< ၁ ရာဇဝင်ချုပ် 11 >

1 ဣ​သ​ရေလ​ပြည်သား​အ​ပေါင်း​တို့သည်​ဟေ​ဗြုန် မြို့​ရှိ​ဒါ​ဝိဒ်​ထံ​သို့​လာ​ရောက်​လျက်``ကျွန်​တော် တို့သည်​အ​ရှင်​၏သွေး​သား​များ​ဖြစ်​ပါ​၏။-
Therfor al Israel was gaderid to Dauid in Ebron, and seide, We ben thi boon and thi fleisch;
2 အ​တိတ်​ကာ​လ​က​ရှော​လု​မင်း​ဘု​ရင်​ဖြစ်​စဉ် အ​ခါ​၌ပင်​လျှင် အ​ရှင်​သည်​ဣ​သ​ရေလ​ပြည် သား​တို့​အား​ရှေ့​ဆောင်​၍​တိုက်​ပွဲ​ဝင်​ခဲ့​ပါ​၏။ အ​ရှင်​၏ဘု​ရားသ​ခင်​ထာ​ဝ​ရဘု​ရားက လည်း အ​ရှင်​သည်​ကိုယ်​တော့်လူ​မျိုး​တော်​၏ ခေါင်း​ဆောင်၊ သူ​တို့၏ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား ကြ​၏။-
also yisterdai and the thridde dai ago, whanne Saul regnede yit on Israel, thou it were that leddist out and leddist in Israel; for `thi Lord God seide to thee, Thou schalt fede my puple Israel, and thou schalt be prince on it.
3 ယင်း​သို့ဣ​သ​ရေလ​အ​မျိုး​သား​ခေါင်း​ဆောင် အ​ပေါင်း​တို့သည် ဟေ​ဗြုန်​မြို့​ရှိ​ဒါ​ဝိဒ်​မင်း​ထံ တော်​သို့​လာ​ရောက်​ကြ​သော​အ​ခါ မင်း​ကြီး​သည် ထာ​ဝ​ရဘု​ရား၏​ရှေ့​တော်​၌ထို​သူ​တို့နှင့်​သစ္စာ မိတ်​ဖွဲ့တော်​မူ​၏။ သူ​တို့သည်​လည်း​ရှ​မွေ​လ​အား ဖြင့်​ထာ​ဝ​ရဘု​ရား​က​တိ​ပေး​တော်​မူ​ခဲ့​သည့် အ​တိုင်း ဒါ​ဝိဒ်​အား​ဘိ​သိက်​ပေး​၍​ဣ​သ​ရေလ ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​ကြ​၏။
Therfor alle the gretter in birthe of Israel camen to the kyng in Ebron; and Dauid maad with hem a boond of pees bifor the Lord, and thei anoyntiden hym kyng on Israel, bi the word of the Lord, which he spak in the hond of Samuel.
4 ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-
Therfor Dauid yede, and al Israel, in to Jerusalem; this Jerusalem is Jebus, where Jebuseis enhabiteris of the lond weren.
5 ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-
And thei that dwelliden at Jebus seiden to Dauid, Thou schalt not entre hidur. Forsothe Dauid took the hiy tour of Syon, which is the citee of Dauid;
6 ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-
and he seide, Ech man that `sleeth first Jebusei, schal be prince and duyk. Therfor Joab, sone of Saruye, stiede first, and was maad prince.
7 ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-
Sotheli Dauid dwellide in the hiy tour, and therfor it was clepid the cytee of Dauid;
8 မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-
and he bildide the citee in cumpas fro Mello til to the cumpas; forsothe Joab bildide the tother part of the citee.
9 ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
And Dauid profitide goynge and wexynge, and the Lord of oostis was with hym.
10 ၁၀ အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။
These ben the princes of the stronge men of Dauid, that helpiden hym, that he schulde be kyng on al Israel, bi the word of the Lord which he spak to Israel.
11 ၁၁ သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-
And this is the noumbre of the stronge men of Dauid; Jesbaam, the sone of Achamony, was prince among thretti; this reiside his schaft ethir spere on thre hundrid woundid men in o tyme.
