ဧလ ဇာဗဒ်၊ ယေရမိ၊ မာခဗာနဲဟူ၍ဖြစ်သတည်း။
Ezer the chief, Obadiah the second in command, Eliab the third,
Mishmannah the fourth, Jeremiah the fifth,
Attai the sixth, Eliel the seventh,
Johanan the eighth, Elzabad the ninth,
Jeremiah the tenth, and Machbanai the eleventh.
14 ၁၄ ဂဒ်အနွယ်ဝင်မှထိုသူအချို့တို့သည်တစ် ထောင်တပ်ကိုအုပ်ချုပ်ရသူ၊ အချို့မှာတစ် ရာတပ်ကိုအုပ်ချုပ်ရသူတပ်မှူးများဖြစ် ကြ၏။-
These Gadites were army commanders, the least of whom was a match for a hundred, and the greatest for a thousand.
15 ၁၅ ထိုနှစ်၏ပထမလ၌ယော်ဒန်မြစ်ရေလျှံ သောအခါ သူတို့သည်မြစ်ကိုဖြတ်ကူးပြီး နောက် မြစ်၏အရှေ့နှင့်အနောက်ဘက်ရှိချိုင့် ဝှမ်းများတွင် နေထိုင်ကြသူတို့ကိုထွက်ပြေး စေကြ၏။
These are the ones who crossed the Jordan in the first month when it was overflowing all its banks, and they put to flight all those in the valleys, both to the east and to the west.
16 ၁၆ အခါတစ်ပါး၌ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်တို့မှ လူအချို့တို့သည်ဒါဝိဒ်မင်းရှိရာ ရဲတိုက်သို့လာသောအခါ၊-
Other Benjamites and some men from Judah also came to David in his stronghold.
17 ၁၇ ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။
And David went out to meet them, saying, “If you have come to me in peace to help me, my heart will be united with you; but if you have come to betray me to my enemies when my hands are free of violence, may the God of our fathers see it and judge you.”
18 ၁၈ ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
Then the Spirit came upon Amasai, the chief of the Thirty, and he said: “We are yours, O David! We are with you, O son of Jesse! Peace, peace to you, and peace to your helpers, for your God helps you.” So David received them and made them leaders of his troops.
19 ၁၉ ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-
Some from Manasseh defected to David when he went with the Philistines to fight against Saul. (They did not help the Philistines because the Philistine rulers consulted and sent David away, saying, “It will cost us our heads if he defects to his master Saul.”)
20 ၂၀ ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။-
When David went to Ziklag, these men of Manasseh defected to him: Adnah, Jozabad, Jediael, Michael, Jozabad, Elihu, and Zillethai, chiefs of thousands in Manasseh.
21 ၂၁ သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-
They helped David against the raiders, for they were all mighty men of valor and commanders in the army.
22 ၂၂ နေ့တိုင်းလိုပင်ဒါဝိဒ်၏တပ်ဖွဲ့ထဲသို့လူသစ် များဝင်ရောက်လာကြသဖြင့် သူ၏တပ်မတော် သည်အလွန်အင်အားကြီးမားလာလေသည်။
For at that time men came to David day after day to help him, until he had a great army, like the army of God.
23 ၂၃ ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ရှောလုမင်း၏နေရာတွင်ဒါဝိဒ်အားမင်း မြှောက်နိုင်ရေးအတွက်ကူညီဆောင်ရွက်ရန် စစ်အတတ်ကိုလေ့ကျင့်ပြီးသောစစ်သူရဲ အများပင်သူ၏တပ်မတော်သို့ဝင်ရောက် လာကြ၏။ ထိုသူတို့၏အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ဒိုင်းလွှားများနှင့်လှံများကိုင်ဆောင်လျက် စစ်လက်နက်အပြည့်အစုံပါသောယုဒ အနွယ်ဝင်စစ်သူရဲခြောက်ထောင့်ရှစ်ရာ။ ကောင်းစွာလေ့ကျင့်ပြီးသူရှိမောင်အနွယ် ဝင် စစ်သူရဲခုနစ်ထောင့်တစ်ရာ။ လေဝိအနွယ်ဝင်လူပေါင်းလေးထောင့်ခြောက်ရာ။ အာရုန်မှဆင်းသက်သောယောယဒ၏နောက်လိုက် လူပေါင်းသုံးထောင့်ခုနစ်ရာ။ စစ်တိုက်ကောင်းသူ၊လုလင်ပျိုဇာဒုတ်၏ဆွေမျိုး၊ ခေါင်းဆောင်နှစ်ဆယ့်နှစ်ဦး။ ရှောလု၏အနွယ်စုဖြစ်သောဗင်္ယာမိန်အနွယ်ဝင် လူပေါင်းသုံးထောင်။ (ဗင်္ယာမိန်အနွယ်မှလူများစု သည်ရှောလုမင်း၏သစ္စာတော်ကိုစောင့်သိကြသူ များဖြစ်၏။) ဧဖရိမ်စစ်သူရဲနှစ်သောင်းရှစ်ရာ။ သူတို့သည် မိမိတို့သားချင်းစုတွင်နာမည်ကျော်သူ များတည်း။ အနောက်ပိုင်းမနာရှေအမျိုးသားများမှ ဒါဝိဒ်အားမင်းမြှောက်နိုင်ရေးအတွက်သွား ရောက်ဆောင်ရွက်ရန် ရွေးချယ်ထားသူလူပေါင်း တစ်သောင်းရှစ်ထောင်။ ဣသခါအနွယ်ဝင်ခေါင်းဆောင်နှစ်ရာနှင့် သူတို့ ၏နောက်လိုက်များ (ဤခေါင်းဆောင်များသည် ဣသ ရေလအမျိုးသားတို့ပြုအပ်သောအမှုနှင့်ပြု ရန် အချိန်ကာလကိုသိရှိသူများဖြစ်ကြ၏။) ယုံကြည်စိတ်ချရ၍သစ္စာရှိသူဇာဗုလုန် အနွယ်ဝင်လူငါးသောင်း။ သူတို့သည်စစ်တိုက် ရန်အဆင်သင့်ရှိကြလျက်လက်နက်မျိုးစုံ ကိုကိုင်ဆောင်တတ်သူများဖြစ်ကြ၏။ ဒိုင်းလွှား၊ လှံတံကိုင်ဆောင်သူလူသုံးသောင်းခုနစ် ထောင်နှင့်တကွ နဿလိအနွယ်ဝင်ခေါင်းဆောင် တစ်ထောင်။ စစ်အတတ်ကိုလေ့ကျင့်ထားပြီးသူ၊ ဒန်အနွယ်ဝင်စစ်သူရဲနှစ်သောင်းရှစ်ထောင်ခြောက် ရာ။ တိုက်ပွဲဝင်ရန်အသင့်ရှိသူအာရှာအနွယ်ဝင် လူပေါင်းလေးသောင်း။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းမှရုဗင်၊ ဂဒ်နှင့် အရှေ့မနာရှေအနွယ်ဝင်များထဲမှလက်နက် မျိုးစုံကိုင်ဆောင်တတ်သူ လူပေါင်းတစ်သိန်း နှစ်သောင်းတို့ဖြစ်သတည်း။
Now these are the numbers of men armed for battle who came to David at Hebron to turn Saul’s kingdom over to him, in accordance with the word of the LORD:
From Judah: 6,800 armed troops bearing shields and spears.
From Simeon: 7,100 mighty men of valor, ready for battle.
including Jehoiada, leader of the house of Aaron, with 3,700 men,
and Zadok, a mighty young man of valor, with 22 commanders from his own family.
From Benjamin, the kinsmen of Saul: 3,000, most of whom had remained loyal to the house of Saul up to that time.
From Ephraim: 20,800 mighty men of valor, famous among their own clans.
From the half-tribe of Manasseh: 18,000 designated by name to come and make David king.
From Issachar, men who understood the times and knew what Israel should do: 200 chiefs with all their kinsmen at their command.
From Zebulun: 50,000 fit for service, trained for battle with all kinds of weapons of war, who with one purpose were devoted to David.
From Naphtali: 1,000 commanders, accompanied by 37,000 men with shield and spear.
From Dan: 28,600 prepared for battle.
From Asher: 40,000 fit for service, prepared for battle.
And from east of the Jordan, from Reuben, Gad, and the half-tribe of Manasseh there: 120,000 armed with every kind of weapon of war.
38 ၃၈ တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။-
All these men of war, arrayed for battle, came to Hebron fully determined to make David king over all Israel. And all the rest of the Israelites were of one mind to make David king.
39 ၃၉ သူတို့သည်မိမိတို့၏အမျိုးသားများပြင် ဆင်ကျွေးမွေးသောအစားအသောက်များကို စားသောက်ကာ သုံးရက်တိုင်တိုင်ဒါဝိဒ်နှင့် အတူနေကြ၏။-
They spent three days there eating and drinking with David, for their relatives had provided for them.
40 ၄၀ ဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။
And their neighbors from as far away as Issachar, Zebulun, and Naphtali came bringing food on donkeys, camels, mules, and oxen—abundant supplies of flour, fig cakes and raisin cakes, wine and oil, oxen and sheep. Indeed, there was joy in Israel.