< ၁ ရာဇဝင်ချုပ် 11 >
1 ၁ ဣသရေလပြည်သားအပေါင်းတို့သည်ဟေဗြုန် မြို့ရှိဒါဝိဒ်ထံသို့လာရောက်လျက်``ကျွန်တော် တို့သည်အရှင်၏သွေးသားများဖြစ်ပါ၏။-
Dukan Isra’ila fa suka taru wurin Dawuda a Hebron suka ce, “Mu jiki da jininka ne.
2 ၂ အတိတ်ကာလကရှောလုမင်းဘုရင်ဖြစ်စဉ် အခါ၌ပင်လျှင် အရှင်သည်ဣသရေလပြည် သားတို့အားရှေ့ဆောင်၍တိုက်ပွဲဝင်ခဲ့ပါ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရားက လည်း အရှင်သည်ကိုယ်တော့်လူမျိုးတော်၏ ခေါင်းဆောင်၊ သူတို့၏ဘုရင်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါ၏'' ဟုလျှောက်ထား ကြ၏။-
A dā, ko a lokacin da Shawulu yake sarki, ai, kai ne kake shugabantar Isra’ila a yaƙe-yaƙe. Kuma Ubangiji Allahnka ya ce maka, ‘Za ka zama makiyayin mutanena Isra’ila, za ka kuma zama mai mulkinsu.’”
3 ၃ ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
Sa’ad da dukan dattawan Isra’ila suka zo wurin Sarki Dawuda a Hebron, suka yi yarjejjeniya da shi a gaban Ubangiji, suka kuwa shafe Dawuda ya zama sarki a bisa Isra’ila, yadda Ubangiji ya yi alkawari ta wurin Sama’ila.
4 ၄ ဒါဝိဒ်မင်းနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ချီတက်၍ ယေရုရှလင် မြို့ကိုတိုက်ခိုက်ကြ၏။ ထိုစဉ်အခါက ယေရုရှလင်မြို့သည်ယေဗုတ်မြို့ဟုနာမည် တွင်၏။ ထိုမြို့တွင်ပင်ကိုယ်ရှိရင်းစွဲယေဗုသိ မြို့သားတို့ပင်လျှင်နေထိုင်လျက်ရှိသေး၏။-
Dawuda tare da dukan Isra’ilawa suka taka zuwa Urushalima (wato, Yebus). Yebusiyawan da suke zama a wurin
5 ၅ ယေဗုသိမြို့သားတို့ကဒါဝိဒ်မင်းအား``သင် သည်ဤမြို့ထဲသို့အဘယ်အခါ၌မျှဝင်ရ လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။ သိုရာတွင် ဒါဝိဒ်မင်းသည်သူတို့၏ဇိအုန်ခံတပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် ခံတပ်သည် ဒါဝိဒ်မြို့ဟူသောနာမည်ကိုရရှိလေသည်။-
suka ce wa Dawuda, “Ba za ka shiga nan ba.” Duk da haka, Dawuda ya ci kagarar Sihiyona, Birnin Dawuda.
6 ၆ ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
Dawuda ya ce, “Duk wanda ya jagoranci yaƙi a kan Yebusiyawa zai zama babban shugaban mayaƙa.” Yowab ɗan Zeruhiya ya fara haurawa, ta haka ya zama shugaba.
7 ၇ ဒါဝိဒ်မင်းသည်ထိုခံတပ်တွင်နေထိုင်ရန် သွားရောက်တော်မူသည်ကိုအစွဲပြု၍ ယင်း ကို``ဒါဝိဒ်မြို့'' ဟုခေါ်ဆိုသမုတ်ကြ သတည်း။-
Dawuda zauna a kagarar, ta haka aka kira ta Birnin Dawuda.
8 ၈ မင်းကြီးသည်ဇိအုန်တောင်၏အရှေ့ဘက်၊ မြေကတုတ်ဖို့ထားသည့်အရပ်မှအစပြု ၍ခံတပ်ပတ်လည်တွင်မြို့ကိုပြန်လည်တည် ဆောက်တော်မူ၏။ ထိုမြို့ရှိကျန်သောအရပ် တို့ကိုမူယွာဘကပြုပြင်တည်ဆောက် ပေးလေသည်။-
Sai ya gina birni kewaye da shi, daga madogaran gini zuwa katangar da take kewaye, yayinda Yowab ya maido da sauran birnin.