12 ၁၂ နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-
And after hym was Eleazar, the sone of his fadris brothir, and was `a man of Ahoit, which Eleazar was among thre miyti men.
13 ၁၃ သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။-
This was with Dauid in Aphesdomyn, whanne Filisteis weren gaderid to o place in to batel; and a feeld of that cuntrey was ful of barli, and the puple fledde fro the face of Filisteis.
14 ၁၄ သို့ဖြစ်​၍​သူ​သည်​မိ​မိ​၏အ​ဖော်​များ​နှင့် လယ်​ပြင်​အ​လယ်​တွင်​ရပ်​လျက် ဖိ​လိတ္တိ​အ​မျိုး သား​တို့ကို​တိုက်​ခိုက်​လေ​သည်။ ထာ​ဝ​ရ ဘု​ရားသည်​သူ့အား​ကြီးစွာ​သော​အောင်​ပွဲ ကို​ပေး​တော်​မူ​၏။
This Eleazar stood in the myddis of the feeld, and defendide it; and whanne he hadde slayn Filisteis, the Lord yaf greet helthe to his puple.
15 ၁၅ တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။-
Sotheli thre of thritti princes yeden doun to the stoon, wher ynne Dauid was, to the denne of Odolla, whanne Filisteis settiden tentis in the valey of Raphaym.
16 ၁၆ ထို​အ​ချိန်​၌ဒါ​ဝိဒ်​သည်​အ​ခိုင်​အ​မာ​ခံ တပ်​တည်​ထား​သော​တောင်​ကုန်း​တစ်​ခု​ပေါ် တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုးသား​တစ်​စု​က​လည်း ဗက်​လင်​မြို့ကို​ဝင်​ရောက်​သိမ်း​ပိုက်​၍​ထား ကြ​၏။-
Forsothe Dauid was in a strong hold, and the stacioun, `that is, the oost gaderid, of Filisteis was in Bethleem.
17 ၁၇ ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။-
Therfor Dauid desiride watir, and seide, Y wolde, that sum man yaf to me water of the cisterne of Bethleem, which is in the yate.
18 ၁၈ ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။-
Therfor these thre yeden thoruy the myddil of the castelis of Filisteis, and drowen watir of the cisterne of Bethleem, that was in the yate, and thei brouyten to Dauid, that he schulde drynke; and Dauid nolde `drynke it, but rather he offride it to the Lord, and seide, Fer be it,
19 ၁၉ ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။
that Y do this thing in the siyt of my God, and that Y drynke the blood of these men, for in the perel of her lyues thei brouyten watir to me; and for this cause he nolde drynke. Thre strongeste men diden these thingis.
20 ၂၀ ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​တိုက် ခိုက်​ခဲ့​သ​ဖြင့်​ရဲဘော်​သုံး​ကျိပ်​တို့တွင် နာ​မည်​ကြီး၍​လာ​၏။-
Also Abisai, the brother of Joab, he was the prince of thre men, and he reiside his schaft ayens thre hundrid woundid men; and he was moost named among thre,
21 ၂၁ သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​နာ​မည် အ​ကြီးဆုံး​ဖြစ်​၍ သူ​တို့၏ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သို့ရာ​တွင်​သူ​ရဲ​ကောင်း သုံး​ယောက်​လောက်​နာ​မည်​မ​ကြီး​ချေ။
among the secounde thre he was noble, and the prince of hem; netheles he cam not til to the firste thre.