9 ၉ ဒါဝိဒ်မင်းသည်တစ်နေ့တစ်ခြားတန်ခိုး ကြီးမား၍လာတော်မူ၏။ အဘယ်ကြောင့် ဆိုသော်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်မင်းကြီးနှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
Dawuda kuwa ya ƙara ƙarfi, domin Ubangiji Maɗaukaki yana tare da shi.
10 ၁၀ အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။
Waɗannan su ne manyan jarumawan Dawuda, su ne, tare da dukan Isra’ila, suka ba wa mulkinsa goyon baya mai ƙarfi da ya kai bisa dukan ƙasar, yadda Ubangiji ya yi alkawari.
11 ၁၁ သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
Ga jerin sunayen jarumawan Dawuda. Yashobeyam wani ɗan Hakmoni, shi ne babban shugaba; ya ɗaga māshinsa a kan mutum ɗari uku, waɗanda ya kashe a ƙarawa guda kawai.
12 ၁၂ နာမည်ကျော်သူရဲကောင်းသုံးယောက်အပါ အဝင်ဒုတိယသူရဲကောင်းမှာအဟောဟိ သားချင်းစုဝင်၊ ဒေါဒေါ၏သားဧလဇာ ဖြစ်၏။-
Biye da shi, shi ne Eleyazar ɗan Dodo mutumin Aho, ɗaya daga cikin jarumawa uku.
13 ၁၃ သူသည်ပါသဒမ္မိမ်တိုက်ပွဲတွင်ဒါဝိဒ်နှင့် အတူ ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက် ခဲ့သူဖြစ်၏။ ဣသရေလအမျိုးသားတို့ တပ်လှန့်စပြုသောအခါသူသည်မုယော စပါးလယ်ပြင်တစ်ခုတွင်ရှိ၏။-
Yana tare da Dawuda a Fas Dammim sa’ad da Filistiyawa suka taru can don yaƙi. A wani wuri inda akwai gona cike da sha’ir, sojoji suka gudu daga Filistiyawa.
14 ၁၄ သို့ဖြစ်၍သူသည်မိမိ၏အဖော်များနှင့် လယ်ပြင်အလယ်တွင်ရပ်လျက် ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ခိုက်လေသည်။ ထာဝရ ဘုရားသည်သူ့အားကြီးစွာသောအောင်ပွဲ ကိုပေးတော်မူ၏။
Sai shi da Dawuda suka shiga gonar sha’ir ɗin, suka tsaya ciki don su tsare ta. Suka ragargaza Filistiyawa, Ubangiji kuma ya kawo babban nasara.
15 ၁၅ တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။-
Wata rana uku cikin manyan mutanen nan talatin suka gangara wurin Dawuda zuwa dutse a kogon Adullam, yayinda ƙungiyar Filistiyawa suke sansani a Kwarin Refayim.
16 ၁၆ ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-
A lokacin Dawuda yana cikin mafaka, sojojin Filistiyawa kuma suna a Betlehem.
17 ၁၇ ဒါဝိဒ်မင်းသည်ပြည်တော်ကိုလွမ်းဆွတ် တော်မူသဖြင့်``ငါ့အားဗက်လင်မြို့တံခါး အနီးရှိရေတွင်းမှသောက်ရေတစ်ပေါက် လောက်ယူဆောင်ပေးမည့်သူရှိလျှင် အဘယ် မျှကောင်းလိမ့်မည်နည်း'' ဟုတောင့်တပြော ဆိုတော်မူ၏။-
Dawuda ya ji marmarin ruwan sha sai ya ce, “Kash, a ce wani zai sami mini ruwan sha daga rijiya kusa da ƙofar Betlehem mana!”