22 ၂၂ ကပ်​ဇေ​လ​မြို့မှ​ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ သည် နာ​မည်​ကျော်​စစ်​သူ​ရဲတစ်​ဦး​ဖြစ်​၏။ သူ သည်​ရဲဝံ့​စွန့်​စား​မှုအ​မြောက်​အ​များ​ကို ပြုခဲ့​၏။ ယင်း​အ​မှုတို့တွင်​အ​လွန်​ကြီး​မား သော​မော​ဘ​အ​မျိုးသား​နှစ်​ယောက်​ကို​သတ် သော​ကိစ္စ​လည်း​ပါ​၏။ အ​ခါ​တစ်​ပါး​က​သူ သည်​မိုး​ပွင့်​ကျ​သည့်​နေ့တစ်​နေ့၌​သား​ရဲ တွင်း​တစ်​ခု​သို့ဝင်​၍​ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏။-
Banaye, the sone of Joiada, strongest man of Capsael, that dide many werkis; he killide two stronge men of Moab; and he yede doun, and killide a lioun in the myddil of a cisterne, in the tyme of snow;
23 ၂၃ အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-
and he killide a man of Egipt, whos stature was of fyue cubitis, and he hadde a spere as the beem of webbis; therfor Banaye yede doun to hym with a yerde, and rauyschide the spere, which he held in the hond, and killide hym with his owne spere.
24 ၂၄ ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။-
Banaye, the sone of Joiada, dide these thingis, that was moost named among thre stronge men, and was the firste among thretti;
25 ၂၅ သူ​သည်​ရဲဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​အပ်​တော်​မူ​၏။
netheles he cam not til to the thre; sotheli Dauid settide hym at his eere.
26 ၂၆ ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ ဖာ​လ​တိ​မြို့​သား​ဟေ​လက်။ တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။ အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။ အ​ဟော​ဟိ​မြို့သားဣ​လဲ။ နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။ အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ ဥ​ရ၏​သား​ဧလိ​ဖ​လ။ မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။ က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ ဧဇ​ပဲ​၏​သား​နာ​ရဲ။ နာ​သန်​၏ညီ​ယော​လ။ ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။ အမ္မုန်​မြို့​သား​ဇေ​လက်။ ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ ဟိတ္တိ​လူ​မျိုး​ဥရိယ။ အာ​လဲ​၏​သား​ဇာ​ဗဒ်။ ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှ ဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိ တပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။) မာ​ခါ​၏သား​ဟာ​နန်။ မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။ အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။ အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။ တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။ မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။ မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။
Forsothe the strongeste men `in the oost weren Asael, the brother of Joab, and Eleanan, the sone of his fadris brothir of Bethleem,
27 ၂၇
Semynoth Arorites, Helles Phallonytes, Iras,
28 ၂၈
the sone of Acces of Thecue, Abieser of Anathot,
29 ၂၉
Sobochay Sochites, Ylai Achoytes,
30 ၃၀
Maray Nethophatithes, Heles, the sone of Banaa, Nethophatithes, Ethaa,
31 ၃၁
the sone of Rabai, of Gabaath of the sones of Beniamyn; Banaye Pharatonythes, men of the stronde Gaas,
32 ၃၂
Abihel Arabatithes, Azmoth Baruanythes, Eliaba Salaonythes,
33 ၃၃
the sones of Assem Gesonythes, Jonathan, the sone of Saga, Ararithes, Achiam,
34 ၃၄
the sone of Achar, Ararites,
35 ၃၅
Eliphal, the sone of Mapher,
36 ၃၆
Mechoratithes, Ahya Phellonythes,
37 ၃၇
Asrahi Carmelites, Neoray,
38 ၃၈
the sone of Thasbi, Johel, the brother of Nathan, Mabar, the sone of Aggaray, Selech Ammonythes,
39 ၃၉
Nooray Berothites, the squyer of Joab, sone of Saruye,
40 ၄၀
Iras Jetreus, Gareb Jethreus,
41 ၄၁
Vrie Ethei, Sabab,
42 ၄၂
the sone of Ooli, Adyna, the sone of Segar Rubenytes, prince of Rubenytis, and thritti men with hym;
43 ၄၃
Hanan, the sone of Macha, and Josaphath Mathanythes, Ozias Astarothites,
44 ၄၄
Semma and Jahel, the sones of Hotayn Aroerites,
45 ၄၅
Ledihel, the sone of Zamri, and Joha, his brother, Thosaythes,
46 ၄၆
Hehiel Maanytes, Jerybay and Josia, the sones of Helnaen, Jethma Moabites,
47 ၄၇
Heliel, and Obed, and Jasihel of Masobia.

< ၁ ရာဇဝင်ချုပ် 11 >