18 ၁၈ ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-
Sai Ukun suka kutsa kai cikin sansanin Filistiyawa, suka ja ruwa daga rijiyar da take kusa da ƙofar Betlehem suka ɗauko shi suka kawo wa Dawuda. Amma ya ƙi yă sha; a maimako, sai ya zubar da shi a gaban Ubangiji.
19 ၁၉ ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။
Ya ce, “Allah yă sawwaƙe in yi haka, ya kamata in sha jinin waɗannan mutanen da suka yi kasai da rayukansu?” Domin sun yi kasai da rayukansu don su dawo da shi, Dawuda bai sha shi ba. Irin abubuwan da jarumawa ukun nan suka yi ke nan.
20 ၂၀ ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
Abishai ɗan’uwan Yowab shi ma babba ne cikin Ukun nan. Ya ɗaga māshinsa a kan mutum ɗari uku, waɗanda ya kashe, ya kuma zama sananne kamar Ukun.
21 ၂၁ သူသည်ရဲဘော်သုံးကျိပ်တို့တွင်နာမည် အကြီးဆုံးဖြစ်၍ သူတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သို့ရာတွင်သူရဲကောင်း သုံးယောက်လောက်နာမည်မကြီးချေ။
Aka ninka girmama shi bisa Ukun, sai ya zama shugaba, ko da yake ba a haɗa shi a cikinsu ba.
22 ၂၂ ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
Benahiya ɗan Yehohiyada shi ma wani barden yaƙi ne daga Kabzeyel, wanda ya yi manyan abubuwa. Ya bugi gwanayen Mowab biyu. Ya kuma gangara zuwa cikin rami a ranar da aka yi dusar ƙanƙara ya kashe zaki.
23 ၂၃ အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။-
Ya kuma kashe wani mutumin Masar mai tsayi ƙafa bakwai da rabi. Ko da yake mutumin Masar yana da māshi kamar sandan masaƙa a hannunsa, Benahiya ya yaƙe shi da kulki. Ya ƙwace māshin daga hannun mutumin Masar ya kuma kashe shi da māshin nan nasa.
24 ၂၄ ဤအမှုများသည်ရဲဘော်သုံးကျိပ်တွင် ပါဝင်သူ ဗေနာယ၏စွန့်စားခန်းများ ဖြစ်လေသည်။-
Irin abubuwan da Benahiya ɗan Yehohiyada ya yi ke nan; shi ma sananne ne kamar waɗannan jarumawa uku.
25 ၂၅ သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်း သူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်အပ်တော်မူ၏။
Aka ɗauka shi da bangirma fiye da Talatin nan, amma ba a haɗa shi cikin Ukun ba. Dawuda kuwa ya sa shi yă lura da masu tsaron lafiyarsa.
26 ၂၆ ထူးချွန်သောအခြားစစ်သူရဲများစာရင်း မှာအောက်ပါအတိုင်းဖြစ်သည်။ ယွာဘ၏ညီ၊အာသဟေလ။ ဗက်လင်မြို့သား၊ဒေါဒေါ၏သားဧလဟာနန်။ ဟေရောဒိမြို့သား၊ရှမ္မ။ ဖာလတိမြို့သားဟေလက်။ တေကောမြို့သားဣကေရှ၏သားဣရ။ အနေသောသိမြို့သားအဗျေဇာ။ ဟုရှသိမြို့သားသိဗေကဲ။ အဟောဟိမြို့သားဣလဲ။ နေတောဖာသိမြို့သားမဟာရဲ၊ နေတောဖာသိမြို့သားဗာန၏သား ဟေလက်။ ဗင်္ယာမိန်ပြည်ဂိဗာမြို့သားရိဘဲ၏သားဣတ္တဲ။ ပိရသောနိမြို့သားဗေနာယ။ ဂါရှမြို့အနီးချိုင့်ဝှမ်းများမှဟုရဲ။ အာဗသိမြို့သားအဗျေလ။ ဗာဟုမိမြို့သားအာဇမာဝက်။ ရှာလဗောနိမြို့သားဧလျာဘ။ ဂိဇောနိမြို့သားယာရှင်။ ဟာရာမြို့သားရှာဂဲ၏သားယောနသန်။ ဟာရာမြို့သားစာကာရ၏သားအဟိအံ။ ဥရ၏သားဧလိဖလ။ မေခေရသိမြို့သားဟေဖာ။ ပေလောနိမြို့သားအဟိယ။ ကရမေလမြို့သားဟေဇရဲ။ ဧဇပဲ၏သားနာရဲ။ နာသန်၏ညီယောလ။ ဟဂ္ဂေ၏သားမိဗဟာ။ အမ္မုန်မြို့သားဇေလက်။ ယွာဘ၏လက်နက်ကိုင်ဆောင်သူ ဗေရောသိမြို့သားနဟာရဲ။ ဣသရိမြို့သားဣရနှင့်ဂါရက်။ ဟိတ္တိလူမျိုးဥရိယ။ အာလဲ၏သားဇာဗဒ်။ ရှိဇ၏သားအဒိန(သူသည်ရုဗင်အနွယ်မှ ဦးစီးခေါင်းဆောင်တစ်ဦးဖြစ်၍ လူသုံးကျိပ်ရှိ တပ်စိပ်တစ်စိပ်အုပ်ချုပ်ရသူဖြစ်၏။) မာခါ၏သားဟာနန်။ မိသနိမြို့သားယောရှဖတ်။ အာရှတယောသိမြို့သားသြဇိ။ အာရော်မြို့မှဟောသန်၏သားများဖြစ် ကြသော ရှာမနှင့်ယေဟေလ။ တိဇိမြို့သားရှိမရိ၏သားများဖြစ်ကြသော ယေဒျေလနှင့်ယောဟ။ မဟာဝိမြို့သားဧလျေလ။ ဧလနန်၏သားများဖြစ်ကြသော ယေရိဗဲနှင့်ယောရှဝိ၊မောဘမြို့သားဣသမ။ မေဇောဗိတ်မြို့သားဧလျေလ၊သြဗက်နှင့် ယာသေလတို့ဖြစ်ကြ၏။
Jarumawan nan su ne, Asahel ɗan’uwan Yowab, Elhanan ɗan Dodo daga Betlehem,
Shammot mutumin Haror, Helez mutumin Felon,
Ira ɗan Ikkesh daga Tekowa, Abiyezer daga Anatot,
Sibbekai mutumin Husha, Ilai mutumin Aho,
Maharai mutumin Netofa, Heled ɗan Ba’ana mutumin Netofa,
Ittai ɗan Ribai daga Gibeya a Benyamin, Benahiya mutumin Firaton,
Hurai daga kogunan Ga’ash, Abiyel mutumin Arba,
Azmawet mutumin Harum, Eliyaba mutumin Sha’albo,
’ya’yan Hashem mutumin Gizon maza, Yonatan ɗan Shageye mutumin Harar,
Ahiyam ɗan Sakar mutumin Harar, Elifal ɗan Ur,
Hefer mutumin Mekerat, Ahiya mutumin Felon,
Hezro mutumin Karmel, Na’arai ɗan Ezbai,
Yowel ɗan’uwan Natan, Mibhar ɗan Hagiri,
Zelek mutumin Ammon Naharai Baroti, mai ɗaukar kayan yaƙin Yowab ɗan Zeruhiya,
Ira mutumin Itra, Gareb mutumin Itra,
Uriya mutumin Hitti Zabad ɗan Alai,
Adina ɗan Shiza mutumin Ruben, wanda shi ne babba na mutanen Ruben, kuma talatin suna tare da shi,
Hanan ɗan Ma’aka, Yoshafat mutumin Mit,
Uzziya mutumin Ashtarot, Shama da Yehiyel’ya’yan Hotam mutumin Arower maza,
Yediyayel ɗan Shimri, ɗan’uwansa Yoha mutumin Tiz,
Eliyel mutumin Ma’aha, Yeribai da Yoshawiya’ya’yan Elna’am maza, Itma mutumin Mowab,
Eliyel, Obed da Ya’asiyel mutumin Mezob.